1 00:00:06,875 --> 00:00:10,453 ဓာတုဗေဒနဲ့ ရူဗဗေဒမှာ အရေးပါတဲ့ အယူအဆတစ်ခု ရှိပါတယ်။ 2 00:00:10,453 --> 00:00:15,293 ယင်းက ရုပ်ပိုင်း ဖြစ်စဉ်တွေ တစ်လမ်းသွားပဲ ဖြစ်ရတဲ့ အကြောင်းကို ကူညီ ဖြေရှင်ပေးတယ်။ 3 00:00:15,293 --> 00:00:16,849 ရေခဲ အရည်ပျော်တာ 4 00:00:16,849 --> 00:00:19,279 ကော်ဖီထဲမှာ မလိုင်ပျံ့သွားတာ 5 00:00:19,279 --> 00:00:22,529 တာယာ အပေါက်မှ လေစိမ့်ထွက်တဲ့ အကြောင်းတွေပေါ့။ 6 00:00:22,529 --> 00:00:27,039 ၎င်းက အန်ထရောပီ ဖြစ်ပြီး ကျုပ်တို့ ဦးနှောက်နဲ့ နားလည်ဖို့ အင်မတန် ခက်ခဲပါတယ်။ 7 00:00:27,039 --> 00:00:31,879 အန်ထရောပီကို၊ ဖရိုဖရဲဖြစ်မှုကို တိုင်းတာချက်အဖြစ် မကြာခဏ ဖော်ပြကြပါတယ်။ 8 00:00:31,879 --> 00:00:35,739 ဒါ သင့်တော်တဲ့ ပုံရိပ်တစ်ခုပါပဲ၊ ဒါပေမဲ့ ကံမကောင်းတာက ဒါက လမ်းလွဲသွားစေနိုင်တယ်။ 9 00:00:35,739 --> 00:00:38,510 ဥပမာ၊ ရေခဲတုံးလေးတွေပါတဲ့ တစ်ခွက် နဲ့ 10 00:00:38,511 --> 00:00:43,469 ပုံမှန် အပူချိန်ရှိ ရေ တစ်ခွက် ဘယ်ဟာ ဖရိုဖရဲ ပိုဖြစ်နေပါသလဲ။ 11 00:00:43,469 --> 00:00:45,373 လူအများစုက ရေခဲ လို့ ပြောပါလိမ့်မယ်၊ 12 00:00:45,373 --> 00:00:49,068 ဒါပေမဲ့ တကယ်ဆို အဲဒါက အန်ထရောပီ ပိုနိမ့်ပါတယ်။ 13 00:00:49,069 --> 00:00:52,898 ဒီတော့ ၎င်းကို ဖြစ်နိုင်စွမ်းကနေ တွေးဖို့ အခြား နည်းလမ်း တစ်ခုရှိပါတယ်။ 14 00:00:52,898 --> 00:00:57,290 ဒါက သဘောပေါက်ဖို့ ပို အချက် ကျပေမဲ့ အတွင်းကျကျ သဘောပေါက်ဖို့ အချိန်ယူရပြီး 15 00:00:57,290 --> 00:01:01,260 ပြီးရင် အန်ထရောပီကို ခင်ဗျား ကောင်းကောင်းကြီး သဘောပေါက်သွားပါလိမ့်မယ်။ 16 00:01:01,260 --> 00:01:03,661 အက်တမ်ဆိုင်ရာ ဓာတ်စည်း ခြောက်ခုစီပါရှိတဲ့ 17 00:01:03,661 --> 00:01:07,541 အခဲနှစ်ခုကို စိတ်ကူးပါ။ 18 00:01:07,541 --> 00:01:12,780 ဒီပုံစံအရ အခဲတစ်ခုစီရှိ စွမ်းအင်ကို ဓာတ်စည်းတွေထဲမှာ သိုလှောင်ထားပါတယ်။ 19 00:01:12,781 --> 00:01:15,292 ဒါတွေကို သိုလှောင်ကန်အဖြစ် သာမန် တွေးကြည့်နိုင်ပါတယ်။ 20 00:01:15,292 --> 00:01:20,070 ယင်းတို့က