ကျေးဇူး အများကြီးတင်ပါတယ်။
ကျွန်တော်ရဲ့ ဟောကြားချက်ကို
ဝှေးစေ့များ အကြောင်းနဲ့ စတင်ချင်ပါတယ်။
(ရယ်သံများ)
ညမှာ ငါးနာရီကြာ အိပ်သူဆီမှာ
ဝှေးစေ့ဟာ ခုနစ်နာရီ ဒါမှမဟုတ် ပိုအိပ်သူနဲ့
စာရင် သိသာစွာ သေးပါလိမ့်မယ်။
(ရယ်သံများ)
အဲဒါ့အပြင် ပုံမှန်ဆိုသလို ညတိုင်း
လေးမှငါးနာရီကြာ အိပ်သူထံတွင်
testosterone ရဲ့ ပမာဏဟာဖြင့်
သူတို့ထက် ၁၀ နှစ် အသက်ပိုကြီသူရဲ့
ပမာဏနဲ့ တူညီပါလိမ့်မယ်။
ဒီတော့ အိပ်ရေးမဝဘူးဆိုရင်
အဲဒီလူရဲ့ ကျန်းမာရေးဆိုင်ရာ
အရေးကြီးတဲ့ အချက်တွေဟာ
ဆယ်နှစ် အိုမင်းလာစေပါမယ်။
ပြီးတော့ အိပ်ရေးမဝမှုကြောင့်
အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားမှုဆိုင်ရာ
ကျန်းမာရေးဟာလည်း ထို့နည်းတူ
ချွတ်ယွင်းလာမှာကို မြင်ကြရပါမယ်။
ခင်ဗျားတို့ ကျွန်တော် ယူဆောင်လာခဲ့တဲ့
အကောင်းဆုံး သတင်းက အဲဒီလိုပါ။
(ရယ်သံများ)
ဒီနေရာကနေပြီး အဲဒါဟာ
ပိုဆိုးလာဖို့သာ ရှိပါတယ်။
ခင်ဗျားတို့ အိပ်ရေးဝကြတဲ့အခါမှာ ဖြစ်ပျက်
နိုင်တဲ့ အံ့ဖွယ် သတင်းကောင်းတွေကိုသာမက
ခင်ဗျားတို့ လုံလောက်စွာ မအိပ်ကြရင်
ဦးနှောက် အနေနဲ့ရော၊ ခန္ဓာကိုယ် အနေနဲ့ပါ
ကြုံတွေ့ရမယ့် ကြောက်မက်ဖွယ်ရာ
မကောင်းတဲ့ အရာတွေ အကြောင်းကိုပါ
ကျွန်တော် ပြောပြပါ့မယ်။
ဦးနှောက်နဲ့ သင်ယူရေးနဲ့ မှတ်မိရေး
လုပ်ကိုင်နိုင်စွမ်းတွေ
အကြောင်းနဲ့ စတင်ပါရစေ၊
နောက်ဆုံး ၁၀ နှစ်ကျော်အတွင်းမှာ
ကျုပ်တို့ ရှာတွေ့ခဲ့ရတဲ့ အတိုင်းဆိုရင်၊
သင်ဟာ တစ်ခုခုကို သင်ကြားယူပြီးတဲ့ နောက်မှာ
အဲဒါကို မမေ့နိုင်ဖို့အတွက် သင်ဟာ
မှတ်ဉာဏ်အသစ်ထဲတွင် သိမ်းဆည်းထားဖို့
ခလုတ်ကို နှိပ်မိရန်
အိပ်ပေးဖို့ လိုအပ်ပါတယ်။
ပြီးတော့ မကြာသေးမီက ထပ်တွေ့ရတဲ့ အတိုင်း
ဆိုရင်၊ ဦးနှောက်ကို ပြင်ဆင်ထားဖို့အတွက်
တစ်ခုခုကို မသင်ယူခင်တွင်လည်း
အိပ်ပေးဖို့ လိုအပ်ပါသေးတယ်၊
ဦးနှောက်ဟာ အချက်အလက်အသစ်တွေကို
စုပ်ယူဖို့ အသင့်ရှိနေတဲ့ ရေမြှုပ်လို
ဖြစ်နေဖို့ လိုပါတယ်။
တဖန် အိပ်မထားရင်
ဦးနှောက်ထဲက ပတ်လမ်းတွေဟာ
ရေတွေပြည့်နေတဲ့ ရေမြှုပ်နဲ့တူပြီး
မှတ်မိစရာ အသစ်တွေကို
စုပ်ယူနိုင်စွမ်း မရှိတော့ပါ။
သင်တို့ကို ဒေတာများဖြင့် ပြပေးပါရစေ။
ဒီလေ့လာမှုထဲမှာ ကျုပ်တို့ရဲ့
ယူဆချက်ကို စမ်းသပ်ကြည့်ဖို့အတွက်
ညလုံးပေါက် နှိုးနေသူတွေကို
ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြတယ်။
အဲဒါနဲ့ ကျုပ်တို့ဟာ လူတချို့ကို
စုစည်းခဲ့ကြပြီး
သူတို့ကိုစမ်းသပ်ရေး အုပ်စု နှစ်ခုအဖြစ်
တာဝန် ခွဲပေးလိုက်ကြတယ်-
အိပ်ရေးဝတဲ့ အုပ်စုနဲ့
မအိပ်ဘဲ နေကြရမယ့် အုပ်စုပါ။
အိပ်စက်ရမယ့် အုပ်စုကျတော့
ရှစ်နာရီ အပြည့် အိပ်ခွင့်ကို ရရှိကြမယ်။
ဒါပေမဲ့ မအိပ်ကြရမယ့် အုပ်စုကို ကျတော့
ကျုပ်တို့ဟာ နှိုးနေလျက် ရှိနေရန်၊
ဓာတ်ခွဲခန်းထဲမှာ၊ ကြီးကြပ်မှုအပြည့်နဲ့
ထားရှိကြမယ်။
ခဏမှေးခွင့် ကဖိန်းဓာတ် သောက်ခွင့် မရနိုင်
ကြလို့ ပတ်သက်သူတိုင်း စိတ်ညစ်စရာကြီးပါ။
