Mark Miskin- ဒါက rotifer ပါ။
ဆံပင်လောက် ဗျစ်ရှိတဲ့ မိုက်ခရိုအကောင်ပါ။
သူတို့ဟာ ကမ္ဘာပေါ် နေရာတိုင်းမှာ၊ ရေငံ၊
ရေချိုနေရာတိုင်းမှာ နေနိုင်ကြပြီး
ဒီအကောင်လေးဟာ စားစရာကို ရှာဖွေနေတယ်။
ကျွန်တော် အဲဒါကို ပထမဆုံးအကြိမ်
မြင်ခဲ့တာကို မှတ်မိနေသေးတယ်၊
ကျွန်တော် ရှစ်နှစ်လောက်ရှိခဲ့ပြီး ကျွန်
တော့် အရမ်း အံ့အားသင့်သွားတယ်။
လုံးဝကို မယုံနိုင်အောင် သေးတဲ့ အကောင်ပါ၊
လိုရင် အမဲလိုက်တယ်၊ ရေကူးနိုင်တယ်၊
သူ့ဘဝနဲ့ သူနေထိုင်နေတယ်၊
ဒါပေမဲ့ သူ့လောကကြီး တစ်ခုလုံးဟာ
ရေကန်ထဲက ရေတစ်စက်မျှပါ။
Paul McEuen- ဒီ rotifer လေးဟာ ကျုပ်တို့ကို
တကယ့်ကို အံ့အားသင့်စရာကို ပြသနေတယ်။
သူက ပြောပြနေတာက
ကျုပ်တို့ဟာ စက်တစ်ခုကို
မျိုးစုံလုပ်ကိုင်နိုင်ပြီး ရှုပ်ထွေးကာ
စမတ်ကျတဲ့အပြင်
သေးငယ်အောင် ထုပ်ပိုးထားလို့
မြင်ဖို့တောင် မလွယ်တဲ့ စက်ကလေးပါ။
ကျွန်တော်လို အင်ဂျင်နီယာဟာ
ဒီအကောင်ကြောင့် ဘာပြောရမှန်း မသိဘူး။
ဒါမျိုးကို တစ်ယောက်ယောက်
ဖန်တီးပေးနိုင်မလား။
အံ့အားသင့်မှုရဲ့ နောက်ကွယ်မှာ
မနာလိုစိတ်လိုဟာမျိုး ခံစားမိပါတယ်။
သဘာဝမိခင်ဟာ ဒါမျိုးကို လုပ်နိုင်တယ်၊
ကျုပ်တို့က ဘာဖြစ်လို့ မလုပ်နိုင်ကြတာလဲ။
ကျုပ်တို့ဟာ သေးနုပ်တဲ့ စက်ရုပ်တွေကို
ဘာဖြစ်လို့ မတည်ဆောက်နိုင်ကြတာလဲ။
ဒီလို စတ်ကူး ပေါ်လာတာ
ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။
တကယ်တော့၊ ကမ္ဘာ့တဝမ်းမှ သုတေသီတို့က
သေးလွန်းလို့ မြင်ဖို့တောင် မလွယ်အောင်ကို
သေးနုပ်တဲ့
စက်ရုပ်တွေကို ကြိုးပမ်းနေကြတာ
နှစ်အနည်းငယ်လောက် ရှိပါပြီ။
ဒီနေ့ ကျုပ်တို့ ခင်ဗျားတို့ကို
ပြောပြချင်တာက
Cornell University မှာ
ပြီးတော့ အခုဆိုရင်
University of Pennsylvania မှာ
သေးနုပ်တဲ့ စက်ရုပ်တွေကို တည်ဆောက်ဖို့
အားထုတ်နေကြပါတယ်။
ဒီတော့ ကျုပ်တို့ရဲ့ ပန်းတိုင်က အဲဒီလိုပါ။
အဲဒါကို ကျုပ်တို့ ဘယ်လို လုပ်ကိုင်နေကြလဲ။
ကျုပ်တို့ဟာ သေးနုပ်တဲ့
စက်ရုပ်တွေကို ဘယ်လိုများ ဖန်တီးကြမလဲ။
ဒီနေရာမှာPablo Picasso က
ပထမဦးဆုံး သဲလွန်စာကို ပေးထားပါတယ်။
Picasso မိန့်ကြားခဲ့ဘူးတာက -
["ကောင်းတဲ့ အနုပညာရှင်တွေဟာ ပုံတူကူးကြတယ်၊
မဟာအနုပညာရှင်တွေကျတော့ ခိုးယူကြတယ်။"]
(ရယ်မောသံများ)
