ရေကြောင်းကိုထိန်းနိုင်ခြင်းဟာ
ထူးခြားတဲ့ လက်ဆောင်တစ်ခုဖြစ်ပြီး
ကမ္ဘာကြီးမှာ ဒါမျိုး ဘာတစ်ခုမှမရှိဘူး။
ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာပြီး ကျွန်မရဲ့
အသင်းနဲ့ ကျွန်မရဲ့ လှေဟာ
မိုင်ပေါင်း သုံး၊ လေး၊ ငါး၊ ခြောက်
ထောင်ဝေးနိုင်တဲ့ ဆိပ်ကမ်းတစ်ခုကနေ
နောက်တစ်ခုသို့ ဘေးကင်းစွာ ရောက်နိုင်တာကို
သိတာထက်
ပိုကြီးမားတဲ့ ကျေနပ်အားစရာ မရှိတော့ဘူးလေ။
ကျွန်မအတွက် ပင်လယ်မှာ ရှိနေခြင်းဟာ
လုံးဝကို လွတ်လပ်ပြီး
ဒါက သင့်အတွက် အန္တိမ အခွင့်လမ်းဖြစ်တာက
အခြားဘယ် အရာမှ သင် မဖြစ်နိုင်လို့ပါ။
လှေတစ်စင်းပေါ်က အဖော်တွေရှေ့မှာ
သင်ဟာ ဝတ်လစ်စလစ်ဖြစ်နေတယ်
ဒါက နေရာ သေးသေးလေးတစ်ခုပါ။
Maiden က ၅၈ ပေ ရှည်တယ်။
၅၈ ပေ လှေတစ်စင်းထဲမှာ
အမျိုသမီး ၁၂ ယောက်ရှိတယ်။
ဆိုလိုတာက ပြောရရင်
အချင်းချင်း ကျပ်ညပ်နေတော့
သင်ဟာ သင်ပဲဖြစ်ရတော့တာပေါ့။
ရွက်လွှင့်နေတဲ့အခါ ကျွန်မအတွက်
အလွန် အပျော်ရဆုံးအချိန်က
ကုန်းမြေ ပျောက်ကွယ်သွားတဲ့ အချိန်ပါ။
ဒါက ပြောပြလို့မရနိုင်တဲ့ စွန့်စားမှု
(ပင့်သက်ရှိုက်သံများ)
တဒင်္ဂဖြစ်ပြီး ပြန်မလှည့်တော့ဘူး၊
သင်ရယ်၊ လှေရယ်၊
အရိပ်အယောင်တွေရယ်ပဲလေ။
လူတိုင်းကို တစ်သက်မှာ အနည်းဆုံး တစ်ကြိမ်
တော့ ဒီအတွေ့အကြုံကိုရနိုင်စေချင်တယ်။
ကုန်းမြေကနေ ဝေးသွားလေလေ၊
သင့်ကိုယ်သင် ပိုအံကျဖြစ်လလေမျိုးပါ။
ဒါက သင်ပဲလေ၊
နောက်တစ်နေရာကို ဘယ်လို ရောက်တယ်၊
ဘယ်လို အသက်ဆက်ရှင်တယ်၊
အချင်းချင်းဘယ်လို စောင့်ရှောက်တယ်၊
အခြားတစ်ဘက်ကို ရောက်ဖို့
ဘာလုပ်တယ်ဆိုတာတွေပေါ့။
ဒီတော့ ကျွန်မ ဟောပြောပွဲတွေ သွားလုပ်တဲ့အခါ
အများဆုံး အမေးခံရတဲ့ မေးခွန်းက
"ခင်ဗျား ဘယ်လိုလုပ်ပြီး သမုဒ္ဒရာ
ပြိုင်ပွဲ ရွက်လွှင့်သူ ဖြစ်လာတာလဲ"တဲ့။
တကယ့်ကို ကောင်းတဲ့ မေးခွန်းတစ်ခုပါ။
ကျွန်မ အမြဲ ပြောချင်ခဲ့တာကတော့
"ကျွန်မမှာ အမြင်တစ်ခု ရှိခဲ့တယ်။
ဒါက အိပ်မက်ဖြစ်လာခဲ့တယ်၊
ဒါက စွဲလမ်းမှုတစ်ခု ဖြစ်လာခဲ့တယ်"လို့ပါ။