နောက်တစ်နေ့တွင် ကျတော့
အဲဒီလို ပါဝင်ခဲ့ကြသူတို့ကို MRI စကင်နာ
အတွင်းမှာ ထားရှိလျက်
ကျုပ်တို့က ဦးနှောက် အလုပ်လုပ်ပုံကို
ဓာတ်ပုံတွေ ရိုက်ယူနေချိန်မှာ သူတို့ကို
အချက်အလက် အသစ် စာရင်းရှည်ကြီးကို
ကျက်မှတ်ခိုင်းခဲ့ပါတယ်။
အဲဒီနောက်မှာ ခုနက သင်ယူမှုရဲ့
ထိရောက်မှုကို သိရဖို့
သူတို့ကို စမ်းသပ်ကြည့်ကြမှာဖြစ်ပါတယ်။
ခင်ဗျားတို့အားလုံး အဲဒါကို ဒီပုံထဲက
ထောင်လိုက် ဝင်ရိုးမှာ မြင်နိုင်ပါတယ်။
အဲဒီအုပ်စု နှစ်ခုကို ထိပ်ချင်းဆိုင်ပြီး
တိုက်ကြည့်မယ်ဆိုရင်၊
ကျုပ်တို့ တွေ့ရှိကြရမယ့် အချက်က
မအိပ်လိုက်ကြရတဲ့ သူတို့ဟာ
အချက်သစ်တွေကို မှတ်မိနိုင်စွမ်း
၄၀ ရာခိုင်နှုန်း နည်းနေကြခြင်းကိုပါပဲ။
ပညာတွေကို သင်ယူနေကြတဲ့
လူတွေ အကြားမှာ
အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး
လက်ရှိဖြစ်ပျက်နေပုံကို ထည့်တွက်လိုက်ရင်
အဲဒီအချက်ဟာ အတော်လေး
စိုးရိမ်စရာ ကောင်းပါတယ်။
လက်တွေ့တွင်၊ အဲဒီအချက်ဟာဖြင့်
ကလေး တစ်ယောက်က စာမေးပွဲမှာ
အမှတ်ကောင်းရတာနဲ့
ဝမ်းနည်းဖွယ်ရာ ကျရှုံးနိုင်မယ့်
အလားအလာ ၄၀ ရာခိုင်နှုန်းကို ဆိုလိုပါတယ်။
ကျုပ်တို့ဟာ ဆက်ပြီး လေ့လာခဲ့ကြလျက်
ဦးနှောက်ရဲ့ သင်ကြားနိုင်စွမ်း အဲဒီလို
ဖြစ်လာစေတဲ့ ချွတ်ယွင်းမှုတွေကို
ရှာကြံခဲ့ကြပါတယ်။
ကျုပ်တို့ ဦးနှောက်ရဲ့ ဘေးဘက်နဲ့ ညာဘက်မှာ
တည်ရှိနေတဲ့ အရာတစ်ခု ရှိပြီး
hippocampus လို့ ခေါ်ပါတယ်။
အဲဒီ hippocampus ဟာ ကျုပ်တို့ ဦးနှောက်ရဲ့
အချက်အလက်များကို
လက်ခံယူရေးပုံးနဲ့ တူပါတယ်။
၎င်းဟာ မှတ်ယူစရာ ဖိုင်သစ်တွေကို
လက်ခံရာတွင် သိပ်တော်ပြီး
အဲဒါတွေကို ထိန်းသိမ်းပေးပါတယ်။
ညပိုင်းမှာ အိပ်ရေးအဝ ရရှိခဲ့ကြသူတို့ အထဲက
အဲဒီအရာကို ကြည့်ကြည့်ရင်
သင်ယူရေးဆိုင်ရာ လိုအပ်တဲ့
တက်ကြွတဲ့ လှုပ်ရှားမှုတွေ
အများအပြားကို တွေ့နိုင်ပါတယ်၊
တချိန်တည်းမှာ မအိပ်လိုက်ကြရတဲ့
သူတွေကို လေ့လာကြည့်ရင်
ကျုပ်တို့ဟာ သိသာထင်ရှားတဲ့ အချက်ပြမှု
တစ်ခုကိုမှ တွေ့နိုင်မှာ မဟုတ်ပါဘူး။
ဒီတော့ မအိပ်လိုက်ရမှုက သူတို့ မှတ်ဉာဏ်ရဲ့
လက်ခံယူရေးပုံးကို ပိတ်ချပစ်လို့
ဝင်လာသမျှ ဖိုင်များကို
ပြန်ကန်ထုတ်ခံလိုက်ကြရပါတယ်။
ထိုသူတို့ဟာ အတွေ့အကြုံအသစ်တွေကို
မှတ်ဉာဏ်ထဲကို ထည့်မရနိုင်ပါ။
ကျွန်တော်က ခင်ဗျားတို့ကို အိပ်မရအောင် လုပ်
ခဲ့ရင် အဲဒီလို ဆိုးဝါးတာ ဖြစ်လာနိုင်တယ်။
ဒါပေမဲ့ ခုနက ကျုပ်တို့ စမ်းသပ်ခဲ့ကြတဲ့
အုပ်စုဆီကို ပြန်သွားကြရအောင်။
ရှစ်နာရီအပြည့် အိပ်လိုက်ကြရတဲ့
သူတွေကို ခင်ဗျားတို့ မှတ်မိကြတယ်နော်။
ဒီနေရာမှာ ကျုပ်တို့ဟာ ဒါကို နောက်တမျိုး
မေးခွန်းထုတ်နိုင်ကြပါတယ်-
ကျုပ်တို့ရဲ့ မှတ်မိရေးနဲ့ သင်ယူရေး
လုပ်နိုင်စွမ်းတွေကို နေ့စဉ် နေ့တိုင်း
ဆန်းသစ်လာစေပြီး တိုးမြှင့်ပေးတဲ့
အိပ်ရေးဝမှုကြောင့် ကျုပ်တို့ ရရှိကြတဲ့
စိတ်ပိုင်းဆိုင်ရာ
အရည်အသွေးက ဘယ်လိုများပါလိမ့်။
ဦးခေါင်း တဝမ်းမှာ
