1 00:00:07,250 --> 00:00:11,075 ပြဇာတ်ရဲ့ အမည်ကို ပြဇာတ်ရုံထဲမှာ ဘယ်တော့မှ အသံထွက်ပြီးမဆိုသင့်ပါလို့ 2 00:00:11,075 --> 00:00:16,036 အယူသီးမှုဟောင်းတစ်ခုက ဆိုရလောက်အောင်ကို ဩဇာတိက္ကမကြီးတဲ့ ပြဇာတ်တစ်ခု ရှိပါတယ်။ 3 00:00:16,036 --> 00:00:21,676 စုန်းကဝေအတတ်နဲ့ စပြီး သွေးစွန်း ခေါင်းပြတ် တစ်ခုနဲ့ အဆုံးသတ်တဲ့ ပြဇာတ်တစ်ခု။ 4 00:00:21,676 --> 00:00:26,167 ပဟေဠိတွေ၊ ဟောကိန်းတွေ၊ မနှစ်မြို့စရာ အမြင်တွေနဲ့ များစွာသော လူမဆန်တဲ့ 5 00:00:26,167 --> 00:00:28,968 လူသတ်မှုတွေနဲ့ ပြည့်နေတဲ့ ပြဇာတ်တစ်ခု 6 00:00:28,968 --> 00:00:34,537 တစ်ခါတစ်ရံ "Scottish Play" (သို့) "Macbeth ရဲ့အဆွေးဇာတ်"လို့ ရည်ညွှန်းတဲ့ 7 00:00:34,537 --> 00:00:38,018 William Shakespeare ရဲ့ ပြဇာတ်တစ်ခုပါ။ 8 00:00:38,018 --> 00:00:41,697 လန်ဒန်က Globe Theater မှာ ၁၆၀၈ ခုနှစ်က ပထမဦးဆုံး တင်ဆက်ခဲ့ပါတယ်။ 9 00:00:41,697 --> 00:00:44,933 "Macbeth" ဟာ ရှိတ်စပီးယားရဲ့ အတိုဆုံးအဆွေးဇာတ်ပါ။ 10 00:00:44,933 --> 00:00:48,194 သူ့ရဲ့ အမြူးကြွဆုံးတစ်ပုဒ်လည်းဖြစ်ပါတယ်။ 11 00:00:48,194 --> 00:00:51,515 အခန်း ငါးခန်းမှာ စကော့ ဆွေကြီးမျိုးကြီး တစ်ဦးရဲ့ဇာတ်လမ်းကို ပြောပြတယ်။ 12 00:00:51,515 --> 00:00:53,381 ထီးနန်းကိုခိုးယူသူ၊ 13 00:00:53,381 --> 00:00:55,635 ရက်စက်မှုသရဖူဆောင်းတဲ့ကာလကို ဦးဆောင်ပြီး 14 00:00:55,635 --> 00:00:58,810 သွေးထွက်သံယို နိဂုံးကို ကြုံရသူပါ။ 15 00:00:58,810 --> 00:01:02,317 တစ်လျှောက်လုံးမှာ ရည်မှန်းချက်၊ အာဏာနဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ 16 00:01:02,317 --> 00:01:03,266 အရေးကြီးတဲ့ 17 00:01:03,266 --> 00:01:04,311 မေးခွန်းတွေမေးထားတယ်။ 18 00:01:04,311 --> 00:01:08,721 ရှိတ်စပီးယား ခေတ်ရဲ့ နိုင်ငံရေးကို တိုက်ရိုက် ပြောဆိုပြီး 19 00:01:08,721 --> 00:01:12,922 ကျွန်တော်တို့ ခေတ်အထိကို ဆက်လက်ပဲတင်နေတာတွေပါေ 20 00:01:12,922 --> 00:01:17,212 ၁၇ ရာစု အစောပိုင်း အင်္ဂလန်ဟာ နိုင်ငံရေးအရ မရေရာခဲ့ပါဘူး။ 21 00:01:17,212 --> 00:01:21,971 ပထမ အဲလဇဘက်ဘုရင်မ ဟာ နန်းမွေဆက်ခံ သူမရှိပဲ ၁၆၀၃ မှာ ကွယ်လွန်ခဲ့ပြီး 22 00:01:21,971 --> 00:01:23,458 မထင်မှတ်တဲ့ လှုပ်ရှားမှုမှာ 23 00:01:23,458 --> 00:01:29,352 သူမရဲ့ အကြံပေးတွေက သရဖူကို စကော့တလန် ဘုရင် James Stewart ကို လွှဲပေးလိုက်တယ်။ 24 00:01:29,352 --> 00:01:32,502 နှစ်နှစ်အကြာမှာ James ဟာ Gunpowder Plot. လို့ခေါ်တဲ့ 25 00:01:32,502 --> 00:01:35,632 လုပ်ကြံမှုတစ်ခုမှာ လုပ်ကြံခံလိုက်ရတယ်။ 26 