ခရစ်နှစ် ၁၃၂ ခုနှစ်မှာ
ဗဟုသုတနှံ့စပ်တဲ့တရုတ်လူမျိုး Zhang Heng ဟာ
သူ့ရဲ့ နောက်ဆုံးပေါ်တီထွင်မှုကို
ဟန်နန်းတော်ထံ ဆက်သခဲ့တယ်။
သူ့အပြောအရ ဒီပန်းအိုးကြီးဟာ
သူတို့နိုင်ငံမှာ ငလျင်လှုပ်တိုင်း
ပြောနိုင်သတဲ့။
အကူအညီ ပို့ပေးသင့်တဲ့ အရပ်မျက်နှာ
ကိုပါ ညွှန်ပြပေးတယ်တဲ့။
နန်းတော်က သိပ်မယုံသလိုရှိတယ်။
အထူးသဖြင့်ဆိတ်ငြိမ်သလိုရှိတဲ့ မွန်းလွဲ
ပိုင်းမှာ ပန်းအိုးလှုပ်ချိန်မှာပေါ့။
ဒါပေမဲ့ ဆက်သားတွေက ရက်တွေအကြာ
အကူအညီလာတောင်းကြတယ်။
ဒီတော့မှ သူတို့သံသယစိတ်က ကျေးဇူးတင်စိတ်
ဖြစ်သွားတယ်။
ဒီနေ့တော့ ငလျင်လှုပ်တာတွေကို သိနိုင်ဖို့
အိုးတွေကို အားမကိုးကြတော့ဘူး။
ဒါပေမယ့် ငလျင်တွေဟာ ခြေရာခံဖို့ ကြိုးစားသူ
တွေကို တမူထူးတဲ့စိန်ခေါ်မှု ဖြစ်နေဆဲပါ။
ဒီတော့ ငလျင်တွေဟာ ဘာလို့ ကြိုတင်ခန့်မှန်းရ
ခက်ခဲလှတာလဲ။
ငလျင် ကြိုတင်ခန့်မှန်းအောင်
ပိုကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲ။
ဒီမေးခွန်းကို ဖြေဖို့
ငလျင်လှုပ်မှုရဲ့ နောက်ကွယ်က
သီဝရီတချို့ကို နားလည်ဖို့ လိုပါတယ်။
ကမ္ဘာ့အပေါ်ယံလွှာကို ချွန်ထက်တဲ့
ကျောက်ချပ်ကြီးတွေနဲ့ ဖွဲ့စည်းထားတယ်။
ဒါတွေကို tectonic plates လို့
ခေါ်တယ်။
ကျောက်ချပ်ကြီးတစ်ခုစီဟာ ပူပြင်းလှပြီး
အရည်ပျော်နေတဲ့ ကမ္ဘာ့လွှာမှာ ပေါ်နေတယ်။
ဒါက ကျောက်ချပ်ကြီးတွေကို
ဖြည်းဖြည်းလေး ပြန့်ထွက်စေတယ်။
တစ်နှစ်ကို ၁ စင်တီမီတာကနေ ၂၀ အထိ
ဖြန့်ထွက်စေပါတယ်။
ဒါပေမဲ့ ဒီလှုပ်ရှားမှုလေးတွေဟာ
ဆက်စပ်နေတဲ့
ကျောက်ချပ်ကြီးတွေမှာ အက်ရာနက်နက်တွေ
ဖြစ်လောက်အောင် အားကောင်းပါတယ်။
ဒီတော့ မတည်ငြိမ်တဲ့ နေရာတွေမှာ
အားပြင်းလာနေတဲ့ ဖိအားဟာ ငလျင်ကို
နောက်ဆုံးမှာ ဖြစ်စေပါတယ်။
ဒီသေးငယ်တဲ့ လှုပ်ရှားမှုတွေကို
စောင့်ကြည့်လေ့လာဖို့ ခက်ပါတယ်။
ဒါပေမဲ့ အရွေ့တွေကို ငလျင်တွေအဖြစ်
ပြောင်ပေးတဲ့အချက်တွေက ပိုကွဲပြားပါတယ်။
ပြတ်ရွေ့ကြောင်း အမျိုးမျိုးဟာ ကျောက်ဆောင်
မျိုးစုံ ပါဝင်ကြတယ် -
ကျောက်အချို့ဟာ ဖိအားအောက်မှာ ပိုအားကောင်း
လာသလို၊ အားနည်းလာတာလည်း ရှိပါတယ်။
ကျောက်အမျိုးမျိုးက ပွတ်တိုက်မှုနဲ့
အပူချိန်အား တုန့်ပြန်မှု မတူပါဘူး။
တစ်ချို့က တစ်စိတ်တစ်ဒေသ အရည်ပျော်ပြီး
ချောရည်တွေကို ထုတ်လုပ်ပေးနိုင်တယ်။
ဒါတွေကိုအပူမြင့် သယံဇာတတွေနဲ့
ပြုလုပ်ထားလို့
ပြတ်ရွေ့ကြောပွတ်တိုက်မှုကို လျော့စေတယ်။
ဒါပေမဲ့ တစ်ချို့ဟာ ခြောက်ကပ်ကျန်တယ်။
အန္တရာယ်ရှိတဲ့အထိ ဖိအားတက်လာနိုင်တယ်။
ဒီပြတ်ရွေ့အားလုံးဟာ ဆွဲငင်အားအမျိုးမျိုး
ဒဏ်ခံရနိုင်တယ်။
နောက်ပြီး ကမ္ဘာ့ကြားလွှာ တလျှောက်ရွေ့နေတဲ့
ကျောက်ရည်စီးကြောင်းတွေရဲ့ ဒဏ်ခံရနိုင်တယ်။
ဒါကြောင့် ဒီကွယ်နေတဲ့အရာတွေထဲက
ဘယ်ဟာကို စိစစ်သင့်ပါသလဲ။
ဒါတွေက တိုးတက်လာနေတဲ့ ခန့်မှန်းပစ္စည်းတွေ
ထဲ ဘယ်လို အံကိုက်ဖြစ်နိုင်မလဲ။
ဒီအင်အားတွေအနက်တစ်ချို့က အများအားဖြင့်
ပုံသေနှုန်းနဲ့ ဖြစ်တတ်တာကြောင့်
ကျောက်ချပ်ကြီးတွေရဲ့ လှုပ်ရှားမှုဟာ
စက်ဝန်းပုံလို ဖြစ်နေတယ်။
ဒီနေ့ ကျွန်တော်တို့ရဲ့ စိတ်ချရဆုံးသဲလွန်စ
များစွာဟာ ရေလရှည် ခန့်မှန်းမှုက ရတယ်။
ငလျင်တွေ ဘယ်အချိန်၊ ဘယ်နေရာမှာ အရင်က
ဖြစ်ဖူးတာနဲ့ ဆိုင်တဲ့ အချက်အလက်တွေပါ။
ထောင်စုနှစ်ချီပြီး တိုင်းတာကြည့်ရင်
San Andreas လို အလွန်တက်ကြွနေတဲ့
ပြတ်ရွေ့တွေက ငလျင်ကြီးအတွက်
ဘယ်အချိန်ဟာ အချိန်နှောင်းလဲ
ဆိုတာ ကျွန်တော်တို့ ကြိုပြောနိုင်တယ်။
ဒါပေမဲ့ အကြောင်းအချက်တွေ
အများကြီးပါဝင်လို့
ဒီနည်းက ကြိုတင်ဟောပေးနိုင်တဲ့
ကာလဟာ သိပ်မရေရာလှပါ။
ပိုဖြစ်ခါနီး
အဖြစ်အပျက်တွေကို ခန့်မှန်းဖို့
သုတေသီတွေက ငလျင်မလှုပ်ခင် ကမ္ဘာကြီး
တုန်ခါမှုတွေကို စူးစမ်းခဲ့ကြတယ်။
ဘူမိဗေဒပညာရှင်တွေက ငလျင်တိုင်းစက်ကို
သုံးလာတာကြာပါပြီ။
ကမ္ဘာ့အခွံပိုင်းမှာ ဒီလိုအသေးအမွှား
အပြောင်းအလဲတွေကို ခြေရာခံပုံကိုဖော်ဖို့ပါ။
ဒီနေ့မှာတော့ စမတ်ဖုန်းအများစုက အခြေခံ
ငလျင်လှိုင်းတွေကိုလည်း
မှတ်တမ်းတင်နိုင်ကြပါပြီ။
ကမ္ဘာတဝှမ်း ဖုန်းကွက်ရက်နဲ့ဆိုရင်