ဒါပေမဲ့ တကယ်ကျတော့ ဘဝဟာ ဒီလိုမဟုတ်ဘူး၊
ကျွန်မရဲ့အကြောင်း လူတွေ သိဖို့
တကယ် စိုးရိမ်မိတာတစ်ခုက
ကျွန်မရဲ့ဘဝက တစ်နေရာကနေ
တစ်နေရာကို သွားခဲ့တာ မဟုတ်ဘူး။
ဘဝတွေဟာ တစ်နေရာမှ တစ်နေရာကို
သွားတာလို့ ဘယ်နှစ်ယောက်ပြောနိုင်လဲ။
သူတို့ ထင်တာက "ငါ ဒါကို လုပ်မယ်"
ပြီးတော့ ဒါကို သွားလုပ်ကြတယ်။
ဒီတော့ ကျွန်မ အမှန်ကို ပြောမယ်။
အမှန်ကတော့ ကျွန်မ ၁၅ နှစ်အရွယ်မှာ
ကျောင်းကနေ အထုတ်ခံခဲ့ရပြီး
တာရှည် ခံစားနေရတဲ့ ကျောင်းအုပ်ကြီးက
တာရှည် ခံစားနေရတဲ့ အမေ့ဆီကို တာရှည်
ခံစားရတဲ့ စာတစ်စောင်ပို့တာပါ
အဓိကကတော့ Tracy ဟာ ကျောင်းရဲ့
တံခါးတွေ မည်းသွားအောင် ထပ်လုပ်ခဲ့ရင်၊
ငါတို့ ရဲကို ခေါ်ရမယ်ဆိုတာပါ။
အမေက ကျွန်မကို ခေါ်လာပြီး ပြောတာက
"သမီးရေ၊ ပညာရေးဆိုတာ လူတိုင်းအတွက်
မဟုတ်ဘူးကွဲ့"တဲ့။
ဒီနောက်မှာ အမေက လူတိုင်း ကျွန်မကို ပေးဖူး
တာတွေထဲက အကောင်းဆုံး အကြံကို ပေးတယ်။
သူ ပြောတာက "ငါတို့ တစ်ဦးစီဟာ
တစ်ခုခုမှာတော့ တော်ကြတယ်။
အဲဒါက ဘာလဲဆိုတာ
သမီး သွားရှာဖိုပဲလိုတယ်"တဲ့။
အသက် ၁၆ နှစ်မှာ အမေက Greece ကို
ကျောပိုးအိတ်ခရီး ထွက်ခွင့်ပေးတယ်။
ကျွန်မက လှေတွေပေါ်မှာ အလုပ်လုပ်တာနဲ
အဆုံးသတ်ခဲ့တာ အဆင်ပြေခဲ့တယ်။
၁၇ နှစ် အရွယ်မှာ ကိုယ် လုပ်ချင်တာကို
တကယ် မသိခဲ့ဘူး။
မျှောပြီး လိုက်နေတာမျိုးပေါ့။
ဒီနောက် ကျွန်မရဲ့ ဒုတိယ
အတ္တလန်တိတ်ဖြတ်ကူးရာမှာ
မာလိန်မှူးက
"မင်း ရေကြောင်းထိန်းနိုင်လား"တဲ့။
ကျွန်မက "ကျွန်မ တကယ် မထိန်းတတ်ပါဘူး။
အရှည်စား မသင်ခင် ကျောင်းထုတ်ခံခဲ့ရတာ"
သူက "မင်း ရေကြောင်းထိန်းနှင်နိုင်မယ်လို့
မထင်ဘူးလား။
ငါ တစ်ဘက်ကို ကျသွားရင် ဘာဖြစ်မလဲ။
ဘဝမှာ ရပ်ကြည့်နေသူ
ဖြစ်နေတာကို ရပ်လိုက်၊
မင်း လုပ်နေတာကို ကြည့်တာ ရပ်ပြီး
စပြီး ပါဝင်လိုက်တော့"တဲ့။
အဲဒီနေ့က ကျွန်မအတွက်တော့
ဘဝတစ်ခုလုံး စတင်ခဲ့တဲ့ နေ့ပါ။
နှစ်ရက်အတွင်း ရေကြောင်းထိန်းတတ်
ခဲ့တယ်။
