ရာသီဥတုပြောင်းလဲမှုကို
နားလည်ဖို့
Tetris တုံးဆင့်ဂိမ်းကို တွေးကြည့်ပါ
ကပ်ကမ္ဘာအတွက် ကမ္ဘာမြေက ကာဗွန်တုံးတွေနဲ့
ဒီဂိမ်း အမျိုးအစားကို ကစားပါတယ်
၄င်းတို့ကလေထုထဲကို မီးတောင်၊အပင်ဆွေးေ
အသက်ရှူသတ္တဝါနဲ့ပင်လယ်မျက်နှာပြင်ကထွက်တဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်
အနေနဲ့
ဝင်လာပါတယ်
၎င်းတို့ကို အပင်တွေက အစာချက်လုပ်ငန်းမှာ
အသုံးပြုတဲ့အခါ၊ သမုဒ္ဒရာက
ပြန်စုပ်ယူတဲ့အခါ
မြေလွှာနဲ့နုန်းမှာ
သိုလှောင်တဲ့အခါ
လေထုထဲကနေ ပြန်ထွက်သွားပါတယ်
ဒီ Tetris တုံးဆင့်ဂိမ်းကို
ကာဗွန်သံသရာ လို့ခေါ်ပြီး
၎င်းက ကမ္ဘာ့သက်ရှိတို့ရဲ့
အင်ဂျင်တစ်ခုပါ
၄င်းက ရာသီဥတုနဲ့ ဘယ်လိုပတ်သတ်ပါလဲ
ဒီကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
လေထဲမှာပြန်စုပ်ယူခံဖို့
စောင့်ဆိုင်းနေစဉ်
အာကာသထဲ
ယိုစိမ့်သွားမဲ့ နေရဲ့အပူချိန်တချို့ကို
ထွက်ပေါက်မရှိအောင် ပိတ်လှောင်ထားပါတယ်
ဒါကြောင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကို
ဖန်လုံအိမ်ဓာတ်ငွေလို့ခေါ်ပြီး
၎င်းက ဖန်လုံအိမ်အာနိသင်လို့ သိကြတဲ့
ပူနွေးတဲ့အလွှာကို ဖန်တီးခြင်းဖြင့်
ကမ္ဘာကို အင်္ဂါဂြိုဟ်လို
မအေးခဲအောင် ထိန်းပေးပါတယ်
လေထုထဲမှာ ရှင်းထုတ်ခံဖို့ စောင့်စားနေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်တုံးတွေ ပိုများလေလေ
ကမ္ဘာမြေ ပိုပူနွေးလာလေလေ ပါပဲ။
လေထုထဲက ကာဗွန်ပမာဏဟာ
ရေခဲခေတ်နဲ့ ဥက္ကာခဲ
ကျရောက်တဲ့ ကာလတစ်လျောက်လုံး
အပြောင်းအလဲ ဖြစ်ခဲ့ပေမဲ့
လွန်ခဲ့တဲ့ နှစ် ၈,၀၀၀ ကာလအတွင်းမှာ
တည်ငြိမ်တဲ့ရာသီဥတုဟာ ရုပ်လုံးပေါ်လာပြီး
လူ့ယဉ်ကျေးမှုတွေကို
ရှန်သန်ခွင့် ပြုလိုက်ပါတယ်
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀၀ ခန့်မှာ
မြေလွှာထဲသိုလှောင်ထားတဲ့ သက်ရင့်
ကာဗွန်တွေကို စတင်တူးဖော်ခဲ့ကြတယ်
ဒီရုပ်ကြွင်းလောင်စာတွေ၊ ကျောက်မီသွေး၊
ရေနံနဲ့ သဘာ၀ဓာတ်ငွေ့တွေက
လူသားတွေမပေါ်ခင် ရှေးကာလထဲက
သေဆုံးတဲ့ အပင်နဲ့တိရစ္ဆာန်တို့ရဲ့
မြေမြှုပ်အကြွင်းအကျန်များက
ဖြစ်လာတာပါ
၎င်းတို့ဆီမှာ သိုလှောင်ထားတဲ့ စွမ်းအင်က
စက်ရုံ၊ကားနဲ့ ဓာတ်အားပေးစက်ရုံတွေကို
မောင်းနှင်နိုင်ပေမဲ့
ဒီလောင်ကျွမ်းမှုကကမ္ဘာ့Tetrisတုံးဆင့်ဂိမ်း
ထဲကို ကာဗွန်အသစ်တွေ ဝင်ရောက်စေပါတယ်
တစ်ချိန်တည်းမှာပဲ စိုက်ပျိုးရေးအတွက်
တောတွေရှင်းတာကြောင့်
ကမ္ဘာ့ရဲ့ ကာဗွန်ဖယ်ရှားနိုင်စွမ်းကို
ကျဆင်းစေပါတယ်
၁၇၅၀ ခုနှစ် ကတည်းက လေထုထဲရှိ
ကာဗွန်ပမာဏဟာ
၄၀% လောက်ထိ တိုးသွားလိုက်တာ
ကျရိပ်ကိုမပြတော့ပါဘူး
ဒီ Tetris တုံးဆင့်နည်းလိုပါပဲ၊
အတုံးတွေ ပုံလာလေ
တည်ငြိမ်အောင်ထိန်းဖို့ ပိုခက်လေပါပဲ
လေထုထဲက အပိုဆောင်း
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက
မျက်နှာပြင်အပူကို
ပိုလှောင်ပိတ်စေခြင်းဖြင့်
ဖန်လုံအိမ်အာနိသင်ကို အရှိန်မြင့်စေပြီး
ဝင်ရိုးစွန်း ရေခဲလွှာတွေကို
ပျော်ဆင်းစေပါတယ်
ဒါတွေ ပိုအရည်ပျော်လေ၊ နေရောင်ခြည်
အလင်းပြန်မှုနည်းလေဖြစ်ပြီး
သမုဒ္ဒရာရေ ပူနွေးမှုကိုတောင်
ပိုမြန်စေပါတယ်
ပင်လယ်ရေမြင့်တက်လာပြီး ကမ်းရိုးတန်း
ဒေသရှိလူများကို ရေလွှမ်းမိုးခြင်း၊
သသာ၀ဂေဟစနစ် ပျက်သုန်းခြင်း၊
အချိန်နှင့်အမျှ
ပိုပြင်းထန်တဲ့ရာသီဥတု စတဲ့အန္တရာယ်တွေနဲ့
ရင်ဆိုင်ရမည့်အလားအလာတွေရှိစေလာပါမယ်
ရာသီဥတုပြောင်းလဲမှုက လူအမျိုးမျိုးနဲ့
ဒေသတွေကိုနည်းပေါင်းစုံနဲ့ထိခိုက်နိုင်တယ်
ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါက
ကျုပ်တို့အားလုံး မပါမနေရမဲ့ ကစားပွဲပါ
Tetris ဂိမ်းနဲ့မတူတဲ့အချက်က
ပြန်စဖို့နဲ့ ထပ်ကြိုးစားဖို့ အခွင့်အရေး
တော့ ထပ်မရတော့ပါဘူး