ပုစ္ဆာတစ်ချို့
ဖြေရှင်းကြည့်ရအောင်
1/3 နဲ့ a နဲ့ ပေါင်းတဲ့အခါ
5/3 ရမယ်ဆိုရင်
ဒီညီမျှခြင်းမှန်ကန်စေမယ့် a ကဘာဖြစ်မလဲ
1/3 + a လို့ပေးထားရင်
အဖြေက 5/3 နဲ့ညီမျှဖို့
a ရဲ့တန်ဖိုးက ဘယ်လောက်ဖြစ်ရမလဲ
ဒီပုစ္ဆာကိုဖြေရှင်းဖို့
နည်းလမ်းအများကြီးရှိတယ်
ပြီးတော့ ကောင်းတဲ့အချက်က
ဘယ်နည်းလမ်းက အမှန်ပါရယ်လို့ မရှိဘူး
ဒါပေမယ့် အရိုးရှင်းဆုံးဖြစ်မယ်ထင်တဲ့
နည်းလမ်းကိုတွေးကြည့်မယ်
ကျွန်တော် မဖြေရှင်းပြရသေးခင်
videoကို ရပ်ထားပြီး
အရင်ဆုံး သင်ကိုယ်တိုင်ဖြေရှင်းကြည့်ပါ
a ကို ညီမျှခြင်းရဲ့ တစ်ဘက်ခြမ်းမှာ
သီးသန့်ထားလို့ရမရ စမ်းကြည့်မယ်
ဘယ်ဘက်ခြမ်းမှာ ရှိနေတဲ့အတွက်
ဒီအတိုင်းဆက်ထားပြီး
1/3ကို တစ်နည်းနည်းနဲ့ဖယ်ထုတ်မယ်
အလွယ်ဆုံးကတော့
1/3ကို ညီမျှခြင်းရဲ့ဘယ်ဘက်ခြမ်းကနေ
နှုတ်လိုက်မယ်
ဒါပေမယ့် ညီမျှခြင်းရဲ့ဘယ်ဘက်ခြမ်းကနေ
ဒီအတိုင်းနှုတ်လိုက်လို့ မရဘူး
1/3 + a = 5/3 ဆိုရင်
အကယ်၍ ဘယ်ဘက်ခြမ်းကနေ
1/3ကို နှုတ်လိုက်တဲ့အခါ
ညီမျှခြင်းပျက်စီးသွားလိမ့်မယ်
ဒီဘက်ခြမ်းက 1/3 လျော့သွားပေမယ့်
ဒီဘက်ခြမ်းက မပြောင်းလဲဘူး
ဒီလိုဆိုရင်ဘယ်ဘက်ခြမ်းက
5/3 ထက်နည်းသွားမယ်
ဒီတော့ ညီမျှခြင်းဆက်တည်မြဲဖို့
ဘယ်ဘက်ခြမ်းကို ဘာပဲပြင်ပြင်
ညာဘက်ခြမ်းကိုပါ လိုက်ပြင်ပေးရမယ်
အဲဒါကြောင့် 1/3ကိုနှစ်ဘက်စလုံးကနေ နှုတ်မယ်
ဒါဆို ဘယ်ဘက်ခြမ်းမှာ
1/3 - 1/3 ဖြစ်မယ်