00:01:35,632 --> 00:01:37,963 တရားဝင် ဘုရင်တစ်ပါးမြှောက်စေရေး မေးခွန်းတွေက 27 00:01:37,963 --> 00:01:41,243 လူတိုင်းရဲ့ပါးစပ်ဖျားမှာရှိခဲ့တယ်။ 28 00:01:41,243 --> 00:01:44,593 ဒီတော့ ရှိတ်စပီးယားဟာ Macbeth လို့ခေါ်တဲ့ စကော့စတန်ဘုရင်နဲ့ 29 00:01:44,593 --> 00:01:47,152 အခြားသော စကော့ဆွေကြီးမျိုးကြီးတွေရဲ့ ကြောက်မက်ဖွယ် 30 00:01:47,152 --> 00:01:51,353 ၁၁ ရာစုအကြောင်း သူ့ဇာတ်လမ်းတွေကို ပေါင်းစည်း၊ ပြင်ဆင်တဲ့အခါမှာ 31 00:01:51,353 --> 00:01:55,432 ထိရောက်တဲ့ကုန်ကြမ်းသူ့မှာ ရှိတာ သူသိခဲ့မှာပါ။ 32 00:01:55,432 --> 00:01:58,793 သူတို့ရဲ့နှစ်အလိုက်မှတ်တမ်းကို လူသိများတဲ့ ၁၆ ရာစုနှစ် 33 00:01:58,793 --> 00:02:03,325 ဗြိတိန်နဲ့ အိုင်ယာလန်သမိုင်းတစ်ခုဖြစ်တဲ့ Hollinshed ရဲ့ "Chronicles" မှာသူတွေ့တယ်။ 34 00:02:03,325 --> 00:02:06,583 ရှိတ်စပီးယားဟာ စုံလင်ပြီး ဗရုတ်ကျတဲ့ သူ့ပရိတ်သတ်ရဲ့အာရုံကို 35 00:02:06,583 --> 00:02:09,354 ချက်ချင်းဖမ်းစားစေမယ့် နည်းလမ်းတစ်ခုနဲ့ သူ့ဇာတ်လမ်းကို 36 00:02:09,354 --> 00:02:13,254 ပြောပြဖို့လိုတယ်ဆိုတာ သိခဲ့လိမ်မယ်။ 37 00:02:13,254 --> 00:02:16,055 The Globe ဟာ လူတန်းစားအလွှာ အားလုံးကိုကြိုဆိုခဲ့တယ်။ 38 00:02:16,055 --> 00:02:19,263 ပိုချမ်းသာတဲ့လူတွေက အမိုးပါတဲ့ လေသာဆောင်တွေကနေ ဇာတ်စင်ကိုကြည့်ပြီး 39 00:02:19,263 --> 00:02:22,336 ပိုဆင်းရဲသူတွေကတော့ pit လို့ခေါ်တဲ့ လေဟာပြင်အပိုင်းကနေ 40 00:02:22,336 --> 00:02:25,715 တစ်ပဲပေးပြီး ကြည့်ကြတယ်။ 41 00:02:25,715 --> 00:02:30,924 ဖျော်ဖြေမှုတွေအတွင်း စကားပြောတာ၊ လှောင်ပြောင်တာ၊ အားပေးတာတွေဟာဖြစ်နေကျပါ။ 42 00:02:30,924 --> 00:02:36,545 ပြဇာတ်တွေဆိိုးတဲအခါ အခါပရိဘောဂနဲ့ပေါက်တဲ့ ပရိတ်သတ်တွေရဲ့မှတ်တမ်းတွေတောင်ရှိပါတယ်။ 43 00:02:36,545 --> 00:02:40,015 ဒီတော့ "Macbeth" ဟာ တိုက်ရိုက် ဝုန်းကနဲ ဖွင့်လိုက်တယ်။ 44 00:02:40,015 --> 00:02:42,946 မိုးကြိုသံမြည်ပြီး စုန်းမ သုံးယောက်ပေါ်လာတယ်။ 45 00:02:42,946 --> 00:02:44,466 သူတို့ဟာ Macbeth လို့ခေါ်တဲ့ 46 00:02:44,466 --> 00:02:48,345 စစ်သူရဲကောင်းစကော့ အမျိုးကောင်းသားကို ရှာနေတာလို့ ကြေညာပြီး 47 00:02:48,345 --> 00:02:54,126 ရူးသွားတဲ့ ကမ္ဘာတစ်ခုကို ဟောကိန်းထုတ်တဲ့ ကျိန်စာတစ်ခု ရွတ်ဆိုရင်း ပျံထွက်သွားတယ်။ 48 00:02:54,126 --> 00:03:01,576 "တရားမျှတမှုဟာ ဆိုးယုတ်ပြီး ဆိုးယုတ်မှုက တရားမျှတ၊မြုခိုးနဲ့ လေဆိုးညစ်ကနေ ရစ်ဝဲနေ" 49 00:03:01,576 --> 00:03:05,403 နောက်ပိုင်း Macbeth နဲ့ အမျိုးကောင်းသား Banquo