လျှပ်ခေါင်းတွေကို တပ်ဆင်ပေးခြင်းဖြင့်
ကျုပ်တို့ တွေ့မြင်ခဲ့ကြရတာက ကြီးမားပြီး
အားကောင်းတဲ့ ဦးနှောက်လှိုင်းတွေပါ၊
နက်ရှိုင်းစွာ အိပ်စက်နေချိန်မှာ
အဲဒီလို တွေ့မြင်ကြရတာပါ၊
၎င်းတို့ရဲ့ ထိပ်တွေမှာ စီးပြေးနေကြတဲ့
လျှပ်စစ်လှုပ်ရှားမှုတွေ အံ့ဘွယ်
ပေါက်ကွဲမှုတွေပါ၊
အဲဒါကို ကျုပ်တို့က အိပ်စက်မှု
ဗိုင်းလိပ်တံလို့ ခေါ်ကြတယ်။
နက်ရှိုင်းစွာ အိပ်ပျော်နေချိန်မှာ ပေါ်လာ
ကြတဲ့ ဦးနှောက်လှိုင်းများ စုပေါင်းမှုကမှ
ညအချိန်တွင် ဖိုင်တွေကို မေ့လွယ်တဲ့
ရေတိုမှတ်ဉာဏ်ထဲမှနေပြီး
ဦးနှောက်ထဲရှိ ရေရှည်မှတ်ဉာဏ်ထဲတွင်
သိမ်းဆည်းပေးလျက်
၎င်းတို့ကို ကာကွယ်ပေးရင်း
လုံခြုံအောင် လုပ်ပေးနိုင်ဖို့အတွက်
ဖိုင်များ လွှဲပြောင်းရေး လုပ်ငန်း လုပ်ပေး
နိုင်တဲ့ အရည်အသွေးကို ဖန်တီးပေးကြတာပါ။
ပြီးတော့ အိပ်နေချိန်မှာ အဲဒီလို မှတ်ဉာဏ်
အကျိုးကျေးဇူးတွေကို ခံစားနိုင်ကြတာကို
နားလည်ရန် သိပ်ကို အရေးကြီးပါတယ်၊
၎င်းနဲ့ ဆက်စပ်နေကြတဲ့ ကျန်းမာရေးနဲ့ လူမှု
ရေးဆိုင်ရာ သက်ရောက်မှုတွေ ရှိနေကြလို့ပါ။
ကျွန်တော် ခင်ဗျားတို့ကို အဲဒီလို နယ်ပယ်
တစ်ခုအကြောင်းကို ပြောပြပါရစေ၊
ကျုပ်တို့ လုပ်ကိုင်နေတာကို
အိုမင်းလာမှုနဲ့ စိတ်ဖောက်ပြန်မှု ရောဂါနဲ့
ဆက်စပ်လျက် ဆေးခန်းထဲကို
ရွှေ့ပြောင်းခဲ့ပါတယ်။
ကျုပ်တို့ အသက်ကြီးလာကြတာတာနဲ့
သင်ယူရေးနဲ့ မှတ်မိရေး
လုပ်နိုင်စွမ်းတွေ ကျဆင်းလာတတ်တာဟာ
ဘယ်သူအတွက်မှ လျှို့ဝှက်ချက် မဟုတ်လို့ပါ။
ပြီးတော့ ကျုပ်တို့ ထပ်တွေ့ကြရတာက
အိုမင်းလာမှုရဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာက
အိပ်နိုင်မှု အခြေအနေ ဆိုးဝါးလာခြင်းပါပဲ၊
အထူးသဖြင့် ကျုပ်တို့ဆွေးနွေးတဲ့ နက်ရှိုင်း
အိပ်နိုင်တဲ့ အရည်အသွေး ကျဆင်းလာပါတယ်။
နောက်ဆုံးနှစ်ထဲကျမှသာ
ခုနက ပြောခဲ့တဲ့ အရာနှစ်ခုတို့ဟာ
တချိန်တည်းမှာ ဖြစ်နေကြရုံသာမက ၎င်းတို့ဟာ
သိသာစွာ အပြန်အလှန်ဆက်စပ်နေကြောင်း
အထောက်အထားတွေကို
ကျုပ်တို့ ထုတ်ပြန်နိုင်ခဲ့ကြပါတယ်။
ကျုပ်တို့ရဲ့ တွေ့ရှိချက်အရ နက်ရှိုင်းတဲ့
အိပ်စက်မှု နှောင့်ယှက်ခံရမှုကို
အသက်အိုမင်းလာချိန်မှာ သိနားလည်နိုင်စွမ်း
နဲ့ မှတ်မိနိုင်စွမ်း ကျဆင်းလာမှုနဲ့
အထူးသဖြင့် Alzheimer ရောဂါ
ဖြစ်ကြသူတို့ အကြားမှာပါ
ကျုပ်တို့က ထည့်တွက်စဉ်းစားခဲ့ကြခြင်းဟာ
များစွာမှ လျော့ပြီး တွက်ချက်ခဲ့ကြတာပါ။
အခု ကျွန်တော် ပြောပြလိုက်တဲ့ဟာက
တကယ့် စိတ်ပျက်ဖွယ် သတင်းဖြစ်တာ အမှန်ပါပဲ။
မေးလ်ထဲမှာ တွေ့နေကြရသလို
ကျုပ်တို့ဆီကို ရောက်ရှိလာနေပါတယ်။
ဒါပေမဲ့ ပြောပြတဲ့ထဲမှာ
မတူတဲ့ ထူးခြားချက် တစ်ခု ရှိပါတယ်။
အိုအင်းမှုနဲ့ ဆက်စပ်နေကြတဲ့ ကျုပ်တို့
သိရှိကြတဲ့ အချက်တွေ အများအပြားနဲ့ မတူဘဲ၊
ဥပမာ၊ ကုသရန် ခဲယဉ်းလှတဲ့ ဦးနှောက်ရဲ့
ရုပ်ပိုင်း ဖွဲ့စည်းမှုဆိုင်ရာ
အပြောင်းအလဲတွေ ဆိုပါစို့။
ဒါပေမဲ့ အိပ်ရေးဝမှု ကျတော့ ကျုပ်တို့
အနေနဲ့ တစ်ခုခု လုပ်လို့ရနိုင်မယ့်