ဒါက ကိန်းဂဏန်းတွေကို မုန်းပြီး ဒါတွေကို
အရုပ်စာလို့ မြင်သူတစ်ယောက်ပါ။
တစ်ခါမှ စိတ်ကူးမရဖူးတဲ့ လမ်းကြောင်းတွေ၊
အခွင့်အလမ်းတွေကို ကျွန်မအတွက် ဖွင့်ပေးတယ်။
ကျွန်မ တကယ်ပဲ Whitbread Round the World
Race boat မှာ စီးရဖို့လုပ်နိုင်ခဲ့တယ်။
ဒါကတော့ တောင်အာဖရိကသား ၁၇ ဦးနဲ့ ကျွန်မပါ။
ကျွန်မက ၂၁ နှစ် အရွယ်ဖြစ်ပြီး
ဒါက ကျွန်မ ဘဝရဲ့ အရှည်ကြာဆုံး
ကိုးလဖြစ်ခဲ့တယ်။
ဒါပေမဲ့ ထမင်းချက်အဖြစ် သွားခဲ့တာပါ။
အဆုံးအထိ ကျော်လွှားနိုင်ခဲ့ပြီး
ဒီပြိင်ပွဲ အဆုံးသတ်ကို ရောက်လာတဲ့အခါ
ဒီပြိုင်ပွဲမှာ အဖွဲသား ၂၃၀ ရှိတာ
သိလိုက်ရတယ်။
အမျိုးသမီး သုံးယောက်နဲ့
တစ်ယောက်က ကျွန်မပါ။
ကျွန်မက ညံ့တဲ့ ထမင်းချက်ပါ။
တကယ်တော်တဲ့ ရေကြောင်းထိန်းပါ။
ဒုတိယတစ်ခုက ကျွန်မရဲ့ဘဝတစ်ခုလုံးမှာ
အလေးနက်ဆုံးလို့ ထင်တယ်။
ဘယ်ယောက်ျားကမှ ကျွန်မကို သူတို့သင်္ဘောမှာ
ရေကြောင်းထိန်း ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး"-
ဒါက ဒီနေ့ထိ ဖြစ်နေဆဲ ကိစ္စပါ။
Whitbread ရဲ့ ၃၅ နှစ်အတွင်းမှာ
အမျိုးသမီးသာပါတဲ့ သင်္ဘောပေါ် မရောက်တဲ့
အမျိုးသမီး ရေကြောင်းထိန်းနှစ်ဦးပဲ ရှိတယ်။
ဒါကတော့ Maiden မွေးဖွားလာပုံပါ။
ဒါကတော့ ကျွန်မ တွေးမိတဲ့ တစ်ခဏပါ၊
"ငါ့မှာ တွန်းလှန်ဖို့ တစ်ခုခုရှိတယ်။"
ဒီတွန်းလှန်မှု ကျွန်မမှာ
ရှိချင်တာကို ကျွန်မ မသိခဲ့ဘဲ
ဘဲကို ရေမှာ ချပေးလိုက်တာမျိုး
တစ်ခုခုဖြစ်ခဲ့တယ်။
ကျွန်မမှာ စိတ်ကူးမရှိခဲ့ဘူးဆိုတဲ့ ကိုယ်နဲ့
ပတ်သက်တဲ့ အရာတွေကို တွေ့ရှိခဲ့တယ်။
ကျွန်မမှာ တွန်းလှန်တဲ့ စိတ်
ရှိတာကို တွေ့ရှိခဲ့တယ်။
အရင်က လုံးဝ မသိခဲ့တဲ့
နိုင်လိုစိတ်ပြင်းတာတွေ့ရှိခဲ့ပြီး
ကျွန်မရဲ့ ဒုတိယထက်သန်မှုကို တွေ့ရှိခဲ့တယ်၊
ဒါက တန်းတူညီမျှမှုပါ။
ဒီတစ်ခုကို ရှိခွင့် မပေးနိုင်ခဲ့ဘူး။
ဖြစ်လာခဲ့တာက လှေတစ်စင်းပေါ်မှာ
ရေကြောင်းထိန်းချင်တဲ့ ကျွန်မပဲ မဟုတ်ဘဲ
အဖွဲ့ကို အတူ စုခြင်းနဲ့ ကိုယ်ပိုင်အသင်းဟာ
ကျွန်မ ရေကြောင်းထိန်းဖြစ်အောင်
