TED ဟာ ကြီးကျယ်တဲ့ အရာ တော်တော် များများ အကြောင်းဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မပြောချင်တာက အရမ်း သေးဖွဲ့တဲ့ အရာလေး အကြောင်းပါ။ သေးသမှ ၊ စကားလုံးတစ်လုံးတည်းပါ။ "အံမဝင်"ဆိုတဲ့ စကားလုံးပါ။ ကျွန်မအကြိုက်ဆုံး စကားလုံးတစ်လုံးပေါ့၊ သိပ်ကို ရိုးစင်းတာကြောင့်ပါ။ ဆိုလိုတာက ဒါက အံဝင်ခြင်းနဲ့ လွဲချော်တဲ့ လူတစ်ယောက်လိုပေါ့၊ ဒါမှမဟုတ် ဆိုးဝါးစွာ အံကျနေသူလေ။ မဟုတ်ရင် ဒါပေါ့၊ အခြေအနေ၊ ပတ်ဝန်းကျင်သစ်တွေမှာ ခပ်ညံ့ညံ့ လိုက်ဖက်အောင်နေသူပေါ့။ ကျွန်မက အံမဝင်ခြင်း ကဒ်ပြား ကိုင်ဆောင်ထားသူပါ။ ကျွန်မဒီမှာရှိနေတာက အခန်းထဲက အခြား အံမဝင်သူတွေ အတွက်ပါ။ ဘယ်တော့မှ ကျွန်မတစ်ဦးတည်း မဟုတ်လို့ပါ။ အံမဝင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ပြောပြမလို့။ ကျွန်မ အသက် ၃၀ စွန်းစ တစ်ဝိုက်ကပါ။ စာရေးဆရာဖြစ်လာခြင်းဆိုတဲ့ အိပ်မက်က တံခါးဝတည့်တည့် ရောက်လာတယ်။ တကယ်က စာတိုက်ပုံးထဲကို ရောက်လာတာ၊ ကျွန်မရေးခဲ့တဲ့ ဝတ္ထုတိုတစ်ပုဒ်အတွက် စာပေဆုကြီးရတယ်လို့ ရေးထားတဲ့ စာတစ်စောင် ပုံစံနဲ့ပါ။ ဝတ္ထုတိုက နိုင်လိုစိတ်ပြင်းထန်တဲ့ ရေကူးသမားအဖြစ် ကိုယ့်ဘဝအကြောင်းနဲ့ ကိုယ့်ရဲ့ ချာတူးလံ နေအိမ်ဘဝ အကြောင်း၊ ပြီးတော့ သောကနဲ့ ဆုံးရှုံးမှုက ဘယ်လို ရူးအောင် လုပ်နိုင်တယ်ဆိုတဲ့ အကြောင်းပါ။ ဆုက New York City ခရီးစဉ်ပါ၊ စန်းထနေတဲ့ စာတည်းတွေ၊ ကိုယ်စားလှယ်တွေနဲ့ အခြား စာရေးဆရာတွေကိုတွေ့ဖို့ပါ။ ဆိုတော့ စာရေးဆရာလောင်းရဲ့ အိပ်မက်လိုမျိုးပေါ့နော်။ အိမ်ကို စာရောက်တဲ့နေ့က ကျွန်မဘာလုပ်လဲ သိလား။ ကျွန်မတစ်ဦးတည်းပဲ ရှိတာကြောင့် စာကို မီးဖိုချောင် စားပွဲမှာတင်၊ ရေခဲနဲ့ သံပုရာနဲ့အတူ ဗော့ဒ်ကာ ဖန်ခွက်ကြီးတစ်ခွက် သောက်ချလိုက်တာပေါ့။ အတွင်းခံနဲ့ အဲဒီမှာ တစ်နေ့လုံး ထိုင်နေလိုက်တယ်၊ စာကိုပဲ စိုက်ကြည့်နေတာပေါ့။ ကိုယ့်ဘဝကို ပေါက်ကရလုပ်ခဲ့မိတာတွေ အားလုံးကို ကျွန်မ တွေးနေခဲ့တယ်။ ဒီလိုလူကများ New York City ကို သွားပြီး စာရေးဆရာတစ်ယောက် ဟန်ဆောင်ရဦးမယ်ပေါ့။ ငါက ဘယ်သူဖြစ်ခဲ့တာလဲ။ ကျွန်မပြောပါ့မယ်။ ကျွန်မက အံမဝင်တဲ့သူပါ။ အခြားကလေး အုပ်စုတွေလိုပါပဲ၊ ကျွန်မအသက် သီသီကလေးလွတ်ခဲ့တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ အိမ်ထောင်စု ကနေ လာတာပါ။ မှတ်သားရလောက်အောင် အိမ်ထောင် နှစ်ခါပျက်တာ ပိုင်ဆိုင်ပြီးသားပါ။ ကောလိပ်ကထွက်ခဲ့တာလည်း တစ်ခါမကဘူး၊ နှစ်ခါ၊ ဖြစ်နိုင်တာက သုံးခါတောင်၊ ဒါတော့မပြောတော့ဘူး။ (ရယ်သံများ) မူးယစ်ဆေးသုံးလို့ ပြန်လည်ထူထောင်ရေး ဇာတ်ကွက် လုပ်ထားတယ်။ ထောင်ထဲမှာ ချစ်စရာကောင်းတဲ့ အပန်းဖြေခရီးနှစ်ခု ရှိခဲ့တယ်။ ဒီတော့ ကျွန်မ နေရာမှန်ပေါ်မှာပေါ့။ (ရယ်သံများ) ဒါပေမဲ့ တကယ့် အကြောင်းပြချက်က ကျွန်မအထင် အံမဝင်သူဖြစ်ခဲ့တာက ကျွန်မသမီးဟာ မွေးတဲ့နေ့မှာပဲ ဆုံးသွားခဲ့ပြီး ဒီအဖြစ်မျိုးနဲ့ ဘယ်လို ရှင်သန်မလဲ ဆိုတာ တွေးမရခဲ့မိပါဘူး။ သမီးဆုံးပြီးတဲ့နောက် ကျွန်မဟာလည်း မိုးပျံလမ်းတစ်ခုအောက်မှာ နေထိုင်ရင်း အိမ်ယာမဲ့ဘဝကို အကြာကြီးကုန်ဆုံးခဲ့တယ်။ တစ်လျှောက်လုံး ကျွန်မတို့ထဲကတစ်ချို့ ရင်ဆိုင်ရတဲ့ ထိုင်းမှိုင်းတဲ့ သောကနဲ့ ဆုံးရှုံးမှုရဲ့ နက်ရှိုင်းတဲ့ အခြေအနေမျိုးမှာပေါ့။ ဖြစ်နိုင်တာက ကျွန်မတို့အားလုံး အတော်လေးကြာကြာ နေရင်ပေါ့။ သိတယ်နော်၊ အိမ်ယာမဲ့တွေဟာ ကျွန်မတို့ရဲ့ သူရသတ္တိအရှိဆုံး အံမဝင်သူတစ်ချို့ပါ။ အကြောင်းက ကျွန်မတို့လို သူတို့စတင်လို့ပါ။ ဒီတော့ ကျွန်မဟာ အမျိုးအစားတိုင်းလောက် မှာ အံဝင်ဖို့ လွဲချော်ခဲ့တာ အမြင်ပဲလေ၊ သမီး၊ ဇနီး ၊အမေ၊ တက္ကသိုလ်ကျောင်းသူ။ စာရေးဆရာဖြစ်ခြင်းဆိုတဲ့ အိပ်မက်က တကယ်က လည်ချောင်းထဲက ဝမ်းနည်းစရာ ကျောက်တုံးလေးပါ။ တော်တော်လေးကို မရည်ရွယ်ပဲ လေယာဉ်ပေါ်တက်ကာ စာရေးဆရာတွေရှိရာ New York City ကိုပျံသန်းခဲ့တာပါ။ အံမဝင်တဲ့ အပေါင်းအသင်းတို့၊ ရှင်တို့ ခေါင်းတွေ တောက်ပနေတာ မြင်ရလုနီးပါးပဲ။ ရှင်တို့ကို အခန်းထဲကနေ ရွေးထုတ်လို့ရတယ်။ ပထမတော့ ရှင်တို့ သဘောကျမိမှာပါ။ ရှင်တို့တွေ့ချင်တဲ့ နာမည်ကျော် စာရေးဆရာသုံးဦး ရွေးဖို့လိုတယ်။ ဒီလူတွေက သွားပြီး ရှင်တို့ အတွက် ဒါတွေ ရှာပေးတယ်။ Gramercy Park Hotel မှာ ရှင့်ကို နေရာချပေးတယ်၊ အဲဒီမှာ အလန်းစား၊ သားနားပြီး ဟိတ်ဟန်များတဲ့လူတွေနဲ့ ညနှောင်းပိုင်း Scotch သောက်လို့ရတာပေါ့။ ရှင်လည်း အလန်းစား၊ သားနားပြီး ဟိတ်ဟန် များတဲ့လူလို့ ဟန်ဆောင်ရတယ်။ အင်မတန် ဆန်းပြားတဲ့ နေ့လည်စာတွေ၊ ညစာတွေမှာ စာတည်းတွေ၊ စာရေးဆရာတွေ၊ ကိုယ်စားလှယ်တွေ တစ်ပြုံကြီး တွေရတာပေါ့။ ဘယ်လောက် ဆန်းပြားလဲ မေးပါဦး။ ပရိတ်သတ်။ ဘယ်လောက်ဆန်းပြားလဲ။ LY: ကျွန်မဖြောင့်ချက်တစ်ပေးပါ့မယ်၊ စက္ကူလက်ကိုင်ပုဝါ သုံးခုခိုးခဲ့တယ်.. (ရယ်သံများ) မတူတဲ့ စားသောက်ဆိုင် သုံးဆိုင်ကပါ။ ဟင်းလျာစာရင်းကို ဘောင်းဘီထဲထိုးထည့်ခဲ့တယ်။ (ရယ်သံများ) အိမ်ရောက်တဲ့အခါ အမှတ်တရ လက်ဆောင်အဖြစ် လိုချင်လို့ပါ။ ဒါတကယ် ကိုယ့်ကိုဖြစ်ခဲ့တာ ဆိုတာ ယုံနိုင်အောင်လေ။ သိပါတယ်နော်။ ကျွန်မတွေ့ချင်တဲ့ စာရေးဆရာ သုံးဦးက Carole Maso, Lynne Tillman နဲ့ Peggy Phelan တို့ပါ။ ဒီလူတွေဟာ ကျော်ကြားပြီး ရောင်း အကောင်းဆုံးတွေ မဟုတ်ပေမဲ့ ကျွန်မအတွက်တော့ အထင်ကရ အမျိုးသမီး စာရေးဆရာတွေပါ။ Carole Maso က နောက်တော့ ကျွန်မရဲ့ အနုပညာ ကျမ်းစာဖြစ်လာတဲ့ စာအုပ်ရေးခဲ့တယ်။ Lynne Tillman က ကျွန်မဝတ္ထုတွေဟာ ကမ္ဘာရဲ့ အစိတ်အပိုင်း ဖြစ်နိုင်ခွင့်ရှိတယ် ဆိုတဲ့ ယုံကြည်မှုကို ပေးခဲ့တယ်။ Peggy Phelan က ကျွန်မဦးနှောက်တွေဟာ ကျွန်မ ရင်သားတွေထက် ပိုအရေးပါ လောက်တာကို သတိပေးခဲ့တယ်။ သူတို့ဟာ ပင်မစီးကြောင်းထဲက စာရေးဆရာတွေ မဟုတ်ပေမဲ့ သူတို့ရဲ့ အနှစ်ပြည့်တဲ့ ဝတ္ထုတွေနဲ့ ပင်မစီးကြောင်းကိုဖြတ်ပြီး လမ်းဖောက်နေသူတွေပါ။ ထင်မြင်ကြည့်ချင်တာက Grand Canyon ကို ဖြတ်စီးတဲ့ ရေလိုပေါ့။ ဒီ ၅၀ ကျော် အမျိုးသမီး စာရေးဆရာတွေနဲ့ အတူရှိဖို့ဆို သေမတတ် ပျော်ခဲ့တာပေါ့။ ကျွန်မကို သေမတတ်ပျော်စေတဲ့ အကြောင်းက ဒီလို ပျော်ရွင်မှုကို တစ်ခါမှ မသိခဲ့ဘူး။ ဒီလိုအခန်းထဲ တစ်ခါမှ မရောက်ဖူးဘူး။ အမေဟာ ကောလိပ်မတက်ဖူးဘူး။ ဒီအချိန်ထိ ကျွန်မရဲ့ ဖန်တီးတဲ့ အလုပ်က ဝမ်းနည်းစရာ၊ အဖြစ်မရှိသေးတဲ့ အရာလေးလိုပါ။ ဒီတော့ New York မှာ ဒီလို ပထမညတွေဟာ အဲဒီမှာ သေချင်စိတ်ပေါက်သွားတယ်။ ကျွန်မက "ကျွန်မကို အခုသတ်ပါ၊ ကျွန်မက တော်တယ်၊ ဒါဟာ လှပတာပါ။" နောက်ဆက်ဖြစ်တာကို ဒီအခန်း ထဲက တစ်ချို့ နားလည်မိမှာပါ။ ပထမ သူတို့ ကျွန်မကို Farrar, Strauss နဲ့ Giroux ရုံးတွေဆီခေါ်သွားတယ်။ Farrar, Strauss နဲ့ Giroux ဆိုတာက ဧရာမ အိပ်မက် သတင်းဌာနပါ။ ဆိုလိုတာကT.S Eliot နဲ့ Flannery O'Connor တို့ကို အဲဒီမှာ ထုတ်ဝေခဲ့တယ်။ အဓိက စာတည်းငနဲက ကျွန်မကို ထိုင် ခိုင်းပြီး အကြာကြီး စကားပြောတယ်၊ ရေးကူးသမားအဖြစ် ကျွန်မဘဝ အကြောင်း ကျွန်မ စာအုပ် ရှိတာ ကြိုးစား သ်မ်းသွင်းရင်းပေါ့။ ကိုယ်တွေ့မှတ်တမ်းမျိုးလေ။ ကျွန်မကို တစ်ချိန်လုံး သူစကားပြောနေတာ၊ ကျွန်မဟာ ငတုံးမလို ပြုံးရင်း၊ ခေါင်း ညိတ်ရင်း လက်ပိုက်ကာ အဲဒီမှာ ထိုင်ခဲ့တယ်၊ ဒီအခိုက် လည်ချောင်းက ဘာမှထွက်မလာခဲ့ဘူး။ ဒါနဲ့ အဆုံးမှာ ကျွန်မ ပခုံးကို ပုတ်လိုက်တယ်၊ ရေကူးနည်းပြ တစ်ယောက်လိုပေါ့။ ကျွန်မကို ကံကောင်းဖို့ ဆုတောင်းပေးကာ စာအုပ်တစ်ချို့ လက်ဆောင်ပေးပြီး တံခါးဆီကို လမ်းပြပေးခဲ့ပါတယ်။ နောက်တော့ W.W Norton ရုံးတွေဆီ ကျွန်မကို ခေါ်သွားတယ်၊ ဒီမှာ အတော် သေချာနေတာက ကိုယ့်ကို တိုက်ကနေ Doc Martens စီးဖို့ပဲ လိုက်ပို့ခံရမယ်ပေါ့။ ဒါပေမဲ့ ဒါဖြစ်မလာခဲ့ပါဘူး။ Norton ရုံးတွေမှာ ရှိနေခြင်းက ညကောင်းကင်ဆီ လှမ်းပြီး လမင်း ကို ထိနေရတာမျိုး ခံစားရတယ်၊ ဒီအခိုက် စကြာဝဠာကိုဖြတ်ကာ ကြယ်တွေက ကိုယ့်နာမည်းကို သီချုပ်တာမျိုးပေါ့။ ဒါက ကျွန်မအတွက် ဘယ်လောက် ကြီးမားတယ်ဆိုလိုတာပါ။ နားလည်ပါတယ်နော်။ သူတို့ ခေါင်းဆောင် စာတည်း Carol Houck Smith က ဝန်းဝိုင်း၊စူးရှ၊ ခက်ထန်တဲ့ မျက်လုံးတွေ နဲ့ ကျွန်မမျက်နှာတည့်တည့်ဆီ ကိုင်းကာ ပြောတာက "ကောင်းပြီ၊ ဒါဆို တစ်ခုခု ချက်ချင်းပေးကွာ"တဲ့။ ကြည့်၊ အခု လူအများစု၊ အထူးသဖြင့် TED ကလူတွေဆို စာတိုက်ပုံးဆီ ပြေးကြမှာပဲ မဟုတ်လား။ ကျွန်မအတွက်တော့ စာအိတ်ထဲတစ်ခုခု ထည့်ပြီး တံဆိပ်ခေါင်းကို လျက်ဖို့ စိတ်ကူးကြည့်တာတောင် ဆယ်စုနှစ် တစ်ခုကျော်ကြာခဲ့တယ်။ နောက်ဆုံး ညမှာတော့ National Poetry Club မှာ စာရွတ်ပွဲကြီး လုပ်ခဲ့တယ်။ စာရွတ်တာ အပြီးမှာ Kidde, Holy & Picard Literal Agency က Katherine Kidde က ကျွန်မဆီ တန်းလျှောက်လာပြီး လက်ဆွဲနှုတ်ဆက်ကာ ချက်ချင်းပဲ ကိုယ်စားပြုဖို့ ကမ်းလှမ်းတယ်။ ကျွန်မ အဲဒီမှာရပ်ပြီး နားပင်း သွာတာမျိုး ဖြစ်သွားတယ်။ ရှင်တို့ ဒီအဖြစ်မျိုး ဖြစ်ဖူးလား။ ကျွန်မ ထငိုမိတော့မလိုဖြစ်ခဲ့တယ်၊ အကြောင်းက အခန်းထဲက လူတွေဟာ ဝတ်ကောင်းစားလှတွေ ဆင်ထားပြီး ကျွန်မပါးစပ်က ထွက်လာတာဆိုလို့ "မသိပါဘူးရှင်၊ စဉ်းစားဖို့လိုပါတယ်"တဲ့။ "ဒါဆို ကောင်းပြီ"ဆိုပြီး သူမထွက်သွားတယ်။ ဒီကျွန်မကို ဖွင်ပေးတဲ့ လက်တွေ၊ ကျွန်မ လည်ချောင်းက ဝမ်းနည်းစရာ ကျောက်တုံးလေးပါ။ မြင်တယ်နော်၊ ကျွန်မလို လူတွေ အကြောင်း တစ်ခုခုကို ကြိုးစားပြောနေတာ။ အံမဝင်တဲ့လူတွေ၊ "အင်း"လို့ ဘယ်လို မျှော်လင့်ပြောဆိုဖို့ (သို့) ကြီးတာ တစ်ခုခုရွေးဖို့ အမြဲကို မသိဘူး။ ကိုယ့်ရှေ့တည့်တည်မှာ ရှိနေတာတောင်မှနော်။ ကျွန်မတို့ ဆောင်ကြတာက ရှက်စိတ်ပါ။ ဒါက ကောင်းတာတစ်ခုခု လိုတာရဲ့ ရှက်စိတ်ပါ။ ကောင်းတာတစ်ခုခု ခံစားခြင်းရဲ့ ရှက်စိတ်ပါ။ ကိုယ် လေးစားတဲ့ လူတွေနဲ့အတူ အခန်းထဲမှာ ကိုယ်ထိုက်တန်တာကို တကယ်ပဲ မယုံကြည်ခြင်းရဲ့ ရှက်စိတ်ပါ။ တတ်နိုင်ရင် ပြန်သွားပြီး ကိုယ့်ကိုယ်ကို သင်ပေးလိုက်မယ်။ ကျွန်မကို ကူညီခဲ့ဖူးတဲ့ ၅၀ ကျော် စာရေး ဆရာမကြီးတွေလို ထပ်ထူဖြစ်လိမ့်မယ်။ အရာတွေကို လိုချင်ဖို့၊ ရင်ဆိုင်ဖို့၊ ဒါတွေကို တောင်းခံဖို့ ကိုယ့် ကိုယ်ကို သင်ပေးမိမယ်။ ပြောမိမှာက "ဟေး မင်း မင်းလည်း ဒီခန်းနဲ့ဆိုင်တယ်"လို့ပေါ့။ ဒီဝင်းပမှုက အားလုံးဆီ ဖြာကျပြီး အချင်းအချင်း ကင်းကွာနေမှတော့ ကျွန်မတို့ဟာ အလကားပဲလေ။ ဒီအစား Oregon ကို လေယာဉ်နဲ့ ပြန်ခဲ့ပြီး အမြဲစိမ်းပင်တွေနဲ့ မိုးဟာ မြင်ကွင်းထဲ ပြန်ဝင်လာတာကို ကြည့်စဉ်မှာ "မင်းအတွက် စိတ်မကောင်းဘူး" လေယာဉ်ရဲ့ ပုလင်းလေးတွေ အများကြီး သောက်ခဲ့တယ်။ ငါသာ စာရေးဆရာဆို ဘယ်လို အံမဝင်တဲ့ စာရေးဆရာဖြစ်မလဲဆိုတာ တွေးမိတယ်။ ကျွန်မပြောနေတာက ကျွန်မ Oregon ကို စာအုပ်သဘောတူမှုမရ၊ ကိုယ်စားလှယ်မရပဲ၊ နှစ်လိုဖွယ် စာရေးဆရာတွေနဲ့ အနီးကပ် ထိုင်ရခြင်းဆိုတဲ့ မှတ်ဉာဏ်တွေ ခေါင်းအပြည့်၊ ရင်နဲ့အပြည့်နဲ့သာ ပြန်ခဲ့တာပါ။ မှတ်ဉာဏ်ဟာ ကျွန်မကိုယ် ကျွန်မ ခွင့်ပြုတဲ့ ဆုပဲဖြစ်ခဲ့ပါတယ်။ ရှိသေးတာက အိမ်ရောက်တော့ အမှောင်ထဲမှာ အတွင်းခံနဲ့ပြန်နေပြီး သူတို့စကားသံတွေ ကြားရတုန်းပဲ။ သူတို့ပြောတာက" မင်းကိုပိတ်လှောင်ဖို့ ဒါမှ မဟုတ် မင်းရဲ့ ဇာတ်လမ်းကိုပြောင်းပစ်ဖို့ ကြိုးစားသူတွေကိ နားမထောင်နဲ့"တဲ့ သူတို့က "ကိုယ်ပဲ ပြောတတ်တဲ့ ဇာတ်လမ်းဆီ စေ့ဆော်မှု ပေးပါ" သူတို့က" တစ်ခါတစ်ရံ ဇာတ်လမ်းကို ပြောပြခြင်းဟာ ကိုယ့်ဘဝကို ကယ်တင်တဲ့အရာပါ"တဲ့။ အခု ကျွန်မဟာ မြင်တဲ့အတိုင်း ၅၀ ကျော် မိန်းမကြီးပါ၊ ပြီးတော့ စာရေးဆရာမပါ၊ ပြီးတော့ မိခင်တစ်ယောက်။ ပြီးတော့ ဆရာမဖြစ်ခဲ့တယ်။ အကြိုက်ဆုံး ကျောင်းသားတွေကို မှန်းလိုက် စာတိုက်ပုံးကိုဖြတ်ပြီး အိမ်မက်စာလာတဲ့ရက်က ဖြစ်မလာခဲ့ပေမဲ့ "Chronology of Water" လို့ခေါ်တဲ့ ကိုယ်တွေ့မှတ်တမ်းတော့ ရေးခဲ့တယ်။ ဒီထဲမှာ ရွေးချယ်မှုရဲ့ အပျက်အစီးတွေက အတ္တတစ်ခုကို ဘယ်နှစ်ကြိမ် ဆန်သစ်တီထွင်ဖို့ လိုတဲ့ အကြောငိး ဇာတ်လမ်းတွေ၊ ကျဆုံးမှုတွေလို့ ထင်ရတာတွေဟာ လှပတဲ့ တစ်ခုခုဆီအတွက်တကယ့် ထူးဆန်းတဲ့ မုခ်ဝတွေ ဖြစ်ပုံ ဇာတ်လမ်းတွေပါ။ လုပ်ဖို့လိုတာဆိုလို ဇာတ်လမ်းကို စေ့ဆော်မှုပေးဖို့ပါ။ ယဉ်ကျေးမှုအများစုမှာ အိပ်မက်နောက် လိုတဲ့အကြောင်း အယူမှားတစ်ခုရှိတယ်။ ဒါကို လူစွမ်းကောင်းခရီး လို့ခေါ်တယ်။ ဒါပေမဲ့ မတူတဲ့အယူမှားကို ပိုကြိုက်တယ်၊ နည်းနည်းလေး ဒါဘေးက (သို့) အောက်ခြေနားကပါ။ ဒါကို အံမဝင်တဲ့ အယူမှားလို့ ခေါ်တယ်။ ဒါက ဒီလိုပါ။ "သင့်ကျဆုံးမှုရဲ့ ခဏတာ ကာလလေးမှာတောင်မှ ဒီတုန်းမှာ သင်ဟာ လှပပါတယ်။ ဒါကို သင်မသိသေးပေမဲ့ သင့်ကိုယ်သင် အဆုံးမရှိ ဆန်းသစ်တီထွင်ဖို့ သင့်မှာ အစွမ်းရှိပါတယ်။ ဒါဟာ သင့်ရဲ့ အလှပဲလေ။ သင်ဟာ အမူးသမားဖြစ်နိုင်တယ်၊ မတရားပြုခြင်းက ရှင်ကျန်သူဖြစ်နိုင်တယ်။ ထောင်ထွက်ဟောင်း ဖြစ်နိုင်တယ်၊ အိမ်ယာမဲ့တစ်ဦး ဖြစ်နိုင်တယ်။ သင့်ငွေ (သို့) အလုပ် (သို့) လင်သား (သို့) မယား အားလုံး ဆုံးရှုံးသူဖြစ် နိုင်တယ် (သို့) အားလုံးထဲက အဆိုးဆုံးက ကလေးပါ။ ကျောက်ဒိုးတွေတောင် ဆုံးရှုံးနိုင်တယ်။ ဆုံးရှုံးမှု အလယ်ထဲမှာ ကြက်သေ သေနေတာ ဖြစ်နိုင်တယ်။ ရှိသေးတာက သင်တို့ကို ပြောပြဖို့ပဲ ဒီမှာ ကျွန်မရှိနေတာပါ။ သင်တို့ဟာ လှပပါတယ်။ သင့်ရဲ့ဇာတ်လမ်းဟာ ကြားထိုက်ပါတယ်။ အကြောငိးက သင်ဟာ ရှားပါးပြီး ထူးကဲတဲ့ အံမဝင်ဖြစ်လို့ပါ။ မျိုးစိတ်သစ် သင်ဟာ ဒီအခန်းထဲက တစ်ဦးတည်းသော သင်ပြောမယ့် နည်းလမ်းနဲပဲ ဇာတ်လမ်းပြောနိုင်သူပါ။ ကျွန်မ နားထောင် နေပါ့မယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)