1 00:00:07,324 --> 00:00:11,064 "ဒီကို ဝင်လာသူ အပေါင်းတို့၊ မျှော်လင့်ချက်အားလုံး စွန်လွှတ်ခဲ့ပါ။" 2 00:00:11,064 --> 00:00:13,494 လို့ဆိုပြီး ငရဲတံခါး အထက်မှာ ကမ္ပည်းထိုးထားတယ်။ 3 00:00:13,494 --> 00:00:17,224 ဒီနိမိတ်ဆိုး စကားလုံးတွေဟာ Dante အတွက် ငရဲခန်း အဆင်းမှာ 4 00:00:17,224 --> 00:00:20,924 မကောင်းတဲ့ သတင်းစကားကို သတိပေးတာပါ၊ 5 00:00:20,924 --> 00:00:22,914 မနှစ်သက်စရာ လေသံဆိုပေမည့် 6 00:00:22,914 --> 00:00:28,204 ဒီဗျာဒိတ်က ပြောခဲ့ဖူးသမျှ အကြီးကျယ်ဆုံး ဖြစ်လောက်တဲ့ ပုံပြင်ကို အသက်သွင်းတာပါ။ 7 00:00:28,204 --> 00:00:32,684 လူသားနဲ့ နတ် နှစ်ခုစလုံး လွှမ်းခြုံတဲ့ ခရီးရှည်ကြီးတစ်ခုပါ။ 8 00:00:32,684 --> 00:00:35,704 ဒါပေမဲ့ Dante အတွက် ကရုဏာ ကယ်တင်ခြင်းဆီရောက်ဖို့ 9 00:00:35,704 --> 00:00:39,224 သူဟာ ငရဲကနေ ထွက်တဲ့လမ်းကို အရင်ရှာရမှာပါ။ 10 00:00:39,224 --> 00:00:43,224 ဒီနှိပ်စက်မှုရဲ့ နောက်ခံရှုခင်းက "မီးငရဲ"အတွက် ဆင်ထားတယ်။ 11 00:00:43,224 --> 00:00:45,764 အပိုင်း ၃ ပိုင်း ဇာတ်ကြောင်းပြော ကဗျာရဲ့ ပထမပိုင်းကို 12 00:00:45,764 --> 00:00:49,764 Dante Alighieri က ၁၄ ရာစု မှာ ရေးခဲ့တာပါ။ 13 00:00:49,764 --> 00:00:52,144 သူ့ကိုယ်တိုင် ဇာတ်ဆောင်အဖြစ်ထားရင်း 14 00:00:52,144 --> 00:00:56,094 Dante ဟာ ငရဲရဲ့ အသူတစ်ရာချောက်ထဲကို နက်သထက် နက်ကာ ဆင်းသွားတယ်၊ 15 00:00:56,094 --> 00:01:01,304 လောက ကိုးပါးရဲ့တစ်ခုချင်းကို ထင်ရှားစေတဲ့ မြင်မကောင်းတဲ့ပြစ်ဒဏ်တွေကို ကြုံတွေ့ရင်းပါ 16 00:01:01,304 --> 00:01:09,164 Limbo မှာ အစပြုရင်း တပ်မက်မှု၊ အစားကြူးမှု၊ လောဘ၊ ဒေါသ၊ မိစ္ဆာဒိဋ္ဌိ၊ 17 00:01:09,164 --> 00:01:12,533 ကြမ်းကြုတ်မှု၊လိမ်လည်မှု စက်ဝန်းတွေကနေ 18 00:01:12,533 --> 00:01:15,673 ဆာတန်မာရ်နတ် ကိုယ်တိုင်ရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ 19 00:01:15,673 --> 00:01:20,403 ပိတ်မိနေတဲ့ အပြစ်သားတွေရှိတဲ့ ကြောက်စရာ နဝမ သစ္စာဖောက်မှု စက်ဝန်းအထိ ခရီးဆက်တယ်။ 20 00:01:20,403 --> 00:01:25,905 