ဆယ်နှစ်နီးပါး သိပ္ပံပညာရှင်တွေဟာ တရုတ်ရဲ့ အမြင့်ဆုံးတောင်တွေနဲ့ သီးခြား အဖြစ်ဆုံး လိုဏ်ဂူကြီးတွေကို ဖြတ်ကာ သေ လောက်တဲ့ ဗိုင်းရပ်စ်သစ်ရင်းမြစ်ကိုရှာတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ Shitou Cave. ထဲက လင်းနို့တွေဆီမှာ ဒါကို တွေ့ခဲ့တယ်။ ပြဿနာဖြစ်နေတဲ့ ဗိုင်းရပ်စ်က ၂၀၀၃ တုန်းက ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု(သို့) SARS ကူးစက်ရောဂါကို ဖြစ်ပေါ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပါ။ ကိုရိုနာဗိုင်းရပ်စ်တွေဟာ သရဖူတစ်ခု(သို့) လက်တင်ဘာသာနဲ့ corona နဲ့တူတဲ့ ပရိုတင်းဆူးချွန်လေးတွေ ဖုံးအုပ်ထားတဲ့ ဗိုင်းရပ်စ်တစ်ခုပါ။ လူသိတဲ့ ကိုရိုနာဗိုင်းရပ်စ် ရာချီပြီးရှိပါတယ်။ ၎င်းတို့အနက် ခုနှစ်ခုက လူတွေကို ကူးစက်ပြီး ရောဂါဖြစ်စေနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် SARS-CoV က SARS ဖြစ်စေပြီး MERS-CoV က MERS ဖြစ်စေကာ SARS-CoV-2 က COVID-19 ရောဂါဖြစ်စေတယ်။ လူသားနဲ့ဆိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ခုနစ်ခုအနက် လေးခုက အအေးမိတာတွေ၊ သိပ်မပြင်းဘဲ လွန်ကဲတဲ့ နှာခေါင်းနဲ့ လည်ချောင်း ကူးစက်ရောဂါတွေ ဖြစ်စေတယ်။ နှစ်ခုက အဆုတ်ကို ကူးစက်ကာ အတော် ပိုပြင်းထန်တဲ့ မကျန်းမာမှုတွေ ဖြစ်စေတယ်။ COVID-19 ဖြစ်စေတဲ့ ခုနှစ်ခုမြောက်မှာ တစ်ခုချင်းစီရဲ့ အင်္ဂါရပ်တွေရှိတယ်။ အလွယ်တကူ ပျံ့နှံ့နိုင်ပေမဲ့ အဆုတ်တွေကို ပြင်းထန်စွာ သက်ရောက်မှုရှိနိုင်တယ်။ ကူးစက်ခံရသူတစ်ဦး ချောင်းဆိုးတဲ့အခါ ဗိုင်းရပ်စ်ပါတဲ့ အစက်လေးတွေ ပန်းထွက်တယ်။ အစက်လေးတွေက နှာခေါင်း (သို့) ပါစပ်ထဲကို ဝင်တဲ့အခါ လူအသစ်ကို ဗိုင်းရပ်စ် ကူးစက်တယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ အလုံပိတ် နေရာတွေမှာ လူတွေ အတူတူ နီးကပ်နေတဲ့အခါ အကောင်းဆုံး ပျံ့လွင့်တယ်။ အေးတဲ့ ရာသီဥတု ၎င်းတို့ရဲ့သိမ်မွေ့တဲ့ အခွံ ခြောက်သွားတာကနေထိန်းပေးတယ်၊ လက်ခံရာ နှစ်ခုကြားမှာ ဗိုင်းရပ်စ်ကို ဆက်ရှင်သန်ခွင့်ပေးပေမဲ့ နေရောင်ခြည်မှ UV ထိတွေ့မှုကတော့ ၎င်းကို ပျက်စီးစေတယ်။ ရာသီအလိုက် မျိုးကွဲတွေက ရှိပြီးသား