ကိုယ်ပိုင်ငွေ ထူထောင်ပြီး
ကိုယ်ပိုင် လှေတစ်စင်း ရှာတာပါ။
နေရာတိုင်းက အမျိုးသမီးတွေနဲ့ပါ။
ကျွန်မဟာ ကျန်ရှိတဲ့ ကျွန်မဘဝကို
ဒါလုပ်ရင်း ကုန်ဆုံးဖို့ ဖြစ်နိုင်ခြေရှိတယ်
လို့ ကျွန်မ သဘောပေါက်ခဲ့ချိန်ပါ။
1989 WhitbreadRound the World Race
လုပ်ဖို့ ငွေရှာရတာ အတော်ကြာခဲ့ပါတယ်။
ပြိုင်ပွဲအတွက် ထုတ်ထားတဲ့ တောက်ပတဲ့
အသစ်စက်စက်လှေတွေနဲ့အတူ ကိုယ့်ဝန်းကျင်က
ပေါင်သန်းပေါင်းမျာစွာတန်တဲ့
အမျိုးသားချည်းပါတဲ့ စီမံချက်ကိန်းတွေကို
ကျွန်မတို့ ကြည့်နေကြတော့
ဒါက ကျွန်မတို့ ဖြစ်တော့မှာ မဟုတ်ဘူးလို့
သဘောပေါက်ခဲ့ကြတယ်။
လုပ်ရင်းကိုင်းရင်း ဒါကို ဖန်တီးခဲ့ရတယ်။
ဒီလိုငွေပေးဖို့ ကျွန်မတို့ကို
ယုံကြည့်တဲ့သူ တစ်ယောက်မှမရှိဘူး။
ဒါနဲ့ အိမ်ကို ပေါင်လိုက်တယ်၊
နောက်ခံသမိုင်းရှိတဲ့ သင်္ဘောပျက်တတစ်စင်း
တွေ့ခဲ့တယ်။
Whitbread လှေဟောင်းပါ
ဒါက ကမ္ဘာနှစ်ပတ် ပတ်ခဲ့ပြီးသားပါ။
တောင် အာဖရိကမှာပါ။
ဒါကို သင်္ဘောပေါ် တင်ပြီး
UK အပြန်မှာ သယ်လာပေးဖို့
တစ်နည်းနည်းနဲ့တော့ လူ
တစ်ယောက်ကို စည်းရုံးခဲ့တယ်။
ကောင်မလေးတွေဟာ လှေရဲ့အခြေအနေမှာ
တုန်လှုပ်သွားကြတယ်။
ခြံဝင်းတစ်ခုမှာ နေရာလွတ်တစ်နေရာရှိတော့
ဒါကို ပြန်ပုံစံထုတ်ခဲ့တယ်၊
ဒါကို အပိုင်းပိုင်း ခွဲတယ်၊
အလုပ်အားလုံး ကိုယ်တိုင် လုပ်ခဲ့ကြတာပါ။
သင်္ဘောကျင်းတစ်ခုမှာ အမျိုးသမီးတွေကို
ပထမဆုံးအကြိမ် မြင်ဖူးတာဆိုတော့
အတော်လေး ပျော်စရာကောင်းတာပေါ့။
မနက်တိုင်း ကျွန်မတို့ ဝင်သွားတိုင်း
လူတိုင်းက ကျွန်မတို့ကို ငမ်းကြတယ်။
ဒါပေမဲ့ ကောင်းကျိုးတွေလည်း ရှိခဲ့တာက
လူတိုင်းဟာ အလွန်ကူဖော်ရတာကြောင့်ပါ။
ကျွန်မတို့ဟာ ဒီလောက်ကို ဆန်းသစ်ခဲ့တာပါ။
ကျွန်မတို့ကို မီးစက်တစ်လုံး၊
အင်ဂျင်တစ်လုံး ပေးတယ်
"ဒီကြိုးဟောင်း လိုလား"
"လိုတာပေါ့။"
"ရွက်ဟောင်းတွေရော"
"အေး၊ ဒါတွေ လိုမယ်။"
ဒီတော့ လုပ်ရင်းကိုင်းရင်း
ဒါကို ဖန်တီးခဲ့တာပါ။
ထင်တာက တကယ်တမ်း ကျွန်မတို့မှာရှိခဲ့တဲ့