အိုမင်းခြင်းနဲ့ Alzheimer ရောဂါဆိုင်ရာ
ရှင်းပြ မရနိုင်သေးတဲ့ ပဟေဠိရဲ့
အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်လို့ပါ။
ပြီးတော့ ကျွန်တော်ရဲ့ အိပ်စက်မှုဌာနတွင်
အဲဒါကို ချဉ်းကပ်ဖို့ အားထုတ်တဲ့ နည်းလမ်းက
စကားစပ်မိလို့ ပြောရပါက
အိပ်ဆေးကို အသုံးမပြုကြပါ။
အိပ်ဆေးတွေဟာ သဘာဝကျတဲ့ အိပ်စက်မှုကို
ဖန်တီးမပေးနိုင်ကြတဲ့ တုံးတဲ့ကိရိယာတွေပါ။
အဲဒီအစား၊ ကျုပ်တို့က နည်းလမ်းကို အောက်ပါ
အခြေခံဖြင့် ပြုစုရန် အားထုတ်နေကြပါတယ်။
အဲဒါကို ဦးနှောက်ကို လျှပ်စစ်ဖြင့်
တိုက်ရိုက်ဆွပေးခြင်းလို့ ခေါ်ပါတယ်။
ကျုပ်တို့ဟာ ဦးနှောက်ထဲသို့
ဗို့အား နည်းနည်းလေးကို သွင်းပေးကြတယ်၊
ပုံမှန်အားဖြင့် ခံစားဖို့ မလွယ်အောင်ကို
နည်းလှတဲ့ ပမာဏပါ၊
ဒါပေမဲ့ သက်ရောက်မှုကိုကျတော့
တိုင်းထွာရနိုင်ပါတယ်။
တကယ်လို့ လူငယ်၊ ကျန်းမာတဲ့ သက်ကြီးတွေမှာ
အိပ်နေစဉ် အဲဒီလို အားပေးသွင်းမှုက
နက်ရှိုင်းစွာ အိပ်စက်မှုရဲ့ ဦးနှောက်
လှိုင်းများနဲ့အတူ သီချင်းဆိုပေးသလိုပါ၊
နက်ရှိုင်းစွာ အိပ်စက်မှု ဦးနှောက်လှိုင်း
များရဲ့ အရွယ်အစားကို မြှင့်ပေးရုံမက၊
အဲဒီလို လုပ်ပေးမှုကြောင့် အိပ်စက်ခြင်းရဲ့
မှတ်ဉာဏ်ဆိုင်ရာ အကျိုးခံစားရမှုကိုပါ
နှစ်ဆ တိုးချဲ့ပေးနိုင်မှာပါ။
အခု စဉ်းစားစရာက ကျုပ်တို့ဟာ
ဒီလိုသယ်ရလွယ်တဲ့
ဈေးသိပ်မကြီးတဲ့ နည်းပညာကိရိယာကိုပဲ
စိတ်ဖောက်ပြန်မှု ရောဂါရှိကြတဲ့ သက်ကြီး
များထံသို့ လွှဲပြောင်း သုံးရနိုင်မလား။
ကျုပ်တို့ဟာ သူတို့အတွက် နက်ရှိုင်းစွာ
အိပ်စက်မှုကို ပြန်ဖြည့်တင်းပေးနိုင်ပြီး
အဲဒီလို လုပ်ပေးမှုရဲ့ ကျေးဇူးအဖြစ်
သူတို့ရဲ့ သင်ယူရေးနဲ့
မှတ်ဉာဏ် လုပ်ကိုင်နိုင်စွမ်းကို
မြှင့်တင်ပေးနိုင်မလား။
အဲဒီအချက်ဟာ ဒီနေ့တွင် ကျွန်တော်ရဲ့
တကယ့် မျှော်လင့်ချက်ကြီးပါ။
အဲဒါဟာ တကယ့်ကို ဧရာမပန်းတိုင်ကို
လက်လှမ်းမှီမှုပဲ ဖြစ်ပါလိမ့်မယ်။
အခု ပြောပြခဲ့တာက ဦးနှောက်အတွက်
အိပ်စက်မှု ဥပမာ တစ်ခုပါ။
တကယ်တော့ အိပ်စက်မှုဟာ
တကိုယ်လုံးအတွက် မရှိမဖြစ် လိုအပ်ချက်ပါ။
အိပ်စက်မှု ဆုံးရှုံးခံရမှုနဲ့ မျိုးပွားမှု
စနစ်အကြောင်း ကျုပ်တို့ ပြောပြီးခဲ့ကြပါပြီ။
အိပ်စက်မှု ဆုံးရှုံးခံရမှုနဲ့ ခင်ဗျားတို့
နှလုံးသွေးကြောစနစ် အကြောင် ပြောနိုင်ပါတယ်။
တစ်နာရီတည်းကြောင့်ကို
အဲဒီလို ဖြစ်နိုင်ပါတယ်။
ကမ္ဘာတဝမ်းလုံးမှာ လူ ၁.၆ ဘီလီယံအပေါ်မှာ
ပြုလုပ်တဲ့ စမ်းသပ်မှု တစ်ခုရှိနေရာ
နိုင်ငံ ၇၀ ကျော်တို့ဟာ
တစ်နှစ်လျှင်နှစ်ကြိမ်
နေ့တာ အချိန်ကို
ရွှေ့ပြောင်းမှု လုပ်ကြပါတယ်။
နွေဦးမှာ နာရီကိုရွှေ့ရလို့ ကျုပ်တို့
အိပ်ချိန် တစ်နာရီ လျှော့ချခံရလို့
နောက်တစ်နေ့တွင် နှလုံးဆိုင်ရာ ပြဿနာတွေ ၂၄
ရာခိုင်နှုန်း တိုးခံစားရတာ မြင်နိုင်ပါတယ်။
ဆောင်းဦးမှာကျတော့
အိပ်ချိန်ကို တစ်နာရီတိုးရကြလို့၊
နှလုံးဆိုင်ရာ ပြဿနာရင်ဆိုင်ရမှု
၂၁ ရာခိုင်နှုန်း နည်းလာတာ တွေ့နိုင်ကြတယ်။
