ပုစ္ဆာတစ်ချို့ ဖြေရှင်းကြည့်ရအောင် 1/3 နဲ့ a နဲ့ ပေါင်းတဲ့အခါ 5/3 ရမယ်ဆိုရင် ဒီညီမျှခြင်းမှန်ကန်စေမယ့် a ကဘာဖြစ်မလဲ 1/3 + a လို့ပေးထားရင် အဖြေက 5/3 နဲ့ညီမျှဖို့ a ရဲ့တန်ဖိုးက ဘယ်လောက်ဖြစ်ရမလဲ ဒီပုစ္ဆာကိုဖြေရှင်းဖို့ နည်းလမ်းအများကြီးရှိတယ် ပြီးတော့ ကောင်းတဲ့အချက်က ဘယ်နည်းလမ်းက အမှန်ပါရယ်လို့ မရှိဘူး ဒါပေမယ့် အရိုးရှင်းဆုံးဖြစ်မယ်ထင်တဲ့ နည်းလမ်းကိုတွေးကြည့်မယ် ကျွန်တော် မဖြေရှင်းပြရသေးခင် videoကို ရပ်ထားပြီး အရင်ဆုံး သင်ကိုယ်တိုင်ဖြေရှင်းကြည့်ပါ a ကို ညီမျှခြင်းရဲ့ တစ်ဘက်ခြမ်းမှာ သီးသန့်ထားလို့ရမရ စမ်းကြည့်မယ် ဘယ်ဘက်ခြမ်းမှာ ရှိနေတဲ့အတွက် ဒီအတိုင်းဆက်ထားပြီး 1/3ကို တစ်နည်းနည်းနဲ့ဖယ်ထုတ်မယ် အလွယ်ဆုံးကတော့ 1/3ကို ညီမျှခြင်းရဲ့ဘယ်ဘက်ခြမ်းကနေ နှုတ်လိုက်မယ် ဒါပေမယ့် ညီမျှခြင်းရဲ့ဘယ်ဘက်ခြမ်းကနေ ဒီအတိုင်းနှုတ်လိုက်လို့ မရဘူး 1/3 + a = 5/3 ဆိုရင် အကယ်၍ ဘယ်ဘက်ခြမ်းကနေ 1/3ကို နှုတ်လိုက်တဲ့အခါ ညီမျှခြင်းပျက်စီးသွားလိမ့်မယ်