WEBVTT 00:00:07.104 --> 00:00:08.482 ၁၆ ရာစု အလယ်ပိုင်းတွင် 00:00:08.482 --> 00:00:11.884 အီတလီနိုင်ငံမှာ အမျိုးသားအဆိုတော်ရဲ့ အသံတမျိုးဟာ သိပ်ကို ခေတ်စားခဲ့တယ်။ 00:00:11.884 --> 00:00:14.136 သက်ကြီးတွေ ဘယ်လိုမှ ဆိုမရနိုင်တဲ့ အသံမျိုးကို 00:00:14.136 --> 00:00:16.942 သူတို့ဟာ အံ့ဩလောက်ရအောင်ကို ဆိုနိုင်ခဲ့ကြတယ်။ 00:00:16.942 --> 00:00:19.961 ဒါပေမဲ့ အဲဒီဆုလာဘ်အတွက် ပေးဆပ်ရတဲ့ တန်ဖိုးဟာ ကြီးမားခဲ့ပါတယ်။ 00:00:19.961 --> 00:00:22.045 သူတို့ရဲ့ အဲဒီလို အသံ ပျောက်ကွယ် မသွားအောင် 00:00:22.045 --> 00:00:25.097 အဲဒီ အဆိုတော်တွေကို အပျိုဖော်မဝင်မီတွင် သင်းကွပ်ပေးခဲ့ကြရတယ်။ 00:00:25.097 --> 00:00:28.830 သူတို့ရဲ့အသံတွေ ပိုနက်ရှိုင်းလာစေမယ့် ဟော်မုန်း ဖြစ်စဉ်ကို ရပ်တန့်ပစ်ဖို့ပါ။ 00:00:28.830 --> 00:00:33.791 castrati လို့ အခေါ်ခံခဲ့ကြရသူတို့ရဲ့ နံဝင် ချိုဘွယ် အသံဟာ ဥရောပမှာ နာမည်ကြီးခဲ့ပါတယ်။ 00:00:33.791 --> 00:00:39.283 အဲဒီအသံကို ဖန်တီးပေးခဲ့တဲ့ ကြမ်းကြုတ်တဲ့ အစဉ်အလာကို တားမြစ်ခဲ့တဲ့ ၁၈၀၀ အထိပါပဲ။ 00:00:39.283 --> 00:00:43.483 အဲဒီအံ့ဖွယ် အသံရဲ့ စွမ်းအားဟာ မယုံကြည် နိုင်ဖွယ် အသံစဉ်ကို ထုတ်ပေးနိုင်ခဲ့ပေမဲ့ 00:00:43.483 --> 00:00:48.347 သဘာဝအလျောက် ဖွံ့ဖြိုးလာတဲ့ အသံတွေဟာလည်း အံ့ဖွယ်အသံမျိုးစုံကို ထုတ်လုပ်ပေးနိုင်တယ်။ 00:00:48.347 --> 00:00:54.734 ကျုပ်တို့ အသက်ကြီးလာတာနဲ့ အသံကို ပြောင်းလဲ စေတဲ့ အပြောင်းအလဲ ခန္ဓာကိုယ်ထဲ ဖြစ်လာတယ်။ 00:00:54.734 --> 00:01:00.529 ဒီတော့ ကျုပ်တို့ရဲ့ အသံအိုးအလုပ်လုပ်ပုံနဲ့ အသံပြောင်းလဲလာရတာ ဘာကြောင့်များလဲ။ 00:01:00.529 --> 00:01:05.586 စကားပြောသံ တစ်ခုထွက်ပေါ်လာဖို့ ခန္ဓာ ကိုယ်ထဲက အပိုင်းအမျိုးမျိုး ပါဝင်ရပါတယ်။ 00:01:05.586 --> 00:01:09.631 ဒါပေမဲ့ အများဆုံး ပြောင်းလဲလာစေတာက အသက်၊ ကျုပ်တို့ရဲ့ အသံကြိုးများရဲ့ အခြေအနေနဲ့ 00:01:09.631 --> 00:01:12.227 ကျုပ်တို့ အသံအိုးများရဲ့ အရွယ်အစားပါ။ 00:01:12.227 --> 00:01:16.237 အသံအိုးဟာ ကြွက်သားမျာနဲ့ အရိုးနုတွေ ပါဝင်ပြီး 00:01:16.237 --> 00:01:18.865 အသံကြိုးများကို အားပေးလှုပ်ခါစေတဲ့ စနစ်ပါ၊ 00:01:18.865 --> 00:01:22.814 တကယ်တော့ ပိုတိကျတဲ့ အမည်က အသံအခေါက်များပါ။ 00:01:22.814 --> 00:01:25.857 thyroid နဲ့ arytenoid အရိုးနုတွေအကြား ဆန့်ဆွဲထားတဲ့ 00:01:25.857 --> 00:01:31.636 အဲဒီကြွက်သား နှစ်ခုဟာ လေပြွန်ကို ဖွင့်ပိတ် နိုင်တဲ့ ပျော့ပြောင်းတဲ့ ကန့်လန်ကာမျိုးပါ။ 00:01:31.636 --> 00:01:34.225 လေကို လည်ချောင်းမှတဆင့် သယ်ပေးတဲ့ ပြွန်ပါ။ 00:01:34.225 --> 00:01:36.804 ကျုပ်တို့ အသက်ရှူနေစဉ် အခေါက်တွေဟာ ဘေးမှာ ရှိနေကြလျက်၊ 00:01:36.804 --> 00:01:38.706 ကျုပ်တို့ စပြောတော့တာနဲ့ ပိတ်ချလာပါတယ်။ 00:01:38.706 --> 00:01:42.497 ကျုပ်တို့ရဲ့ အဆုတ်ဟာ ပိတ်ထားတဲ့ အခေါက် တွေကို ကျော်ပြီး လေကို ထိုးတင်ပေးတယ်၊ 00:01:42.507 --> 00:01:46.481 ၎င်းတို့ဟာ ပွင့်လာကြပြီး အမျှင်များကို လှုပ်ရှားစေရင်း အသံကို ထုတ်လုပ်ပေးတယ်။ 00:01:46.481 --> 00:01:50.279 တူရိယာ တစ်ခုခု တီးမှုတ်ရာမှာ လိုအပ်သလို အထူးအာရုံစိုက်ရန် မလိုအပ်ဘဲ 00:01:50.279 --> 00:01:53.471 ကျုပ်တို့ဟာ အသံစဉ်တွေကို ပြောနေရင်း လိုအပ်သလို ပြောင်းလဲနိုင်ကြတယ်။ 00:01:53.471 --> 00:01:55.810 လေကို မြန်ဆန်စွာ ဒါမှမဟုတ် နှေးကွေးစွာ ထုတ်ပေးလျက် 00:01:55.810 --> 00:01:58.919 အဲဒီတုန်ခါမှုတွေရဲ့ ကြိမ်နှုန်နဲ့ အားကို ပြောင်းလဲပေးနိုင်ကြပါတယ်။ 00:01:58.919 --> 00:02:03.070 အဲဒါက ကျုပ်တို့အသံရဲ့ ကျယ်အားနဲ့ အနိမ့်အမြင့်ကို ညှိပေးတာပါ။ 00:02:03.070 --> 00:02:07.605 လျင်မြန်စွာ မသိမသာ လှုပ်ခါမှုတွေက မကျယ်တဲ့ အသံမြင့်တွေကို ဖန်တီးပေးတယ်။ 00:02:07.605 --> 00:02:12.743 နှေးပြီး ကြီးမားတဲ့ တုန်ခါမှုတွေကျတော့ နက်ရှိုင်းပြီး နိမ့်တဲ့ အသံကို ဖြစ်စေတယ်။ 00:02:12.743 --> 00:02:16.339 နောက်ဆုံးအနေနဲ့၊ အရိုးနုတွေအကြားရှိ အသံအိုး ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို 00:02:16.339 --> 00:02:19.104 ပြောင်းလဲပေးလျက် ခုနက အခေါက်တွေကို ကျုံ့ခြင်းဆန့်ခြင်းဖြင့် 00:02:19.104 --> 00:02:22.644 ကျုပ်တို့ရဲ့ အတွင်းပိုင်း အသံဆိုင်ရာ တူရီယာကို စိတ်တိုင်းကျ ကစားနိုင်ပါတယ်။ 00:02:22.644 --> 00:02:26.483 ကျုပ်တို့ ပြောလိုက်ကြတဲ့ ပထမဦးဆုံး စကား လုံးနဲ့ နောက်ဆုံး ကစားလုံး ဒီအတိုင်းပါပဲ။ 00:02:26.483 --> 00:02:29.616 ဒါပေမဲ့ အသက်ကြီးလာရင် ကျုပ်တို့ရဲ့ အသံအိုးလည်း ကြီးရင့်လာတယ်။ 00:02:29.616 --> 00:02:32.776 အပျိုဖော်ဝင်ချိန်မှာ ပထမဦးဆုံး အဓိက အကျဆုံး ပြောင်းလဲမှုစတင်တယ်၊ 00:02:32.776 --> 00:02:35.477 သင့်ရဲ့ စကားပြောသံဟာ နက်ရှိုင်းလာတယ်။ 00:02:35.477 --> 00:02:38.656 သင့်အသံအိုးက ပိုကြီးထွားလာလျက် 00:02:38.656 --> 00:02:43.556 အသံ အခေါက်တွေကို ဆန့်ပေးရင်း ၎င်းတို့ လှုပ်ခါရန် ခန်းမကို တိုးဖွင့်ပေးတယ်။ 00:02:43.556 --> 00:02:47.437 အဲဒီ ပိုရှည်လာကြတဲ့ အခေါက်များရဲ့ တုန်ခါမှုဟာ နှေးလာကာ ပိုကျယ်လာတယ်။ 00:02:47.437 --> 00:02:50.039 အဲဒါကြောင့် အခြေခံသံစဉ်ဟာ နိမ့်လာရတယ်။ 00:02:50.039 --> 00:02:53.307 ယောက်ျားလေး အများအပြားအတွက် အဲဒီကြီးထွားမှုဟာ အံ့ဖွယ်ဖြစ်နိုင်ပြီး၊ 00:02:53.307 --> 00:02:57.053 testosterone အဆင့်မြင့်လွန်းလို့ အသံဟာ အစပိုင်းတွင် အက်သံ ပါလာတတ်တယ်၊ 00:02:57.053 --> 00:03:00.167 အဲဒီနောက်မှာ နက်ဝင်လာကာ အသံအမျိုးမျိုး ပြောင်းလဲရင်း 00:03:00.167 --> 00:03:04.258 အာဒံရဲ့ပန်းသီးများ လို့ခေါ်တဲ့ အသံအိုးရဲ့ တုန်ခါသံများ ကြားရနိုင်တယ်။ 00:03:04.258 --> 00:03:06.793 အပျိုဖော်ဝင်စဉ် အသံဆိုင်ရာ နောက် အပြောင်းအလဲ တစ်ခုက 00:03:06.793 --> 00:03:09.714 တသားတည်းရှိတဲ့ တစ်ရှူးက အခေါက်တွေ လာပြီး ဖုံးအုပ်ချိန်မှာပါ၊ 00:03:09.714 --> 00:03:13.625 ကွဲပြားစွာ အလုပ်လုပ်ကြတဲ့ အလွှာသုံးလွှာ အထူး ပေါ်လာစေပါတယ်၊ 00:03:13.625 --> 00:03:15.121 ဗဟိုကြွက်သား၊ 00:03:15.121 --> 00:03:19.713 ဆွဲဆန့်ထားကာ ပျော့တဲ့အမျှင်များဖြင့် ရစ်ပတ်နေတဲ့ မာနေတဲ့ collagen အလွှာ၊ 00:03:19.713 --> 00:03:22.223 ပြီးတော့ အပြင်တွင် ချွဲအမြှေးပါးလွှာတွေပါ။ 00:03:22.223 --> 00:03:25.924 အဲဒီ အလွှာတွေက အသံထဲကို နက်ရှိုင်းမှုနဲ့ ပင်ကိုထူးခြားချက်ကို ထည့်ပေးကြတယ်။ 00:03:25.924 --> 00:03:30.763 ပျိုဖေါ်မဝင်မီတုန်းက အသံစဉ်တွေနဲ့ ကွဲပြားတဲ့ အသံစဉ်တွေကို ဖြစ်ပေါ်လာစေပါတယ်။ 00:03:30.763 --> 00:03:35.587 ပျိုဖော်ဝင်ပြီးနောက်မှာ လူအများစုရဲ့အသံဟာ နှစ် ၅၀ ကြာတဲ့အထိ 00:03:35.587 --> 00:03:37.253 မပြောင်းသလောက်ပါပဲ။ 00:03:37.253 --> 00:03:39.633 ကျုပ်တို့ဟာ မတူတဲ့ အသံတွေ ကိုယ်စီ သုံးနေကြပေမဲ့၊ 00:03:39.633 --> 00:03:44.130 နောက်ဆုံးမှာတော့ အသံအိုး ကြီးရင့်လာမှုနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတွေကို ခံစားလာကြရတယ်၊ 00:03:44.130 --> 00:03:45.928 အဲဒါကို presbyphonia လို့ ခေါ်ပါတယ်။ 00:03:45.928 --> 00:03:48.997 ပထမဦးဆုံးအချက်က ကျုပ်တို့ရဲ့ အခေါက်ထဲက ကော်လာဂျင်ဟာ မာလာပါတယ်၊ 00:03:48.997 --> 00:03:52.717 ပြီးတော့ ဝန်းရံနေကြတဲ့ အမျှင်တွေ မာကျော ယိုယွင်းလာကြတယ်။ 00:03:52.717 --> 00:03:57.299 ပျော့ပြောင်းမှု နည်းလာခြင်းက သက်ကြီး အသံသို့ ပြောင်းလာစေပါတယ်။ 00:03:57.299 --> 00:04:01.220 သွေးဆုံးမှုရဲ့ ဟော်မုန်း သက်ရောက်မှုကို ဖြတ်ကျော်ခဲ့ကြရတဲ့ အမျိုးသမီးများဆိုရင် 00:04:01.220 --> 00:04:06.634 မြင့်တဲ့ အသံကို အသံအခေါက်များ မျိုချခံရခြင်းကြောင့် ပြောင်းပြန်တွေ့ရတယ်။ 00:04:06.634 --> 00:04:13.324 အခေါက်များရဲ့ ထုထယ် တိုးလာမှုက တုန်ခါမှု ကို နှေးစေလျက် အသံကို နက်ရှိုင်းလာစေတယ်။ 00:04:13.324 --> 00:04:15.707 အဲဒီလို အသက်ကြီးမှု လက္ခဏာတွေ ပိုရှုပ်ထွေးလာကြပြီး 00:04:15.707 --> 00:04:18.735 ကျန်းမားတဲ့ အသံအိုး အာရုံစွန်းတွေ နည်းလာကြတာမို့လို့ 00:04:18.735 --> 00:04:23.996 ကြွက်သားကို တိကျစွာ ထိန်းချုပ်မှု နည်းလာကာ အသက်ရှူသံ (သို) မာတဲ့အသံကို ပေါ်လာစေပါတယ်။ 00:04:23.996 --> 00:04:28.186 နောက်ဆုံးမှာတော့ သင်ရဲ့ အသံကို ပြောင်းလဲ စေနိုင်ကြတဲ့ ခန္ဓာဗေဒဆိုင်ရာ 00:04:28.186 --> 00:04:29.482 အချက်တွေ သိပ်မများကြပါဘူး။ 00:04:29.482 --> 00:04:31.791 ဒါပေမဲ့ ကိုယ်က ကောင်းမွန်စွာ ဂရုစိုက်နေထိုင်ပါက၊ 00:04:31.791 --> 00:04:35.036 သင်ရဲ့ အသံကို ထုတ်လုပ်ပေးတဲ့ အသံအိုးဟာ အသေအချာ စီမံထားတဲ့ တူရိယာပါ၊ 00:04:35.036 --> 00:04:36.389 သီချင်းကြီးတွေကို၊ 00:04:36.389 --> 00:04:38.091 စိတ်ဝင်စားစရာ ဟောကြားချက်ကို သာမက 00:04:38.091 --> 00:04:40.276 အစွမ်းထက်တဲ့ မိန့်ခွန်းတွေကို ချွေနိုင်မှာပါ။