အဲဒီအချက်ဟာ အံ့အားသင့်ဖို့
မကောင်းပေဘူးလား။
ပြီးတော့ ကားတိုက်မှုတွေ၊ လမ်းတွေပေါ် မတော်
တဆမှုတွေ၊ ကိုယ့်ကိုယ်ကို လုပ်ကြံမှုတွေ
လိုက်ကြည့်ရင် အလားတူပဲ မြင်ရမှာပါ။
ဒါပေမဲ့ နက်ရှိုင်းစွာ လေ့လာသင့်တဲ့အရာတစ်ခု
အဖြစ် ခင်ဗျားတို့ကို အာရုံစိုက်စေလိုတာက-
အိပ်ရေးမဝမှုနဲ့ ကိုယ်ခံစွမ်းအားစနစ်
အကြောင်းကိုပါ။
ဟောဒီပုံထဲမှာ ကျွန်တော်ဟာ အားရဖွယ်ရာ
အပြာရောင် အရာတွေကို မိတ်ဆက်ပေးချင်ပါတယ်။
၎င်းတို့ကို သဘာဝ သတ်ဖြတ်ရေး ဆဲလ်လို့
ခေါ်ကြပြီး၊
အဲဒီ သဘာဝ သတ်ဖြတ်ရေး ဆဲလ်တွေကို
ခင်ဗျားတို့ရဲ့ ကိုယ်ခံစနစ်ရဲ့
လျှို့ဝှက်ဝန်ဆောင်ရေး
အေဂျင့်တွေလို ယူဆနိုင်ပါတယ်။
၎င်းတို့ဟာ အန္တရာယ်များပြီး မလိုလားအပ်တဲ့
အရာများကို ဖေါ်ထုတ်ရာတွင် သိပ်တော်ကြပြီး
၎င်းတို့ကို ဖျက်သိမ်းပေးကြပါတယ်။
ဒီမှာ ၎င်းတို့ လုပ်နေကြတာက ကင်ဆာ
အကျိတ်ထုကို ဖျက်ဆီးပစ်နေကြတာပါ။
ဒီတော့ ကျုပ်တို့ဆီမှာ အဲဒီလို
ကိုယ်ခံစနစ်ကို ခုခံ သတ်ဖြတ်ပေးကြမယ့်
ဆဲလ်တစ်စုံ အမြဲတမ်း
ရှိနေဖို့ ဆုတောင်းကြရပါမယ်။
ခင်ဗျားတို့ အိပ်ရေးမဝရင် အဲဒီဆဲလ်တွေ
မရှိနိုင်ခြင်းဟာ ဝမ်းနည်းစရာပါပဲ။
အဲဒါကြောင့် ဒီစမ်းသပ်မှုထဲမှာ
စမ်းသပ်ခံရမယ့်သူတွေကို တစ်ညလုံး
အိပ်မရအောင် ပြုလုပ်မှာမဟုတ်ဘဲ
ထိုသူတို့ကို တစ်ညအတွက်သာလျှင်
အိပ်ချိန်ကို လေးနာရီဖြင့်
ကန့်သတ်လျက် ခွင့်ပြုပေးမှာပါ။
အဲဒီနောက်မှာ သူတို့ရဲ့ ကိုယ်ခံစနစ်ထဲက
ဆဲလ်တွေရဲ့ တက်ကြွမှုနှုန်း ဘယ်လောက်
နိမ့်ကျသွားသလဲ ဆိုတာကို စစ်ဆေးကြည့်မှာပါ။
အဲဒီရလဒ်ဟာ သေးသေးလေး မဟုတ်ပါ၊
၁၀ ရာခိုင်နှုန်းလည်း မဟုတ်၊
၂၀ ရာခိုင်နှုန်းလည်း မဟုတ်၊
သဘာဝ သတ်ဖြတ်ရေး ဆဲလ်တွေရဲ့ တက်ကြွမှုဟာ
၇၀ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့တာပါ။
အဲဒါဟာ စိုးရိမ်ဖို့ ကောင်းတဲ့ ကိုယ်ခံအား
စနစ်ရဲ့ ချွတ်ယွင်းမှုပါ၊
အဲဒါကြောင့်မို့လို့ ကျုပ်တို့ဟာ
အိပ်ရေးမဝမှုနဲ့ ခင်ဗျားတို့ဆီမှာ
ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပေါ်လာနိုင်တဲ့
အန္တရာယ်တို့ဟာ ဆက်စပ်မှုရှိနေကြောင်း
နမိတ်လက္ခဏာတွေကို ကျုပ်တို့ဟာ တိုးတိုး
တွေ့ရှိလာနေကြတာကို နားလည်ရနိုင်ပါတယ်။
လောလောဆယ်အထိ၊ အဲဒီစာရင်းတွင်
အစားအိမ်ကင်ဆာ၊
ဆီးကျိတ်ကင်ဆာနဲ့ ရင်ဘတ် ကင်ဆာတို့
ပါဝင်ကြပါတယ်။
တကယ်တော့ အိပ်ရေးမဝခြင်းနဲ့ ကင်ဆာအကြား
ဆက်စပ်မှုဟာ သိပ်ကို ထင်ရှားလွန်းလို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတောင်
ညအချိန်မှာ လုပ်ရတဲ့
အလုပ်ဆိုင်း မှန်သမျှကို
လူသားရဲ့ အိပ်ချိန်နဲ့ နှိုးနေချိန်
စည်းချက် ချိုးဖောက်ခံရတာမို့လို့
ကင်ဆာရောဂါဖြစ်နိုင်ခြေ
အကြောင်းရင်းဆိုပြီး သတ်မှတ်လာရပါတယ်။
သေသွားတဲ့ နောက်မှာ အိပ်ချင်သလောက်
အိပ်လို့ ရနိုင်ပါတယ်လို့
ပြောဆိုမှုတွေကို
ခင်ဗျားလို့ ကြားခဲ့ဘူးမှာပါ။
ဒါပေမဲ့ တကယ့်ကို လေးလေးနက်နက်
ပြောဆိုရပါက --
အဲဒီလို အကြံပေးချက်ဟာ
လုံးဝကို မဆီလျော်ပါဘူး။
