WEBVTT 00:00:06.841 --> 00:00:09.871 ၁၉၅၈ ခုနှစ်တွင် Rachel Carson ဟာ စာတစ်စောင် ရခဲ့ရာ 00:00:09.871 --> 00:00:13.280 တေးသီငှက်တွေ သစ်ကိုင်တွေပေါ်မှ ရုတ်တရက် ပြုတ်ကျလာနေကြတာ သိလာခဲ့ရတယ်။ 00:00:13.280 --> 00:00:16.640 စာရေးပို့သူက ငှက်တွေ သေရတာဟာ DDT ခေါ် ပိုးသတ်ဆေးကြောင့် ဖြစ်တယ်၊ 00:00:16.640 --> 00:00:20.320 မကြာမီတုန်းက ပိုးသတ်သူတွေက အနီးရှိ စိမ့်တောတွေမှာ ဆေးဖြန်းခဲ့ကြလို့ ဆိုပါတယ်။ 00:00:20.320 --> 00:00:23.660 အဲဒီစာဟာ Carson အား DDT ကို စုံစမ်းဖို့ နှိုးဆွပေးလိုက်ပါတယ်။ 00:00:23.660 --> 00:00:27.540 သူမဟာ သိပ္ပံပညာရှင်များနဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားလိုကြသူတို့ထံမှနေပြီး 00:00:27.540 --> 00:00:30.402 ပိုးသတ်ဆေးကို နေရာတိုင်းမှာ သုံးနေခြင်းက ငါးတွေ၊ ငှက်တွေနဲ့ 00:00:30.402 --> 00:00:33.862 လူသားကိုယ်၌ အတွက်ပါ အန္တရာယ် ဖြစ်နိုင် ကြောင်း စိုးရိမ်မှုတွေ သိထားသူပါ။ 00:00:33.862 --> 00:00:36.850 သူမဟာ နှစ်ပေါင်း များစွာကြာ သူမ အလုပ်လုပ်ခဲ့ဘူးတဲ့ 00:00:36.850 --> 00:00:40.356 United States Bureau of Fisheries ရှိ အဆက်အသွယ်များမှ စုံစမ်းကြည့်ခဲ့တယ်။ 00:00:40.356 --> 00:00:45.501 “နွေဦး တေးသံကို တိတ်သွားအောင် လုပ်ပစ်ခဲ့တာ ဘာများလဲ” သူမက မေးကြည့်ခဲ့တယ်။ 00:00:45.501 --> 00:00:49.574 ၁၉၆၂ ခုနှစ်တွင် Carson ဟာ သူမ တွေ့ရှိခဲ့ တာကို "Silent Spring" စာအုပ်ထဲ ရေးခဲ့တယ်။ 00:00:49.574 --> 00:00:52.904 သူမရဲ့ စာအုပ်က ဓာတုပစ္စည်းတွေ အလွဲ သုံးစားမှုတွေကို မှတ်တမ်းတင်ခဲ့ပြီး 00:00:52.904 --> 00:00:56.374 သဘာဝနှင့်လူ့ကျန်းမာရေးအတွက် ၎င်းတို့ရဲ့ အန္တရာယ်ကို ထောက်ပြခဲ့တယ်။ 00:00:56.374 --> 00:01:01.337 "Silent Spring" ချက်ချင်း ချီးမွမ်းခံခဲ့ရ သလို လုံးဝလက်မခံသူတွေ ပေါ်လာခဲ့ကြပြီး 00:01:01.337 --> 00:01:04.247 စာရေးသူကို သည်းသည်းမဲမဲ တိုက်ခိုက်လာခဲ့ကြပါတယ်။ 00:01:04.247 --> 00:01:10.123 နူးညံ့သိမ်မွေ့တဲ့ ဇီဝဗေဒပညာရှင်က ဘယ်လို လုပ် အဲဒီလို ငြင်းခုံမှုကို ဆွပေးခဲ့တာလဲ။ 00:01:10.123 --> 00:01:13.773 Carson ဟာ အလုပ်ကို ကြိုးစားအားထုတ်တဲ့ ဘွဲ့ယူ ကျောင်းသား အဖြစ် စတင်ခဲ့ပြီး 00:01:13.773 --> 00:01:16.814 John Hopkins University မှာ ဇီဝဗေဒကို လေ့လာရင်း 