ထပ်မံ ပိုင်းခြားမရတဲ့ စွမ်းအင် ယူနစ်တွေ (ခေါ်) ကွမ်တာကို သိုလှောင်ပါတယ် 21 00:01:20,070 --> 00:01:24,601 အခဲမှာ စွမ်းအင် ပိုများလေလေ၊ ၎င်းက ပို ပူလေလေပါပဲ။ 22 00:01:24,601 --> 00:01:29,042 အခဲနှစ်ခုမှာ စွမ်းအင် ဖြန့်ချီနိုင်တဲ့ နည်းလမ်းပေါင်းများစွာ ပါရှိတဲ့ 23 00:01:29,042 --> 00:01:30,552 အရာအဖြစ် ပြောင်းသွားပါပြီ၊ 24 00:01:30,552 --> 00:01:34,592 တစ်ခုစီရှိ စုစုပေါင်း စွမ်းအင်က တူနေပါသေးတယ်။ 25 00:01:34,592 --> 00:01:38,502 ဒီ လုပ်ဆောင်ချက် တစ်ခုစီကို microstate လို့ခေါ်ပါတယ်။ 26 00:01:38,502 --> 00:01:43,341 စွမ်းအင် ကွမ်တာ ခြောက်ခုပါတဲ့ အခဲ A နဲ့ နှစ်ခုပါတဲ့ B အတွက် 27 00:01:43,341 --> 00:01:47,832 Microstate ၉,၇၂၀ ရှိပါတယ်။ 28 00:01:47,832 --> 00:01:52,860 ကျုပ်တို့ရဲ့ စွမ်းအင်ကွမ်တာ ၈ ခုကို စီစဉ်နိုင်တဲ့ အခြားနည်းတွေရှိပါသေးတယ်။ 29 00:01:52,861 --> 00:01:57,833 ဥပမာ စွမ်းအင် အားလုံးက A မှာရှိပြီး B မှာ မရှိတာမျိုး သို့မဟုတ် 30 00:01:57,833 --> 00:02:00,872 A မှာ တဝက်၊ B မှာ တဝက် စသဖြင့်ပေါ့။ 31 00:02:00,872 --> 00:02:04,154 Microstate တစ်ခုစီဟာ ဖြစ်ပွားခွင့် တူညီကြောင်း ယူဆထားရင်၊ 32 00:02:04,154 --> 00:02:06,794 ကျုပ်တို့ မြင်နိုင်မှာက စွမ်းအင် အနေအထား တချို့မှာ 33 00:02:06,794 --> 00:02:10,543 အခြားဟာတွေထက် ပိုမြင့်တဲ့ ဖြစ်တန်စွမ်း ရှိပါတယ်။ 34 00:02:10,543 --> 00:02:14,184 ဒါက microstate တွေရဲ့ ပိုကြီးမားတဲ့ အရေအတွက် ကြောင့်ပါ။ 35 00:02:14,184 --> 00:02:20,143 အန်ထရောပီက စွမ်းအင် အနေအထား တစ်ခုစီရဲ့ ဖြစ်တန်စွမ်းကို တိုက်ရိုက်တိုင်းတာပါ။ 36 00:02:20,143 --> 00:02:23,193 ကျုပ်တို့ တွေ့တာက အခဲတွေကြားမှာ 37 00:02:23,193 --> 00:02:26,843 စွမ်းအင် အပျံ့နှံ့ဆုံးဆိုတဲ့ စွမ်းအင် အနေအထားက 38 00:02:26,843 --> 00:02:28,923 အမြင့်ဆုံး အန်ထရောပီ ရှိပါတယ်။ 39 00:02:28,924 --> 00:02:30,474 ဒီတော့ ယေဘုယျ သဘောအရ 40 00:02:30,474 --> 00:02:34,852 အန်ထရောပီဆိုတာ ဒီ စွမ်းအင် ဖြန့်ကျက်မှု အပေါ် တိုင်းထွာချက်အဖြစ် တွေးနိုင်ပါတယ်။ 41 00:02:34,853 --> 00:02:37,893 နိမ့်တဲ့ အန်ထရောပီက စွမ်းအင်ကို စုဝေးနေတဲ့ သဘောပါ။ 42 00:02:37,893 --> 00:02:41,623 မြင့်တဲ့ အန်ထရောပီဟာ စွမ်းအင်ကို ဖြန့်ထုတ်တဲ့သဘောပါ။ 43 00:02:41,623 --> 00:02:45,765 ပူတဲ့ အရာတွေ အေးသွားခြင်းလိုမျိုး အလိုလိုဖြစ်တဲ့ ဖြစ်စဉ်တွေကို ရှင်းပြဖို့ 44 00:02:45,765 --> 00:02:48,075 အန်ထရောပီက အသုံးဝင်ကြောင်း နားလည်ဖို့ 45 00:02:48,075 --> 00:02:52,434 လှုပ်ရှားပြောင်းလဲနေတဲ့ စွမ်းအင် စနစ်ကို လေ့လာဖို့လိုပါတယ်။ 46 00:02:52,434 --> 00:02:54,935 လက်တွေ့မှာ စွမ်းအင်ဟာ တစ်နေရာတည်းမှာ တည်ငြိမ်မနေပါ။ 47 00:02:54,935 --> 00:02:58,065 ၎င်းက နီးစပ်ရာ ဓာတ်စည်းတွေကြားမှာ အဆက်မပြတ် ရွေ့လျားနေတတ်တယ်။ 48 00:02:58,065 --> 00:03:00,206 စွမ်းအင်ရွေ့တဲ့ အခါ 49 00:03:00,206 --> 00:03:02,954 စွမ်းအင် အနေအထား ပုံပြောင်းနိုင်ပါတယ်။ 50 00:03:02,955 --> 00:03:05,085 Microstate တွေ ဖြန့်ထွက်ခြင်းကြောင့် 51 00:03:05,085 --> 00:03:09,836 ထို စနစ်က စွမ်းအင်ကို အမြင့်ဆုံးအနေနဲ့ ဖြန့်ထုတ်ဖို့ အနေအထားက နောက်ပိုင်းမှာ 52 00:03:09,836 --> 00:03:13,595 ဖြစ်လာမယ့် အခွင့်အရေးက ၂၁% ပါ။ 53 00:03:13,595 --> 00:03:17,357 ၎င်းရဲ့ စမှတ် ပြန်ရောက်မယ့် အခွင့်အရေးက ၁၃% ရှိပြီး၊ 54 00:03:17,357 --> 00:03:22,857 A က အမှန်တကယ် စွမ်းအင်ရရှိဖို့ အခွင့်အရေးက ၈% ရှိပါတယ်။ 55 00:03:22,857 --> 00:03:26,935 တဖန် ကျုပ်တို့ တွေ့ရသလို၊ စုဝေးနေတဲ့ စွမ်းအင်ထက် မြင့်မားတဲ့ အန်ထရောပီရှိဖို့ 56 00:03:26,935 --> 00:03:30,026 နည်းလမ်းတွေက ပိုများပြီး 57 00:03:30,026 --> 00:03:32,558 စွမ်းအင်ဟာ အပြင်သို့ ပျံ့ထွက်လိုတတ်ပါတယ်။ 58 00:03:32,558 --> 00:03:35,509 ဒါကြောင့် ပူတဲ့ အရာကို အေးတဲ့ အရာနားမှာ ထားရင်၊ 59 00:03:35,509 --> 00:03:40,420 အေးတဲ့ အရာက နွေးလာမှာဖြစ်ပြီး ပူတဲ့ အရာဟာ အေးလာပါလိမ့်မယ်။ 60 00:03:40,420 --> 00:03:41,867 ဒါပေမဲ့ ဒီဥပမာထဲမှာတောင် 61 00:03:41,867 --> 00:03:47,116 ပူတဲ့အရာက