ဧရာမ အကျိုးကျေးဇူးတွေထဲက တစ်ခုက
အမျိုးသမီးချည်းပါတဲ့ အဖွဲ့ဟာ
ဘယ်လို ကမ္ဘာပတ်ပြီး
ရွက်လွှင့်မယ်ဆိုတာကို
ကြိုမှန်းထားတဲ့ စိတ်ကူးမရှိခဲ့တာပါ။
ဒီတော့ ဘာပဲလုပ်လုပ် အဆင်ပြေခဲ့တယ်။
လုပ်ခဲ့သေးတာက လူတွေကို ၎င်းဆီ
ဆွဲဆောင်ခဲ့တာပါ။
အမျိုးသမီးတွေသာ မဟုတ်ဘဲ
အမျိုးသားတွေ၊ ဒီလိုပြောခံရဖူးတဲ့
လူတိုင်းကိုပါ။
"သင်ဟာ ကျေနပ်လောက်အောင် မတော်လို့
တစ်ခုခုကို မလုပ်နိုင်ဘူး"
သင့်တော်တဲ့ လိင်(သို့) လူမျိုး
(သို့) အသားအရောင်၊ ဘာဖြစ်ဖြစ်ပါ။
Maiden ဟာ ထက်သန်မှုတစ်ခု ဖြစ်လာခဲ့တယ်။
ရံပုံငွေ ထူထောင်ဖို့က ခက်ခဲခဲ့တယ်။
ရာချီတဲ့ ကုမ္ပဏီတွေက ထောက်ပံ့မပေးခဲ့ဘူး။
ကျွန်မတို့ မလုပ်နိုင်ဘူးလို့ ပြောကြတယ်။
ကျွန်မတို့တော့ သေမှာပဲလို့ လူတွေ ထင်ကြတယ်။
ပြောရရင် ငတိတွေ ကျွန်မတို့ဆီ
လာပြီးပြောတာက
"မင်းတို့ သေမှာပဲ"တဲ့။
ကျွန်မ တွေးတာက "အေး ရတယ်၊ ဒါက
ငါအလုပ်၊ နင်တို့ အလုပ်မဟုတ်ဘူး"လို့ပါ။
အဆုံးမှာ Jordan ဘုရင် Hussein က
Maiden ကို ထောက်ပံ့တယ်။
ဒါက အံ့ဩစရာတစ်ခုပါ။
သူ့ရဲ ခေတ်ရှေ့ပြေးတဲ့ တန်းညီမျှမှုပါ။
ငြိမ်းချမ်းမှု၊ ညီမျှမှု သတင်းစကားနဲ့
ကမ္ဘာပတ် ရွက်လွှင့်ခဲ့တယ်။
ကျွန်မတို့ဟာ ပြိုင်ပွဲမှာ ဒီလို သတင်းစကား
ပါတဲ့ တစ်စင်းတည်းသော လှေပါ။
Whitbread ရဲ့ ပြိုင်ပွဲ နှစ်ထောက်ကို
အနိုင်ရတယ်။
အခက်အခဲဆုံး နှစ်ထောက်ပါ။
ခြုံပြောရရင် ဒုတိယ ချိတ်ခဲ့တယ်။
ဒါက ဗြိတိသျှ လှေတစ်စီးအတွက်တော့ ၁၉၇၇
ကတည်းကဆို အကောင်းဆုံး ဆုဖြစ်နေဆဲပါ။
လူအတော်များများ
အနှောင့်အယှက်ဖြစ်ကြရတယ်
အဲဒီအချိန်က ဖြစ်ခဲ့တာလို့ ထင်တယ်၊
ကျွန်မတို့ မသိခဲ့ဘူးလေ။
ကျွန်မတို့ ပန်းတိုင်ကို ကျော်ဖြတ်ခဲ့တယ်၊
မယုံနိုင်စရာ အဆုံးသတ်ပါ။
ကျွန်မတို့နဲ့အတူ Solent အထိ
လှေပေါင်း ၆၀၀ ရွက်လွှင့်နေကြတယ်။
ရွက်လွှင့်စဉ် Ocean Village က လူ ၅၀၀၀၀
က"Maiden, Maiden" လို့ သံပြိုင်ဆိုနေတယ်
ဒီလိုနဲ့ လုပ်ချင်တာတစ်ခုကို
