ကိန်းဂဏန်း ၅ ရှိတယ် ဆိုပါစို့
၀ ရဖို့ ၅ ကို ဘာပေါင်းမလဲ
သိပြီးသားဖြစ်မှာပါ ဒါပေမယ့်လည်း တွက်ကြည့်ရအောင်
ကိန်းမျဉ်းတစ်ကြောင်းဆွဲမယ် ၀ ကိုဒီမှာထည့်မယ်
၅ က ဒီမှာ ရှိပြီးသား
၅ ကနေ ၀ ကိုရောက်ဖို့ဆို ဘယ်ဘက်ကို ၅ ကွက်သွားရမယ်
ဘယ်ဘက်ကို ၅ ကွက်သွားတယ် ဆိုတာ - ၅ ပေါင်းတာ နဲ့ တူတူပဲ
ဒီတော့ -၅ ပေါင်းလိုက်တာက ၀ ဆီကို ပြန်ရောက်သွားတယ်
သိပြီးသားဖြစ်မှာပါ
လူတိုင်းသိကြပါတယ်
ဒါပေမယ့် ဒါကို ပြောင်းပြန်ပေါင်းခြင်းဆိုင်ရာ ဂုဏ်သတ္တိ လို့ခေါ်လိုက်တယ်
ဒီလောက်ရိုးရှင်းတဲ့ အရာကို နာမည်ပေးထားတာကိုရယ်စရာကောင်းတယ်လို့ ကျွန်တော်တွေးမိတယ်
ပြောင်းပြန်ပေါင်းခြင်းဆိုင်ရာ ဂုဏ်သတ္တိဆိုတာ ကိန်းဂဏန်းတခုကို
၎င်းရဲ့အနုတ်ကိန်းလို့ အများစုခေါ်တဲ့ ပြောင်းပြန်ကိန်း ပေါင်းထည့်လိုက်ရင်
သုည ပြန်ရလိမ့်မယ်
ဘာလို့လဲဆိုတော့ ဒီလိုစဉ်းစားကြည့်လိုက်ရင်
သူတို့က ဂဏန်း ၅ ခြင်းတော့တူတယ် ဒါပေမယ့် ညာဘက်ကို ၅ သွားတာနဲ့ ဘယ်ဘက်ကို ၅ သွားတာခြင်း ကွာတယ်
အလားတူစွာပဲ - ၃ က စမယ်ဆိုရင်
ဘယ်ဘက်ကို ၃ ကွက်ရွေ့ပြီးသွားပြီ
-၃ ကနေ ၀ ပြန်ရောက်ဖို့ ဘာပေါင်းထည့်ရမလဲလို့ မေးလာခဲ့ရင်
ကျွန်တော် အခု ညာဘက်ကို ၃ ကွက်ပြန်ရွေ့ရမှာပေါ့
ညာဘက်ကို ၃ ကွက်ရွေ့တယ်ဆိုတာ အပေါင်းဘက်ကိုသွားတာလေ
ဒါ့ကြောင့်မို့ +၃ ပေါင်းမယ်
ဒီတော့ -၃ ကို +၃ ပေါင်းရင် ၀ ပြန်ရမယ်
ယေဘူယအားဖြင့်၊ ကျွန်တော့်မှာ ဘယ်ဂဏန်းဖြစ်ဖြစ်......
တစ်သန်း ခုနစ်သိန်း နှစ်သောင်း ငါးထောင့် သုံးရာ တစ်ဆယ့် လေး (၁,၇၂၅,၃၁၄)
၀ ပြန်ရောက်ဖို့ ဘာဂဏန်းပေါင်းရမလဲလို့ ပြောလာရင်
ဆန့်ကျင်ဘက်ကို သွားဖို့လိုတယ်ဆိုတော့ ကျွန်တော်ကတော့ ဘယ်ဘက်ကို ပြန်သွားမယ်
ဒီတော့ တူညီတဲ့ ပမာဏကို နှုတ်ရမယ်
ဒါမှမဟုတ် ၎င်းရဲ့ပေါင်းခြင်းပြောင်းပြန် (သို့) အနှုတ်ကိန်း ပေါင်းထည့်ရမယ်
ဒါက - ၁၇၂၅၃၁၄ ပေါင်းထည့်တာနဲ့တူတူပဲ
ဒီလိုလုပ်ခြင်းက ၀ ကိုပြန်ရောက်သွားမယ်
ဒီလိုပဲ - ၇ ကိုဘာပေါင်းရင် ၀ ပြန်ရမလဲ
ကောင်းပြီ - ၇ မှာရောက်နေတာမို့လို့ +၇ ပေါင်းဖို့လိုတယ် (ညာဘက်ကို ၇ ခု)
ဒါဆို ၀ နဲ့ ညီသွားမယ်
ဒါတွေက ယေဘူယ အတွေးတွေက လာတာပါ
၅+(-၅) ဆိုတာ ၅+ အနှုတ် ၅ (သို့) ၅+ ၅ရဲ့ ပေါင်းခြင်းပြောင်းပြန်
နောက်တစ်နည်း ၅ -၅ လို့လည်း မြင်ကြည့်လို့ရတယ်
၅ ရှိလို့ ၅ နှုတ်ရင် ၀ ရမယ်ဆိုတာ
ဟိုးအရင် ထဲကသင်သိပြီးသားပါ