00:01:16.814 --> 00:01:18.934 အချိန်ပိုင်း အလုပ်တွေကို လုပ်ကိုင်ခဲ့ရတယ်။ 00:01:18.934 --> 00:01:22.204 ဒါပေမဲ့ မကျန်းမာတဲ့ ဖခင်နဲ့ ညီမလေးကို စောင့်ရှောက်ပေးရန် 00:01:22.204 --> 00:01:25.274 သူမရဲ့ ပါရဂူဘွဲ့သင်တန်း မပြီးဆုံးခင် ထွက်သွားခဲ့ရတယ်။ 00:01:25.274 --> 00:01:28.314 Bureau of Fisheries အတွက် အဏ္ဏဝါ ဇီဝဗေဒ ရေဒီယို အစီအစဉ်အတွက် 00:01:28.314 --> 00:01:31.964 ရေးပေးသူအဖြစ် Carson ဟာ အချိန်ပိုင်း အလုပ်ကို လုပ်ခဲ့တယ်။ 00:01:31.964 --> 00:01:36.054 အများပြည်သူရဲ့ အာရုံကိုဆွဲဆောင်နိုင်အောင် သူမ ရေးသားနိုင်တာကို 00:01:36.054 --> 00:01:39.314 သူမ အကြီးအကဲတို့က အားကျမိလို့ ၁၉၃၆ ခုနှစ်တွင် 00:01:39.314 --> 00:01:43.354 သူမဟာ အဲဒီ ဗျူရိုတွင် အချိန်ပြည့် အလုပ် ရတဲ့ ဒုတိယအမျိုးသမီး ဖြစ်လာခဲ့တယ်။ 00:01:43.354 --> 00:01:47.769 ၁၉၄၁ ခုနှစ်တွင် သူမဟာ သမုဒ္ဒရာဆိုင်ရာ စာအုပ်သုံးအုပ်အနက် 00:01:47.769 --> 00:01:52.165 ပထမစာအုပ် ထုတ်ဝေခဲ့ရာ သိပ္ပံပညာကို ရေအောက် ကမ္ဘာရဲ့ အလှတရားနဲ့ ရေးဖွဲ့ခဲ့တယ်။ 00:01:52.165 --> 00:01:56.514 သူမရဲ့ စူးစမ်းမှုတွေဟာ ကျယ်ပြန့်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့တယ်။ 00:01:56.514 --> 00:01:59.482 "Silent Spring" ထဲမှာကျတော့ Carson ဟာ လူသားရဲ့ လုပ်ဆောင်ချက်တွေ 00:01:59.482 --> 00:02:03.824 သဘာဝတရားရဲ့ ချိန်ခွင်လျှာကို ခြိမ်းခြောက်နေတာကို အလေးပေး ထောက်ပြခဲ့တယ်။ 00:02:03.824 --> 00:02:07.360 ဒုတိယကမ္ဘာစစ်အတွင်းမှာ ကောက်ပဲသီးနှံတွေကို ပိုးမွှားများမှ ကာကွယ်ပေးရန် နဲ့ 00:02:07.360 --> 00:02:12.490 စစ်သားတွေကို ပိုးမွှားများမှ ရရှိတဲ့ ရောဂါ များမှ ကာကွယ်ပေးရန် DDT ကို သုံးခဲ့ကြတယ်။ 00:02:12.490 --> 00:02:16.867 စစ်ပြီးသွားတဲ့ နောက်မှာ အဲဒီပိုးသတ်ဆေးကို ကျယ်ပြန့်စွာ ကြဲဖြန်းပေးလာခဲ့ကြပြီး 00:02:16.867 --> 00:02:19.167 မကြာခဏဆိုသလို အကျိုးရှိမှန်းတောင် မသိခဲ့ကြပါ။ 00:02:19.167 --> 00:02:22.886 တခါတုန်းက အမေရိက တောင်ပိုင်းမှာ ပုရွက်ဆိတ် တမျိုးကို သုတ်သင်ရန် ကြိုးပမ်းစဉ် 00:02:22.886 --> 00:02:29.060 တောရိုင်းတိရစ္ဆာန်တွေ ချေမှုန်းခံလိုက်ရကာ ပုရွက်ဆိတ် အနည်းငယ်မျှ သုတ်သင်နိုင်ခဲ့တယ်။ 00:02:29.060 --> 00:02:33.170 အဲဒါနဲ့ အခြား မအောင်မှုတွေ ရှိခဲ့ပေမဲ့ US Department of Agriculture နဲ့ 00:02:33.170 --> 00:02:37.096 ဓာတုကုမ္ပဏီတွေဟာ DDT ရဲ့ အကျိုးကျေးဇူး တွေကို ချီးကျူးလို့ မဆုံးနိုင်ခဲ့ကြပါ။ 00:02:37.096 --> 00:02:41.170 အဲဒါအတွက် စည်းကမ်းချက်တွေ နည်းပါးခဲ့ပြီး ပြည်သူတွေ ရှိနိုင်ခြေအန္တရာယ် မသိခဲ့ပါ။ 00:02:41.170 --> 00:02:44.394 ဒါပေမဲ့ Carson ဟာ ဓာတုပစ္စည်းတွေ အလွန်အကျွံသုံးစွဲမှုက 00:02:44.394 --> 00:02:47.416 ပိုးမွှား မျိုးစိတ်တွေရဲ့ ခံနိုင်ရည်ကို ဆင့်ကဲမြှင့်ပေးခဲ့လို့ 00:02:47.416 --> 00:02:51.746 ပိုလို့ကို အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်လာနေရပုံကို ထောက်ပြခဲ့ပါတယ်။ 00:02:51.746 --> 00:02:54.330 DDT ဟာ ရေထဲတွင် မပျော်နိုင်လို့ 00:02:54.330 --> 00:02:58.672 အချိန်ကြာလာတာနဲ့အမျှ ပတ်ဝန်းကျင်ထဲမှာ 00:02:58.672 --> 00:03:02.661 ပိုးမွှားတွေရဲ့ ခန္ဓာကိုယ်ထဲ၊ ပိုးမွှားတွေ စားသုံးတဲ့ သတ္တဝါတွေရဲ့ တစ်ရှူးများထဲမှာ၊ 00:03:02.661 --> 00:03:05.731 အဆုံးမှာ လူသားတို့ထဲမှာပါ စုစည်းလာမှာကို အခိုင်အမာ ညွှန်ပြခဲ့တယ်။ 00:03:05.731 --> 00:03:09.907 DDT နဲ့ ထိတွေ့မှုကြောင့် မျိုးရိုးဗီဇ ဖွဲ့စည်းပုံ ပြောင်းလဲသွားနိုင်ပြီး 00:03:09.907 --> 00:03:13.727 အနာဂတ် မျိုးဆက်များအဖို့ မသိရတဲ့ အကျိုး ဆက်တွေ ရှိလာနိုင်တာကို သတိပေးခဲ့ပါတယ်။ 00:03:13.727 --> 00:03:16.532 "Silent Spring" အား တုံ့ပြန်မှုဟာ ပေါက်ကွဲမှုနဲ့ တူခဲ့ပါတယ်။ 00:03:16.532 --> 00:03:20.482 လူအများအပြားအတွက် အဲဒီစာအုပ်က ဧရာမအန္တရာယ် များနိုင်တဲ့ ဓာတုပစ္စည်းတွေ ထိန်းချုပ်ရန် 00:03:20.482 --> 00:03:22.802 လှုံ့ဆော်ချက် ဖြစ်လာခဲ့တယ်။ 00:03:22.802 --> 00:03:26.832 လူသားရဲ့ ကျန်းမာရေးအား ပိုးမွှားတွေ ခြိမ်း ခြောက်မှု ထိန်းချုပ်ရာမှာ DDT အရေးပါတာကို 00:03:26.832 --> 00:03:30.792 Carson ဟာ ထည့်သွင်း မဖေါ်ပြခဲ့တာကို ဆင်ခြေ ပေး ငြင်းခုန်ကြတဲ့ သူတွေလည်း ရှိခဲ့ကြတယ်။ 00:03:30.792 --> 00:03:35.285 စိုက်ပျိုးရေးဝန်ကြီးဟောင်း Ezra Taft Benson ဆိုရင် 00:03:35.285 --> 00:03:40.497 “ကလေးမရှိ အပျိုဟိုင်းက မျိုးရိုးဗီဇကိစ္စ ဒီလောက် စိုးရိမ်နေတာ ဘာကြောင့်လဲ” 00:03:40.497 --> 00:03:44.767 မေးလိုက်ပြီး Carson ဟာ “ကွန်မြူနစ်ဖြစ်ဖို့ များတယ်”လို့ ရှုတ်ချလိုက်တယ်။ 00:03:44.767 --> 00:03:49.796 ပိုးသတ်ဆေး ကုမ္ပဏီရဲ့ ရှေ့နေက Carson နဲ့ သူမရဲ့ နောက်လိုက်တွေကို 00:03:49.796 --> 00:03:54.849 လုပ်ငန်းရှင်တွေကို “ယုတ်မာသူတွေ”လို ပုံ ဖေါ်လိုတဲ့ “ဩဇာပေးမှုတွေ” စွပ်စွဲခဲ့ကြတယ်။ 00:03:54.849 --> 00:03:59.099 အမှန်တကယ်က၊ ဓာတုပစ္စည်းတွေရဲ့ ကောင်းမှုတွေ ကို ကျယ်ပြန့်စွာ ရေးနေကြချိန်မှာ Carson ဟာ 00:03:59.099 --> 00:04:03.032 အများပြည်သူတွေ နားမလည်ကြတဲ့ အန္တရာယ်တွေကို အာရုံစိုက်စေလိုခဲ့တာပါ။ 00:04:03.032 --> 00:04:06.008 လူသားဟာ သဘာဝတရားကို ထိန်းချုပ်သင့်ပြီး ထိန်းချုပ်ရမယ် ဆိုတဲ့ 00:04:06.008 --> 00:04:08.046 အများရဲ့ ခံယူချက်ကို သူမဟာ ငြင်းပယ်ခဲ့တယ်။ 00:04:08.046 --> 00:04:11.836 အဲဒီအစား လူသားဟာ “သဘာဝကို မဟုတ်ဘဲ၊ မိမိကို မိမိ ရင့်ကျက်အောင်၊ ကျွမ်းကျင်အ​ောင်” 00:04:11.836 --> 00:04:16.686 လျေ့ကျင့်ဖို့ လိုတယ်လို့ စိန်ခေါ်ခဲ့ပါတယ်။ 00:04:16.686 --> 00:04:20.216 Carson ဟာ ကင်ဆာရောဂါနဲ့ ၁၉၆၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ရာ၊ 00:04:20.216 --> 00:04:23.906 "Silent Spring" စာအုပ်ထုတ်ဝေပြီးလို့ နှစ်နှစ်အတွင်းမှာပါ။ 00:04:23.906 --> 00:04:28.584 သူမစာအုပ်က ပတ်ဝန်းကျင်ကို တက်ကြွတိုက်ပွဲ ဝင်မယ့် မျိုးဆက်ကို ပေါက်ဖွားလာစေခဲ့ပါတယ်။ 00:04:28.584 --> 00:04:32.324 ၁၉၆၉ ခုနှစ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတို့ရဲ့ ဖိအားပေးမှုကြောင့် 00:04:32.324 --> 00:04:36.046 ကွန်ဂရက်ဟာ National Environmental Policy Act ကို ပြဋ္ဌာန်းခဲ့ရာ 00:04:36.046 --> 00:04:41.559 ဆက်ဒရယ် အေဂျင်စီများက သူတို့ လုပ်ဆောင်ချက် တွေရဲ့ အကျိုးဆက်တွေ အကဲခတ်လာရပါတယ်။ 00:04:41.559 --> 00:04:42.989 အဲဒီ ဥပဒေကို ရုပ်လုံးဖေါ်ဖို့ 00:04:42.989 --> 00:04:47.216 သမ္မတ Richard Nixon ဟာ Environmental Protection Agency ကို ထူထောင်ခဲ့ရတယ်။ 00:04:47.216 --> 00:04:53.566 ၁၉၇၂ တွင် EPA မှ DDT သုံးစွဲမှု တစ်စိတ် တစ်ပိုင်း တားမြစ်ချက်ကို ထုတ်ပြန်ခဲ့တယ်။ 00:04:53.566 --> 00:04:58.254 Rachel Carson ဟာ သူမသေဆုံးသွားတဲ့ နောက်မှာတောင် သူမရဲ့ ရေးသားချက်များဖြင့် 00:04:58.254 --> 00:05:00.934 ပတ်ဝန်းကျင်ရဲ့ အကျိုးကို ရှေ့ဆက် ထမ်းဆောင်ပေးနေတုန်းပါပဲ။