"ကောင်းတဲ့ အနုပညာရှင်တွေဟာ ပုံတူကူးကြတယ်၊
မဟာအနုပညာရှင်တွေကျတော့ ခိုးယူကြတယ်။"
(ရယ်မောသံများ)
အိုကေ။ ဘယ်သူ့ဆီက ခိုးယူရမှာလဲ။
ခင်ဗျားတို့ ယုံချင်ယုံ၊
မယုံချင် မယုံကြပါနဲ့၊
သေးနုပ်တဲ့ စက်ရုပ်ကို ဖန်တီးဖို့ လိုတဲ့
နည်းပညာ အားလုံး ဒီနေ့ ရှိနေကြပါပြီ။
ဆီမီးကွန်ဒတ်တာစက်မှုလုပ်ငန်းဟာ
တိုးတိုး တိုးတက်လာနေပြီး
ကိရိယာတွေကို ပိုပိုသေးအောင်
လုပ်နိုင်ကြလို့
သူတို့ဟာ ထရန်စစ္စတာ တစ်သန်းလောက်ကို
paramecium ဆဲလ်တစ်ခုတည်းလို
အရွယ်အစားထဲမှာကို
စုပေါင်း ထည့်ပေးနိုင်ကြပါပြီ။
အီလက်ထရွန်နစ်နဲ့ သာမကပါဘူး။
သူတို့ဟာ သေးနုပ်တဲ့ အာရုံခံကိရိယာတွေ၊
LED တွေ၊
မြင်မရအောင်ကို သေးနုပ်ကြတဲ့ ဆက်သွယ်ရေး
အထုပ်လေးတွေကို ဖန်တီးနိုင်ကြတယ်။
ကျုပ်တို့ လုပ်ချင်တာက အဲဒါမျိုးပါ။
ကျုပ်တို့ဟာ အဲဒီနည်းပညာကို
ခိုးယူလိုကြပါတယ်။
ဒီမှာ စက်ရုပ် တစ်ခုပါ။
(ရယ်မောသံများ)
စက်ရုပ်ထဲမှာ အပိုင်း
နှစ်ပိုင်းရှိတာ တွေ့နိုင်တယ်။
၎င်းဆီမှာ ဦးခေါင်းနဲ့
ခြေထောက်တွေ ရှိပါတယ်။
[အဲဒါတွေကို ခိုးယူပါ- Brains]
(ရယ်မောသံများ)
ဒါကို ကျုပ်တို့က
ခြေမဲ့ စက်ရုပ်လို့ ခေါ်ကြမယ်၊
ထူးဆန်းသလို ထင်စရာဖြစ်နိုင်တယ်၊
ဒါပေမဲ့ သူတို့ဟာ သိပ်ကို အားကျစရာတွေပါ။
တကယ်တော့၊ ခင်ဗျားတို့ အားလုံးလိုလိုဆီမှာ
လည်း ခြေမဲ့ စက်ရုပ် ရှိပါတယ်။
ခင်ဗျားတို့ရဲ့ စမတ်ဖုန်းတွေဟာ ကမ္ဘာပေါ်က
အအောင်မြင်ဆုံး ခြေမဲ့ စက်ရုပ်ပါပဲ။
၁၅ နှစ်အတွင်းမှာကို ၎င်းဟာ
တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်ခဲ့တယ်။
ဒီတော့ လုပ်မရနိုင်စရာ မရှိပါဘူး။
အဲဒါဟာ သေးငယ်လှပတဲ့ စက်ပါပဲ။
အဲဒါဟာ မယုံနိုင်အောင် ဉာဏ်ထက်တယ်၊
အဲဒီမှာ ဆက်သွယ်ရေး ကျွမ်းကျင်မှုတွေ
များပြားလှပါတယ်၊
အားလုံးကို ထုပ်ပိုးထားပုံက
ခင်ဗျားတို့ လက်ထဲမှာ ကိုင်ထားနိုင်ပါတယ်။
ကျုပ်တို့ကလည်း အဲဒါမျိုး
တစ်ခုခု တည်ဆောက်ချင်ကြတယ်၊
ဆဲလ်ရဲ့ အရွယ်အစားလို သေးချင်ပါတယ်၊
ခုနက paramecium ဆဲလ် ဆိုက်မျိုးပါ။
ဒီမှာ ကြည့်ကြပါ။
ဒါဟာ ကျုပ်တို့ရဲ့ ဆဲလ်ဆိုက် စမတ်ဖုန်းပါ။
ပုံစံအရလည်း စမတ်ဖုန်းနဲ့ ဆင်ချင်ပါတယ်။
ဒါပေမဲ့ အဆ ၁၀၀၀၀ ပိုသေးတယ်။
ကျုပ်တို့က အဲဒါကို OWIC လို့ ခေါ်ကြတယ်။
[Optical Wireless Integrated Circuits]