လူမျိုးစုံ သန်းချီတို့ရဲ့ သေဆုံးမှုနောက်
ရောဂါရှာဖွေမှုများမှ အဲဒီလို သိလာရတာပါ။
ရိုးရှင်းနေတဲ့ အမှန်တရားက-
ကိုယ်အိပ်တဲ့ အချိန်ဟာ တိုတောင်းလေ၊
ကိုယ့်အသက်ဟာလည်း တိုတောင်းလေပါ။
အိပ်ရေး တိုတောင်းမှုဟာ သေဆုံးမှုရဲ့
အကြောင်းရင်းမျိုးစုံ ဖြစ်နိုင်တယ်။
ခုနက ပြောပြခဲ့တဲ့ ကင်ဆာ ဒါမှမဟုတ်
Alzheimer ရောဂါဖြစ်နိုင်ခြေ
အန္တရာယ် ပိုကြီးထွားလာနိုင်ခြင်းဟာ
မလုံလောက်သေးဘူးလို့ ထင်မြင်ကြပါက၊
အိပ်ရေးမဝမှုဟာဖြင့် ဇီဝဘဝကိုယ်၌ရဲ့
ချည်မျှင်နဲ့တူတဲ့ DNA ဗီဇကုဒ်ကိုတောင်
ချွတ်ယွင်းသွားစေနိုင်ကြောင်း
အထောက်အထားတွေကို
ကျုပ်တို့ တွေ့ခဲ့ကြရပါတယ်။
ဒီတချီ လေ့လာမှုထဲတွင်၊
ကျန်းမာကြတဲ့ သက်ကြီး အုပ်စုကို ရွေးယူပြီး
တစ်ပတ်ကြာအောင် သူတို့ကို
ညတိုင်း ခြောက်နာရီသာ
အိပ်ခွင့်ပြုခဲ့ကြပြီး
နောက်ပိုင်းတွင် သူတို့လို အရွယ်ပဲဖြစ်ပြီး
ညတိုင်း ရှစ်နာရီအပြည့် အိပ်ခွင့်ရရှိကြတဲ့
လူအုပ်စုနဲ့ ယှဉ်ပြီး မျိုးရိုးဗီဇဆိုင်ရာ
အချက်အလက်တွေကို
တိုင်းထွာ လေ့လာခဲ့ကြပါတယ်။
အဲဒီမှာ အရေးပါတဲ့ တွေ့ရှိချက်
နှစ်ချက်ကို တွေ့ရှိခဲ့ပါတယ်။
ပထမအချက်အနေနဲ့ အတော်ကလေးများတယ်လို့
ဆိုရမယ့် မျိုးရိုးဗီဇ ၇၁၁ တို့ရဲ့
လှုပ်ရှားမှုဟာ ချွတ်ယွင်းနေခဲ့ကြရာ
အိပ်ရေးမဝခြင်းက အကြောင်းရင်းပါ။
ဒုတိယအချက်က ခုနက မျိုးရိုးဗီဇ တစ်ဝက်လောက်က
လက်တွေ့မှာ ပိုတက်ကြွစွာ
လှုပ်ရှားနေခဲ့ကြပြီး
အခြားတစ်ဝက်ကျတော့ လျော့နည်းနေခဲ့ကြပါတယ်။
အိပ်ရေးမဝလို့ ပိတ်ချခံလိုက်ကြရတဲ့
မျိုးရိုးဗီဇတွေဟာ
ကိုယ်ခံအားစနစ်နဲ့ ဆက်စပ်နေကြတဲ့
မျိုးရိုးဗီဇတွေ ဖြစ်ခဲ့ကြလို့၊
ကျုပ်တို့ဟာ ထပ်ပြီး ကိုယ်ခံစွမ်းအား
ချို့တဲ့မှုကို တွေ့ကြရတာပါ။
အခြားတစ်ဖက်တွင်၊ လက်တွေ့မှာ
အိပ်အရေးမဝမှုကြောင့် ပိုတက်ကြွစွာ
လှုပ်ရှားလာခဲ့ကြတဲ့ မျိုးရိုးဗီဇတွေကျတော့၊
အသားပိုများ တိုးပွားရေးနဲ့
ဆက်စပ်နေကြတဲ့ ဗီဇများ၊
ခန္ဓာကိုယ်အတွင်းမှာ နာတာရှည်
ရောင်ရမ်းမှုကို ဖြစ်စေကြတဲ့ ဗီဇများနဲ့
စိတ်ဖိစီးမှုနဲ့ဆက်စပ်နေကြတဲ့ ဗီဇများ
ဖြစ်ခဲ့ကြလို့
နှလုံးသွေးကြောဆိုင်ရာ
ရောဂါရဲ့ အကြောင်းရင်းဖြစ်နိုင်ကြတယ်။
ဒီတော့ ကျုပ်တို့ရဲ့ ကျန်းမာရေးရဲ့
ဘယ်မျက်နှာစာကိုပဲ ယူကြည့်ကြည့်၊
အိပ်ရေးမလုံလောက်မှုကြောင့်
ထိခိုက်မနစ်နာဘဲ ကျန်ရစ်နိုင်တာ
တစ်ခုမှာမှ မရှိနိုင်ပါ။
ဒါဟာ ကိုယ့်အိမ်ထဲက
ကျိုးပေါက်နေတဲ့ ရေပိုက်နဲ့ တူပါတယ်။
အိပ်စက်မှု ဆုံးရှုံးမှုဟာဖြင့်
သင့်စိတ်ထဲက ချောင်ချိုချောင်ကြား
အပေါက်တိုင်းထဲသို့ စိမ့်ဝင်လျက်
သင့်ကျန်းမာရေးကို နေ့စဉ်
စောင့်ရှောက်ပေးနေတဲ့
DNA ရဲ့အခြေခံ ရင်းမြစ်ကိုတောင်
ထိခိုက်စေမှာပါ။
ဒါတွေကို ကြားသိလိုက်ရတဲ့ နောက်မှာ
ခင်ဗျားတို့က
"အို ဘုရားသခင်၊ ကျွန်တော် ဘယ်လိုလုပ်ပြီး
ပိုကောင်းအောင် အိပ်ရမှာလဲ။
ကောင်းကောင်း အိပ်စက်ဖို့ ခင်ဗျားက
ဘာတွေများ အကြံပေးနိုင်မလဲ။" မေးလိုကြမှာပါ။
အဲဒီလိုဆိုရင် အိပ်ရေးကို
