၁၆ ရာစု အလယ်ပိုင်းတွင် အီတလီနိုင်ငံမှာ အမျိုးသားအဆိုတော်ရဲ့ အသံတမျိုးဟာ သိပ်ကို ခေတ်စားခဲ့တယ်။ သက်ကြီးတွေ ဘယ်လိုမှ ဆိုမရနိုင်တဲ့ အသံမျိုးကို သူတို့ဟာ အံ့ဩလောက်ရအောင်ကို ဆိုနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီဆုလာဘ်အတွက် ပေးဆပ်ရတဲ့ တန်ဖိုးဟာ ကြီးမားခဲ့ပါတယ်။ သူတို့ရဲ့ အဲဒီလို အသံ ပျောက်ကွယ် မသွားအောင် အဲဒီ အဆိုတော်တွေကို အပျိုဖော်မဝင်မီတွင် သင်းကွပ်ပေးခဲ့ကြရတယ်။ သူတို့ရဲ့အသံတွေ ပိုနက်ရှိုင်းလာစေမယ့် ဟော်မုန်း ဖြစ်စဉ်ကို ရပ်တန့်ပစ်ဖို့ပါ။ castrati လို့ အခေါ်ခံခဲ့ကြရသူတို့ရဲ့ နံဝင် ချိုဘွယ် အသံဟာ ဥရောပမှာ နာမည်ကြီးခဲ့ပါတယ်။ အဲဒီအသံကို ဖန်တီးပေးခဲ့တဲ့ ကြမ်းကြုတ်တဲ့ အစဉ်အလာကို တားမြစ်ခဲ့တဲ့ ၁၈၀၀ အထိပါပဲ။ အဲဒီအံ့ဖွယ် အသံရဲ့ စွမ်းအားဟာ မယုံကြည် နိုင်ဖွယ် အသံစဉ်ကို ထုတ်ပေးနိုင်ခဲ့ပေမဲ့ သဘာဝအလျောက် ဖွံ့ဖြိုးလာတဲ့ အသံတွေဟာလည်း အံ့ဖွယ်အသံမျိုးစုံကို ထုတ်လုပ်ပေးနိုင်တယ်။ ကျုပ်တို့ အသက်ကြီးလာတာနဲ့ အသံကို ပြောင်းလဲ စေတဲ့ အပြောင်းအလဲ ခန္ဓာကိုယ်ထဲ ဖြစ်လာတယ်။ ဒီတော့ ကျုပ်တို့ရဲ့ အသံအိုးအလုပ်လုပ်ပုံနဲ့ အသံပြောင်းလဲလာရတာ ဘာကြောင့်များလဲ။ စကားပြောသံ တစ်ခုထွက်ပေါ်လာဖို့ ခန္ဓာ ကိုယ်ထဲက အပိုင်းအမျိုးမျိုး ပါဝင်ရပါတယ်။ ဒါပေမဲ့ အများဆုံး ပြောင်းလဲလာစေတာက အသက်၊ ကျုပ်တို့ရဲ့ အသံကြိုးများရဲ့ အခြေအနေနဲ့ ကျုပ်တို့ အသံအိုးများရဲ့ အရွယ်အစားပါ။ အသံအိုးဟာ ကြွက်သားမျာနဲ့ အရိုးနုတွေ ပါဝင်ပြီး အသံကြိုးများကို အားပေးလှုပ်ခါစေတဲ့ စနစ်ပါ၊ တကယ်တော့ ပိုတိကျတဲ့ အမည်က အသံအခေါက်များပါ။ thyroid နဲ့ arytenoid အရိုးနုတွေအကြား ဆန့်ဆွဲထားတဲ့ အဲဒီကြွက်သား နှစ်ခုဟာ လေပြွန်ကို ဖွင့်ပိတ် နိုင်တဲ့ ပျော့ပြောင်းတဲ့ ကန့်လန်ကာမျိုးပါ။ လေကို လည်ချောင်းမှတဆင့် သယ်ပေးတဲ့ ပြွန်ပါ။ ကျုပ်တို့ အသက်ရှူနေစဉ် အခေါက်တွေဟာ ဘေးမှာ ရှိနေကြလျက်၊ ကျုပ်တို့ စပြောတော့တာနဲ့ ပိတ်ချလာပါတယ်။ ကျုပ်တို့ရဲ့ အဆုတ်ဟာ ပိတ်ထားတဲ့ အခေါက် တွေကို