ပိုင်မုန့် ၄ စိတ်က
တစ်စိတ်နဲ့ တစ်စိတ် 1/4 ညီပါသလား။
ဒီမှာ ပိုင်မုန့်ရှိပါတယ်။
ပြီးတော့ အစိတ်လေး ၄စိတ် ပိုင်းထားပါတယ်။
အစိတ် ၄ ရှိပြီး
တစ်စိတ်နဲ့ တစ်စိတ် 1/4 ရော ညီပါသလား။
ဘာကိုဆိုလိုသလဲဆိုတော့
ဒီမှာ ¼ လို အပိုင်းကိန်းရှိပြိး
အပိုင်းကိန်းရဲ့ ပိုင်းဝေက
ဘယ်နှခုရှိလဲ ရည်ရွယ်ပါတယ်။
ဒီမှာက တစ်ခုရှိပါတယ်။
ပိုင်မုန့် တစ်ခုပါ။
အပိုင်းကိန်းရဲ့ ပိုင်းခြေနေရာက ၄က
တူညီတဲ့အရွယ်နဲ့ အရေအတွက်ကို ဖော်ပြပါတယ်။
အရွယ်အစား
တူညီတဲ့
အစိတ်အပိုင်းတွေ။
ဒီမှာက ညီညာတဲ့ ၄စိတ်လို့ ပြောထားတယ်။
မေးခွန်းက
၄စိတ်က ညီသလားလို့ မေးထားတာပါ။
ပိုင်မုန့်ကို ကြည့်လိုက်ရအောင်။
ရှင်းရှင်းလင်းလင်းမြင်တယ်လို့ထင်ပါတယ်။
အစွန်းနှစ်ဖက်က နှစ်စိတ်က
မညီပဲနဲ့
အလယ်နှစ်စိတ်ထပ် သေးနေပါတယ်။
ချယ်ရီပိုင်မုန့်ကို ကြိုက်ရင်တော့
ဘေးစွန်းနှစ်ဖက်က သေးနေတဲ့အတွက်
မပျော်ဘူး
ဒါက မညီတဲ့အပိုင်းလေးတွေ ဖြစ်ပါတယ်။
ပိုင်မုန့်တစ်ခုရဲ့ အစိတ်၄စိတ်က
ညီမျှတဲ့ အစိတ်၄စိတ် မဟုတ်ပါဘူး။
ဒါကြောင့် ¼ မဟုတ်တော့တဲ့အတွက်
အဖြေက မှားပါတယ်။
အမှားဖြစ်ပါတယ်။ မဟုတ်ဘူး
တစ်စိတ်ချင်းစီက ¼ မဟုတ်သလို
ညီညာတဲ့ အပိုင်းတွေလည်း မဟုတ်ပါဘူး။