1 00:00:07,525 --> 00:00:09,815 ခရစ်နှစ် ၁၃၂ ခုနှစ်မှာ 2 00:00:09,815 --> 00:00:12,145 ဗဟုသုတနှံ့စပ်တဲ့တရုတ်လူမျိုး Zhang Heng ဟာ 3 00:00:12,145 --> 00:00:15,585 သူ့ရဲ့ နောက်ဆုံးပေါ်တီထွင်မှုကို ဟန်နန်းတော်ထံ ဆက်သခဲ့တယ်။ 4 00:00:15,585 --> 00:00:17,675 သူ့အပြောအရ ဒီပန်းအိုးကြီးဟာ 5 00:00:17,675 --> 00:00:21,325 သူတို့နိုင်ငံမှာ ငလျင်လှုပ်တိုင်း ပြောနိုင်သတဲ့။ 6 00:00:21,325 --> 00:00:24,595 အကူအညီ ပို့ပေးသင့်တဲ့ အရပ်မျက်နှာ ကိုပါ ညွှန်ပြပေးတယ်တဲ့။ 7 00:00:24,595 --> 00:00:26,505 နန်းတော်က သိပ်မယုံသလိုရှိတယ်။ 8 00:00:26,505 --> 00:00:31,185 အထူးသဖြင့်ဆိတ်ငြိမ်သလိုရှိတဲ့ မွန်းလွဲ ပိုင်းမှာ ပန်းအိုးလှုပ်ချိန်မှာပေါ့။ 9 00:00:31,185 --> 00:00:34,054 ဒါပေမဲ့ ဆက်သားတွေက ရက်တွေအကြာ အကူအညီလာတောင်းကြတယ်။ 10 00:00:34,054 --> 00:00:36,614 ဒီတော့မှ သူတို့သံသယစိတ်က ကျေးဇူးတင်စိတ် ဖြစ်သွားတယ်။ 11 00:00:36,614 --> 00:00:41,114 ဒီနေ့တော့ ငလျင်လှုပ်တာတွေကို သိနိုင်ဖို့ အိုးတွေကို အားမကိုးကြတော့ဘူး။ 12 00:00:41,114 --> 00:00:46,150 ဒါပေမယ့် ငလျင်တွေဟာ ခြေရာခံဖို့ ကြိုးစားသူ တွေကို တမူထူးတဲ့စိန်ခေါ်မှု ဖြစ်နေဆဲပါ။ 13 00:00:46,150 --> 00:00:49,139 ဒီတော့ ငလျင်တွေဟာ ဘာလို့ ကြိုတင်ခန့်မှန်းရ ခက်ခဲလှတာလဲ။ 14 00:00:49,139 --> 00:00:52,039 ငလျင် ကြိုတင်ခန့်မှန်းအောင် ပိုကောင်းအောင်ဘယ်လိုလုပ်နိုင်မလဲ။ 15 00:00:52,039 --> 00:00:53,099 ဒီမေးခွန်းကို ဖြေဖို့ 16 00:00:53,099 --> 00:00:57,539 ငလျင်လှုပ်မှုရဲ့ နောက်ကွယ်က သီဝရီတချို့ကို နားလည်ဖို့ လိုပါတယ်။ 17 00:00:57,539 --> 00:01:01,794 ကမ္ဘာ့အပေါ်ယံလွှာကို ချွန်ထက်တဲ့ ကျောက်ချပ်ကြီးတွေနဲ့ ဖွဲ့စည်းထားတယ်။ 18 00:01:01,794 --> 00:01:03,749 ဒါတွေကို tectonic plates လို့ ခေါ်တယ်။ 19 00:01:03,749 --> 00:01:08,479 ကျောက်ချပ်ကြီးတစ်ခုစီဟာ ပူပြင်းလှပြီး အရည်ပျော်နေတဲ့ ကမ္ဘာ့လွှာမှာ ပေါ်နေတယ်။ 20 00:01:08,479 --> 00:01:11,289 ဒါက ကျောက်ချပ်ကြီးတွေကို ဖြည်းဖြည်းလေး ပြန့်ထွက်စေတယ်။ 21 00:01:11,289 --> 00:01:14,839 တစ်နှစ်ကို ၁ စင်တီမီတာကနေ ၂၀ အထိ ဖြန့်ထွက်စေပါတယ်။ 22 00:01:14,839 --> 00:01:17,289 ဒါပေမဲ့ ဒီလှုပ်ရှားမှုလေးတွေဟာ ဆက်စပ်နေတဲ့ 23 00:01:17,289 --> 00:01:20,799 ကျောက်ချပ်ကြီးတွေမှာ အက်ရာနက်နက်တွေ ဖြစ်လောက်အောင် အားကောင်းပါတယ်။ 24 00:01:20,799 --> 00:01:22,399 ဒီတော့ မတည်ငြိမ်တဲ့ နေရာတွေမှာ 25 00:01:22,399 --> 00:01:27,219 အားပြင်းလာနေတဲ့ ဖိအားဟာ ငလျင်ကို နောက်ဆုံးမှာ ဖြစ်စေပါတယ်။ 26 00:01:27,219 --> 00:01:30,249 ဒီသေးငယ်တဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာဖို့ ခက်ပါတယ်။ 27 00:01:30,249 --> 00:01:35,189 ဒါပေမဲ့ အရွေ့တွေကို ငလျင်တွေအဖြစ် ပြောင်ပေးတဲ့အချက်တွေက ပိုကွဲပြားပါတယ်။ 28 00:01:35,189 --> 00:01:38,399 ပြတ်ရွေ့ကြောင်း အမျိုးမျိုးဟာ ကျောက်ဆောင် မျိုးစုံ ပါဝင်ကြတယ် - 29 00:01:38,399 --> 00:01:42,269 ကျောက်အချို့ဟာ ဖိအားအောက်မှာ ပိုအားကောင်း လာသလို၊ အားနည်းလာတာလည်း ရှိပါတယ်။ 30 00:01:42,269 --> 00:01:46,979 ကျောက်အမျိုးမျိုးက ပွတ်တိုက်မှုနဲ့ အပူချိန်အား တုန့်ပြန်မှု မတူပါဘူး။ 31 00:01:46,979 --> 00:01:50,391 တစ်ချို့က တစ်စိတ်တစ်ဒေသ အရည်ပျော်ပြီး ချောရည်တွေကို ထုတ်လုပ်ပေးနိုင်တယ်။ 32 00:01:50,391 --> 00:01:52,650 ဒါတွေကိုအပူမြင့် သယံဇာတတွေနဲ့ ပြုလုပ်ထားလို့ 33 00:01:52,650 --> 00:01:54,590 ပြတ်ရွေ့ကြောပွတ်တိုက်မှုကို လျော့စေတယ်။ 34 00:01:54,590 --> 00:01:56,370 ဒါပေမဲ့ တစ်ချို့ဟာ ခြောက်ကပ်ကျန်တယ်။ 35 00:01:56,370 --> 00:01:59,140 အန္တရာယ်ရှိတဲ့အထိ ဖိအားတက်လာနိုင်တယ်။ 36 00:01:59,140 --> 00:02:03,680 ဒီပြတ်ရွေ့အားလုံးဟာ ဆွဲငင်အားအမျိုးမျိုး ဒဏ်ခံရနိုင်တယ်။ 37 00:02:03,680 --> 00:02:08,531 နောက်ပြီး ကမ္ဘာ့ကြားလွှာ တလျှောက်ရွေ့နေတဲ့ ကျောက်ရည်စီးကြောင်းတွေရဲ့ ဒဏ်ခံရနိုင်တယ်။ 38 00:02:08,531 --> 00:02:11,755 ဒါကြောင့် ဒီကွယ်နေတဲ့အရာတွေထဲက ဘယ်ဟာကို စိစစ်သင့်ပါသလဲ။ 39 00:02:11,755 --> 00:02:15,955 ဒါတွေက တိုးတက်လာနေတဲ့ ခန့်မှန်းပစ္စည်းတွေ ထဲ ဘယ်လို အံကိုက်ဖြစ်နိုင်မလဲ။ 40 00:02:15,955 --> 00:02:19,829 ဒီအင်အားတွေအနက်တစ်ချို့က အများအားဖြင့် ပုံသေနှုန်းနဲ့ ဖြစ်တတ်တာကြောင့် 41 00:02:19,829 --> 00:02:23,159 ကျောက်ချပ်ကြီးတွေရဲ့ လှုပ်ရှားမှုဟာ စက်ဝန်းပုံလို ဖြစ်နေတယ်။ 42 00:02:23,159 --> 00:02:27,609 ဒီနေ့ ကျွန်တော်တို့ရဲ့ စိတ်ချရဆုံးသဲလွန်စ များစွာဟာ ရေလရှည် ခန့်မှန်းမှုက ရတယ်။ 43 00:02:27,609 --> 00:02:31,893 ငလျင်တွေ ဘယ်အချိန်၊ ဘယ်နေရာမှာ အရင်က ဖြစ်ဖူးတာနဲ့ ဆိုင်တဲ့ အချက်အလက်တွေပါ။ 44 00:02:31,893 --> 00:02:33,573 ထောင်စုနှစ်ချီပြီး တိုင်းတာကြည့်ရင် 45 00:02:33,573 --> 00:02:37,533 San Andreas လို အလွန်တက်ကြွနေတဲ့ ပြတ်ရွေ့တွေက ငလျင်ကြီးအတွက် 46 00:02:37,533 --> 00:02:38,873 ဘယ်အချိန်ဟာ အချိန်နှောင်းလဲ 47 00:02:38,873 --> 00:02:41,943 ဆိုတာ ကျွန်တော်တို့ ကြိုပြောနိုင်တယ်။ 48 00:02:41,943 --> 00:02:44,193 ဒါပေမဲ့ အကြောင်းအချက်တွေ အများကြီးပါဝင်လို့ 49 00:02:44,193 --> 00:02:47,783 ဒီနည်းက ကြိုတင်ဟောပေးနိုင်တဲ့ ကာလဟာ သိပ်မရေရာလှပါ။ 50 00:02:47,783 --> 00:02:49,823 ပိုဖြစ်ခါနီး အဖြစ်အပျက်တွေကို ခန့်မှန်းဖို့ 51 00:02:49,823 --> 00:02:55,303 သုတေသီတွေက ငလျင်မလှုပ်ခင် ကမ္ဘာကြီး တုန်ခါမှုတွေကို စူးစမ်းခဲ့ကြတယ်။ 52 00:02:55,303 --> 00:02:57,990 ဘူမိဗေဒပညာရှင်တွေက ငလျင်တိုင်းစက်ကို သုံးလာတာကြာပါပြီ။ 53 00:02:57,990 --> 00:03:01,920 ကမ္ဘာ့အခွံပိုင်းမှာ ဒီလိုအသေးအမွှား အပြောင်းအလဲတွေကို ခြေရာခံပုံကိုဖော်ဖို့ပါ။ 54 00:03:01,920 --> 00:03:04,910 ဒီနေ့မှာတော့ စမတ်ဖုန်းအများစုက အခြေခံ ငလျင်လှိုင်းတွေကိုလည်း 55 00:03:04,910 --> 00:03:07,670 မှတ်တမ်းတင်နိုင်ကြပါပြီ။ 56 00:03:07,670 --> 00:03:09,740 ကမ္ဘာတဝှမ်း ဖုန်းကွက်ရက်နဲ့ဆိုရင် 57 00:03:09,740 --> 00:03:12,680 သိပ္ပံပညာရှင်တွေက ဖြစ်လာမယ့် ငလျင်တွေကို လူတွေဆီ သတိပေးတဲ့ 58 00:03:12,680 --> 00:03:16,945 ပြည့်စုံပြီး အသေးစိပ်ကျတဲ့ သတိပေးစနစ်ကို ရှာဖွေစုရုံး လုပ်ဆောင်နိုင်ခြေ ရှိပါတယ်။ 59 00:03:16,945 --> 00:03:21,325 ကံဆိုးချင်တော့ ဖုန်းတွေဟာ ဘေးကင်းရေး လုပ်ထုံးလုပ်နည်းတွေ လုပ်နိုင်ဖို့လိုအပ်တဲ့ 60 00:03:21,325 --> 00:03:23,355 ကြိုတင်သတိပေးချက်ကို မပေးနိုင်ပါဘူး။ 61 00:03:23,355 --> 00:03:26,135 ဒါပေမဲ့ ဒီလိုအသေးစိတ်ဖတ်တာတွေက NASAရဲ့Quakesim software လို 62 00:03:26,135 --> 00:03:29,425 ခန့်မှန်းရေးကိရိယာတွေအတွက် အသုံးဝင်ဆဲဖြစ်မှာပါ။ 63 00:03:29,425 --> 00:03:32,255 ဒါက ဘူမိဗေဒအချက်အလက်တွေကို ကောင်းကောင်း ရောစပ်အသုံးပြုပြီး 64 00:03:32,255 --> 00:03:34,765 အန္တရာယ်ရှိတဲ့ ဒေသတွေကို ရှာနိုင်တယ်။ 65 00:03:34,765 --> 00:03:36,765 ဒါပေမဲ့ မကြာသေးမီက လေ့လလာချက်အရ 66 00:03:36,765 --> 00:03:41,635 ငလျင်လှုပ်ဆိုင်ရာ အထင်ရှားဆုံး သင်္ကေတ တွေကို ဒီအာရုံခံကိရိယာတွေ မမြင်ကြပါဘူး။ 67 00:03:41,635 --> 00:03:43,005 ၂၀၁၁ ခုနှစ်မှာ 68 00:03:43,005 --> 00:03:46,265 ဂျပန်အရှေ့ဘက်ကမ်းရိုးတန်းကို ငလျင်မလှုပ်မီမှာပဲ 69 00:03:46,265 --> 00:03:50,065 အနီးအနားက သုတေသီတွေဟာ ရေဒီယို သတ္တိကြွတဲ့ အိုင်ဆိုတုပ်အတွဲတွေဖြစ်တဲ့ 70 00:03:50,065 --> 00:03:54,425 ရေဒွန်နဲ့သိုရွန်တို့ အံ့ဖွယ် အများကြီး စုစည်းလာတာကို မှတ်တမ်းတင်ခဲ့ကြတယ်။ 71 00:03:54,425 --> 00:03:58,167 ငလျင်မဖြစ်မီလေး အခွံပိုင်းမှာ ဖိအားတွေ တိုးပွားလာတာနဲ့အမျှ 72 00:03:58,167 --> 00:04:02,407 အသေးစား ကျိုးအက်မှုတွေဖြစ်လာပြီး ဒီဓာတ်တွေ မျက်နှာပြင်သို့ လွတ်ထွက်လာခဲ့ကြတယ်။ 73 00:04:02,407 --> 00:04:07,042 ဒီသိပ္ပံပညာရှင်တွေရဲ့အထင် ငလျင်ဖြစ်တတ်တဲ့ နေရာတွေမှာ ရေဒွန်နဲ့သိုရွန်အာရုံခံစက်တွေ 74 00:04:07,042 --> 00:04:08,992 ကွန်ရက်ကျယ်ဖြန့်တပ်ထားမယ်ဆိုရင် 75 00:04:08,992 --> 00:04:11,432 အလားအလာကောင်းတဲ့သတိပေးစနစ် ဖြစ်လာနိုင်ပါသတဲ့။ 76 00:04:11,432 --> 00:04:14,532 ဒီလိုဆိုရင် ငလျင်တွေကို တစ်ပတ်ကြိုတင် ခန့်မှင်္နးနိုင်လောက်ပါတယ်။ 77 00:04:14,532 --> 00:04:15,232 တကယ်တော့ 78 00:04:15,232 --> 00:04:17,432 ဒီနည်းပညာထဲက ဘယ်ဟာကမှ ကမ္ဘာ့အတွင်းဘက်ပိုင်းကို 79 00:04:17,432 --> 00:04:20,572 နက်ရှိုင်းစွာ ကြည့်တာလောက် အထောက်အကူ မဖြစ်စေပါဘူး။ 80 00:04:20,572 --> 00:04:22,242 ပိုမိုနက်ရှိုင်းတဲ့ မြင်ကွင်းနဲ့ဆိုရင် 81 00:04:22,242 --> 00:04:26,852 အချိန်နဲ့တပြေးညီ ဘူမိဗေဒအပြောင်းအလဲကြီးတွေ ကို ခြေရာခံခန့်မှန်းနိုင်လောက်ပါတယ်။ 82 00:04:26,852 --> 00:04:30,024 ဒီလိုဆို တစ်နှစ်ကို အသက်ထောင်သောင်းချီပြီး ကယ်တင်နိုင်မှာပါ။ 83 00:04:30,024 --> 00:04:30,874 ဒါပေမဲ့ အခုတော့၊ 84 00:04:30,874 --> 00:04:35,404 ပန်းအိုးရဲ့ လမ်းညွှန်ချက်တွေ စောင့်နေရန် မလိုတော့ဘဲ၊ ဒီနည်းပညာတွေက အကူအညီလိုတဲ့ 85 00:04:35,404 --> 00:04:39,462 နေရာတွေဆီ အလျင်အမြန် သွားပြီး ကူပေးလာစေနိုင်ပါပြီ။