နောက်နှစ်ပိုင်း "သန့်စင်ပေးရာဘုံ" နဲ့ "သုခဘုံ" က Dante ရဲ့ ခရီးကို ဆက်တယ်၊ 21 00:01:25,911 --> 00:01:28,141 သန့်စင်ရာဘုံရဲ့ တောင်ကို တွယ်တက်ပြီး 22 00:01:28,141 --> 00:01:32,271 ကောင်းကင်ဘုံရဲ့ နယ်ပယ် ကိုးခုကို သူ တက်တာကြောင့်ပါ။ 23 00:01:32,271 --> 00:01:37,750 ၁၀ နှစ်ကျော် တစ်ပြိုင်တည်း ရေးခဲ့တဲ့ ဒီ ၃ ပိုင်းက "Divine Comedy" မှာ ပါဝင်တယ်၊ 24 00:01:37,750 --> 00:01:42,314 ဘုရားသခင်ဆီသွားတဲ့ စိတ်ဝိဉာဉ် ခရီးရဲ့ ပမာဆောင်ထားတဲ့ စိတ်ကူးစိတ်သန်းတစ်ခုပါ။ 25 00:01:42,314 --> 00:01:46,413 ဒါပေမဲ့ Dante ရဲ့ Divine Comedy ဟာ ဘာသာရေး ပုံဆောင်မှုတစ်ခုတင်မက 26 00:01:46,413 --> 00:01:51,353 အီတာလျံ နိုင်ငံရေးအပေါ် ဟာသဉာဏ်ရွှင်တဲ့ ပယ်ပယ်နယ်နယ် ဝေဖန်မှုလည်းဖြစ်ပါတယ်။ 27 00:01:51,353 --> 00:01:56,584 ဖလောရင့် စစ်သားနဲ့ နိုင်ငံရေးသုခမိန် Dante ဟာ ဘုရားသခင်ကို စွဲမြဲစွာသစ္စာရှိပေမဲ့ 28 00:01:56,584 --> 00:02:00,052 မကြာခဏတော့ ရိုမန် ကသလစ် အသင်းတော်ကို ဝေဖန်ခဲ့တယ်။ 29 00:02:00,052 --> 00:02:05,252 အထူးသဖြင့်တော့ ၎င်းရဲ့တောထနေတဲ့ ဆွေမျိုးကောင်းစားရေးဝါဒနဲ့ အပြစ်ကနေ 30 00:02:05,252 --> 00:02:10,438 ခွင့်လွတ်ပေးတာလို ဘာသာရေး ဘက်လိုက်မှုတွေ ဝယ်၊ ရောင်းတဲ့ အလေ့အထကို မနှစ်မြို့ခဲ့ဘူး။ 31 00:02:10,438 --> 00:02:13,713 အုပ်စု အတော်များများက ဒီဓလေ့တွေကို အခွင့်ကောင်းယူကြပေမဲ့ 32 00:02:13,713 --> 00:02:19,433 Guelfi Neri (သို့) Black Guelphs တို့လောက် ဒါတွေကို ထောက်ခံသူတွေက မရှိသလောက်ပါ။ 33 00:02:19,433 --> 00:02:21,962 ပုတ်ရဟန်းမင်းရဲ့နိုင်ငံရေး သြဇာလွှမ်းမှု 34 00:02:21,962 --> 00:02:25,522 ကျယ်ပြန့်ဖို့ ကြိုးပမ်းတဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ဂိုဏ်းတစ်ခုရှိခဲ့တယ်။ 35 00:02:25,522 --> 00:02:29,632 Dante က ဖလော့ရင့်ဟာ ရိုမန် လွမ်းမိုးမှုမှ ပိုလွတ်လပ် သင့်တယ်လို့ ယုံကြည်တဲ့ 36 00:02:29,632 --> 00:02:33,941 Guelfi Bianchi (ဝါ) White Guelphs ဂိုဏ်းရဲ့ အဖွဲ့ဝင်ပါ။ 37 00:02:33,941 --> 00:02:36,631 