1 00:00:06,876 --> 00:00:12,132 ၁၉၄၂ ဖေဖော်ဝါရီ မှာ မက်စီကိုလယ်သမား Dionisio Pulido က 2 00:00:12,132 --> 00:00:15,962 မိုးခြိမ်းသံကို ပြောင်းဖူးခင်းဆီက ကြားလိုက်ရတယ်လို့ ထင်ခဲ့တယ် 3 00:00:15,962 --> 00:00:19,740 ဒါပေမဲ့ အသံက ကောင်းကင်ပေါ်က လာတာမဟုတ်ခဲ့ပါဘူး 4 00:00:19,740 --> 00:00:25,440 ကျောက်ခဲတွေပြိုကျပြီး ဓာတ်ငွေ့ထွက်နေတဲ့ အက်ကွဲကြောင်းကြီးဆီကနေပဲ ဖြစ်ပါတယ် 5 00:00:25,440 --> 00:00:29,560 ဒီ အပေါက်ကြီးကို Paricutin မီးတောင်လို့သိလာကြပြီး 6 00:00:29,560 --> 00:00:36,706 နောက် ၉နှစ်လောက်ထိ ချော်ရည်နဲ့ပြာတွေက ၂၀၀ စတုရန်းကီလိုမီတာလောက် ဖုံးနေခဲ့တယ် 7 00:00:36,706 --> 00:00:39,056 ဒါပေမဲ့ ဒီ မီးတောင် အသစ်ကြီးက ဘယ်က ထွက်လာတာလဲ 8 00:00:39,056 --> 00:00:43,160 ပြီးတော့ ဒီလိုခန့်မှန်းရခက်တဲ့ ပေါက်ကွဲမှုမျိုးက ဘယ်လို အစပျိုးခဲ့တာလဲ 9 00:00:43,160 --> 00:00:46,690 မီးတောင်တိုင်းရဲ့ ဇာတ်လမ်းက ချော်ရည်တွေက စတင်တာပါ 10 00:00:46,690 --> 00:00:50,820 ပင်လယ်ရေ သမုဒ္ဒရာမှာဖြစ်တည်တဲ့ အရည်ပျော်နိုင်တဲ့ကျောက်ခဲက 11 00:00:50,820 --> 00:00:56,094 ကမ္ဘာ့မျက်နှာပြင်အလွှာတွေထဲကိုစိမ့်ဝင်ပြီး အရည်ပျော်မှတ်ကိုလျော့ကျစေပါတယ် 12 00:00:56,094 --> 00:01:00,114 ဘူမိဗေဒဆိုင်ရာ အချက် သုံးခုရဲ့ သိမ်မွေ့တဲ့ ဟန်ချက်ကြောင့်် 13 00:01:00,114 --> 00:01:04,226 ကျောက်ရည်ပူတွေကို ကမ္ဘာ့မျက်နှာပြင် အောက်မှာ ပုံမှန် ဆက်ရှိန​ေစေတာပါ။ 14 00:01:04,226 --> 00:01:06,859 ပထမဆုံးတစ်ချက်ကတော့ lithostatic ဖိအား ပါ 15 00:01:06,859 --> 00:01:11,780 ဒါက ကမ္ဘာ့အပေါ်ယံလွှာအလေးချိန်က အောက်မှာရှိတဲ့ ချော်ရည်ကိုတွန်းနေခြင်း ပါ 16 00:01:11,780 --> 00:01:16,570 ဒုတိယ အချက် Magmastatic ဖိအားအဖြစ် ချော်ရည်က အပေါ်ကိုပြန်လည်တွန်းကန်ပါတယ် 17 00:01:16,570 --> 00:01:20,500 ဒီ ဖိအားနှစ်ခုတိုက်ပွဲ ရဲ့တင်းမာမှုက တတိယ အချက်ကို ဖြစ်တည်ပါတယ် 18 00:01:20,500 --> 00:01:23,696 ကမ္ဘာ့ မျက်နှာပြင် ကျောက်လွှာ မာကျောမှုပါ 19 00:01:23,696 --> 00:01:26,846 အများအားဖြင့် ကျောက်လွှာတွေရဲ့ လေးလံ မာကျော နိုင်စွမ်းက 20 00:01:26,846 --> 00:01:28,916 ချော်ရည်ကိုနေရာတကျရှိစေပါတယ် 