0:00:07.073,0:00:10.273 သဒ္ဒါပိုင်း ကာလဆိုတာ အချိန်ကာလတွေကို[br]တိတိကျကျ အမည်မတပ်ပဲ 0:00:10.273,0:00:12.734 ဒီအစား လုပ်ရပ်ဖြစ်ပွားချိန်ကို သတ်မှတ်ဖို့[br] 0:00:12.734,0:00:17.014 ကြိယာတွေကို မွမ်းမံပြောင်းလဲရင်း 
[br]ဘာသာစကားတွေမှ အချိန်အကြောင်းကို ပြောပုံပါ၊ 0:00:17.014,0:00:20.484 ဒီတော့ အင်္ဂလိပ်လို ဘာသာစကားထဲမှာ[br]ကာလဘယ်နှစ်မျိုးရှိကြလဲ။ 0:00:20.484,0:00:22.685 ပထမမှာတော့ အဖြေက ရှင်းနေပုံရပါတယ်- 0:00:22.685,0:00:23.584 အတိတ်ကာလ၊ 0:00:23.584,0:00:24.385 ပစ္စုပ္ပန်ကာလနဲ့ 0:00:24.385,0:00:25.805 အနာဂတ်ကလတို့ပေါ့။ 0:00:25.805,0:00:28.795 ဒါပေမဲ့ သဒ္ဒါပိုင်း လက္ခဏာလို့[br]ခေါ်နိုင်တာရဲ့ ကျေးဇူးကြောင့် 0:00:28.795,0:00:32.034 ကာလတစ်ခုစီတိုင်းဟာ [br]ပိုပြီး ထင်ရှားကွဲပြားသွားပါတယ်။ 0:00:32.034,0:00:34.144 လက္ခဏာသွင်ပြင် လေးမျိုးရှိပါတယ်။ 0:00:34.144,0:00:36.555 ဖြစ်ဆဲ(သို့) ဆက်ဖြစ်ဆဲ လက္ခဏာမျိုးမှာ 0:00:36.555,0:00:39.885 လုပ်ဆောင်မှုတွေဟာ ရည်ညွှန်းတဲ့အချိန်မှာ[br]ဆက်ဖြစ်နေဆဲပါ။ 0:00:39.885,0:00:43.905 ပရောက္ခာဝိဘတ် လက္ခဏာသွင်ပြင်က[br]ပြီးသွားတဲ့ လုပ်ဆောင်မှုတွေကိုဖော်ပြပါတယ်။ 0:00:43.905,0:00:46.437 ပရောက္ခာဝိဘတ် ဖြစ်ဆဲ လက္ခဏာက[br]ပေါင်းစပ်မှုပါ၊ 0:00:46.437,0:00:49.967 ဖြစ်ဆဲအခြေအနေတစ်ခုရဲ့ ပြီးပြတ်သွားတဲ့[br]အပိုင်းကို ဖော်ပြခြင်းပါ။ 0:00:49.967,0:00:52.446 နောက်ဆုံးကတော့ ရိုးရိုး လက္ခဏာပါ၊ 0:00:52.446,0:00:55.945 အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တို့ရဲ့ [br]အခြေခံပုံစံပါ၊ 0:00:55.945,0:00:59.936 လုပ်ဆောင်မှုကို ဖြစ်ဆဲ (သို့) သီးခြား[br]အဖြစ် သတ်မှတ်မထားတဲ့ လုပ်ဆောင်မှုပါ။ 0:00:59.936,0:01:03.616 ဒါအားလုံးက နည်းနည်းတော့[br]နားလည် လိုက်နာဖို့ခက်တယ်။ 0:01:03.616,0:01:06.827 သင့်မိတ်ဆွေတွေက လျှို့ဝှက်ဆန်းကြယ်[br]ပင်လယ်သတ္တဝါရဲ့ အထောက်အထားကို 0:01:06.827,0:01:09.657 ကောက်ယူဖို့ လျှို့ဝှက်ရေကြောင်းတာဝန်နဲ့[br]သွာခဲ့တယ်ဆိုပါစို့။ 0:01:09.657,0:01:12.587 ရည်ညွှန်းလိုတဲ့ အချိန်ဘောင် တစ်ခုလုံး[br]အတိတ်ကာလ ဖြစ်ပေမဲ့ 0:01:12.587,0:01:15.066 ဒီဘောင်အတွင်းမှာ ရွေးစရာ[br]အများကြီးရှိတယ်။ 0:01:15.066,0:01:17.658 မိတ်ဆွေတွေက သတ္တဝါကောင်က[br]လှေကို တိုက်ခဲ့တယ်ပြောနိုင်တယ် 0:01:17.658,0:01:20.617 ဒါက ရိုးရိုးအတိတ်ပါ၊[br]ဘာထပ်ဆင့်ရှင်းလင်းမှု မပေးတဲ့ 0:01:20.617,0:01:23.287 ယေဘုယျအကျဆုံး လက္ခဏာသွင်ပြင်ပါ။ 0:01:23.287,0:01:25.577 