ဗိုင်းရပ်တွေအတွက် ပိုအရေးပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်အသစ်ကို မည်သူမျှ ကိုယ်ခံအား မရှိသေးတော့ ၎င်းမှာ ပျံ့နှံ့ စံပြ အခြေအနေတွေ မလိုတဲ့ ဖြစ်နိုင်တဲ့ လက်ခံရာတွေ အများကြီးရှိတယ်။ ကိုယ်ထဲမှာ ပရိုတင်းဆူးချွန်တွေက လက်ခံရာ ဆဲလ်တွေမှာ စူးဝင်ပြီး ဒါတွေနဲ့ ပေါင်းတယ်။ လက်ခံ ဆဲလ်ရဲ့ ယန္တရားအား ဗိုင်းရပ်စ်ကို အပိုင်စီးဖို့နဲ့ ကိုယ်ပိုင်ဗီဇတွေ ပုံတူပွားခွင့်ပေးခြင်းပါ။ ကိုရိုနာဗိုင်းရပ်စ်တွေဟာ RNA မှာ ၎င်းတို့ရဲ့ ဗီဇတွေကို သိုထားတယ်။ ဗိုင်းရပ်စ်အားလုံးဟာ RNA ဗိုင်းရပ်စ် (သို့) DNA ဗိုင်းရပ် တစ်ခုခုပါ။ RNA ဗိုင်းရပ်စ်တွေက ပိုသေးပြီး ပိုနည်းတဲ့ ဗီဇတွေနဲ့ ဖြစ်တတ်တယ်။ ဆိုလိုတာက လက်ခံရာ များစွာကို ကူးစက်စေပြီး ဒီလက်ခံရာတွေမှာ အမြန် ပုံတူပွားတာပါ။ ယေဘုယျအနေနဲ့ RNA ဗိုင်းရပ်စ်တွေဟာ စိစစ်ပြင်ဆင်တဲ့ ယန္တရားတစ်ခု မရှိပေမဲ့ DNA ဗိုင်းရပ်စ်တွေမှာတော့ ရှိတယ်။ ဒီတော့ RNA ဗိုင်းရပ်စ်တစ်ခု ပုံတူပွားတဲ့အခါ သန္ဓေပြောင်းမှုတွေလို့ခေါ်တဲ့ အမှားတွေရှိဖို့ ပိုဖြစ်နိုင်တယ်။ ဒီသန္ဓေအပြောင်းမှု အများအပြားဟာ အသုံးမဝင်ဘဲ ဘေးတောင်ဖြစ်စေပါတယ်။ ဒါပေမဲ့ တချို့က ဗိုင်းရပ်စ်ကို ဝန်းကျင်တချို့မှာ ပိုအဆင်ပြေစေတယ်။ ဥပမာ လက်ခံ မျိုးစိတ်သစ်တစ်ခုပါ။ ကပ်ရောဂါတွေဟာ ဗိုင်းရပ်စ်တစ်ခု တိရစ္ဆာန် တွေကနေ လူတွေဆီ ခုန်ကူးတဲ့အခါဖြစ်ပွားတယ်။ ဒါက Ebola Zika နဲ့ SARS ကပ်ရောဂါတွေနဲ့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်စေခဲ့တဲ့ RNA ဗိုင်းရပ်စ်တွေအတွက် အမှန်ပါ။ လူတွေဆီမှာ ရှိတာနဲ့ ဗိုင်းရပ်စ်တွေက ဗီဇပြောင်းဆဲဖြစ်ပြီး အမြဲလို ဗိုင်းရပ်စ်သစ် ဖန်တီးဖို့ မလောက်ပေမဲ့ မူလတစ်ခုရဲ့ မျိုးကွဲတွေ၊ ဗီဇတွေ ဖန်တီးဖို့ တော့ လုံလောက်တယ်။ ကိုရိုနာဗိုင်းရပ်စ်တွေက RNA ဗိုင်းရပ်စ်တွေ နဲ့ အဓိက ခြားနားချက် အနည်းငယ်ရှိတယ်။ ဒါတွေက အကြီးဆုံးတချို့ပါ။ ဆိုလိုတာက ၎င်းတို့မှာ ဗီဇအများဆုံးရှိတာပါ။ ဒါက ဘေးဖြစ်စေတဲ့ ဗီဇပြောင်းမှု တွေအတွက် အခွင့်အလမ်း ပိုဖန်တီးပေးတယ်။ ဒီးအန္တရာယ်ကို တိုက်ဖို့ ကိုရိုနာဗိုင်း ရပ်တွေမှာ ထူးခြားတဲ့ အင်္ဂါရပ်တစ်ခုရှိတယ်။ ပုံတူပွား မှားယွင်းမှုတွေအတွက် စစ်ဆေးပြီး