ဒါကို ကြော်ငြာနေတာလို့ မထင်ကြပါနဲ့ နော်။
(ရယ်မောသံများ)
ဒါပေမဲ့ ဒါဟာ သိပ်ကို တော်တဲ့ အရာပါ။
တကယ်တော့ ဒီ OWIC ထဲမှာ အစိတ်
အပိုင်းလေးတွေ ရှိကြပါတယ်။
ဒီ ထိပ်နားဆီမှာ
ခင်ဗျားတို့ ဝင်းလက်လျက် မြင်နေရတာက
ကိရိယာထဲက နေရောင်သုံး ဆဲလ်ပါ၊
ခလယ်မှာ ရှိတဲ့ သေးတဲ့ ပတ်လမ်းကြောင်းကို
၎င်းက နှိုးပေးတာပါ။
အဲဒီ ပတ်လမ်းကြောင်းက
သေးနုပတဲ့ LED ကို မောင်းနှင်ပေးနိုင်လို့
လင်းလိုက်မှိတ်လိုက် OWIC ကို
ခင်ဗျားတို့နဲ့ ဆက်သွယ်နိုင်မယ်။
ခင်ဗျားတို့ ဆဲလ်ဖုန်းနဲ့ မတူဘဲ
OWIC ဟာ အလင်းကိုသုံးပြီး ဆက်သွယ်တယ်၊
သေးငယ်တဲ့ ပိုးစုန်းကြူးနဲ့ တူပါတယ်။
အခု ပြောပြနေတဲ့ ဒီ OWIC တွေရဲ့
သဘောကျစရာ အချက်က
တစ်ချိန်မှာ တစ်ခုစီ လုပ်ပေးကြတာ မဟုတ်ဘဲ
အပိုင်းအစအားလုံးကို အတူတူ
ဂဟေဆော်လို့ ရပါတယ်။
အလုံးအရင်းနဲ့ တပြိုင်နက်တည်း
ထုတ်လုပ်နိုင်ကြတယ်။
ဥပမာ၊ ဒီလို OWIC တစ်သန်းလောက်ကို
လေးလက်မ ဝေဖာပေါ်တွင်
တပ်ဆင်ပေးနိုင်ကြတယ်။
ခင်ဗျားတို့ရဲ့ ဖုန်းထဲမှာ အက်ပ်
အမျိုးမျိုး ပါရှိသလိုပဲ၊
ကျုပ်တို့ဟာ OWIC
အမျိုးမျိုးကို လုပ်နိုင်ကြတယ်။
တစ်ခုက ဗို့အား တိုင်းပေးမယ် ဆိုပါစို့၊
တချို့က အပူချိန်ကို တိုင်းပေးကြမယ်၊
ဒါမှမဟုတ် အလင်းရောင်ကို မှိတ်ပြလျက်
ဒီမှာ ရှိနေတာ ခင်ဗျားကို အချက်ပေးနိုင်တယ်။
ဒီတော့ ဒီသေးနုပ်ကြတဲ့ ကိရိယာတွေ
သိပ်ကို အသုံးဝင်ကြပါတယ်။
ခင်ဗျားတို့ကို သူတို့အကြောင်း နည်းနည်လေး
အသေးစိတ် ပြောပြချင်တယ်။
ဒါပေမဲ့၊ အစပိုင်းတွင် ကျွန်တော်
တစ်ခုခုကို ပြောဖို့ လိုသေးတယ်။
ခင်ဗျားတို့ သိချင်မှသိမယ့် ပဲနိကြေးပြား
အကြောင်း နည်းနည်း ပြောပြပါ့မယ်။
ဒါဟာ နည်းနည်းလေး ပိုဟောင်းတဲ့ ပဲနိပါ။
၎င်းရဲ့ ကျောဘက်မှာ Lincoln အထိမ်းအမှတ်
ရဲ့ ပုံရှိပါတယ်။
ဒါပေမဲ့ ခင်ဗျားတို့ မသိနိုင်တဲ့ ပမထအရာက
အဲဒါကို ချဲ့ကြည့်မယ်ဆိုရင်၊
အဲဒါရဲ့ အလယ်ဗဟိုမှာ တွေ့မြင်ရမှာက
Abraham Lincoln ကိုယ်တိုင်ကိုပါ၊
Lincoln အထိမ်းအမှတ် ကိုယ်၌ထဲက
အတိုင်းပါပဲ။
ခင်ဗျားတို့ သေချာပေါက် မသိကြတာက၊
ရှေ့ဆက်ပြီး ချဲ့ကြည့်ဦးမယ်ဆိုရင်--
(ရယ်မောသံများ)
ခင်ဗျားတို့ဟာ Abe Lincoln ရဲ့
ရင်ဘတ်ပေါ်မှာ တကယ့် OWIC ကို မြင်ကြရမှာပါ။
(ရယ်မောသံများ)
တကယ့်တကယ် အံ့အားသင့်စရာ အချက်က
