ဒီနေ့ ကျွန်ုပ်တို့ဆီမှာ နည်းနည်း ခြားနားတာလေးတစ်ခု ရှိတယ်။ Dr. Jane Goodall က သင့်ကို ဇာတ်လမ်းတစ်ပုဒ် ပြောပြတော့မှာပါ။ ဒီလှုပ်ရှားပုံရိပ်ပြီးတဲ့အခါ အခမဲ့ ကလေးစာအုပ် ရယူပုံကို သိရှိဖို့ ဆက်လက်ရှိနေပေးပါ။ အဆင်သင့်ဖြစ်ပြီနော်။ စလိုက်ရအောင်။ တီးတိုးသံတစ်သံအဖြစ် စတင်တယ်၊ လေထုထဲက စကားတစ်လုံးတစ်လုံးပါ။ အသေအချာ မကြားနိုင်ပေမဲ့ အဲဒီမှာ ရှိနေတာ မင်း သိတယ်။ နေရောင်ခြည်လို သိမ်မွေ့တယ်၊ ဇွဲနပဲကြီးသလို ကျန်မာသန်စွမ်းတယ်။ နှလုံးသားဆီ ၎င်းရဲ့ လမ်းကြောင်းထဲမှာ မပျံ့နှံ့ဘဲ မနေနိုင်ပါ။ သူတို့ရဲ့ နေ့စဉ်ဆောင်တာတွေ၊ သူတို့ရဲ့ နေ့စဉ်အလုပ်တွေ၊ သူတို့ရဲ့ နေ့စဉ် မျက်နှာဖုံးတွေကနေ လူတွေ မော့ကြည့်ကြတယ်။ ဒီတီးတိုးသံက ဘယ်ဆီကို ခေါ်သွားနိုင်လဲဆိုတာ သူတို့ ကြားတယ် (သို့) ခံစားရပြီး ဒါက ဘာကိုဆိုလိုနိုင်လဲဆိုတာကို မျက်လုံး အပြူးသားနဲ့ သူတို့ ကြည့်ကြတယ်။ ဒါကို သူတို့ မြင်နိုင်ပြီဆိုတာနဲ့ ဒီချိုမြိန်တဲ့တေးက ပြုစားလိုက်တဲ့ မန္တန်ကို ခုခံဖို့ အခွင့်အလမ်းတစ်ခု သူတို့မှာ မရှိခဲ့ဘူး။ ဒါပေမဲ့ သူတို့ အခိုင်အမာဆိုထားတဲ့ မြေပြင်ပေါ်မှာ သူတို့မျက်လုံးတွေ ပင့်လိုက်တဲ့အခိုက်မှာ မြင်မြင်ချင်း သူတို့ဆီ ယူဆောင်လာခဲ့တဲ့ ခံစားမှုက နာကျင်မှုပါ။ နောက်ဆုံးမှာ သူတို့ မြင်လိုက်တာကြောင့် အိပ်မက်တစ်ခုကနေ နိုးထလိုက်သည့်အလား သူတို့ဟာ မြေပြင်နဲ့ ပင်လယ်မှာ အထီးကျန်လုနီးပါး ဖြစ်ခဲ့တယ်။ အကြောင်းက သစ်ပင်တွေက မရှိသလောက် ဖြစ်ကုန်ပြီ၊ ပျားတွေလည်း မရှိသလောက် ဖြစ်ကုန်ပြီ၊ ပင်လယ်တွေနားက အခွံတွေထဲက သတ္တဝါတွေလည်း မရှိသလောက် ဖြစ်ကုန်လို့ပါ။ သူတို့ရဲ့ကမ္ဘာမြေသစ်ကို တွေ့စဉ်မှာ လူတွေ စိတ်မကောင်းဖြစ်ကြပေမဲ့ ပြန်လည်မွေးဖွားမှုအတွက် အားပြင်းတဲ့ အခွင့်အလမ်း တစ်ခု ဆိုတာ သူတို့ သိခဲ့တယ်။ မြေပြင်အသစ်ကို ခွဲရင်း သစ်စေ့တွေ ဖြန့်ခင်းရင်း မင်းရဲ့ လက်တွေနဲ့ မင်းရဲ​့နဖူးမှာ မြေသားနံ့ ရှိလာတယ် ပူဆွေးမှုအတွက် အချိန်မရှိ မနက်ဖြန်ကို တို့တွေ တည်ဆောက်နေတယ်။ တိုးလာနေတဲ့ အရာတွေရဲ့ အသံက အခု ငါတို့ကို ဝန်းရံထားတယ်။ တောရိုင်း ဖြစ်ထွန်းပြီး နက်ရှိုင်းတဲ့သစ်တွေ ပေါက်လာတာနဲ့ အနာဂတ်က သင့်ကို လာတွေ့ပြီ ဆိုတဲ့ သဘောဟာ ကြီးထွားလာတယ်။ ငါတို့တွေမှာ နားနေနိုင်ခွင့် မရှိပါ။ ငါတို့တွေ အကောင်းဆုံး လုပ်ကြရမှာပါ။ ငါတို့ကို အိမ်ပြန်ဖို့ လမ်းပြနိုင်တဲ့ ဒီကာလဟာ ငါတို့ရဲ့ စမ်းသပ်မှုပါ။ တီးတိုးသံတစ်သံအဖြစ် စတင်တယ်၊ လေထုထဲက စကားတစ်လုံးတစ်လုံးပါ။ အသေအချာ မကြားနိုင်ပေမဲ့ အဲဒီမှာ ရှိနေတာ မင်း သိတယ်။ ဒီနောက်မှာ မိုးကြိုးလို စကားပြောခဲ့တယ်။ ငါတို့ အားလုံး ရွေ့တဲ့အထိပါ။ ငါတို့ လုပ်နိုင်ခဲ့တယ်။ ငါတို့ လုပ်ခဲ့တယ်။ ပြီးတော့ လုပ်ပြီးပြီ။ သူ ပြန်သစ်သွားတယ်။ ဒီကဗျာကို ယနေ့ မျှဝေခြင်းးနဲ့ တီးတိုးသံကို ဟိန်းသံတစ်သံအဖြစ်ကူညီ ပြောင်းလဲလိုက်ပါ။ သရုပ်ဖော်စာအုပ်ကို ed.ted.com/whisper မှာ အခမဲ့ ရယူနိုင်ပါတယ်။ (သို့) ဒီပုံရိပ်ရှင် ကဗျာတွေထဲက တစ်ပုဒ်နဲ့ သင့်စိတ်ကို ဆက်လှုပ်ရှားပါစေ။