အမှားတွေကို ပြင်ဆင်တဲ့ အင်ဇိုင်းတစ်ခုပါ။ ဒါက RNA ဗိုင်းရပ်တွေထက် ပိုနှေးတဲ့ ဗီဇပြောင်းနှုန်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အများကြီး ပိုတည်ငြိမ်စေတယ်။ ဒါ ဖြုံလောက်စရာ ထင်ရပေမဲ့ နှေးတဲ့ ဗီဇပြောင်းနှုန်းဟာ ၎င်းတို့ကို ဖျက်သိမ်းတဲ့အခါ တကယ့်ကို အလားအလာရှိတဲ့ လက္ခဏာတစ်ခုပါ။ ကူးစက်မှုတစ်ခုနောက်မှာ ကိုယ်ခံအား စနစ် တွေက နောက်တစ်ခါ ကူးစက်တယ်ဆိုရင် ပိုးမွားတွေကို မှတ်မိနိုင်ပြီး ပိုလျင်မြန်စွာ ဖျက်ဆီးပစ်နိုင်တော့ ဖျားနာတာ မဖြစ်စေဘူး။ ဒါပေမဲ့ ဗီဇပြောင်းမှုတွေက ဗိုင်းရပ်စ် တစ်ခုကို ကိုယ်ခံအားစနစ်တွေကို မှတ်မိတာ နည်းအောင်လုပ်တာကြောင့် တိုက်ထုတ်ဖို့ ပိုခက်ခဲစေတယ်။ ၎င်တို့က ဗိုင်းရပ်စ် ဆန့်ကျင်ဆေးတွေနဲ့ ကာကွယ်ဆေးတွေကို အာနိသင် နည်းစေသေးတယ်။ အကြောင်းက ၎င်းတို့ဟာ ဗိုင်းရပ်စ်တစ်ခုနဲ့ အထူးကို အံဝင်ခွကျနေလို့ပါ။ ဒါကြောင့် နှစ်စဉ် တုတ်ကွေး ကာကွယ်ဆေးသစ်တစ်ခု လိုတာပါ။ တုတ်ကွေး ဗိုင်းရပ်စ်ဟာ ဗီဇပြောင်းတာ မြန် လွန်းတော့ ဗီဇသစ်တွေ ချက်ချင်း ပေါ်တယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပိုနှေးတဲ့ ဗီဇပြောင်းနှုန်းက ကိုယ်ခံအား စနစ်တွေ၊ ဆေးဝါးတွေနဲ့ ကာကွယ်ဆေးတွေဟာ ကူးစက်ပြီးနောက် အတော်ကြာကြာ ဒါတွေကို မှတ်မိနိုင်စွမ်းရှိလောက်တာကြောင့် ကျွန်ုပ်တို့ကို ပိုကောင်းကောင်း ကာကွယ်ပေးတာပါ။ ဒါပေမဲ့ ခန္ဓာကိုယ်တွေက ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ ဆက်ခံနိုင်လဲ မသိဘူး။ ကိုရိုနာဗိုင်းရပ်စ်တစ်ခုအတွက် အတည်ပြုထား တဲ့ ကုသမှု(သို့) ကာကွယ်ဆေး မရှိခဲ့ဖူးဘူး။ အအေးမိတာ ဖြစ်စေတာတွေကို ကုသရေးမှာ အာရုံ မစိုက်ခဲ့ကြဘူး။ သိပ္ပံပညာရှင်တွေဟာ SARS နဲ့ MERS အတွက် ကုသမှုတွေကို စတင် တီတွင်ကြပေမဲ့ ဒီကပ်ရာဂါတွေက ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု တွေ မပြီးဆုံးခင် အဆုံးသတ်သွားတယ်။ အခြား တိရစ္ဆာန်တွေ နေထိုင်ရာတွေမှာ ဆက်လက်ချင်းနင်း ဝင်ရောက်စဉ် သိပ္ပံပညာတချို့ ပြောတာက လူတွေပေါ်ကို ကို ရိုနာဗိုင်းရပ်စ်သစ်ခုန်ကူးတာ ရှောင်မရပေမဲ့ ဒီမသိမှုတွေကို ကျုပ်တို့ စုံစမ်းစစ်ဆေးမှုက ဘယ်လိုမှ အန္တရာယ်ရှိမှာ မဟုတ်ဘူးတဲ့။