ခင်ဗျားတို့ ဘယ်လောက်ပဲ စူးစိုက်ကြည့်ကြည့်
အဲဒါကို ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ပါဘူး။
ဗလာမျက်စိနဲ့ ဘယ်လိုမှ မြင်မရနိုင်ဘူး။
ဒီ OWIC တွေက သိပ်ကို သေးနုပ်ကြပြီး
ကျုပ်တို့က တပြိုင်နက်တည်း များစွာကို
ထုတ်လုပ်ပေးနိုင်လို့
အဲဒီ OWIC တစ်ခုစီရဲ့ တန်ဖိုးဟာ
ပဲနိတောင် မရှိပါဘူး။
တကယ်တမ်းတွင် ဒီပြသမှုထဲက ဈေးအကြီးဆုံး
အရာက "OWIC" လို့
ရေးမှတ်ထားတဲ့ စတီကာလေးပါ။
(ရယ်မောသံများ)
အဲဒါက ရှစ်ဆင့်လောက် ကုန်ကျပါတယ်။
(ရယ်မောသံများ)
အခုတော့ ကျုပ်တို့ဟာ အကြောင်းအမျိုးမျိုး
ကြောင့် သိပ်ကို စိတ်လှုပ်ရှားနေကြပါတယ်။
ဥပမာ၊ ကျုပ်တို့ဟာ ၎င်းတို့ကို သေးနုပ်တဲ့
စမတ်တဲဂ်တွေလို သုံးနိုင်ကြတယ်၊
လက်ဗွေထက်တောင် ပိုပြီး
ဖေါ်ထုတ်ပေးနိုင်တဲ့ အရာပါ။
လက်တွေ့တွင် ၎င်းတို့ကို
အခြား ကုသရေးကိရိယာများထဲကို ထည့်ပေးလျက်
တခြား အချက်အလက်တွေကို ပြပေးနိုင်တယ်၊
အဲဒါတွေကို ဦးနှောက်ထဲတောင်
ထည့်ပေးပြီး နျူရွန်း တစ်ခုစီကို
နားထောင်ကြည့်ဖို့ စဉ်းစားနေကြတယ်။
ဒီ OWIC တွေထဲမှာ
လွဲမှားနေတာဆိုလို့ တစ်ခုပဲ ရှိပါတယ်၊
အဲဒါက စက်ရုပ် မဟုတ်ခြင်းပါပဲ။
အဲဒါဟာ ဦးခေါင်း သက်သက်ပါ။
(ရယ်မောသံများ)
ဒီတော့ စက်ရုပ်ရဲ့ တစ်ဝက်ဟာ ဘယ်လိုမှ
စက်ရုပ်မဖြစ်နိုင်တာကို ကျုပ်တို့
သဘောတူကြရမှားပါ။
ခြေထောက် မပါဘူးဆိုရင်၊ တကယ်တမ်းတွင်
ဘာမှ မရှိတဲ့ သဘောပါပဲ။
MM: အိုကေ၊ စက်ရုပ်ကို တည်ဆောက်ချင်ရင်
ခြေထောက်တွေလည်း လိုအပ်တယ်ပေါ့။
ဒီနေရာမှာ ရှိနှင့်ပြီးသား နည်းပညာတချို့ကို
ခိုးယူဖို့ မဖြစ်နိုင်တာ ရှင်းလာတယ်။
စက်ရုပ် သေးသေးအတွက် ခြေထောက် တပ်ပေး
ချင်ရင်၊ လှုပ်ပေးရမယ့် အပိုင်း လိုအပ်မယ်။
ပြီးတော့ တောင်းဆိုချက်တွေ အများကြီးကိုပါ
ဖြည့်ဆည်းပေးဖို့ လိုအပ်မယ်။
သူတို့ဟာ ဗို့အားနည်းရပါမယ်။
ပြီးတော့ ပါဝါနည်းနည်း သုံးဖို့ လိုအပ်မယ်။
ဒါပေမဲ့ အရေးကြီးဆုံးက သေးနုပ်ရန်ပါ။
ကိုယ်က ဆဲလ်အရွယ် စက်ရုပ် တည်ဆောင်ချင်ရင်
ဆဲလ်အရွယ် ခြေထောက်တွေလည်း လိုအပ်လိမ့်မည်။
ဒီနေ့တွင် အဲဒါ ဘယ်လို ဆောက်လုပ်ရမှန်း
ဘယ်သူမှ မသိပါဘူး။
တောင်းဆိုချက် အားလုံးနဲ့ ကိုက်ညီမယ့်
နည်းပညာမျိုး မရှိသေးပါဘူး။
ကျုပ်တို့ စက်ရုပ်အတွက်
ခြေထောက် လုပ်ပေးရန်
