ကိန်းဂဏန်း ၅ ရှိတယ် ဆိုပါစို့ ၀ ရဖို့ ၅ ကို ဘာပေါင်းမလဲ သိပြီးသားဖြစ်မှာပါ ဒါပေမယ့်လည်း တွက်ကြည့်ရအောင် ကိန်းမျဉ်းတစ်ကြောင်းဆွဲမယ် ၀ ကိုဒီမှာထည့်မယ် ၅ က ဒီမှာ ရှိပြီးသား ၅ ကနေ ၀ ကိုရောက်ဖို့ဆို ဘယ်ဘက်ကို ၅ ကွက်သွားရမယ် ဘယ်ဘက်ကို ၅ ကွက်သွားတယ် ဆိုတာ - ၅ ပေါင်းတာ နဲ့ တူတူပဲ ဒီတော့ -၅ ပေါင်းလိုက်တာက ၀ ဆီကို ပြန်ရောက်သွားတယ် သိပြီးသားဖြစ်မှာပါ လူတိုင်းသိကြပါတယ် ဒါပေမယ့် ဒါကို ပြောင်းပြန်ပေါင်းခြင်းဆိုင်ရာ ဂုဏ်သတ္တိ လို့ခေါ်လိုက်တယ် ဒီလောက်ရိုးရှင်းတဲ့ အရာကို နာမည်ပေးထားတာကိုရယ်စရာကောင်းတယ်လို့ ကျွန်တော်တွေးမိတယ် ပြောင်းပြန်ပေါင်းခြင်းဆိုင်ရာ ဂုဏ်သတ္တိဆိုတာ ကိန်းဂဏန်းတခုကို ၎င်းရဲ့အနုတ်ကိန်းလို့ အများစုခေါ်တဲ့ ပြောင်းပြန်ကိန်း ပေါင်းထည့်လိုက်ရင် သုည ပြန်ရလိမ့်မယ် ဘာလို့လဲဆိုတော့ ဒီလိုစဉ်းစားကြည့်လိုက်ရင် သူတို့က ဂဏန်း ၅ ခြင်းတော့တူတယ် ဒါပေမယ့် ညာဘက်ကို ၅ သွားတာနဲ့ ဘယ်ဘက်ကို ၅ သွားတာခြင်း ကွာတယ် အလားတူစွာပဲ - ၃ က စမယ်ဆိုရင် ဘယ်ဘက်ကို ၃ ကွက်ရွေ့ပြီးသွားပြီ -၃ ကနေ ၀ ပြန်ရောက်ဖို့ ဘာပေါင်းထည့်ရမလဲလို့ မေးလာခဲ့ရင် ကျွန်တော် အခု ညာဘက်ကို ၃ ကွက်ပြန်ရွေ့ရမှာပေါ့ ညာဘက်ကို ၃ ကွက်ရွေ့တယ်ဆိုတာ အပေါင်းဘက်ကိုသွားတာလေ ဒါ့ကြောင့်မို့ +၃ ပေါင်းမယ် ဒီတော့ -၃ ကို +၃ ပေါင်းရင် ၀ ပြန်ရမယ် ယေဘူယအားဖြင့်၊ ကျွန်တော့်မှာ ဘယ်ဂဏန်းဖြစ်ဖြစ်...... တစ်သန်း ခုနစ်သိန်း နှစ်သောင်း ငါးထောင့် သုံးရာ တစ်ဆယ့် လေး (၁,၇၂၅,၃၁၄) ၀ ပြန်ရောက်ဖို့ ဘာဂဏန်းပေါင်းရမလဲလို့ ပြောလာရင် ဆန့်ကျင်ဘက်ကို သွားဖို့လိုတယ်ဆိုတော့ ကျွန်တော်ကတော့ ဘယ်ဘက်ကို ပြန်သွားမယ် ဒီတော့ တူညီတဲ့ ပမာဏကို နှုတ်ရမယ် ဒါမှမဟုတ် ၎င်းရဲ့ပေါင်းခြင်းပြောင်းပြန် (သို့) အနှုတ်ကိန်း ပေါင်းထည့်ရမယ် ဒါက - ၁၇၂၅၃၁၄ ပေါင်းထည့်တာနဲ့တူတူပဲ ဒီလိုလုပ်ခြင်းက ၀ ကိုပြန်ရောက်သွားမယ် ဒီလိုပဲ - ၇ ကိုဘာပေါင်းရင် ၀ ပြန်ရမလဲ ကောင်းပြီ - ၇ မှာရောက်နေတာမို့လို့ +၇ ပေါင်းဖို့လိုတယ် (ညာဘက်ကို ၇ ခု) ဒါဆို ၀ နဲ့ ညီသွားမယ် ဒါတွေက ယေဘူယ အတွေးတွေက လာတာပါ ၅+(-၅) ဆိုတာ ၅+ အနှုတ် ၅ (သို့) ၅+ ၅ရဲ့ ပေါင်းခြင်းပြောင်းပြန် နောက်တစ်နည်း ၅ -၅ လို့လည်း မြင်ကြည့်လို့ရတယ် ၅ ရှိလို့ ၅ နှုတ်ရင် ၀ ရမယ်ဆိုတာ ဟိုးအရင် ထဲကသင်သိပြီးသားပါ