21 00:01:28,916 --> 00:01:34,701 ဒါပေမဲ့ ဒီဖိအားနှစ်ခု ဟန်ချက်ပျက်သွားတာနဲ့ အကျိုးဆက်တွေက ပေါက်ကွဲမှုတွေဖြစ်လာပါတယ် 22 00:01:34,701 --> 00:01:37,421 မီးတောင်ပေါက်ကွဲမှုအဖြစ်အများဆုံး အကြောင်းရင်းထဲကတစ်ခုက 23 00:01:37,421 --> 00:01:40,320 magmastatic ဖိအားများလာခြင်းကြောင့်ပါ 24 00:01:40,320 --> 00:01:43,590 ချော်ရည်မှာ ဒြပ်စင် ဒြပ်ပေါင်း အမျိုးမျိုးပါဝင်ပြီး 25 00:01:43,590 --> 00:01:46,740 အများစုဟာ ကျောက်ရည်ပူတွေအဖြစ်ကို ပျော်ဝင်သွားပါတယ် 26 00:01:46,740 --> 00:01:53,067 မြင့်မားတဲ့ ဒြပ်ပါဝင်မှုတွေမှာ ရေ(သို့) ဆာလဖာလို ဒြပ်ပေါင်းတွေဟာ မပျော်ဝင်တော့ပဲ 27 00:01:53,067 --> 00:01:56,887 အဲဒါအစား ဖိအားမြင့် ဂတ်စ်ပူဖောင်းလေးတွေဖြစ်လာပါတယ် 28 00:01:56,887 --> 00:01:59,122 အဲဒီပူဖောင်းတွေကမ္ဘာ့မျက်နှာပြင်ဆီ ရောက်လာတဲ့အခါ 29 00:01:59,122 --> 00:02:02,320 သေနတ်ဖောက်သလို ပြင်းအားနဲ့ ပေါက်ကွဲနိုင်ပါတယ် 30 00:02:02,320 --> 00:02:05,950 သန်းများစွာရှိတဲ့ပူဖောင်းတွေ တပြိုင်တည်းပေါက်ကွဲတဲ့အခါ 31 00:02:05,950 --> 00:02:10,200 သူ့ရဲ့ပြင်းအားက ကမ္ဘာ့လေထုဒုတိယအလွှာထိ ပြာမှုန့်ထုကြီးကို ပို့ပေးနိုင်ပါတယ် 32 00:02:10,200 --> 00:02:15,495 ဒါပေမဲ့ သူတို့မပေါက်ကွဲခင် လှုပ်ခါထားတဲ့ ဆိုဒါထဲက CO2 ပူဖောင်းတွေလိုလုပ်ဆောင်ပါတယ် 33 00:02:15,495 --> 00:02:18,355 သူတို့ရဲ့တည်ရှိမှုက ချော်ရည်ရဲ့ သိပ်သည်းဆကိုလျော့ကျပြီး 34 00:02:18,355 --> 00:02:23,098 ဖော့ဂုဏ်သတ္တိအားများလာတာကြောင့် အပေါ်ယံအလွှာကို တွန်းနေသလိုဖြစ်စေပါတယ် 35 00:02:23,098 --> 00:02:28,191 မက်ဆီကို က Paricutin မီးတောင်ပေါက်မှုက ဒီဖြစ်စဉ်ကြောင့်လို့ ဘူမိဗေဒပညာရှင်တွေ 36 00:02:28,191 --> 00:02:30,011 ယုံကြည်ကြပါတယ် 37 00:02:30,011 --> 00:02:33,518 ဖော့ဂုဏ်ရှိပူဖောင်းတွေမှာ လူသိများတဲ့ သဘာဝဖြစ်စဉ် ၂ခုရှိပါတယ် 38 00:02:33,518 --> 00:02:36,688 တစ်ခါတစ်လေ မြေအောက် ပိုနက်တဲ့နေရာက ချော်ရည်အသစ်တွေဟာ 39 00:02:36,688 --> 00:02:40,658 အငွေ့ပါတဲ့ အပိုဆောင်းဒြပ်ပေါင်းတွေကို နဂိုချော်ရည်ထဲသို့ယူဆောင်လာပါတယ် 40 00:02:40,658 --> 00:02:44,806 ဒါပေမဲ့ ချော်ရည်တွေစတင်အေးခဲလာရင်လည်း ပူဖောင်းလေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ် 41 00:02:44,806 --> 00:02:50,149 သူ့အရည်ပျော်မှတ် မှာတော့ ချော်ရည်ဟာ ဓာတ်ငွေ့တွေ ပျော်နေတဲ့သတ္တုတွေ အရောတခုပါ 42 00:02:50,149 --> 00:02:55,621 ကျောက်ရည်ပူတွေ မာလာရင် သတ္တုဒြပ်ရော တချို့က သလင်းကျောက်ပုံ အခဲဖြစ်လာကြတယ် 43 00:02:55,621 --> 00:02:59,621 ဒီဖြစ်စဉ်မှာ ပေါက်ကွဲမှုပူဖောင်းတွေ ဖြစ်စေတဲ့ 44 00:02:59,621 --> 00:03:02,912 ဒြပ်ပေါင်းတွေရဲ့ ပြင်းအားမြင့်စေတဲ့ 45 00:03:02,912 --> 00:03:06,362 ပျော်ဝင်ဓာတ်ငွေ့တွေ မပါဝင်ပါဘူး 46 00:03:06,362 --> 00:03:10,332 ပေါက်ကွဲမှုတိုင်းက magmastatic ဖိအား မြင့်လာခြင်းကြောင့် မဟုတ်ပါဘူး 47 00:03:10,332 --> 00:03:15,062 တစ်ခါတစ်ရံ အပေါ်ကကျောက်ခဲတွေက အန္တရာယ်ရှိလောက်အောင် နိမ့်ကျလာပါတယ် 48 00:03:15,062 --> 00:03:20,231 တောင်ပြိုကျတာ ကချော်ရည်အကန့် အပေါ်က ကျောက်ခဲထုအများကြီးကို ဖယ်ထုတ်ပေးနိုင်တယ် 49 00:03:20,231 --> 00:03:25,201 ဒါက lithostatic ဖိအားကိုလျော့ကျစေပြီး ပေါက်ကွဲမှုတစ်ခု ချက်ချင်းဖြစ်ပေါ်စေပါတယ် 50 00:03:25,201 --> 00:03:27,921 ဒီလို ဖြစ်စဉ်ကို Unloading လို့ခေါ်ပြီး 51 00:03:27,921 --> 00:03:30,822 ၁၉၈၀ က Mount St.Helens ရဲ့ ရုတ်တရက်ပေါက်ကွဲမှုလိုမျိုး 52 00:03:30,822 --> 00:03:35,544 ပေါက်ကွဲမှုအများစုရဲ့ အဓိက အချက်ဖြစ်ပါတယ် 53 00:03:35,544 --> 00:03:39,114 မြေတိုက်စားခံရမှုတွေနဲ့ ရေခဲပြင် အရည်ပျော်မှုတွေကြောင့် 54 00:03:39,114 --> 00:03:41,762 unloading ဖြစ်စဉ်က ကြာမြင့်တတ်ပါတယ် 55 00:03:41,762 --> 00:03:45,232 တကယ်တော့ ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲပြင်အရည်ပျော်ခြင်းက 56 00:03:45,232 --> 00:03:49,722 မီးတောင်ရဲ့ဖြစ်စဉ်တွေကိုများလာနိုင်သဖြင့် ဘူမိဗေဒပညာရှင်တွေကစိုးရိမ်ကြပါတယ် 57 00:03:49,722 --> 00:03:54,295 နောက်ဆုံး...