ထိခိုက်စေနိုင်ကြတဲ့
အရက်နဲ့ ကဖိန်းဓာတ်ကို ရှောင်ရှားရန်
လိုအပ်ပုံနဲ့
ကိုယ်က ညအချိန်မှာ ကောင်းကောင်း
အိပ်နိုင်ဖို့ ကြိုးပမ်းလိုပါက၊
နေ့ခင်းတွင် ခဏမှေးတာမျိုးကို
ရောင်ရန် လိုအပ်တဲ့အပြင်
ကျွန်တော်ပေးလိုတဲ့
အကြံပြုချက် နှစ်ခု ရှိပါတယ်။
ပထမက ပုံမှန်ဖြစ်မှုပါ။
အိပ်ရာဝင်ချိန်နဲ့ အိပ်ရာမှ နိုးချိန်ဟာ
အမြဲတမ်း တစ်ချိန်တည်းမှာ ဖြစ်ရပါမယ်၊
ရုံးရက်လား၊ စနေ၊ တနင်္ဂနွေလား
မဆိုင်ပါဘူး။
ပုံမှန်ဖြစ်မှုဟာ ပဓာနပါ။
အဲဒီလိုဆိုရင် အိပ်စက်မှုကို
ကျောက်စူးချပေးနိုင်ပြီး
အိပ်စက်မှုရဲ့ ပမာဏနဲ့ အရည်အသွေးကို
မြှင့်တင်ပေးပါမယ်။
ဒုတိယအချက်က အေးအောင် ပြုလုပ်ပေးပါ။
အိပ်စက်မှုကို စတင်ပေးရန်အတွက်
သင့်ခန္ဓာကိုယ်ဟာ ပင်ကို အပူချိန်ကို
ဖာရင်ဟိုက် နှစ်သုံးဒီဂရီခန့်
နှိမ့်ချပစ်ရန် လိုပြီး
ဆက်ပြီး အိပ်ပျော်နေနိုင်ပါလိမ့်မယ်။
အဲဒါကြောင့်မို့လို့ ကိုယ်ဟာ အိပ်ချင်ရင်
ပူတဲ့ အခန်းနဲ့စာပါက
အေးနေတဲ့ အခန်းထဲမှာ အိပ်ပျော်ဖို့
ပိုလွယ်ကူတာ အဲဒါကြောင့်ပါ။
အဲဒါကြောင့်မို့လို့ အိပ်ခန်းရဲ့
အပူချိန်မှာ ၆၅ ဒီဂရီခန့်
ဒါမှမဟုတ် ၁၈ ဒီဂရီစင်တီဂရိတ်
ဝန်းကျင်မှာရှိဖို့ အားထုတ်ပါ။
အဲဒါက လူအများစုအတွက်
အိပ်စက်ရန် အကောင်းဆုံးဖြစ်ပါတယ်။
နောက်ဆုံး အနေနဲ့ နောက်ကို ခြေတစ်လှမ်း
ပြန်ဆုတ်ပြီး၊
အရေးကြီးဆုံး ကြေညာချင်တဲ့
အချက်က ဘာများလဲဆိုရင်၊
ကျွန်တော်စိတ်ထင် ဒီလိုပါ-
အိပ်စက်မှုဟာ၊ ကံမကောင်းချင်တော့၊ လိုချင်မှ
ရွေးယူရမယ့် ဘဝစည်းစိမ်တစ်ခု မဟုတ်ပါဘူး၊
အိပ်စက်ခြင်း ဘယ်လိုမှ ထိပါးခံမရနိုင်တဲ့
ဇီဝလိုအပ်ချက်ပါ။
အဲဒါဟာ ကိုယ့်အသက်ကို ပံ့ပိုးပေးတဲ့
စနစ်တစ်ခုပါ၊
ပြီးတော့ အသက်ရှင်နေထိုင်ဖို့ သဘာဝမိခင်ရဲ့
အကောင်းဆုံး အားထုတ်မှုပါ။
စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများတဝမ်းမှာ
အိပ်စက်မှု နည်းပါးလာနေခြင်းဟာ
ကျုပ်တို့ရဲ့ ကျန်းမာရေး၊ ဘဝကောင်းစားမှုကို
အကြီးအကျယ် ဆိုးကျိုးသက်ရောက်စေပြီး၊
ကျုပ်တို့ ကလေးများရဲ့ လုံခြုံမှုနဲ့
ပညာရေးကိုတောင် ခြိမ်းခြောက်လာပါတယ်။
ဒါဟာ တိတ်ဆိတ်စွာ အိပ်ရေးမဝမှု
ကပ်ဘေးနဲ့ တူပါတယ်၊
ပြီးတော့ ၂၁ ရာစုမှာ ကျုပ်တို့ ရင်ဆိုင်ရတဲ့
အများပြည်သူတို့ရဲ့ ကျန်းမာရေးဆိုင်ရာ
စိန်ခေါ်မှုကြီး ဖြစ်လာနေပါတယ်။
အခုတော့ ကျွန်တော်တို့ဟာ
ညအချိန်မှာ အပြည့်အဝ
အိပ်စက်ပိုင်ခွင့်ကို
တောင်းဆိုကြရမယ့် အချိန်ပါ၊
ဒါကို ဘာမှရှက်ကြောက်စရာ မလိုပါဘူး၊
ဒါမှမဟုတ် အိပ်ခြင်း ပျင်းရိခြင်းပါဆိုတဲ့
ကံဆိုးယူဆမှုကို မေ့ပစ်ကြရပါမယ်။
ဒီလိုလုပ်နိုင်ရင် ကျုပ်တို့ဟာ အားကောင်းတဲ့
အသက်ရှင်ဆေးကြောင့် ပြန်သွေးစည်းကြပါမယ်။
စံပြဖြစ်သင့်တဲ့ ကျန်းမာရေးကို
ပြန်ရလာကြမှာပါ။
ကျုပ်တို့က အဲဒီလို ယူဆချက်တွေကို
ကျော်လွှားလိုက်ကြတဲ့ နောက်မှာ
ခင်ဗျားတို့ အားလုံးကို မင်္ဂလာရှိညပါ၊
ကျန်းမာချမ်းသာပါစေ ဆုတောင်းချင်ပါတယ်။
အရေးကြီးဆုံးက ...