အသစ်အဆန်း တစ်ခုခု ပြုလုပ်ကြရမယ်။
ဒီတော့ ကျုပ်တို့ တည်ဆောက်ခဲ့ကြတာက
ဒီလိုဟာပါ။
ဒါက လှုပ်ရှားစေမယ့် ကိရိယာပါ၊
အခု ကျွန်တော် ဗို့အား ပေးကြည့်မယ်။
ဗို့အားပေးရင် လှုပ်ရှားစက်က
ကောက်ကွေးလျက် တုံ့ပြန်ပါတယ်။
ဒါ ကြည့်ရတာ သိပ်မထင်ရှားပေမဲ့၊
ကျုပ်တို့က စခရင်ပေါ်မှာ သွေးနီဆဲလ်ကို တင်
ပေးလိုက်ရင် အဲဒါဟာ ဒီလောက် ကြီးမှာပါ၊
မယုံနိုင်လောက်အောင်
သေးနုပ်တဲ့ ကွေးကောက်မှုပါ။
မယုံနိုင်အောင်ကို သေးကြပေမဲ့၊
ဒီကိရိယာဟာ ကောက်နိုင် ဖြောင့်နိုင်ပြီး
ကျိုးမှာကို ဘာမှ မစိုးရိမ်ရပါဘူး။
ဒါကို ကျုပ်တို့ ဘယ်လို လုပ်နိုင်ကြလဲ။
လှုပ်ရှားစက် ပလက်တီနံနဲ့ လုပ်ထားပြီး
အထူဟာ အက်တမ် အနည်းငယ်လေးတင်ပါ။
အဲဒီမှာ ဘာသွားတွေ့လဲ ဆိုတော့၊
ပလက်တီနံကို ယူပြီး ရေထဲနှစ်လိုက်ကာ
ဗို့အားနဲ့ ဆက်ပေးလိုက်ပါက၊
ရေထဲက အက်တမ်တွေဟာ ပလက်တီနံရဲ့
မျက်နှာပြင်မှာ
သုံးလိုက်တဲ့ ဗို့အားကို လိုက်ပြီး
ကပ်လိုက် ခွာလိုက် လုပ်နေကြမှာပါ။
ဒါက စွမ်းအားကို ဖန်တီးပေးနိုင်လို့
ကျုပ်တို့ ဗို့အားနဲ့ ထိန်းချုပ်နိုင်မယ့်
လှုပ်ရှားမှုကို ရနိုင်တယ်။
ဒီထဲမှာ အရေးကြီးဆုံးက
အားလုံး လွန်စွာမှ ပါးလွှားဖို့ပါပဲ။
အဲဒီလိုဆိုရင် ကျုပ်တို့ရဲ့ လှုပ်ရှားစက်ဟာ
သေးနုပ်တဲ့ အရာတွေကို
ကွေးပေးပေမဲ့၊ မကျိုးပျက်စေဘဲ
ပြောခဲ့သလို အက်တမ်ရဲ့ ကပ်မှု
သို့မဟုတ် ခွာမှုမှ ရမယ့်
စွမ်းအားကို အသုံးနိုင်မှာပါ။
ဒါကို ကျုပ်တို့ဟာ တစ်ခုချင်းစီ
ပြုလုပ်ဖို့ မလိုအပ်ပါဘူး၊
အထက်က OWIC တွေလိုပဲ၊
ကျုပ်တို့ဟာ အလုံးအရင်းနဲ့ တပြိုင်နက်တည်း
ထုတ်လုပ်နိုင်တယ်။
ဒီမှာ လှုပ်ရှားစက် နှစ်ထောင်လောက် ရှိပြီး
ကျွန်တော်ဘက်မှ ဗို့အားကို
ထည့်ပေးလိုက်တာနဲ့
၎င်းတို့အားလုံးဟာ လှုပ်ယမ်းကြမယ်၊
အနာဂတ် စက်ရုပ်ရဲ့ ခြေထောက်နဲ့
သိပ်ကို တူတာ မြင်နိုင်ကြပါတယ်။
(ရယ်မောသံများ)
ဒီတော့ ကျုပ်တို့ဆီမှာ အခုတော့
ဦးနှောက်ရော၊ ခွန်အားပါ ရှိလာပါပြီ။
ပြီးတော့ စမတ်တွေနဲ့ လှုပ်ရှား
စက်တွေလည်း ရှိနေပါပြီ။
OWIC တွေဟာ ဦးနှောက်တွေပါ။
သူတို့ဟာ အာရုံခံကိရိယာတွေ၊ ပါဝါ ထုတ်လုပ်
ပေးမယ့် စက်တွေ၊
အလင်းကို သုံးပြီး အသွားအပြန် ဆက်သွယ်ရေး
စနစ်လည်း ဖြစ်နိုင်ကြပါတယ်။
ပလက်တီနံ အချပ်က ကြွက်သားတွေပါ။