သိပ္ပံပညာရှင်တွေက ဖြစ်လာမယ့် ငလျင်တွေကို
လူတွေဆီ သတိပေးတဲ့
ပြည့်စုံပြီး အသေးစိပ်ကျတဲ့ သတိပေးစနစ်ကို
ရှာဖွေစုရုံး လုပ်ဆောင်နိုင်ခြေ ရှိပါတယ်။
ကံဆိုးချင်တော့ ဖုန်းတွေဟာ ဘေးကင်းရေး
လုပ်ထုံးလုပ်နည်းတွေ လုပ်နိုင်ဖို့လိုအပ်တဲ့
ကြိုတင်သတိပေးချက်ကို မပေးနိုင်ပါဘူး။
ဒါပေမဲ့ ဒီလိုအသေးစိတ်ဖတ်တာတွေက
NASAရဲ့Quakesim software လို
ခန့်မှန်းရေးကိရိယာတွေအတွက်
အသုံးဝင်ဆဲဖြစ်မှာပါ။
ဒါက ဘူမိဗေဒအချက်အလက်တွေကို
ကောင်းကောင်း ရောစပ်အသုံးပြုပြီး
အန္တရာယ်ရှိတဲ့ ဒေသတွေကို ရှာနိုင်တယ်။
ဒါပေမဲ့ မကြာသေးမီက လေ့လလာချက်အရ
ငလျင်လှုပ်ဆိုင်ရာ အထင်ရှားဆုံး သင်္ကေတ
တွေကို ဒီအာရုံခံကိရိယာတွေ မမြင်ကြပါဘူး။
၂၀၁၁ ခုနှစ်မှာ
ဂျပန်အရှေ့ဘက်ကမ်းရိုးတန်းကို
ငလျင်မလှုပ်မီမှာပဲ
အနီးအနားက သုတေသီတွေဟာ ရေဒီယို
သတ္တိကြွတဲ့ အိုင်ဆိုတုပ်အတွဲတွေဖြစ်တဲ့
ရေဒွန်နဲ့သိုရွန်တို့ အံ့ဖွယ် အများကြီး
စုစည်းလာတာကို မှတ်တမ်းတင်ခဲ့ကြတယ်။
ငလျင်မဖြစ်မီလေး အခွံပိုင်းမှာ ဖိအားတွေ
တိုးပွားလာတာနဲ့အမျှ
အသေးစား ကျိုးအက်မှုတွေဖြစ်လာပြီး ဒီဓာတ်တွေ
မျက်နှာပြင်သို့ လွတ်ထွက်လာခဲ့ကြတယ်။
ဒီသိပ္ပံပညာရှင်တွေရဲ့အထင် ငလျင်ဖြစ်တတ်တဲ့
နေရာတွေမှာ ရေဒွန်နဲ့သိုရွန်အာရုံခံစက်တွေ
ကွန်ရက်ကျယ်ဖြန့်တပ်ထားမယ်ဆိုရင်
အလားအလာကောင်းတဲ့သတိပေးစနစ်
ဖြစ်လာနိုင်ပါသတဲ့။
ဒီလိုဆိုရင် ငလျင်တွေကို တစ်ပတ်ကြိုတင်
ခန့်မှင်္နးနိုင်လောက်ပါတယ်။
တကယ်တော့
ဒီနည်းပညာထဲက ဘယ်ဟာကမှ
ကမ္ဘာ့အတွင်းဘက်ပိုင်းကို
နက်ရှိုင်းစွာ ကြည့်တာလောက် အထောက်အကူ
မဖြစ်စေပါဘူး။
ပိုမိုနက်ရှိုင်းတဲ့ မြင်ကွင်းနဲ့ဆိုရင်
အချိန်နဲ့တပြေးညီ ဘူမိဗေဒအပြောင်းအလဲကြီးတွေ
ကို ခြေရာခံခန့်မှန်းနိုင်လောက်ပါတယ်။
ဒီလိုဆို တစ်နှစ်ကို အသက်ထောင်သောင်းချီပြီး
ကယ်တင်နိုင်မှာပါ။
ဒါပေမဲ့ အခုတော့၊
ပန်းအိုးရဲ့ လမ်းညွှန်ချက်တွေ စောင့်နေရန်
မလိုတော့ဘဲ၊ ဒီနည်းပညာတွေက အကူအညီလိုတဲ့
နေရာတွေဆီ အလျင်အမြန် သွားပြီး
ကူပေးလာစေနိုင်ပါပြီ။