ခင်ဗျားတို့အားလုံး ကောင်းမွန်စွာ
အိပ်ကြတယ်လို့ မျှော်လင့်ပါတယ်။
တကယ့်ကိုပဲ အထူးကျေးဇူးတင်ပါရစေ။
(လက်ခုပ်သံများ)
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
ကျေးဇူးအများကြီးတင်ပါတယ်။
David Biello- ခဏလေး၊ ခဏလေး၊
အဲဒီမှာ ခဏ ရပ်နေပါဦး။
ထွက်ပြေးမသွားတာကို
အထူး ကျေးဇူးတင်လိုပါတယ်။
ခင်ဗျား ပြောပြတာတွေဟာ
ကြောက်စရာကြီးပါပဲ။
Matt Walker- ခင်ဗျားကို ကြိုဆိုပါတယ်။
DB- ဟုတ်ကဲ့၊ ကျေးဇူးပါပဲ၊ ကျေးဇူးပဲ။
ကျုပ်တို့ အိပ်ပျော်မရရင်ကော
ဘယ်လို လုပ်သင့်ပါသလဲ။
ညနက်ချိန်မှာ အိပ်မရနိုင်လို့ တချိန်လုံး
အိပ်ရာထဲမှာ လူးလိမ့်နေရတဲ့ အချိန်မျိုးမှာ
ညဘက် အလုပ်လုပ်ရတဲ့အခါမျိုးမှာ
ဘာလုပ်ရနိုင်ပါသလဲ။
MW- ခင်ဗျားပြောတာ မှန်ပါတယ်၊
ကျုပ်တို့ဟာ အိပ်မရတဲ့ ပြဿနာရှိပါတယ်။
အိပ်ခြင်းဟာ ဘဏ်တိုက်နဲ့ မတူပါဘူး။
ကျုပ်တို့ဟာ အကြွေးတွေကို စုစည်းပြီး
နောင်တစ်နေ့နေ့တွင် ပြန်ပြီး
ပေးဆပ်နိုင်မယ်လို့ မျှော်လင့်မရနိုင်ပါဘူး။
အဲဒါရဲ့ ကြောက်မက်ဖွယ်ရာ
ဆိုးကျိုးကိုပါ ထောက်ပြပေးရပါမယ်၊
ကျုပ်တို့ရဲ့ကျန်းမာရေးဟာ
လျင်မြန်စွာ ဆုတ်ယုတ်လာပါမယ်၊
ပထမအချက်အနေနဲ့၊ ကိုယ့်အိပ်ရမယ့်
အချိန်မှာ တမင်ကို
ခိုင်မာတဲ့ အကြောင်းပြချက် မရှိဘဲနဲ့
မအိပ်ဘဲနေသူဆိုလို့
လူသားမျိုးစိတ်သာ ရှိတာကို ထောက်ပြရမယ်။
DB- ကျုပ်တို့က သိပ်စမတ်ကျကြလို့ပါ။
MW- သဘာဝမိခင်ဟာ ဆင့်ကဲဖြစ်စဉ်
တစ်လျှောက်လုံးမှာ
အိပ်ရေးမဝမှုလို့ ကျုပ်တို့ ခေါ်ကြတဲ့
စိန်ခေါ်မှုကို မရင်ဆိုင်ခဲ့ရလို့
ကျွန်တော်က ဒီအကြောင်းကို
အထူးပြောဆိုနေရတာပါ။
အဲဒါကြောင့် သဘာဝမိခင်ဟာ အဲဒါ့အတွက်ကို
ကယ်တင်ရေးနည်းကို မတီထွင်ခဲ့တာပါ၊
အဲဒီတော့ ကိုယ်ဟာ အိပ်ရေးမဝတာမျိုး ကြုံရရင်
အရာတွေဟာ ဦးနှောက်ထဲမှာရော၊ ခန္ဓာကိုယ်
ထဲမှာပါ လျင်မြန်စွာ ချွတ်ယွင်းလာကြပါတယ်။
ဒီတော့ ကိုယ်ဟာ ဦးစားပေးတတ်ဖို့ လိုပါတယ်။
DB- အိုကေ၊ အိပ်ရာထဲမှာ လူးလိမ့်နေရတဲ့
ကျွန်တော်က ဘာလုပ်ရမလဲ။
MW- ကိုယ်ဟာ အိပ်ရာထဲမှာ အကြာကြီး
အိပ်မရ ဖြစ်နေတယ်ဆိုရင်၊
ကိုယ်ဟာ အိပ်ရာမှ ထလိုက်ပြီး
အခြား တစ်ခန်းကို သွားပြီး
ဒီ့ပြင်ဟာ တစ်ခုခုကို လုပ်သင့်ပါတယ်။
ဒီလိုပြောရတာက ကိုယ့်ဦးနှောက်ဟာ
အိပ်မရနိုးနေရခြင်းနှင့် ချိတ်ဆက်
စဉ်းစားပြီး လက်ခံလာမှာကို စိုးရလို့ပါ၊
ကျုပ်တို့ဟာ အိပ်ခန်းနဲ့ အဲဒီလို ဆက်စပ်
မှုကို ရိုက်ချိုးပစ်ရန် လိုအပ်ပါတယ်။
ဒါကြောင့်မို့လို့ အိပ်ချင်တော့မှသာ
အိပ်ခန်းထဲကို ပြန်ဝင်ခြင်းဖြင့်
အိပ်ရာဆိုတာက အိပ်စက်ရမယ့် နေရာပဲဆိုတဲ့
ဆက်စပ်နေတဲ့ အလေ့အထကို
ကိုယ်ဟာ ပြန်ပြီး သင်ယူလာနိုင်မှာပါ။
ဒါကိုပဲ ဒီပြင်နည်းဖြင့် ရှင်းပြရရင်၊
ထမင်းစားတဲ့ စားပွဲမှာ ဝင်ထိုင်လျက်
ဗိုက်ဆာလာမှာကို စောင့်နေတာနဲ့ တူပါတယ်။
အလားတူပဲ အိပ်ချင်လာမှာကို စောင့်ဖို့
အိပ်ရာထဲမှာ လှဲနေဖို့ မလိုပါဘူး။
DB- ဒီလို သတိပေးစေ့ဆော်ချက်အတွက်
ခင်ဗျားကို ကျေးဇူးတင်ပါတယ်။
သိပ်ကောင်းတဲ့ အလုပ်ပါ၊ Matt။
MW- ဝမ်းသာပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။