0:00:00.813,0:00:03.599 ကိန်းဂဏန်း ၅ ရှိတယ် ဆိုပါစို့ 0:00:03.599,0:00:08.052 ၀ ရဖို့ ၅ ကို ဘာပေါင်းမလဲ 0:00:08.052,0:00:10.628 သိပြီးသားဖြစ်မှာပါ ဒါပေမယ့်လည်း တွက်ကြည့်ရအောင် 0:00:10.828,0:00:17.067 ကိန်းမျဉ်းတစ်ကြောင်းဆွဲမယ် ၀ ကိုဒီမှာထည့်မယ် 0:00:17.067,0:00:20.533 ၅ က ဒီမှာ ရှိပြီးသား 0:00:20.533,0:00:25.067 ၅ ကနေ ၀ ကိုရောက်ဖို့ဆို ဘယ်ဘက်ကို ၅ ကွက်သွားရမယ် 0:00:25.067,0:00:33.200 ဘယ်ဘက်ကို ၅ ကွက်သွားတယ် ဆိုတာ - ၅ ပေါင်းတာ နဲ့ တူတူပဲ 0:00:33.200,0:00:41.133 ဒီတော့ -၅ ပေါင်းလိုက်တာက ၀ ဆီကို ပြန်ရောက်သွားတယ် 0:00:41.179,0:00:43.310 သိပြီးသားဖြစ်မှာပါ 0:00:43.371,0:00:46.440 လူတိုင်းသိကြပါတယ် 0:00:46.440,0:00:50.620 ဒါပေမယ့် ဒါကို ပြောင်းပြန်ပေါင်းခြင်းဆိုင်ရာ ဂုဏ်သတ္တိ လို့ခေါ်လိုက်တယ် 0:00:50.620,0:00:55.178 ဒီလောက်ရိုးရှင်းတဲ့ အရာကို နာမည်ပေးထားတာကိုရယ်စရာကောင်းတယ်လို့ ကျွန်တော်တွေးမိတယ် 0:00:56.275,0:01:01.929 ပြောင်းပြန်ပေါင်းခြင်းဆိုင်ရာ ဂုဏ်သတ္တိဆိုတာ ကိန်းဂဏန်းတခုကို 0:01:01.929,0:01:06.733 ၎င်းရဲ့အနုတ်ကိန်းလို့ အများစုခေါ်တဲ့ ပြောင်းပြန်ကိန်း ပေါင်းထည့်လိုက်ရင် 0:01:06.733,0:01:11.733 သုည ပြန်ရလိမ့်မယ် 0:01:11.733,0:01:14.933 ဘာလို့လဲဆိုတော့ ဒီလိုစဉ်းစားကြည့်လိုက်ရင် 0:01:14.933,0:01:21.000 သူတို့က ဂဏန်း ၅ ခြင်းတော့တူတယ် ဒါပေမယ့် ညာဘက်ကို ၅ သွားတာနဲ့ ဘယ်ဘက်ကို ၅ သွားတာခြင်း ကွာတယ် 0:01:21.000,0:01:32.052 အလားတူစွာပဲ - ၃ က စမယ်ဆိုရင် 0:01:32.052,0:01:34.790 ဘယ်ဘက်ကို ၃ ကွက်ရွေ့ပြီးသွားပြီ 0:01:34.790,0:01:41.333 -၃ ကနေ ၀ ပြန်ရောက်ဖို့ ဘာပေါင်းထည့်ရမလဲလို့ မေးလာခဲ့ရင် 0:01:41.333,0:01:43.533 ကျွန်တော် အခု ညာဘက်ကို ၃ ကွက်ပြန်ရွေ့ရမှာပေါ့ 0:01:43.533,0:01:45.867 ညာဘက်ကို ၃ ကွက်ရွေ့တယ်ဆိုတာ အပေါင်းဘက်ကိုသွားတာလေ 0:01:45.867,0:01:48.400 ဒါ့ကြောင့်မို့ +၃ ပေါင်းမယ် 0:01:48.400,0:01:52.067 ဒီတော့ -၃ ကို +၃ ပေါင်းရင် ၀ ပြန်ရမယ် 0:01:52.067,0:01:55.667 ယေဘူယအားဖြင့်၊ ကျွန်တော့်မှာ ဘယ်ဂဏန်းဖြစ်ဖြစ်...... 0:01:55.667,0:02:01.000 တစ်သန်း ခုနစ်သိန်း နှစ်သောင်း ငါးထောင့် သုံးရာ တစ်ဆယ့် လေး (၁,၇၂၅,၃၁၄) 0:02:01.000,0:02:04.667 ၀ ပြန်ရောက်ဖို့ ဘာဂဏန်းပေါင်းရမလဲလို့ ပြောလာရင် 0:02:04.667,0:02:09.933 ဆန့်ကျင်ဘက်ကို သွားဖို့လိုတယ်ဆိုတော့ ကျွန်တော်ကတော့ ဘယ်ဘက်ကို ပြန်သွားမယ် 0:02:09.933,0:02:12.667 ဒီတော့ တူညီတဲ့ ပမာဏကို နှုတ်ရမယ် 0:02:12.667,0:02:16.933 ဒါမှမဟုတ် ၎င်းရဲ့ပေါင်းခြင်းပြောင်းပြန် (သို့) အနှုတ်ကိန်း ပေါင်းထည့်ရမယ် 0:02:16.933,0:02:24.133 ဒါက - ၁၇၂၅၃၁၄ ပေါင်းထည့်တာနဲ့တူတူပဲ 0:02:24.133,0:02:27.600 ဒီလိုလုပ်ခြင်းက ၀ ကိုပြန်ရောက်သွားမယ် 0:02:27.600,0:02:31.733 ဒီလိုပဲ - ၇ ကိုဘာပေါင်းရင် ၀ ပြန်ရမလဲ 0:02:31.733,0:02:37.267 ကောင်းပြီ - ၇ မှာရောက်နေတာမို့လို့ +၇ ပေါင်းဖို့လိုတယ် (ညာဘက်ကို ၇ ခု) 0:02:37.267,0:02:40.400 ဒါဆို ၀ နဲ့ ညီသွားမယ် 0:02:40.400,0:02:42.600 ဒါတွေက ယေဘူယ အတွေးတွေက လာတာပါ 0:02:42.600,0:02:48.267 ၅+(-၅) ဆိုတာ ၅+ အနှုတ် ၅ (သို့) ၅+ ၅ရဲ့ ပေါင်းခြင်းပြောင်းပြန် 0:02:48.267,0:02:52.400 နောက်တစ်နည်း ၅ -၅ လို့လည်း မြင်ကြည့်လို့ရတယ် 0:02:52.400,0:02:54.667 ၅ ရှိလို့ ၅ နှုတ်ရင် ၀ ရမယ်ဆိုတာ 0:02:54.667,0:02:59.266 ဟိုးအရင် ထဲကသင်သိပြီးသားပါ