စက်ရုပ်ကို လှုပ်ရှား လည်ပတ်စေမှာပါ။
အဲဒီအစိတ်အပိုင်း နှစ်ခုကို
ယူပြီး ပေါင်းပေးလိုက်ကာ
ကျုပ်တို့ရဲ့ သေးနုပ်တဲ့ စက်ရုပ်ကို
တည်ဆောက်နိုင်ပြီ။
ဦးစွာ ကျုပ်တို့ တည်ဆောက်ချင်တာက
ရိုးရှင်းမယ့် အရာတစ်ခုပါ။
ဒီစက်ရုပ်က သုံးစွဲသူရဲ့ ထိန်းချုပ်မှုဖြင့်
လမ်းလျှောက်နိုင်တယ်။
ခလယ်မှာ နေရောင်ဆဲလ်တချို့နဲ့
ဝိုင်ယာတွေ တပ်ထားပါတယ်။
အဲဒါ OWIC ပါပဲ။
၎င်းတို့ကို ပလက်တီနံ အလွှာပါတဲ့
ခြေထောက်နဲ့ ချိတ်ဆက်ပေးထားပြီး
ဒီမှာ ထိပ်ပေါ် တင်ထားတဲ့ ချပ်ပြားတွေက
ခြေထောက်တွေကို ဘယ်လို ကွေးရမယ်၊
ဘယ်လိုပုံစံ ဖြစ်ရမယ် ပြောပေးပါတယ်။
စိတ်ကူးက နေရောင်သုံး ဆဲလ်အမျိုးမျိုးကို
လေဆာရောင်ချည်နဲ့ ပစ်ပေးရင်း
ကိုယ် လှုပ်ရှားစေချင်တဲ့
ခြေထောက်ကို ရွေးနိုင်ပြီး
စက်ရုပ်ကို လမ်းလျှောက်စေမှာပါ။
ဒါတွေကိုလည်း ကျုပ်တို့ဟာ
တစ်ခုချင်းစီ ထုတ်လုပ်တာ မဟုတ်ပါဘူး။
တပြိုင်နက်တည်း
အလုံးအရင်းနဲ့ ထုတ်လုပ်ကြတာပါ။
လေးလက်မဝေဖာပေါ်တွင် စက်ရုပ်
တစ်သန်းလောက်ကို တည်ဆောက်နိုင်ကြတယ်။
ဥပမာအဖြစ်၊ ဘယ်ဘက် ပုံဟာ
ချီပ် တစ်ခုပါ၊
ပြီးတော့ အဲဒီချီပ်ထဲတွင်
စက်ရုပ် ၁၀၀၀၀ ခန့် ရှိပါတယ်။
အဲဒါဟာ ကျုပ်တို့ရဲ့
မာခရိုကမ္ဘာကြီးထဲမှာ ကျတော့၊
ဒါဟာ မိုက်ခရိုပရိုဆက်ဆာ ဒါမှမဟုတ်
အဲဒါမျိုး တစ်ခုခုနဲ့ တူသလိုပါပဲ။
ဒါပေမဲ့ အဲဒီချီပ်ကို ယူပြီး အဏုကြည့်
ကိရိယာနဲ့ ကြည့်ကြည့်ပါက၊
ကျုပ်တို့ဟာ ထောင်သောင်းချီ ရှိကြတဲ့
စက်ရုပ် အသေးလေးတွေကို မြင်ကြရမှာပါ။
လောလောဆယ်မှာ၊ အဲဒီ စက်ရုပ်တွေဟာ
ပြားချပ်နေကြတယ်။
ကျုပ်တို့က ဆောက်လုပ်ပေးခဲ့တဲ့ မျက်နှာပြင်
ပေါ်မှာ ကပ်နေကြတုန်းပါပဲ။
သူတို့ လမ်းလျှောက်နိုင်ဖို့အတွက်
လွှတ်ပေးဖို့ လိုပါတယ်။
ကျုပ်တို့ ခင်ဗျားတို့ကို စက်ရုပ် စစ်တပ်ကို
စေလွှတ်ပုံ ပြပေးချင်တာပါ၊
ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ်ထဲမှာ သိပ်ကို
အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေ ပါကြတယ်၊
တကယ့်ကို ကြောက်မက်စရာဟာတွေပါ၊
အဲတော့ ကျုပ်တို့ဟာ အိမ်ဖြူတော်မှ အနည်းဆုံး
တစ်မိုင်လောက် ဝေးဖို့ လိုတယ်။
အဟုတ်နော်။ သူတို့က
ခုလေးတင် ခွင့်ပြုပေးလိုက်တယ်။
ဒီတော့-
(ရယ်မောသံများ)
ကျုပ်တို့ဟာ အဲဒီအစား
ရုပ်ရှင်ကို ပြပေးမယ်။ (ရယ်မောသံများ)