White Guelphs အတွက် ကိုယ်စားပြုတဲ့ ပြည်သူတစ်ရပ်အနေနဲ့ 38 00:02:36,631 --> 00:02:39,671 Dante ဟာ ပုတ်ရဟန်းမင်းရဲ့ အာဏာကို မကြာခဏ ဆန့်ကျင် ပြောဆိုခဲ့တယ်၊ 39 00:02:39,671 --> 00:02:42,781 Black Guelphs တွေက ၁၃၀၂ မှာ ဖလောရင့်ကနေ သူ့ကို ပြည်နှင်ဒဏ်ပေးဖို့ 40 00:02:42,781 --> 00:02:46,511 သူတို့ရဲ့ ရားထူးကို အစွမ်းကုန် သုံးခဲ့တဲ့အထိပါ။ 41 00:02:46,511 --> 00:02:48,321 ဒါပေမဲ့ သူ့ကို နှုတ်ဆိတ်စေတဲ့အစား 42 00:02:48,321 --> 00:02:53,971 ရာသက်ပန် ပြည်နှင်ဒဏ်က Dante ရဲ့ အကြီးကျယ်ဆုံး ဝေဖန်မှုကို ဖြစ်စေခဲ့တယ်။ 43 00:02:53,971 --> 00:02:56,521 ဂုဏ်သရေပျက်ကာ မျှော်လင့်ချက်မဲ့ သလောက် အပြန်မှာ 44 00:02:56,521 --> 00:03:01,761 စာရေးသူဟာ အသင်းတော်နဲ့ အီတလီလူမှုအဖွဲ့နဲ့ ပတ်သက်တဲ့ နာကြည်းချက်တွေကိုရင်ဖွင့်ခဲ့တယ်။ 45 00:03:01,761 --> 00:03:04,121 ပညာတတ် အထက်တန်းလွှာတွေရဲ့ 46 00:03:04,121 --> 00:03:07,711 အစဉ်အလာ လက်တင်ဘာသာထက် "Divine Comedy" ကို အီတလီဘာသာနဲ့ ရေးခြင်းက 47 00:03:07,711 --> 00:03:13,701 Dante ဟာ သူ့ရဲ့ပက်စက်တဲ့ နိုင်ငံရေး ဝေဖန်ချက်ကို အကျယ်ဆုံး ပရိတ်သတ်ရစေတယ်။ 48 00:03:13,701 --> 00:03:16,152 "မီးငရဲ"ရဲ့ အမျက်ဒေါသ စက်ဝန်းထဲမှာ 49 00:03:16,152 --> 00:03:18,562 Dante ဟာ အပြစ်သားတွေက Black Guelph Filippo ကို 50 00:03:18,562 --> 00:03:23,152 ကိုယ်တစ်ပိုင်းစီ ဆုတ်ဖြဲတာကို စိတ်အားထက်သန်စွာ မြင်တွေ့ခဲ့ရတယ်။ 51 00:03:23,152 --> 00:03:24,695 လိမ်ညာမှု စက်ဝန်းထဲမှာ 52 00:03:24,695 --> 00:03:29,995 Dante ဟာ စက်ဝန်းရဲ့ အပူဆုံးမီးလျှံတွေထဲမှာ ဆန်းပြားတဲ့ အပြစ်သားနဲ့ စကားပြောခဲ့တယ်။ 53 00:03:29,995 --> 00:03:33,171 ဒါက Pope Nicholas III လို့ သူ သိခဲ့ရတယ်၊ 54 00:03:33,171 --> 00:03:38,231 သူ့ကို ဆက်ခံသူ နှစ်ယောက် သေရင် သူ့နေရာကို ယူကြလိမ့်မယ်လို့ Dante ကို ပြောတဲ့သူပါ။ 55 00:03:38,231 --> 00:03:42,089 သုံယောက်စလုံးဟာ ဘက်လိုက်မှုနဲ့ ခြစားမှု အပြစ်ရှိသူတွေပါ။ 56 00:03:42,089 --> 00:03:46,069 "မီးငရဲ" မှာစိတ်ဓာတ်ကျစရာနဲ့ ကြမ်းတမ်းတဲ့ နိမိတ်ပုံဆိုပေမည့် 57 00:03:46,069 --> 00:03:49,579 "Divine Comedy" ဟာ အချစ်ပုံပြင် တစ်ပုဒ်လည်း ဖြစ်ပါတယ်။ 58 00:03:49,579 --> 00:03:51,479 Dante ဟာ ဩဇာတိက္ကမရှိတဲ့ ဖလောရင့် 59 00:03:51,479 --> 00:03:54,539 မိသားစုတစ်စုရဲ့ သမီးနဲ့ စီစဉ်ထားတဲ့ အိမ်ထောင်တစ်ခု ရှိခဲ့ပေမဲ့ 60 00:03:54,539 --> 00:04:00,559 ကိုးနှစ်သားကတည်းက အခြား အမျိုးသမီးတစ် ယောက်နဲ့ တစ်ဘက်သတ် ချစ်နေတာလည်း ရှိခဲ့တယ်။ 61 00:04:00,559 --> 00:04:02,620 Beatrice Portinari ပါ။ 62 00:04:02,620 --> 00:04:08,220 အဆိုအရ နှစ်ကြိမ်သာ ဆုံပေမဲ့ သူဟာ Dante ရဲ့ ရာသက်ပန် စျာန်ဝင်စားမှု ဖြစ်လာတယ်၊ 63 00:04:08,220 --> 00:04:12,355 သူ့လက်ရာများစွာအတွက် စေ့ဆော်မှုနဲ့ အကြောင်းအရာအဖြစ် ဖြည့်ဆည်းပေးရင်းပါ။ 64 00:04:12,355 --> 00:04:17,652 တကယ်က ငရဲတွင်းတွေဆီ သူ့ရဲ့ ရဲဝင့်တဲ့ ခရီးစဉ်နဲ့ သန့်စင်မှုတောင်ရဲ့ 65 00:04:17,652 --> 00:04:20,689 လှေကားထစ်တွေကို တက်စေဖို့ အစပြုက Beatrice ပါ။ 66 00:04:20,689 --> 00:04:23,389 အားကြီးတဲ့ ကောင်းကင်ဘုံက လာတဲ့ အသွင်အဖြစ် သရုပ်ဖော်တဲ့ 67 00:04:23,389 --> 00:04:27,569 သူက Dante ကို "သုခဘုံ"ရဲ့ ကောင်းကင်ဘုံ ဗဟိုတူ နယ်ပယ်တွေကနေ 68 00:04:27,569 --> 00:04:31,771 နောက်ဆုံး ဘုရားသခင်နဲ့ မျက်နှာချင်းဆုံတဲ့ အထိ ခေါ်ဆောင်တာပါ။ 69 00:04:31,771 --> 00:04:33,961 ထုတ်ဝေပြီးကတည်းက ရာစုနှစ်တွေအတွင်းမှာ 70 00:04:33,961 --> 00:04:37,761 "Divine Comedy"အချစ်၊ အပြစ်နဲ့ ပေးဆပ်ခြင်းတို့ရဲ့ ဆိုလိုရင်းသဘောတွေကို 71 00:04:37,761 --> 00:04:40,471 များစွာသော အနုပညာရှင်တွေက လက်ခံကျင့်ဆုံးနေခဲ့တာပါ၊ 72 00:04:40,471 --> 00:04:45,391 Auguste Rodin နဲ့ Salvador Dali ကနေ Ezra Pound နဲ့ Neil Gaiman အတိပါ။ 73 00:04:45,391 --> 00:04:51,112 ဖလောရင့်မြို့တော်က နောက်ဆုံး Dante ရဲ့ ပဝေသဏီက ပြည်နှင်ဒဏ်ကိုပြန်ရုတ်သိမ်းတော့ 74 00:04:51,112 --> 00:04:55,932 ကဗျာစာဆိုကိုယ်တိုင် အချိန်နှောင်းတဲ့ လောကီ ပေးဆပ်ခြင်းကို ၂၀၀၈ မှာ ရရှိခဲ့တယ်။