ဒါဖြစ်တော့ သူတို့အိပ်နေခဲ့ကြတယ်။[br] 0:01:25.577,0:01:29.009 အဲဒီအခိုက်မှာ ဆက်ဖြစ်နေတဲ့ [br]လုပ်ငန်းစဉ်ပါ။ 0:01:29.009,0:01:32.387 အစောပိုင်းက ပြီးခဲ့တဲ့ လုပ်ဆောင်မှုကို[br]ဖော်ပြဖို့ သူတို့ Nantucket ကနေ 0:01:32.387,0:01:35.338 ထွက်ခွာခဲ့ရတယ်လို့[br]သူတို့ပြောနိုင်ပါသေးတယ်။ 0:01:35.338,0:01:38.088 ဒါက အတိတ် ပရောက္ခာဝိဘတ်ပါ။ 0:01:38.088,0:01:41.198 ဒါမှမဟုတ် သီတင်သုံးပတ်ကြာ[br]သူတို့ရွက်လွှင့်နေခဲ့ကြတယ်ပေါ့၊ 0:01:41.198,0:01:44.389 ဒီကာလမတိုင်မီက [br]ဖြစ်နေဆဲအရာတစ်ခုပေါ့။ 0:01:44.389,0:01:48.558 ပစ္စုပ္ပန်မှာ သူတို့သင်ကိုပြောတာက[br]ဒီနေ့ သတ္တဝါကို သူတို့ရှာနေဆဲတဲ့၊ 0:01:48.558,0:01:50.840 သူတို့ရဲ့ ရိုးရိုးပစ္စုပ္ပန် [br]လှုပ်ရှားမှုပါ။ 0:01:50.840,0:01:55.708 ဖြစ်နိုင်တာက သူတို့ပြောစဉ်မှာ[br]သူတို့ရဲ့နောက်တာဝန်အတွက် ပြင်ဆင်နေတာပါ။ 0:01:55.708,0:02:00.158 ဒီအတွက် အထူးရေငုပ်သင်္ဘောတစ်စင်း[br]ဆောက်ခဲ့တယ်၊ ပြီးဆုံးသွားတဲ့ ရလဒ်ပါ။ 0:02:00.158,0:02:04.803 ဒါ့အပြင် သတ္တဝါအား တွေ့နိုင်မှုတွေကို[br]သူတို့ သုတေသနလုပ်နေခဲ့တယ်ဆိုရင် 0:02:04.803,0:02:08.267 ဒါဟာ မကြာခင်ကလုပ်နေခဲ့ပြီး[br]အခု ဆက်လုပ်နေဆဲအရာပါ။ 0:02:08.267,0:02:11.469 ပစ္စုပ္ပန် ဖြစ်ဆဲ ပရောက္ခာဝိဘတ်ပြုတယ်။ 0:02:11.469,0:02:13.722 ဒီတော့ ဒီနောက်တာဝန်က ဘာပါမှာလဲ။ 0:02:13.722,0:02:18.138 ဒါက မဖြစ်သေးဘူးဆိုတာ သင်သိပါတယ်၊[br]အကြောင်းက နောက်အပတ်မှ သူတို့ထွက်မှာမို့ပါ။ 0:02:18.138,0:02:19.596 ရိုးရိုး အနာဂတ်ပေါ့။ 0:02:19.596,0:02:22.730 သင့်မိတ်ဆွေတွေဟာ အရှာရခက်တဲ့[br]သတ္တဝါကို ရှာနေပါလိမ့်မယ်၊ 0:02:22.730,0:02:25.899 အချိန်အရ ဆန့်ထားတဲ့ ဖြစ်ဆဲလုပ်ဆောင်မှုပါ။ 0:02:25.899,0:02:30.517 အခုကနေ တစ်လအကြာမှာ ရေငုပ်သင်္ဘောဟာ[br]မကြုံဖူးတဲ့ အနက်ကို ရောက်မယ်လို့ ပြောတယ်။ 0:02:30.517,0:02:31.989 ယုံကြည်မှုရှိတဲ့ ဟောကိန်းတစ်ခု[br] 0:02:31.989,0:02:35.719 အနာဂတ်က သတ်မှတ်ချိန်တစ်ခုမှာ[br]ပြီးမြောက်မယ့်အရာအကြောင်း၊ 0:02:35.719,0:02:39.059 သုံးပတ်ကြာ သူတို့ ခရီးရှည်ထွက်နေကြမယ့်[br]နေရာတစ်ခုပါ၊ 0:02:39.059,0:02:41.409 အနာဂတ်မှာ ပြုလုပ်ပြီးနေမယ့်ဟာပါ။ 0:02:41.409,0:02:44.009 ဒီကာလအမျိုးမျိုးအားလုံးရဲ့ [br]အဓိကအတွင်းသဘောက 0:02:44.009,0:02:47.631 ဝါကျတိုင်းမှာ တိကျတဲ့ကာလတစ်ခုမှာ[br]ဖြစ်ပျက်တာပါ။ 0:02:47.631,0:02:50.900 အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်[br]ဘာဖြစ်ဖြစ်ပါ။ 0:02:50.900,0:02:54.159 လက္ခဏာသွင်ပြင်ရဲ့ လိုရင်းက လုပ်ဆောင်မှု 0:02:54.159,0:02:56.369 အခြေအနေရဲ့ ကာလအဖြစ် [br]သူတိုပြောတာပါ။ 0:02:56.369,0:03:00.059 အားလုံးခြုံလိုက်ရင် အင်္ဂလိပ်စာက[br]ဖြစ်နိုင်ခြေ တစ်ဆယ့်နှစ်ခုကို ပေးခဲ့တာပါ။ 0:03:00.059,0:03:01.940 အခြားဘာသာစကားတွေကျတော့ရော။ 0:03:01.940,0:03:03.219 ဥပမာ ပြင်သစ် 0:03:03.219,0:03:04.080 ဆွာဟီလီနဲ့ 0:03:04.080,0:03:07.069 ရုရှားတို့လိုတွေမှာ[br]အင်္ဂလိပ်လို ချဉ်းကပ်ပုံတူပါတယ်။ 0:03:07.069,0:03:09.811 အခြားဟာတွေက အချိန်ကို တမူထူးစွာ[br]ခွဲခြား၊ဖော်ပြကြတယ်။ 0:03:09.811,0:03:12.979 တစ်ချို့တွေမှာ သဒ္ဒါပိုင်း ကာလတွေ[br]ပိုနည်းကြတယ်။ ဥပမာ ဂျပန်ဘာသာမှာ 0:03:12.979,0:03:16.730 အတိတ်နဲ့ အတိတ်မဟုတ်တာကိုပဲ[br]ခွဲခြားထားတယ်။ 0:03:16.730,0:03:18.482 Buli နဲ့ Tukang Basi မှာ 0:03:18.482,0:03:21.742 အနာဂတ်နဲ့ အနာဂတ်မဟုတ်တာကိုပဲ[br]ခွဲခြားထားပြီး 0:03:21.742,0:03:26.192 မန်ဒရင်းတရုတ်ဘာသာမှာ ကာလပြကြိယာတွေ[br]လုံးဝမရှိပဲ လက္ခဏာသွင်ပြင်ပဲရှိတယ်။ 0:03:26.192,0:03:31.622 အခြားဘက်မှာတော့ Yagwa လို ဘာသာစကားတွေဟာ[br]အတိတ်ကာလကို အဆင့်ပေါင်းစုံ ခွဲထားတယ်၊ 0:03:31.622,0:03:35.602 ဥပမာပြီးခဲ့တဲ့ နာရီတွေ၊ သီတင်းပတ်တွေ[br]နှစ်တွေက ဖြစ်ပျက်တာပေါ့။ 0:03:35.602,0:03:39.592 အခြားဟာတွေမှာ ကာလတွေဟာ အရေးကြီးမှု၊[br]လိုအပ်မှု (သို့) အဖြစ်အပျက်ဖြစ်နိုင်ခြေကို 0:03:39.592,0:03:40.706 ဖော်ပြနိုင်တဲ့ 0:03:40.706,0:03:42.902 စိတ်နေစိတ်ထားတွေနဲ့[br]ရောယှက်နေပါတယ်။ 0:03:42.902,0:03:45.966 ဒါဘာသာပြန်ဖို့ခက်ပေမဲ့[br]မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ 0:03:45.966,0:03:50.215 ဘာသားစကားအများစုကို ပြောဆိုသူတွေဟာ[br]ကာလမပါပဲ တူညီတဲ့စိတ်ကူးကိုဖော်ပြနိုင်တယ်။ 0:03:50.215,0:03:53.767 would (သို့) did တို့လို[br]အကူကြိယာတွေနဲ့၊ 0:03:53.767,0:03:55.876 (သို့) ဆိုလိုတဲ့ အချိန်ကိုသတ်မှတ်ရင်းပေါ့။ 0:03:55.876,0:03:58.085 အခြေခံတူတဲ့ ဒိဌဖြစ်ရပ်ကိုပဲ[br]မတူတဲ့ နည်းတွေနဲ့ 0:03:58.085,0:04:01.992 ဖော်ပြရင်း ဘာသာစကားတစ်ခုနဲ့[br]တစ်ခုမှာ မူကွဲတွေရှိလား။ 0:04:01.992,0:04:06.616 (သို့) သူတို့ရဲ့ ကွဲပြားတဲ့တည်ဆောက်ပုံတွေက[br]ကမ္ဘာအကြောင်း တွေးခေါ်ပုံအမျိုးမျိုးကိုနဲ့ 0:04:06.616,0:04:08.337 အချိန်ကိုယ်၌ကိုတောင်[br]ရောင်ပြန်ဟပ်လား။ 0:04:08.337,0:04:12.086 ဒီလိုဆိုရင် အဲဒီမှာ ရှိနိုင်လောက်တဲ့[br]အခြား အချိန်ကို စိတ်ကူးပုံတွေကဘာတွေများလဲ။