အခု မြင်ကြရမှာကို စက်ရုပ်တွေကို
ဖြန့်ချပေးမယ့် နောက်ဆုံး အဆင့်ပါပဲ။
ကျုပ်တို့ စက်ရုပ်တွေရဲ့ အောက်မှာ ရှိနေတဲ့
အရာကို ဖယ်ရှားပစ်ဖို့ ဓာတု
ပစ္စည်းတွေကို သုံးနေကြတယ်။
အဲဒါ အရည်ပျော်သွားတာနဲ့ စက်ရုပ်တွေဟာ
နောက်ဆုံး ပုံသဏ္ဌာန်ကို ဆောင်လာကြမှာပါ။
အခု ခင်ဗျားတို့ မြင်နေရတာက
၉၀% လောက်ကို ရှိပါ့မယ်၊
ကျုပ်တို့ ဆောက်လုပ်ခဲ့ကြတဲ့ စက်ရုပ်
၁၀၀၀၀ ထဲက အားလုံးနီးပါးပါပဲ၊
လိုအပ်တဲ့ နေရာမှာ ချပေးလျက်
ထိန်းချုပ်နိုင်ကြမှာပါ။
စက်ရုပ်တွေကို ကောက်ယူပြီး
သူတို့အတွက် နေရာတွေ စီစဉ်ပေးနိုင်တယ်။
ဘယ်ဘက်က ရုပ်ရှင်ကို ကြည့်ရင်
စက်ရုပ်တချို့ကို ရေထဲမှာ တွေ့မြင်နိုင်တယ်။
ကျွန်တော်ဟာ ပစ်ပက် တစ်ခု ယူလာပြီး
၎င်းတို့ အားလုံးကို စုပ်ယူနိုင်တယ်။
နောက်မှာ စက်ရုပ်တွေကို ပစ်ပက်ထဲမှနေပြီး
ပြန်မှုတ်ထုတ်လိုက်ရင်၊
အနေတော်ပဲ။
တကယ်တော့၊ ဒီစက်ရုပ်တွေဟာ သေးလွန်းလို့
ခင်ဗျားတို့ ဝယ်နိုင်တဲ့
ဘယ်ဆေးထိုးအပ်ထဲကို မဆို
ဖြတ်သွားနိုင်အောင် သေးကြတယ်။
ဟုတ်တယ်၊ ခင်ဗျားတို့က
ကိုယ့်ကိုယ်ကို စက်ရုပ်တွေ အများကြီးကို
ထိုးပေးလို့ ရနိုင်တယ်။
(ရယ်မောသံများ)
သူတို့ဟာ အခုအထဲကို ရောက်နေကြပီ ထင်တယ်။
(ရယ်မောသံများ)
ညာဘက်မှာက ရေကန်ငယ်ထဲက
စက်ရုပ်ပါ။
ခင်ဗျားတို့ တစ်စက္ကန့်လောက် စောင့်ကြပါ။
အူးပ်!
ခင်ဗျားတို့ မြင်လိုက်လား။ ငါးမန်းကောင်
မဟုတ်ခဲ့ဘူး။ အဲဒါဟာ paramecium ပါ။
ဒီတော့ ဒီအရာတွေ နေထိုင်ရာ
ကမ္ဘာက အဲဒါမျိုးပါ။
ကောင်းပြီ၊ ဒါတွေဟာ ကောင်းမွန်တဲ့ အရာပါ၊
ဒါပေမဲ့ ဒီနေရာမှာ
ခင်ဗျားတို့ စဉ်းစားနိုင်ကြတာက
"သူတို့ဟာ လမ်းကော လျှောက်နိုင်ကြမလား?"
မသူတို့ အဲဒါကို လုပ်နိုင်စွမ်း ရှိကြရမယ်။
ပိုတောင် သာကြပါတယ်။ ကျွန်တော် ရှာကြည့်မယ်။
ဟောဒီမှာ စက်ရုပ်၊ ပြီးတော့ ဒီမှာက
အလယ်မှာ ရှိတဲ့ နေရောင်စု ဆဲလ်ပါ။
ဟိုမှာ မြင်ကြရတဲ့ စတုဂံပုံလေးတွေပါ။
ဆလိုက်ရဲ့ ထိပ်နားကပ်နေတဲ့
နေရောင်စု ဆဲလ်ကို ကြည့်နေကြပါ။
ဟိုမှာမြင်ရတဲ့ အဖြူရောင် အစက်ကလေးလေ?
အဲဒါက လေဆာ နေရာပါ။
အဲဒီ လေဆာကို ခလုတ်နှိပ်ပေးကြတာနဲ့
စက်ရုပ်တွေပေါ်က နေရောင်စု ဆဲလ်တွေ
ဘယ်လို ဖြစ်လာကြမှာကို စောင့်ကြည့်နေကြပါ။
ကဲ၊ သူတို့ စပြီးသွားကြပြီ!
(လက်ခုပ်သံများ)
တွေ့ကြတယ် နော်!
