ပုစ္ဆာတစ်ချို့ ဖြေရှင်းကြည့်ရအောင် 1/3 နဲ့ a နဲ့ ပေါင်းတဲ့အခါ 5/3 ရမယ်ဆိုရင် ဒီညီမျှခြင်းမှန်ကန်စေမယ့် a ကဘာဖြစ်မလဲ 1/3 + a လို့ပေးထားရင် အဖြေက 5/3 နဲ့ညီမျှဖို့ a ရဲ့တန်ဖိုးက ဘယ်လောက်ဖြစ်ရမလဲ ဒီပုစ္ဆာကိုဖြေရှင်းဖို့ နည်းလမ်းအများကြီးရှိတယ် ပြီးတော့ ကောင်းတဲ့အချက်က ဘယ်နည်းလမ်းက အမှန်ပါရယ်လို့ မရှိဘူး ဒါပေမယ့် အရိုးရှင်းဆုံးဖြစ်မယ်ထင်တဲ့ နည်းလမ်းကိုတွေးကြည့်မယ် ကျွန်တော် မဖြေရှင်းပြရသေးခင် videoကို ရပ်ထားပြီး အရင်ဆုံး သင်ကိုယ်တိုင်ဖြေရှင်းကြည့်ပါ a ကို ညီမျှခြင်းရဲ့ တစ်ဘက်ခြမ်းမှာ သီးသန့်ထားလို့ရမရ စမ်းကြည့်မယ် ဘယ်ဘက်ခြမ်းမှာ ရှိနေတဲ့အတွက် ဒီအတိုင်းဆက်ထားပြီး 1/3ကို တစ်နည်းနည်းနဲ့ဖယ်ထုတ်မယ် အလွယ်ဆုံးကတော့ 1/3ကို ညီမျှခြင်းရဲ့ဘယ်ဘက်ခြမ်းကနေ နှုတ်လိုက်မယ် ဒါပေမယ့် ညီမျှခြင်းရဲ့ဘယ်ဘက်ခြမ်းကနေ ဒီအတိုင်းနှုတ်လိုက်လို့ မရဘူး 1/3 + a = 5/3 ဆိုရင် အကယ်၍ ဘယ်ဘက်ခြမ်းကနေ 1/3ကို နှုတ်လိုက်တဲ့အခါ ညီမျှခြင်းပျက်စီးသွားလိမ့်မယ် ဒီဘက်ခြမ်းက 1/3 လျော့သွားပေမယ့် ဒီဘက်ခြမ်းက မပြောင်းလဲဘူး ဒီလိုဆိုရင်ဘယ်ဘက်ခြမ်းက 5/3 ထက်နည်းသွားမယ် ဒီတော့ ညီမျှခြင်းဆက်တည်မြဲဖို့ ဘယ်ဘက်ခြမ်းကို ဘာပဲပြင်ပြင် ညာဘက်ခြမ်းကိုပါ လိုက်ပြင်ပေးရမယ် အဲဒါကြောင့် 1/3ကိုနှစ်ဘက်စလုံးကနေ နှုတ်မယ် ဒါဆို ဘယ်ဘက်ခြမ်းမှာ 1/3 - 1/3 ဖြစ်မယ် အဓိက ရည်ရွယ်ချက်က 1/3 ကိုဖယ်ထုတ်ဖို့ အတွက်ပါ a = 5/3 - 1/3 ဆိုပြီးရလာပြီ 5/3 - 1/3 -1/3 ဒါဆိုဘာရလာမလဲ ဆက်ပြီးတော့ 5/3 ထဲက 1/3ကိုနှုတ်ပါမယ် ဒီအခါမှာ 4/3 ကျန်နေမယ် ဒါကြောင့် a = 4/3 လို့ရလာပြီ မှန်မမှန် စမ်းစစ်ကြည့်လို့ရတယ် 1/3 + 4/3 က သေချာပေါက် 5/3 နဲ့ ညီမျှတယ် နောက်တစ်ပုဒ်ထပ်ဖြေရှင်းကြည့်ရအောင် ဆိုပါစို့ K - 8 က 11.8 နဲ့ညီမျှတယ် ထပ်ပြီး K တန်ဖိုး ရှာပေးရမယ် ညီမျှခြင်းဘယ်ဘက်ခြမ်းမှာ K ပဲထားမယ် ဒီ8ကို ဒီအတိုင်း မနှုတ်ချင်ဘူး ဒါဆိုရင် ဒီ 8 ကိုဖယ်ထုတ်ဖို့ ဘယ်ဘက်ခြမ်းမှာ 8ပေါင်းထည့်မယ် ဒီတော့ ဘယ်ဘက်မှာ လုပ်သလို ညာဘက်မှာလည်းသေချာပေါက် 8ပေါင်းရမှာပေါ့ နှစ်ဘက်လုံးကို 8 ပေါင်းလိုက်မယ် ဘယ်ဘက်ခြမ်းက -8 မှာ 8 ပေါင်းလိုက်တဲ့အခါ ကျေသွားမယ် K ပဲကျန်ခဲ့မယ် ညာဘက်မှာတော့ 11.8 + 8 11 + 8 က 19 ဆိုတော့ 19.8 ဖြစ်မယ် ဖြေရှင်းလို့ပြီးပြီ တစ်ခါထပ်ပြီး ညီမျှခြင်းတွေကို အဖြေမှန်မမှန် ပြန်စစ်လို့ရတယ် 19.8 - 8 က 11.8 ဖြစ်တယ် နောက်တစ်ပုဒ်ထပ်သွားကြမယ် ပျော်စရာကောင်းပါတယ် ကဲ ဆိုပါစို့ 5/13 = t - 6/13 စိတ်ဝင်စားစရာပဲ ဒီတစ်ခါ ကိန်းရှင်က ညာဘက်မှာရှိနေပေမယ့် ဒီအတိုင်းပဲထားမယ် ညာဘက်မှာရှိသမျှအားလုံးကို ဖယ်ခြင်းအားဖြင့် t တန်ဖိုးရှာလို့ရမရ ကြည့်ကြမယ် အရှေ့မှာလုပ်ခဲ့တဲ့အတိုင်းပဲ 6/13 ကိုဖယ်ချင်ရင် အဲဒါကို ပေါင်းထည့်လိုက်ရုံပေါ့ 6/13ကို ပေါင်းထည့်မယ် ညာဘက်ခြမ်းကိုပဲပြင်လို့မရဘူး ဘာလို့ဆို နှစ်ဘက်က ညီမှာမဟုတ်တော့ဘူး ဒါဆို ညီမျှခြင်းမပျက်ဆီးအောင် ဘယ်ဘက်