၁၉၆၀ နှစ်လွန်တွေတစ်လျှောက်မှာ FBI ဟာ အမေရိကရဲ့ အကျော်ကြားဆုံး ပညာရှင်တွေထဲက တစ်ဦးကို စုံစမ်းရာမှာ နှစ်ထောင်နီးပါးရှိတဲ့ စာရွက်စာတမ်း တွေကို စုဆောင်းခဲ့တယ်။ ဒီစုံစမ်းမှုရဲ့ အကြောင်းကိစ္စက James Baldwin လို့ ခေါ်တဲ့ စာရေးဆရာပါ။ အဲဒီအချိန်က FBI ဟာ အနုပညာရှင်တွေနဲ့ အတွေးအေခါ်ပညာရှင်တွေကို စုံစမ်းပေမဲ့ သူတို့ရဲ့မှတ်တမ်းတွေဟာ Baldwin ရဲ့ မှတ်တမ်းပမာဏရဲ့ အစိတ်အပိုင်းပဲဖြစ်ခဲ့တယ်။ ဒီနှစ်တွေအတွင်း FBI က သူ့နောက် တကောက်ကောက်လိုက်စဉ် သူဟာ ကမ္ဘာ့လူမည်းစရေားဆရာတွေထဲမှာ အကျော်ကြားဆုံးတဦးဖြစ်လာခဲ့တယ်။ ဒီတော့ အများပြည်သူနဲ့ အာဏာပိုင်တွေ နှစ်ရပ်စလုံးရဲ့ စိတ်အားရုံတွေထဲမှာ သူ့ကို ဒီလောက်ကြီးး စိုးမိုးအောင် ဘာက ဖန်တီးပေးခဲ့လဲ။ ၁၉၂၄ ခုမှာ Harlem မှာမွေးဖွားခဲ့ပြီး မွေးချင်းကိုးယောက်မှာ အကြီးဆုံးပါ။ အသက် ၁၄ နှစ်မှာ တရားဟောဆရာ အဖြစ် စတင်လုပ်ကိုင်ခဲ့တယ်။ တရားဟောရင်းနဲ့ စာရေးဆရာအဖြစ် သူစေ့ဆော်မှုကို ဖွံ့ဖြိုးစေခဲ့တာမက လူမျိုးရေး မညီမျှမှုနဲ့ လိင်လက္ခဏာအပေါ် အသင်းတော်ရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီးလည်း ဝိရောဓိပွာများလာခဲ့တယ်။ အထက်တန်းအပြီးမှာ တောက်တိုမယ်ရအလုပ်တွေလုပ်ရင်း ဝတ္ထုတွေ၊ ရသစာတမ်းတွေ စတင်ရေးသားခဲ့တယ်။ ဒါပေမဲ့ အသင်းတော်ကနေ မောင်းထုတ်ခံရတဲ့ ပြဿနာတွေက သူ့နေ့စဉ်ဘဝကနေ မရှောင်လွဲနိုင်သေးပါဘူး။ လူမျိုးခွဲခြားမှုနဲ့လိင်တူမုန်းတီးမှုကို အမြဲ ရင်ဆိုင်ရတော့ သူဟာ ဒေါသထွက်ပြီး စိတ်ပျက်ခဲ့ကာ ကန့်သတ်ချက်နည်းတဲ့ ဘဝတစ်ခုကိုတောင့်တခဲ့တယ် ဒါနဲ့ ၁၉၄၈ အသက် ၂၄ နှစ်မှာ စာပေရေးသားခြင်း အဖွဲ့ဝင်အဖြစ် ပါရီကို ပြောင်းခဲ့တယ်။ ပြင်သစ်ကနေ သူ့ပထမဆုံးဝတ္ထု Go Tell it on the Mountain ကို ၁၉၅၃ မှာ ထုတ်ဝေခဲ့တယ်။ Harlem မှာ တည်တဲ့ စာအုပ်ဟာ အသင်းတော်ဟာ ဖိနှိပ်မှုနဲ့ မျှော်လင့်ချက်ရဲ့ရင်းမြစ်အဖြစ် စူးစမ်းတယ်။ ၎င်းဟာ လူမည်းနဲ့ လူဖြူ စာဖတ်သူတွေကြားမှာ အကြိုက်များတယ်။ သူ့ရဲ့ဝတ္ထုအတွက် ချီးကျူးမှုရတာကြောင့် Baldwin ဟာ လူမျိုး၊လူတန်းစား၊ယဉ်ကျေးမှုနဲ့ ပြည်နှင်မှုအကြောင်း သူ့အတွေးတွေကို သူ့ရဲ့ ၁၉၅၅ တိုးချဲ့ ရသစာတမ်း "Notes of a Native Son" ထဲမှာစုစည်းခဲ့တယ်။ တစ်ချိန်တည်းမှာ Civil Rights လှုပ်ရှားမှုဟာ အမေရိကမှာ အရှိန်ရလာနေတယ်။ အမေရိကန်လူမည်းတွေ မဲပေးဖို့ မှတ်ပုံတင်တာ နှစ်စဉ်တိုးပြီး မဲပေးနေပေမဲ့ ကျောင်းတွေ၊ ဘတ်စ်ကားတွေ၊ လုပ်အားစုနဲ့ စစ်တပ်တွေမှာတော့ အခြေခံ ရာထူးတွေ ငြင်းပယ်ခံရတုန်းပါ။ ကျန်တဲ့ဘဝတာမှာ အဓိကအားဖြင့် ပြင်သစ်မှာနေပေမဲ့ Baldwin ဟာ လှုပ်ရှားမှုမှာ အလေးအနကိ မြှုပ်နှံကာ သူ့နိင်ငံရဲ့ မပြည့်ဝတဲ့ကတိကို ပြင်းပြင်းပြပြ အသိရှိခဲ့တယ်။ မိသားစု၊ မိတ်ဆွေတွေနဲ့ အိမ်နီးနားချင်းတွေဟာ အတောမသတ် ဆေးစွဲတာ၊ ထောင်ကျတာ၊ သတ်သေတာတွေ မြင်ဖူးထားတယ်။ သူတို့ရဲ့ကြမ္မာတွေဟာ ခွဲခြားတဲ့ လူ့အဖွဲ့အစည်းရဲ့ ချုပ်ချယ်မှုတွေက အရင်းခံတယိ လို့ သူယုံကြည်တယ်။ ၁၉၆၃ မှာ "The Fire Next Time" ကိုထုတ်ဝေခဲ့တယ်၊ လူမျိုးရေး ပဋိပက္ခရဲ့ ဖမ်းစားတဲ့စာပန်းချီပါ။ ဒီအထဲမှာ လူဖြူအမေရိကကို တာဝန်ခံခိုင်းတာတင်မက ဒီထက်ပိုတာက လူမျိုးရေးခွဲခြားမှုဟာ လူဖြူတွေကိုလည်း ထိခိုက်စေတယ်ဆိုတာပါ။ သူ့အမြင်အရ လူတိုင်းဟာ တူညီတဲ့ လူမှု အဖွဲ့အစည်းမှာ ခွဲမရအောင် မိနေတယ်ဆိုတာပါ။ သူ ရှည်ကြာစွာ ယုံကြည်ခဲ့တာက "လူတွေဟာ သမိုင်းထဲမှာ ပိတ်မိနေပြီး သမိုင်းဟာ လူတွေထဲမှာ ပိတ်မိနေတယ်။" Civil Rights လှုပ်ရှားမှုက Baldwin ရဲ့ ကဏ္ဍဟာ လေ့လာတာ၊ အစီရင်ခံတာထက်ပိုတယ်။ လူထုစည်းဝေးပွဲတွေတက်ရင်း၊ ကိုယ်တိုင်ဟောပြောရင်း အမေရိကန်တောင်ပိုင်းတစ်လျှာက် ခရီးထွက်ခဲ့တယ်။ လူဖြူနိုင်ငံရေးသမားတွေ၊Malcolm X အပါအဝင် လူမည်းလှုပ်ရှားသူတွေ နှစ်ဘက်လုံးနဲ့ အချေအတင်ပြောခဲ့တယ် လူမည်းလှုပ်ရှားသူတွေ၊ပညာတတ်တွေနဲ့ Robert Kennedy လိုလူဖြူအဖွဲ့အစည်း ခေါင်းဆောင်တွေကြားမှာ ဆက်သွယ်သူအဖြစ် ဆောင်ရွက်ခဲ့တယ်။ လူမှုရေး ဆူပူမှုအကြောင်းရင်းတွေကို လူဖြူတွေနာထောင်ချင်အောင် ရှင်းလင်းစွာ ပြောနိုင်တဲ့ Baldwin ရဲ့ ထူးခြားတဲ့အစွမ်းကြောင့် Kennedy နဲ့ အြခားသူတွေဟာ သူ့ကို လူမည်း အမေရိကန်တွေရဲ့ သံတမန်အဖြစ်မြင်လာခဲ့ကြတယ်၊ Baldwin ငြင်းဆန်ခဲ့တဲ့ တံဆိပ်တစ်ခုပါ။ တစ်ချိန်တည်းမှာပံ သူ့ရဲ စကာလုံး အစွမ်းအစက ခြိမ်းခြောက်မှု တစ်ခုအဖြစ် FBI က သူ့ကို မြင်စေခဲ့တယ်။ Civil Rights လှုပ်ရှားမှုမှာတောင် Baldwin ဟာ လိင်ကိစ္စလိုပဲ နိုင်ငံခြားမှာနေဖို့ သူ့ရွေးချယ်မှုအတွက် တစ်ခါတစ်ရံ အပြင်လူတစ်ယောက်လို ခံစားလို့ရတယ်။ ဒါက လိင်တူဆက်ဆံမှုကို မုန်းတာ ထကြွနေတဲ့ ကာလက သူ့အရေးအသားထဲမှာ ပွင့်ပွင့်လင်းလင်းရှာဖွေဖော်ထုတ်ခဲ့တာပါ။ သူ့ဘဝတစ်လျှောက်လုံး Baldwinဟာ သက်သေခံဖို့ သူ့ကဏ္ဍကို သုံးသပ်ဆင်ခြင်ခဲ့တယ်။ သူနဲ့ သက်တူရွယ်တူတွေနဲ့မတူပဲ Civil Rights လှုပ်ရှားမှု အောင်ပွဲ တစ်ချို့ကိုမြင်ဖို့ထိ ရှင်ခဲ့ပေမဲ့ U.S မှာ ဆက်ဖြစ်နေတဲ့ လူမျိုးရေးမညီမျှမှု တွေက သူ့ကို တနင့်တပိုး ဖိစီးခဲ့တယ်။ သမိုင်းရဲ့ သူကာလထဲမှာ ပိတ်မိခဲ့တာမျိုး ဖြစ်လောက်ခဲ့ပေမဲ့ သူ့စကားလုံးတွေက လူ့အဖွဲ့အစည်းရဲ့ ရှုပ်ထွေးတဲ့ ပြဿနာတွေရဲ့ ပိုသိမ်မွေ့ကွဲပြားတဲ့ နားလည်မှုတစ်ခုကို လမ်းညွှန်ပေးရင်း လူတွေရဲ့မျိုးဆက်တွေကို သိရှိခံစားအောင်လုပ်ပေးနိုင်ခဲ့တယ်။