အောင်မြင်ခဲ့ပြီလို့ သိခဲ့ပြီး
ကောင်းတာတစ်ခုခု ပြီးမြောက်ပြီလို့
မျှော်လင့်ခဲ့ပေမဲ့
အမျိုးသမီးများစွာရဲ့ ဘဝတွေကို
ပြောင်းလဲစေပုံတော့ အဲဒီအချိန်က မသိခဲ့ဘူး။
Southern Ocean က အကြိုက်ဆုံးသမုဒ္ဒရာပါ။
သမုဒ္ဒရာတိုင်းမှာ ဝိသေသတစ်ခုရှိတယ်။
ဒီတော့ North Atlantic က
ခရီးကြမ်းနှင်တဲ့ သမုဒ္ဒရာပါ။
သွားဇို့ ပျော်စရာတစ်ခုပါ၊
အင်တိုက်အားတိုက် အမျိုးအစား
ပျော်စရာ သမုဒ္ဒရာမျိုးပါ။
Southern Ocean က
အသေ ပြင်းထန်တဲ့ သမုဒ္ဒရာပါ။
Southern Ocean ကို
သင် ဖြတ်ကူးခိုက်မှာ
လတ္တီတွဒ်နဲ့ လောင်ဂျီတွဒ်ကို သိတယ်၊
အဲဒီမှာ သင်ရှိနေတဲ့အခါ
လှိုင်းတွေ တည်ဆောက်နေတာ၊
ထိပ်ဖျားမှာ လှိုင်းခေါင်းဖြူ
ထနေတာကို သိတယ်၊
ဒါက တကယ် မှိုင်းလာတယ်၊
အာရုံခံ ချွတ်ယွင်းလာတယ်။
သင့်ပတ်လည်က ဧရာမကန္တာရနဲ့အတူ
သင် ဘယ်သူ၊ ဘာဆိုတာက
ပြတ်သားသွားတယ်။
ဒါက ဗလာပါ။
သိပ်ကြီးပြီး သိပ်ဗလာဖြစ်နေတယ်။
လှေပတ်လည်မှာ ဝေ့နေတဲ့
ဇင်ယော်ကြီးတွေကို တွေရတယ်။
ဒီခရီးစဉ်ကို ရွက်လွှင့်ဖို့
လေးရက်လောက် ကြာတော့
လေးရက်လုံး ဒီဇင်ယော်ကြီးတွေပဲ ရှိတယ်။
ကျွန်မတို့ကို အဆန်းလို့ ထင်ကြတော့
ပင်မရွက်ကနေ ထွက်လာတဲ့ လေကနေ
လှိုင်းစီးကြပြီး
လှေနောက်မှာ တွဲလဲကျနေတယ်။
သင့်နောက်က ဒီရှိနေမှုကို ခံစားရတော့
လှည့်ကြည့်လိုက်တယ်။
ဒီဇင်ယော်ကြီးတွေက
သင့်ကို ကြည့်နေတယ်။
ပြိုင်ပွဲအပြီး Maiden ကို ရောင်းလိုက်တယ်။
ငွေက ရှိမနေသေးဘူးလေ။
လွန်ခဲ့တဲ့ ငါးနှစ်က သူ့ကို တွေ့တယ်။
ရုပ်ရှင်ဒါရိုက်တာက
Maiden အကြောင်း မှတ်တမ်းတင်ရုပ်ရှင်
ရိုက်ချင်တယ်လို့ ဆုံးဖြတ်တဲ့
တစ်ချိန်တည်းမှာပါ။
Maiden ကို တွေ့ခဲ့တယ်။
ကျွန်မဘဝထဲ ဗြုန်းခနဲ့ လာပြီး
နှစ်တွေအကြာမှာ ကျွန်မ တကယ်ကို
မေ့ပစ်ခဲ့တဲ့ အရာများစွာကို
အမှတ်ရေစတယ်။
ကျွန်မရဲ့ နှလုံးသားနဲ့
စိတ်နောက်ကို လိုက်ခြင်းနဲ့
စကြဝဠာရဲ့ အစိတ်အပိုင်းဖြစ်ခြင်းပါ။
ဘဝမှာ အရေးကြီးတယ်လို့
ကျွန်မထင်တဲ့ အရာတိုင်းကို