ပိုပူလာဖို့ အခွင့်အရေး ၈% ရှိပါတယ်။ 62 00:03:47,116 --> 00:03:51,427 လက်တွေ့ဘဝမှာ ဒီဖြစ်ရပ်မျိုး ဘာဖြစ်လို့ ဖြစ်မလာတတ်တာလဲ။ 63 00:03:51,427 --> 00:03:54,177 စနစ်ရဲ့ အရွယ်အစားနဲ့ သက်ဆိုင်ပါတယ်။ 64 00:03:54,177 --> 00:03:58,057 ကျုပ်တို့ အကြမ်ဖျဉ်းယူဆထားတဲ့ အခဲတွေမှာ ဓာတ်စည်း ခြောက်ခုစီသာရှိပါတယ်။ 65 00:03:58,057 --> 00:04:03,938 ဓာတ်စည်းတွေကို စွမ်းအင်ယူနစ် ၆၀၀၀နဲ့ ၈၀၀၀ အထိတိုးချဲ့လိုက်ပြီး 66 00:04:03,938 --> 00:04:07,527 စနစ်ကို တဖန်စတင်ဖို့ A မှာ စွမ်းအင်ရဲ့ လေးပုံ သုံးပုံ နဲ့ 67 00:04:07,527 --> 00:04:10,126 B မှာ လေးပုံ တစ်ပုံထားကြပါစို့။ 68 00:04:10,127 --> 00:04:14,337 အခု နောက်ထပ် စွမ်းအင်ကို အလိုလို ရရှိဖို့ A ရဲ့ အခွင့်အရေးဟာဖြင့် 69 00:04:14,337 --> 00:04:17,247 အလွန်သေးငယ်တဲ့ ကိန်းဖြစ်နေတာ တွေ့ရပါတယ်။ 70 00:04:17,247 --> 00:04:22,308 နေ့စဉ် မြင်နေကျ၊ တွေ့နေကျ အရာတွေမှာ ဒီထက်မကတဲ့ အမှုန်တွေ တပုံကြီးပဲရှိပါတယ်။ 71 00:04:22,308 --> 00:04:25,920 လက်တွေ့လောကမှာ ပူတဲ့ အရာ အပူထပ်တိုးလာဖို့ အခွင့်အလမ်းက 72 00:04:25,920 --> 00:04:28,011 မရှိသလောက် နည်းလွန်းပါတယ်။ 73 00:04:28,011 --> 00:04:30,409 ဒါ ဘယ်တုန်းကမှ မဖြစ်ဖူးပါဘူး 74 00:04:30,409 --> 00:04:31,528 ရေခဲပျော်တယ်၊ 75 00:04:31,528 --> 00:04:32,918 ရေခဲမုန့် ပျော်တယ်၊ 76 00:04:32,918 --> 00:04:34,676 တာယာ ပြားချပ်တယ် 77 00:04:34,676 --> 00:04:39,942 အကြောင်းက ဒီအဆင့်တွေမှာ မူလအဆင့်တွေထက် စွမ်းအင်ဖြန့်ထွက်မှု ပိုများလို့ပါ။ 78 00:04:39,942 --> 00:04:43,630 စနစ်ကို ပိုမြင့်တဲ့ အန်ထရောပီဆီသို့ တွန်းပို့ပေးတဲ့ ထူးဆန်းတဲ့ အား မရှိပါဘူး။ 79 00:04:43,630 --> 00:04:48,928 ဒါက ပိုမြင့်တဲ့ အန်ထရောပီက စာရင်းအင်းနည်း အရ အမြဲတမ်း အလားအလာပိုများတယ် ဆိုရုံပါ။ 80 00:04:48,928 --> 00:04:52,480 ဒါကြောင့်ပဲ အန်ထရောပီကို အချိန်ရဲ့မြား လို့ခေါ်ပါတယ်။ 81 00:04:52,480 --> 00:04:56,739 စွမ်းအင်မှာ ပြန့်ထွက်ဖို့ အခွင့်အရေးရှိရင် ပျံ့ထွက် ပါလိမ့်မယ်။