"ဒီကို ဝင်လာသူ အပေါင်းတို့၊ မျှော်လင့်ချက်အားလုံး စွန်လွှတ်ခဲ့ပါ။" လို့ဆိုပြီး ငရဲတံခါး အထက်မှာ ကမ္ပည်းထိုးထားတယ်။ ဒီနိမိတ်ဆိုး စကားလုံးတွေဟာ Dante အတွက် ငရဲခန်း အဆင်းမှာ မကောင်းတဲ့ သတင်းစကားကို သတိပေးတာပါ၊ မနှစ်သက်စရာ လေသံဆိုပေမည့် ဒီဗျာဒိတ်က ပြောခဲ့ဖူးသမျှ အကြီးကျယ်ဆုံး ဖြစ်လောက်တဲ့ ပုံပြင်ကို အသက်သွင်းတာပါ။ လူသားနဲ့ နတ် နှစ်ခုစလုံး လွှမ်းခြုံတဲ့ ခရီးရှည်ကြီးတစ်ခုပါ။ ဒါပေမဲ့ Dante အတွက် ကရုဏာ ကယ်တင်ခြင်းဆီရောက်ဖို့ သူဟာ ငရဲကနေ ထွက်တဲ့လမ်းကို အရင်ရှာရမှာပါ။ ဒီနှိပ်စက်မှုရဲ့ နောက်ခံရှုခင်းက "မီးငရဲ"အတွက် ဆင်ထားတယ်။ အပိုင်း ၃ ပိုင်း ဇာတ်ကြောင်းပြော ကဗျာရဲ့ ပထမပိုင်းကို Dante Alighieri က ၁၄ ရာစု မှာ ရေးခဲ့တာပါ။ သူ့ကိုယ်တိုင် ဇာတ်ဆောင်အဖြစ်ထားရင်း Dante ဟာ ငရဲရဲ့ အသူတစ်ရာချောက်ထဲကို နက်သထက် နက်ကာ ဆင်းသွားတယ်၊ လောက ကိုးပါးရဲ့တစ်ခုချင်းကို ထင်ရှားစေတဲ့ မြင်မကောင်းတဲ့ပြစ်ဒဏ်တွေကို ကြုံတွေ့ရင်းပါ Limbo မှာ အစပြုရင်း တပ်မက်မှု၊ အစားကြူးမှု၊ လောဘ၊ ဒေါသ၊ မိစ္ဆာဒိဋ္ဌိ၊ ကြမ်းကြုတ်မှု၊လိမ်လည်မှု စက်ဝန်းတွေကနေ ဆာတန်မာရ်နတ် ကိုယ်တိုင်ရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ပိတ်မိနေတဲ့ အပြစ်သားတွေရှိတဲ့ ကြောက်စရာ နဝမ သစ္စာဖောက်မှု စက်ဝန်းအထိ ခရီးဆက်တယ်။ နောက်နှစ်ပိုင်း "သန့်စင်ပေးရာဘုံ" နဲ့ "သုခဘုံ" က Dante ရဲ့ ခရီးကို ဆက်တယ်၊ သန့်စင်ရာဘုံရဲ့ တောင်ကို တွယ်တက်ပြီး ကောင်းကင်ဘုံရဲ့ နယ်ပယ် ကိုးခုကို သူ တက်တာကြောင့်ပါ။ ၁၀ နှစ်ကျော် တစ်ပြိုင်တည်း ရေးခဲ့တဲ့ ဒီ ၃ ပိုင်းက "Divine Comedy" မှာ ပါဝင်တယ်၊ ဘုရားသခင်ဆီသွားတဲ့ စိတ်ဝိဉာဉ် ခရီးရဲ့ ပမာဆောင်ထားတဲ့ စိတ်ကူးစိတ်သန်းတစ်ခုပါ။ ဒါပေမဲ့ Dante ရဲ့ Divine Comedy ဟာ ဘာသာရေး ပုံဆောင်မှုတစ်ခုတင်မက အီတာလျံ နိုင်ငံရေးအပေါ် ဟာသဉာဏ်ရွှင်တဲ့ ပယ်ပယ်နယ်နယ် ဝေဖန်မှုလည်းဖြစ်ပါတယ်။ ဖလောရင့် စစ်သားနဲ့ နိုင်ငံရေးသုခမိန် Dante ဟာ ဘုရားသခင်ကို စွဲမြဲစွာသစ္စာရှိပေမဲ့ မကြာခဏတော့ ရိုမန် ကသလစ် အသင်းတော်ကို ဝေဖန်ခဲ့တယ်။ အထူးသဖြင့်တော့ ၎င်းရဲ့တောထနေတဲ့ ဆွေမျိုးကောင်းစားရေးဝါဒနဲ့ အပြစ်ကနေ ခွင့်လွတ်ပေးတာလို ဘာသာရေး ဘက်လိုက်မှုတွေ ဝယ်၊ ရောင်းတဲ့ အလေ့အထကို မနှစ်မြို့ခဲ့ဘူး။ အုပ်စု အတော်များများက ဒီဓလေ့တွေကို အခွင့်ကောင်းယူကြပေမဲ့ Guelfi Neri (သို့) Black Guelphs တို့လောက် ဒါတွေကို ထောက်ခံသူတွေက မရှိသလောက်ပါ။ ပုတ်ရဟန်းမင်းရဲ့နိုင်ငံရေး သြဇာလွှမ်းမှု ကျယ်ပြန့်ဖို့ ကြိုးပမ်းတဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ဂိုဏ်းတစ်ခုရှိခဲ့တယ်။ Dante က ဖလော့ရင့်ဟာ ရိုမန် လွမ်းမိုးမှုမှ ပိုလွတ်လပ် သင့်တယ်လို့ ယုံကြည်တဲ့ Guelfi Bianchi (ဝါ) White Guelphs ဂိုဏ်းရဲ့ အဖွဲ့ဝင်ပါ။ White Guelphs အတွက် ကိုယ်စားပြုတဲ့ ပြည်သူတစ်ရပ်အနေနဲ့ Dante ဟာ ပုတ်ရဟန်းမင်းရဲ့ အာဏာကို မကြာခဏ ဆန့်ကျင် ပြောဆိုခဲ့တယ်၊ Black Guelphs တွေက ၁၃၀၂ မှာ ဖလောရင့်ကနေ သူ့ကို ပြည်နှင်ဒဏ်ပေးဖို့ သူတို့ရဲ့ ရားထူးကို အစွမ်းကုန် သုံးခဲ့တဲ့အထိပါ။ ဒါပေမဲ့ သူ့ကို နှုတ်ဆိတ်စေတဲ့အစား ရာသက်ပန် ပြည်နှင်ဒဏ်က Dante ရဲ့ အကြီးကျယ်ဆုံး ဝေဖန်မှုကို ဖြစ်စေခဲ့တယ်။ ဂုဏ်သရေပျက်ကာ မျှော်လင့်ချက်မဲ့ သလောက် အပြန်မှာ စာရေးသူဟာ အသင်းတော်နဲ့ အီတလီလူမှုအဖွဲ့နဲ့ ပတ်သက်တဲ့ နာကြည်းချက်တွေကိုရင်ဖွင့်ခဲ့တယ်။ ပညာတတ် အထက်တန်းလွှာတွေရဲ့ အစဉ်အလာ လက်တင်ဘာသာထက် "Divine Comedy" ကို အီတလီဘာသာနဲ့ ရေးခြင်းက Dante ဟာ သူ့ရဲ့ပက်စက်တဲ့ နိုင်ငံရေး ဝေဖန်ချက်ကို အကျယ်ဆုံး ပရိတ်သတ်ရစေတယ်။ "မီးငရဲ"ရဲ့ အမျက်ဒေါသ စက်ဝန်းထဲမှာ Dante ဟာ အပြစ်သားတွေက Black Guelph Filippo ကို ကိုယ်တစ်ပိုင်းစီ ဆုတ်ဖြဲတာကို စိတ်အားထက်သန်စွာ မြင်တွေ့ခဲ့ရတယ်။ လိမ်ညာမှု စက်ဝန်းထဲမှာ Dante ဟာ စက်ဝန်းရဲ့ အပူဆုံးမီးလျှံတွေထဲမှာ ဆန်းပြားတဲ့ အပြစ်သားနဲ့ စကားပြောခဲ့တယ်။ ဒါက Pope Nicholas III လို့ သူ သိခဲ့ရတယ်၊ သူ့ကို ဆက်ခံသူ နှစ်ယောက် သေရင် သူ့နေရာကို ယူကြလိမ့်မယ်လို့ Dante ကို ပြောတဲ့သူပါ။ သုံယောက်စလုံးဟာ ဘက်လိုက်မှုနဲ့ ခြစားမှု အပြစ်ရှိသူတွေပါ။ "မီးငရဲ" မှာစိတ်ဓာတ်ကျစရာနဲ့ ကြမ်းတမ်းတဲ့ နိမိတ်ပုံဆိုပေမည့် "Divine Comedy" ဟာ အချစ်ပုံပြင် တစ်ပုဒ်လည်း ဖြစ်ပါတယ်။ Dante ဟာ ဩဇာတိက္ကမရှိတဲ့ ဖလောရင့် မိသားစုတစ်စုရဲ့ သမီးနဲ့ စီစဉ်ထားတဲ့ အိမ်ထောင်တစ်ခု ရှိခဲ့ပေမဲ့ ကိုးနှစ်သားကတည်းက အခြား အမျိုးသမီးတစ် ယောက်နဲ့ တစ်ဘက်သတ် ချစ်နေတာလည်း ရှိခဲ့တယ်။ Beatrice Portinari ပါ။ အဆိုအရ နှစ်ကြိမ်သာ ဆုံပေမဲ့ သူဟာ Dante ရဲ့ ရာသက်ပန် စျာန်ဝင်စားမှု ဖြစ်လာတယ်၊ သူ့လက်ရာများစွာအတွက် စေ့ဆော်မှုနဲ့ အကြောင်းအရာအဖြစ် ဖြည့်ဆည်းပေးရင်းပါ။ တကယ်က ငရဲတွင်းတွေဆီ သူ့ရဲ့ ရဲဝင့်တဲ့ ခရီးစဉ်နဲ့ သန့်စင်မှုတောင်ရဲ့ လှေကားထစ်တွေကို တက်စေဖို့ အစပြုက Beatrice ပါ။ အားကြီးတဲ့ ကောင်းကင်ဘုံက လာတဲ့ အသွင်အဖြစ် သရုပ်ဖော်တဲ့ သူက Dante ကို "သုခဘုံ"ရဲ့ ကောင်းကင်ဘုံ ဗဟိုတူ နယ်ပယ်တွေကနေ နောက်ဆုံး ဘုရားသခင်နဲ့ မျက်နှာချင်းဆုံတဲ့ အထိ ခေါ်ဆောင်တာပါ။ ထုတ်ဝေပြီးကတည်းက ရာစုနှစ်တွေအတွင်းမှာ "Divine Comedy"အချစ်၊ အပြစ်နဲ့ ပေးဆပ်ခြင်းတို့ရဲ့ ဆိုလိုရင်းသဘောတွေကို များစွာသော အနုပညာရှင်တွေက လက်ခံကျင့်ဆုံးနေခဲ့တာပါ၊ Auguste Rodin နဲ့ Salvador Dali ကနေ Ezra Pound နဲ့ Neil Gaiman အတိပါ။ ဖလောရင့်မြို့တော်က နောက်ဆုံး Dante ရဲ့ ပဝေသဏီက ပြည်နှင်ဒဏ်ကိုပြန်ရုတ်သိမ်းတော့ ကဗျာစာဆိုကိုယ်တိုင် အချိန်နှောင်းတဲ့ လောကီ ပေးဆပ်ခြင်းကို ၂၀၀၈ မှာ ရရှိခဲ့တယ်။