ကျော်ပြီး လေကို ထိုးတင်ပေးတယ်၊ ၎င်းတို့ဟာ ပွင့်လာကြပြီး အမျှင်များကို လှုပ်ရှားစေရင်း အသံကို ထုတ်လုပ်ပေးတယ်။ တူရိယာ တစ်ခုခု တီးမှုတ်ရာမှာ လိုအပ်သလို အထူးအာရုံစိုက်ရန် မလိုအပ်ဘဲ ကျုပ်တို့ဟာ အသံစဉ်တွေကို ပြောနေရင်း လိုအပ်သလို ပြောင်းလဲနိုင်ကြတယ်။ လေကို မြန်ဆန်စွာ ဒါမှမဟုတ် နှေးကွေးစွာ ထုတ်ပေးလျက် အဲဒီတုန်ခါမှုတွေရဲ့ ကြိမ်နှုန်နဲ့ အားကို ပြောင်းလဲပေးနိုင်ကြပါတယ်။ အဲဒါက ကျုပ်တို့အသံရဲ့ ကျယ်အားနဲ့ အနိမ့်အမြင့်ကို ညှိပေးတာပါ။ လျင်မြန်စွာ မသိမသာ လှုပ်ခါမှုတွေက မကျယ်တဲ့ အသံမြင့်တွေကို ဖန်တီးပေးတယ်။ နှေးပြီး ကြီးမားတဲ့ တုန်ခါမှုတွေကျတော့ နက်ရှိုင်းပြီး နိမ့်တဲ့ အသံကို ဖြစ်စေတယ်။ နောက်ဆုံးအနေနဲ့၊ အရိုးနုတွေအကြားရှိ အသံအိုး ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ပြောင်းလဲပေးလျက် ခုနက အခေါက်တွေကို ကျုံ့ခြင်းဆန့်ခြင်းဖြင့် ကျုပ်တို့ရဲ့ အတွင်းပိုင်း အသံဆိုင်ရာ တူရီယာကို စိတ်တိုင်းကျ ကစားနိုင်ပါတယ်။ ကျုပ်တို့ ပြောလိုက်ကြတဲ့ ပထမဦးဆုံး စကား လုံးနဲ့ နောက်ဆုံး ကစားလုံး ဒီအတိုင်းပါပဲ။ ဒါပေမဲ့ အသက်ကြီးလာရင် ကျုပ်တို့ရဲ့ အသံအိုးလည်း ကြီးရင့်လာတယ်။ အပျိုဖော်ဝင်ချိန်မှာ ပထမဦးဆုံး အဓိက အကျဆုံး ပြောင်းလဲမှုစတင်တယ်၊ သင့်ရဲ့ စကားပြောသံဟာ နက်ရှိုင်းလာတယ်။ သင့်အသံအိုးက ပိုကြီးထွားလာလျက် အသံ အခေါက်တွေကို ဆန့်ပေးရင်း ၎င်းတို့ လှုပ်ခါရန် ခန်းမကို တိုးဖွင့်ပေးတယ်။ အဲဒီ ပိုရှည်လာကြတဲ့ အခေါက်များရဲ့ တုန်ခါမှုဟာ နှေးလာကာ ပိုကျယ်လာတယ်။ အဲဒါကြောင့် အခြေခံသံစဉ်ဟာ နိမ့်လာရတယ်။ ယောက်ျားလေး အများအပြားအတွက် အဲဒီကြီးထွားမှုဟာ အံ့ဖွယ်ဖြစ်နိုင်ပြီး၊ testosterone အဆင့်မြင့်လွန်းလို့ အသံဟာ အစပိုင်းတွင် အက်သံ ပါလာတတ်တယ်၊ အဲဒီနောက်မှာ နက်ဝင်လာကာ အသံအမျိုးမျိုး ပြောင်းလဲရင်း အာဒံရဲ့ပန်းသီးများ လို့ခေါ်တဲ့ အသံအိုးရဲ့ တုန်ခါသံများ ကြားရနိုင်တယ်။ အပျိုဖော်ဝင်စဉ် အသံဆိုင်ရာ နောက် အပြောင်းအလဲ တစ်ခုက