Maiden က ကျွန်မကို ပြန်ပေးတာပါ။
ထပ်ပြီး ကျွန်မတို့ သူ့ကို ကယ်တင်တယ်၊
Crowdfunder လုပ်ခဲ့တယ်။
Seychelles ဘုရင် Hussein ရဲ့ သမီး
မင်းသမီး Haya ဆီကနေ
ကယ်တင်တယ်။
UK ကို ပြန်ပို့ဖို့ ရံပုံငွေရှာတယ်။
နောက်တော့ ပြန်မွမ်းမံတာပေါ့။
မူလအဖွဲ့ဝင်အားလုံး ပါဝင်ခဲ့တယ်။
မူလ အသင်းကို ပြန်စုစည်းခဲ့တယ်။
ဒီနောက် Maiden နဲ့ ဘာလုပ်မယ်ဆိုတာကို
ဆုံးဖြတ်ခဲ့ကြတယ်။
ဒါက ကျွန်မအတွက်တော့
ကိုယ်လုပ်ခဲ့တဲ့ အရာတိုင်းကို
ပြန်ကြည့်မိခဲ့တဲ့ တကယ့်
ဘဝရဲ့ တဒင်္ဂပါ။
စီမံချက်တိုင်း၊ ခံစားမှုတိုင်း
စိတ်ထက်သန်မှုတိုင်း၊
တိုက်ပွဲတိုင်း၊ တွန်းလှန်မှုတိုင်းကိုပါ။
နောက်မျိုးဆက်အတွက် Maiden ကို
ဒီတိုက်ပွဲကို ဆက်တိုက်စေချင်တယ်လို့
ကျွန်မ ဆုံးဖြတ်လိုက်တယ်။
Maiden ဟာ ငါးနှစ်တာ ကမ္ဘာ့ခရီးမှာ
ကမ္ဘာပတ် ရွက်လွှင့်နေပါတယ်။
ကျွန်မတို့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့
ထောင်ချီတဲ့ မိန်းကလေးတွေနဲ့ ဆက်စပ်နေတယ်။
မိန်းကလေးတွေ ပညာရေးမှာ ပါဝင်စေတဲ့
လူမှုရပ်ရွာ အစီအစဉ်တွေကို ပံ့ပိုးပေးနေတယ်။
ပညာရေးဆိုတာက စာသင်ခန်းထဲမှာ
ထိုင်နေခြင်းပဲလို့ မဆိုလိုဘူး။
ကျွန်မအတွက် မိန်းကလေးတွေကို သင်ကြား
ပေးတာက တစ်နည်းနည်းနဲ့ ကြည့်ဖို့မလိုတာ၊
တစ်နည်းနည်းနဲ့ ခံစားဖို့မလိုတာ၊
တစ်နည်းနည်းနဲ့ ပြုမူဖို့မလိုတာကိုပါ။
သင်ဟာ အောင်မြင်နိုင်တယ်။
အိပ်မက်တွေနောက်ကို လိုက်ကာ
ဒါတွေအတွက် တွန်းလှန်နိုင်ပါတယ်။
ဘဝဟာ တစ်နေရာမှ တစ်နေရာကို မသွားဘူး။
ရှုပ်ထွေးပါတယ်။
ကျွန်မရဲ့ဘဝဟာ အစကနေ အဆုံးအထိ
အရှုပ်အထွေးတစ်ခု ဖြစ်ခဲ့ပေမဲ့
ကျွန်မတို့ သွားနေတာဆီ တစ်နည်းနည်းနဲ့
ရောက်ခဲ့တယ်။
ကျွန်မတို့နဲ့ Maiden အတွက် အနာဂတ်ဟာ
အံ့ဩဖွယ်ဖြစ်ပုံရတယ်။
ကျွန်မ အတွက်တော့
အစကို ပြန်သွားလိုက်တာပါ။
Maiden နဲ့ အစကို ပြန်သွားလိုက်ပြီး
ဒါကို သုံးရင်း မိန်းကလေးတွေကို ပြောပြတာက
လူတစ်ယောက်ကပဲ သင့်ကို ယုံကြည်တယ်ဆိုရင်
ဘာမဆို သင်လုပ်နိုင်တာကိုပါ။