ပုစ္ဆာတစ်ချို့ ဖြေရှင်းကြည့်ရအောင် 1/3 နဲ့ a နဲ့ ပေါင်းတဲ့အခါ 5/3 ရမယ်ဆိုရင် ဒီညီမျှခြင်းမှန်ကန်စေမယ့် a ကဘာဖြစ်မလဲ 1/3 အပေါင်း a လို့ပေးထားရင် အဖြေက 5/3 နဲ့ညီမျှဖို့ a ရဲ့တန်ဖိုးက ဘယ်လောက်ဖြစ်ရမလဲ ဒီပုစ္ဆာကိုဖြေရှင်းဖို့ နည်းလမ်းအများကြီးရှိတယ် ပြီးတော့ ကောင်းတဲ့အချက်က ဘယ်နည်းလမ်းက အမှန်ပါရယ်လို့ မရှိဘူး ဒါပေမယ့် အရိုးရှင်းဆုံးဖြစ်မယ်ထင်တဲ့ နည်းလမ်းကိုတွေးကြည့်မယ် ကျွန်တော် မဖြေရှင်းပြရသေးခင် videoကို ရပ်ထားပြီး အရင်ဆုံး သင်ကိုယ်တိုင်ဖြေရှင်းကြည့်ပါ