အောက်ကချော်ရည်ကိုထိန်းထားဖို့ ကျောက်လွှာတွေ မမာကျောသောကြောင့်လည်း 58 00:03:54,295 --> 00:03:56,735 မီးတောင်ပေါက်ကွဲမှုတွေက ဖြစ်လာနိုင်ပါတယ် 59 00:03:56,735 --> 00:03:59,942 ချော်ရည်မှထွက်လာတဲ့ အက်စစ်အငွေ့တွေနဲ့ အပူတွေက 60 00:03:59,942 --> 00:04:04,568 hydrothermal alteration ဖြစ်စဉ်ကိုဖြတ်ပြီး ကျောက်ခဲတွေကို ပျက်စီးစေပြီး 61 00:04:04,568 --> 00:04:08,448 တဖြည်းဖြည်း မာကျောတဲ့ကျောက်ကို ပျော့ပျောင်းတဲ့ရွံ့ အဖြစ်ပြောင်းလဲစေပါတယ် 62 00:04:08,448 --> 00:04:12,088 ကျောက်လွှာတွေက ကမ္ဘာ့မြေလွှာ လှုပ်ရှားမှုကြောင့် အားနည်းလာပါတယ် 63 00:04:12,088 --> 00:04:16,777 ငလျင်တွေက အက်ကွဲရာတွေ ဖန်တီးနိုင်ပြီး မျက်နှာပြင်ပေါ် ချော်ရည်ပူတွေထွက်လာစေပါတယ် 64 00:04:16,777 --> 00:04:19,789 ပြီးတော့ ကမ္ဘာ့မျက်နှာပြင်လွှာကိုလည်း ပါးလွှာအောင်ဆွဲဆန့်ပြီး 65 00:04:19,789 --> 00:04:23,267 တိုက်ကြီးများရဲ့မြေကျောက်လွှာကို တစ်ခုနဲ့တစ်ခု ဝေးကွာစေပါတယ် 66 00:04:23,267 --> 00:04:26,217 ကံမကောင်းစွာနဲ့ ပေါက်ကွဲမှုဖြစ်စေတဲ့ အရာတွေကိုသိထားခြင်းက 67 00:04:26,217 --> 00:04:28,617 သူတို့ကို ခန့်မှန်းလွယ်အောင် မပြုလုပ်ထားပါဘူး 68 00:04:28,617 --> 00:04:31,837 သိပ္ပံပညာရှင်တွေက ကမ္ဘာ့မျက်နှာပြင် လွှာရဲ့အလေးချိန်နဲ့ခံနိုင်အားကို 69 00:04:31,837 --> 00:04:33,227 အကြမ်းဖျင်း သတ်မှတ်နိုင်ပေမဲ့ 70 00:04:33,227 --> 00:04:37,007 ချော်ရည်အကန့်ရဲ့ အနက် နဲ့ အပူတွေက magmastatic ဖိအားအတွင်း 71 00:04:37,007 --> 00:04:40,387 တိုင်းတာဖို့ အလွန်ခက်ခဲပါတယ် 72 00:04:40,387 --> 00:04:44,297 ဒါပေမဲ့ မီးတောင်ပညာရှင်တွေက ဒီကျောက်တောင်ကြီးကိုအနိုင်ရဖို့အတွက် 73 00:04:44,297 --> 00:04:46,844 နည်းပညာအသစ်ကို ရှာတွေခဲ့ပါတယ် 74 00:04:46,844 --> 00:04:49,749 အပူခံအာရုံစနစ်များတိုးတက်လာမှုက သိပ္ပံပညာရှင်တွေကို 75 00:04:49,749 --> 00:04:52,409 မြေအောက်လွှာ ထူးခြားဖြစ်စဉ်တွေကို စစ်ဆေးခွင့် ရစေတယ်။ 76 00:04:52,409 --> 00:04:55,839 Spectrometers က ထွက်လာတဲ့ချော်ရည်ထဲက ဓာတ်ငွေ့ကို လေ့လာဆန်းစစ်နိုင်ပါတယ် 77 00:04:55,839 --> 00:05:02,103 လေဆာတွေက မီးတောင်ပုံစံအတိုင်း မြင့် လာတဲ့ချော်ရည်ကို တိကျစွာခြေရာခံနိုင်တယ် 78 00:05:02,103 --> 00:05:06,595 ဒီကိရိယာတွေက ပေါက်ကွဲမှုတွေ အကြောင်းကိုကျွန်တော်တို့ ပိုနားလည်အောင် 79 00:05:06,595 --> 00:05:08,801 ကူညီပေးမယ်လို့မျှော်လင့်ပါတယ်