တကယ်တမ်း ကာတွန်းဆိုတာ ဘာလဲ။ အများက ကာတွန်းတွေကို ကြိုက်တယ်။ အများစုက ဒါတွေဖတ်ရင်း၊ (သို့) ဖတ်ခိုင်းရင်း ကြီးပြင်းလာခဲ့တာပါ။ အမှန်ကတော့ ကာတွန်းတွေရှိနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကာတွန်း အမျိုးအစားပေါင်းစုံရှိတယ်။ ပင်တိုင်ရုပ်ပြ ဇာတ်လမ်းတို၊ ရုပ်ပြ စာအုပ်တွေ၊ နိုင်ငံရေး ကာတွန်းတွေ၊ တစ်ကွက် ကာတွန်းတွေ၊ ဂရပ်ဖစ် ဝတ္ထုတွေ၊ ဝက်ဘ် ဟာသတွေ၊ အန်နီမေးရှင်း၊ ရုပ်ပြောင်တွေ၊ လူတိုင်းအတွက်တော့ တစ်ခုခုရှိနေတယ်။ ဘယ်ပုံစံနဲ့ပဲ လာလာ ကာတွန်းတွေဟာ ကြည့်ရှသူတွေဆီက ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသ၊ မြူးတူးမှုနဲ့ အေးချမ်းမှုစတဲ့ စိတ်ခံစားမှု မျိုးစုံကို အစ်ထုတ်ပေးပြီး တစ်ခဏအတွင်း စိတ်ကူးတွေကို ထုတ်လွှင့်ပေးနိုင်တယ်။ ကာတွန်းတွေဟာ ကမ္ဘာအဝှမ်း နယ်နိမိတ်တွေကို ဖြတ်ကာ နှစ်သက်၊ နားလည်ကြတဲ့ လူတိုင်း သိတဲ့ ဆက်သွယ်ရေး အရာတစ်ခုပါ။ ဒါကြောင့် အနုပညာ ပုံစံတစ်ခုအဖြစ် ရှည်ကြာစွာ တည်တံ့ခဲ့တာပါ။ ဒါပေမဲ့ အပြင်ပန်းက ရိုးစင်းလွန်းတဲ့ ဆက်သွက်ရေး အရာဟာ ဘယ်လိုလုပ်ပြီး ဒီလောက်ကို ဩဇာရှိကာ တစ်ခါတရံ အဓိပ္ပာယ်ရှိရတာလဲ။ ကာတွန်းဆိုတာ ဘာလဲဆိုတာ ကြည့်လိုက်ရအောင်။ ဒါက စိတ်ကူးတစ်ခုနဲ့ စတင်တယ်။ စိတ်ကူးက နှုတ်ပြောစကား၊ အရေး စကားလုံးတွေ (သို့) အမြင်ပိုင်းရုပ်ပုံ ဖြစ်နိုင်တယ်။ အမြင်ပိုင်းစိတ်ကူးတစ်ခုဟာ ပုံတစ်ပုံ ကားချပ်တစ်ချပ်၊ လျှောက်ခြစ်တာ ဖြစ်နိုင်တယ်။ ဒီစိတ်ကူးတွေက နေရာမျိုးစုံကနေ လာတာပါ။ ကာတွန်းသမားတွေဟာ ဘဝကို ရှုမြင်ရင်း၊ သတင်စာတစ်စောင် ဖတ်ရင်း၊ အွန်လိုင်းမှာ ပိုက်စိတ်တိုင်ရင်းကနေ စိတ်ကူးရနိုင်တယ်။ တစ်ယောက်ယောက် ပြောတာကနေ (သို့) ရုပ်သံမှာ ကြားတဲ့ စကားတစ်လုံးတည်းကနေ လာနိုင်တယ်။ ကာတွန်းသမားတွေဟာ ရေမြုပ်တွေလိုပဲ လူတွေ၊ နေရာတွေ၊ ဟန်အမူအရာတွေ၊ အဝတ်တွေ၊ အပြုအမူတွေကို စုပ်ယူတယ်။ တစ်ခါတစ်ရံ ဒါတွေကို သူတို့နဲ့အတူ ဆောင်ထားတဲ့ စာအုပ်နက်ကလေးတစ်အုပ်မှာ တို့မှတ်ထားလောက်တယ်။ အခြားအချိန်တွေမှာတော့ ကာတွန်းသမားရဲ့ ဦးနှောက်ထဲမှာ စုပ်ယူပြီး နောက်ပိုင်း ပုံဆွဲစားပွဲမှာထိုင်တဲ့ အခါမှသာ ညှစ်ထုတ်တယ်။ ကာတွန်းသမားတစ်ယောက်ဟာ စက္ခုပိုင်းအရ မြင်နေရတာကို သတိပြုမိဖို့တင်မက ကိုယ့်ဘာသာ တွေးတာကိုပါ နားထောင်ဖို့ လိုပါတယ်။ တစ်နည်းဆိုရရင် ဝင်လာတဲ့ သတင်း အချက်အလက်တွေကို ယူပြီး ရွေးချယ်၊ ပုံဖော်ကာ နောက်တော့ ကာတွန်းမှာ သုံးတာပါ။ အခု သင့်မှာ စိတ်ကူးတစ်ခု (သို့) ကာတွန်းအတွက် ကောင်းနိုင်တယ်လို့ ထင်တာ တစ်ခုရှိရင် ဒါကို ပုံဖော်ဖို့ အချိန်ပါ။ ကာတွန်းတစ်ခုဟာ စင်တင်ပြဇာတ်လိုပါ။ ကာတွန်းသမာက ဇာတ်ညွန်းရေးသူ၊ ဒါရိုက်တာ၊ စင်ကို ပုံဖော်သူ၊ ကကွက်ဖန်တီးသူနဲ့ အဝတ်အစား ဖန်တီးသူပါ။ ကာတွန်းတစ်ခုမှာ ဇာတ်ကောင် အခင်းအကျင်း၊ စကားပြော၊ တစ်ကြောင်းဆိုရင်တောင် နောက်ခံဇာတ်ကြောင်းပါတယ်။ ဇာတ်ကောင်တွေကို စိတ်ကူးနဲ့ လိုက်အောင် ဆင်ရမယ်၊၊ သဘာဝကျပြီး စိတ်ကူးကို ဦးတည်တဲ့ နည်းနဲ့ စကားပြောရမယ်၊ (သို့) အရွှန်းဖောက်ရမယ်ပေါ့။ စိတ်ကူး တိုးမြှင့်ရေးအတွက် လုံးဝမလိုအပ်တာ ကာတွန်း တစ်ခုထဲမှာ မရှိသင့်ပါဘူး။ ပုံရိပ်နဲ့ စကားလုံးတွေဟာ အဓိပ္ပာယ်ရှိတဲ့ နည်းလမ်းတစ်ခုမှာ တွဲကဖို့ လိုတယ်။ ဒါဟာ ဟာသ(သို့) စိတ်ကူးရဲ့ အပိုင်းဆိုရင် တင့်တယ်တဲ့ အကတစ်ကွက် (သို့) ခွကျတဲ့ ကကွက်တစ်ကွက် ဖြစ်နိုင်တယ်။ ဒီနောက်မှာ အကောင်အတည်ဖော်မှုပါ။ တချို့ကာတွန်းသမားတွေက စိတ်ကူးကို ခဲတံနဲ့ ပုံကြမ်းရေးကာ အလင်းမီးအိမ်သုံးပြီး ကလောင်နဲ့ မင်ထည့်တယ်။ အခြားသူတွေက ပုံရိပ်ကို ခေါင်းထဲမှာ မြင်ယောင်ပြီး ကလောင်နဲ့ စာရွက်ပေါ်မှာ တိုက်ရိုက် ရေးဆွဲတယ်။ ကလောင်မျိုးစုံကို အသုံးပြုပါတယ်။ ကလောင် အပြား၊ စက်သုံးကလောင် (သို့) ငန်းတောင် ကလောင်ပါ။ စာရွက်က ပါးပါး(သို့) ထူထူထဲထဲဖြစ်နိုင်တယ်။ ကာတွန်းသမားများစွာဟာ ရေဆေးအနက်နဲ့ စုတ်တံကို သုံးပြီး wash လို့ခေါ်တဲ့ မီးခိုးရောင် ထည့်တယ်။ အခြားသူတွေကတော့ အရောင်အတွက် ခဲတံ ဖျေ​ော့ဖျော့ သုံးတယ်။ ထုံးစံအရ အရောင်ကို ရေဆေးသုံးပြီး ဖန်တီးတာပါ။ ပြီးသွားတဲ့ ကာတွန်းတစ်ခုကို စကင်ဖတ် အရောင်ညှိကာ စာသားကို Photoshop နဲ့ ကွန်ပြူတာမှာ ထည့်နိုင်တယ်။ နည်းပညာသစ်တွေဟာ ကာတွန်းသမားရဲ့ ကာတွန်းဖန်တီးဖို့အတွက် ပေါ်လာနေတယ်။ အရောင်နဲ့ ပုံရိပ်အတွက် Photoshop က အသုံးဝင်နိုင်တယ်။ တချို့က ကညစ်နဲ့ တက်ဘလက်မှာ တိုက်ရိုက် ရေးဆွဲနိုင်တယ်။ ဒီဖန်တီးတဲ့ အဆင့်က ရွေးချယ်မှုတွေက စိတ်ကူးနဲ့ အတိုင်အဖောက်ညီညီ လုပ်ကာ မကြာခဏတော့ နောက်ဆုံးစာသား ထည့်ပြီးရင် ထပ်ပြီး ချိန်ညှိရပါတယ်။ ဒါပေမဲ့ အခွင့်အလမ်းက မရှိသလောက်ပါ။ ဖြစ်လောက်တာ တချို့ ရေးဆေးက လွဲရင်ပေါ့။ ဒီအစိတ်အပိုင်းအားလုံးဟာ တစ်ခုနဲ့တစ်ခု ပူးပေါင်း လုပ်ဆောင်တယ်။ ကာတွန်းဖန်တီးဖို့ အတူတူ လုပ်ဆောင်တဲ့ စကားလုံးတွေ၊ စိတ်ကူးတွေနဲ့ ပုံရိပ်တွေရဲ့ အကတစ်ခုလို နီးပါးပါ။ ထာဝရ ဒဏ်ခံနိုင်တဲ့ အနုပညာလက်ရာတစ်ခုပါ။