တသားတည်းရှိတဲ့ တစ်ရှူးက အခေါက်တွေ လာပြီး ဖုံးအုပ်ချိန်မှာပါ၊ ကွဲပြားစွာ အလုပ်လုပ်ကြတဲ့ အလွှာသုံးလွှာ အထူး ပေါ်လာစေပါတယ်၊ ဗဟိုကြွက်သား၊ ဆွဲဆန့်ထားကာ ပျော့တဲ့အမျှင်များဖြင့် ရစ်ပတ်နေတဲ့ မာနေတဲ့ collagen အလွှာ၊ ပြီးတော့ အပြင်တွင် ချွဲအမြှေးပါးလွှာတွေပါ။ အဲဒီ အလွှာတွေက အသံထဲကို နက်ရှိုင်းမှုနဲ့ ပင်ကိုထူးခြားချက်ကို ထည့်ပေးကြတယ်။ ပျိုဖေါ်မဝင်မီတုန်းက အသံစဉ်တွေနဲ့ ကွဲပြားတဲ့ အသံစဉ်တွေကို ဖြစ်ပေါ်လာစေပါတယ်။ ပျိုဖော်ဝင်ပြီးနောက်မှာ လူအများစုရဲ့အသံဟာ နှစ် ၅၀ ကြာတဲ့အထိ မပြောင်းသလောက်ပါပဲ။ ကျုပ်တို့ဟာ မတူတဲ့ အသံတွေ ကိုယ်စီ သုံးနေကြပေမဲ့၊ နောက်ဆုံးမှာတော့ အသံအိုး ကြီးရင့်လာမှုနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေကို ခံစားလာကြရတယ်၊ အဲဒါကို presbyphonia လို့ ခေါ်ပါတယ်။ ပထမဦးဆုံးအချက်က ကျုပ်တို့ရဲ့ အခေါက်ထဲက ကော်လာဂျင်ဟာ မာလာပါတယ်၊ ပြီးတော့ ဝန်းရံနေကြတဲ့ အမျှင်တွေ မာကျော ယိုယွင်းလာကြတယ်။ ပျော့ပြောင်းမှု နည်းလာခြင်းက သက်ကြီး အသံသို့ ပြောင်းလာစေပါတယ်။ သွေးဆုံးမှုရဲ့ ဟော်မုန်း သက်ရောက်မှုကို ဖြတ်ကျော်ခဲ့ကြရတဲ့ အမျိုးသမီးများဆိုရင် မြင့်တဲ့ အသံကို အသံအခေါက်များ မျိုချခံရခြင်းကြောင့် ပြောင်းပြန်တွေ့ရတယ်။ အခေါက်များရဲ့ ထုထယ် တိုးလာမှုက တုန်ခါမှု ကို နှေးစေလျက် အသံကို နက်ရှိုင်းလာစေတယ်။ အဲဒီလို အသက်ကြီးမှု လက္ခဏာတွေ ပိုရှုပ်ထွေးလာကြပြီး ကျန်းမားတဲ့ အသံအိုး အာရုံစွန်းတွေ နည်းလာကြတာမို့လို့ ကြွက်သားကို တိကျစွာ ထိန်းချုပ်မှု နည်းလာကာ အသက်ရှူသံ (သို) မာတဲ့အသံကို ပေါ်လာစေပါတယ်။ နောက်ဆုံးမှာတော့ သင်ရဲ့ အသံကို ပြောင်းလဲ စေနိုင်ကြတဲ့ ခန္ဓာဗေဒဆိုင်ရာ အချက်တွေ သိပ်မများကြပါဘူး။ ဒါပေမဲ့ ကိုယ်က ကောင်းမွန်စွာ ဂရုစိုက်နေထိုင်ပါက၊ သင်ရဲ့ အသံကို ထုတ်လုပ်ပေးတဲ့ အသံအိုးဟာ အသေအချာ စီမံထားတဲ့ တူရိယာပါ၊ သီချင်းကြီးတွေကို၊ စိတ်ဝင်စားစရာ ဟောကြားချက်ကို သာမက အစွမ်းထက်တဲ့ မိန့်ခွန်းတွေကို ချွေနိုင်မှာပါ။