(လက်ခုပ်သံများ)
စက်ရုပ်ဟာ စတင်ပြီး လမ်းလျှောက်ရင်း
မိုက်ခရိုကမ္ဘာကို လည်ပတ်တော့မယ်။
ဒီရုပ်ရှင်ထဲမှာ သိပ်ကို
မှတ်သားစရာ ကောင်းတာက-
ဒီရုပ်ရှင်ထဲက စက်ရုပ်တွေကို
ထိန်းချုပ်လှုပ်ရှားစေနေတာက ကျွန်တော်ပါပဲ။
တကယ်ပြောရရင်၊ လွန်ခဲ့တဲ့ ခြောက်လလုံး သေး
နုပ်ကြတဲ့ စက်ရုပ်တွေ လေဆာနဲ့ ပစ်နေခဲ့တာပါ။
သူတို့ကို လှုပ်ရှားလည်ပတ်စေဖို့ အတွက်ပါ။
အဲဒါဟာ ကျွန်တော့ အလုပ်ဖြစ်ခဲ့တယ်။
အဲဒါဟာ ကမ္ဘာပေါ်က အနှစ်ခြိုက်ဆုံး
အလုပ်ပါပဲ။
(ရယ်မောသံများ)
ကျွန်တော်ဟာ အရမ်းကို
စိတ်လှုပ်ရှားမိခဲ့တယ်။
ဘယ်လိုမှ မဖြစ်နိုင်တဲ့
အရာကို လုပ်နိုင်သလိုပါပဲ။
အဲဒီခံစားရမှုဟာ ကျွန်တော် ငယ်ငယ်တုန်းက
rotifer ကို အဏုကြည့်စက်ထဲ
မြင်ခဲ့ရတုန်းက ခံစားမှုအတိုင်းပါပဲ။
အခုတော့ ကျွန်တော်ဟာ ဖခင်တစ်ယောက်ပါ၊
သုံးနှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။
တစ်နေ့ကျရင် သူဟာလည်း ကျွန်တော့လိုပဲ
အဏုကြည့်စက်ထဲ ကြည့်နိုင်ပါမယ်။
ကျွန်တော် မကြာခဏ တွေးမိတာက-
သူဟာ ဘာကိုများ မြင်ရမှာလဲ?
မိုက်ခရိုကမ္ဘာကြီးကို
စောင့်ကြည့်နေမယ့် အစား၊
ကျုပ်တို့ လူသားတွေဟာ ကမ္ဘာကြီးကို
ပြောင်းလဲနိုင်မယ့် နည်းပညာတွေ ရှိနေပါပြီ၊
လိုအပ်သလို တုံ့ပြန်နိုင်ကြပြီး
ပြုပြင်စီမံနိုင်ကြပါတယ်။
နှစ် ၃၀ အတွင်းမှာ၊ ကျွန်တော့သား ကြီးလာရင်
ကျုပ်တို့ ဘာတွေ ပြုလုပ်နိုင်ကြမလဲ။
မိုက်ခရိုစက်ရုပ်တွေဟာ ကျုပ်တို့ရဲ့
သွေးစီးကြောင်းထဲမှာ နေထိုင်နေကြမှာလား၊
သာမန် ဘက်တီးရီးယားတွေလိုလေ?
သူတို့ဟာ ကျုပ်တို့ သီးနှံတွေပေါ် နေထိုင်
ကြပြီး ဖျက်ကောင်တွေကို ပထုတ်ကြမှာလား?
ကျွန်ုပ်တို့ ကူးစက်ရောဂါရှိလာရင် ပြပေးလျက်
ကင်ဆာ ဆဲလ်တွေကို တစ်ခုစီ သတ်ပေးကြမှာလား?
PM: နောက်တစ်ခု အားရစရာက၊
ခင်ဗျားတို့ဟာ အဲဒီ တော်လှန်ရေးထဲမှာ
ပါဝင်နိုင်ကြမှာပါ။
နောက် ဆယ်နှစ်ခန့်လောက်မှာ၊
ခင်ဗျားတို့က iPhone 15x Moto
ဒါမှမဟုတ် နောက်တစ်ခုခုကို ဝယ်ရင်၊
(ရယ်မောသံများ)
အဲဒါနဲ့အတူ စက်ရုပ်တွေ ထောင်ချီပါမယ့်
ဘူးလေးတစ်ဘူးလည်း ပါလာပြီး
ဖုန်းထဲက အက်ပ်တစ်ခုနဲ့ ခင်ဗျားတို့
ထိန်းချုပ်ပေးနိုင်ကြမှာပါ။
ဒီတော့ ခင်ဗျားတို့ကိုယ်တိုင်
paramecium ကို စီးချင်ရင် ရပါတယ်။
ခင်ဗျားတို့ ဆန္ဒရှိရင် စက်ရုပ်ကပွဲကိုတောင်
စီစဉ်ဆင်နွှဲနိုင်မှာပါ၊
လုပ်ပေးနိုင်မှာပါ။
(ရယ်မောသံများ)
ပြီးတော့ ကျွန်တော့အနေနဲ့ လာမယ့်အနာဂတ်နဲ့
ပတ်သက်ပြီး သိပ်ကို စိတ်လှုပ်ရှားမိတယ်။
MM: ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)