ကိုသူတို့ရှာတွေ့ခဲ့တယ်။ 50 00:03:05,403 --> 00:03:14,054 သူတို့ဟောတာက "အားလုံးက Macbeth ကို ကြိုကြ၊ ဒါနောက်တက်မယ့် ဘုရင်ဖြစ်လိမ့်မယ်။" 51 00:03:14,054 --> 00:03:16,745 "ဘုရင်တဲ့လား၊ လို့ Macbeth တွေးမိတယ်။ 52 00:03:16,745 --> 00:03:20,674 သရဖူရဖို့ သူဘာလုပ်ဖို့များ လိုအပ်တာပါလိမ့်။ 53 00:03:20,674 --> 00:03:23,215 Macbeth နဲ့ သူ့ဇနီး Lady Macbeth ဟာ 54 00:03:23,215 --> 00:03:27,550 မကြာခင်မှာပဲ လူသတ်တာ၊ လိမ်လည်တာနဲ့ သစ္စာဖောက်တာတွေ တောက်လျှောက်အစီအစဉ်ချတယ်။ 55 00:03:27,550 --> 00:03:28,991 သွေးချောင်းစီးလူသတ်ပွဲမှာ 56 00:03:28,991 --> 00:03:32,768 ရှိတ်စပီးယားက ကြည့်ရှုသူတွေကို အဂလိပ်စာပေက မမေ့နိုင်စာအဖြစ်ဆုံး 57 00:03:32,768 --> 00:03:35,172 စာပိုဒ်တွေနဲ့ ပံ့ပိုးပေးတယ်။ 58 00:03:35,172 --> 00:03:40,565 "ကျွတ်၊ မကောင်းတဲ့အစွန်း ကျွတ်စမ်း၊ ငါပြောနေတယ်"လို့ Lady Macbeth ဟာ 59 00:03:40,565 --> 00:03:44,675 သူမရဲ့သားကောင်ရဲ့သွေးကို သူမလက်တွေကနေ သုတ်ပစ်လို့မရဘူးယုံကြည်တဲ့အခါ အော်ဟစ်တယ်။ 60 00:03:44,675 --> 00:03:49,266 သူမရဲ့ အပြစ်စွဲလမ်းမှုဟာ ပြဇာတ်တစ်ခုလုံး ပါဝင်တဲ့ အကြောင်းအရာများစွာထဲက တစ်ခုပါ၊ 61 00:03:49,266 --> 00:03:52,676 အာဏာအလွဲသုံးစားလုပ်ဖို့ နေရာတိုင်းဖြစ်တတ်မှုနဲ့ 62 00:03:52,676 --> 00:03:56,280 အကြမ်းဖက်မှုနဲ့ သစ္စာဖောက်တို့ရဲ့ အဆုံးမဲ့သံသရာ၊ 63 00:03:56,280 --> 00:03:59,316 နိုင်ငံရေးပဋိပက္ခကို ဖီဆန်ခြင်းနဲ့အတူပါ။ 64 00:03:59,316 --> 00:04:01,521 ရှိတ်စပီးယားရဲ့ဘာသာစကား ထုံးစံအတိုင်း 65 00:04:01,521 --> 00:04:04,186 ပြဇာတ်မှာ စပါလာတာနဲ့ များစွာသောစကားစုတွေဟာ 66 00:04:04,186 --> 00:04:08,886 ရိုးအီသွားတဲ့အထိကို ကြိမ်ဖန်များစွာ ထပ်ကျော့ထားပါတယ်။ 67 00:04:08,886 --> 00:04:12,014 ပါဝင်တာတွေကတော့ "အကြင်နာတရား" 68 00:04:12,014 --> 00:04:14,257 "ပြီးတော့လည်း ပြီးတာပဲ" နဲ့ 69 00:04:14,257 --> 00:04:16,520 ထင်ရှားတဲ့ စုံးမတွေရဲ့ ကျိန်စာဖြစ်တဲ့ 70 00:04:16,520 --> 00:04:24,177 "ဆတိုးလို့ အပင်ပန်းခံလုပ် ပြီးတော့ ဒုက္ခ မီးမြှိုက်ေတာ့ ဒယ်အိုး ဗလုံစီ"ပါ။ 71 00:04:24,177 --> 00:04:28,579 ဒါပေမဲ့ ရှိုတ်စပီးယားဟာ Macbeth ကိုယ်တိုင် အတွက် ပျစ်ပျစ်နှစ်နှစ်အရှိဆုံးတွေဖယ်ထားတယ် 72 00:04:28,579 --> 00:04:32,998 ပြဇာတ်အဆုံးပိုင်းမှာ သေခြင်းရဲ့ ဖြစ်မြဲ သဘော နဲ့ ဘဝရဲ့ အဓိပ္ပာယ်မဲ့မှုအပေါ် 73 00:04:32,998 --> 00:04:35,879 Macbeth ဆင်ခြင်မိတယ်။ 74 00:04:35,879 --> 00:04:40,187 သူညည်းညူတာက "ထွက်၊ ထွက်သွား တိုတောင်းတဲ့ ဖယောင်းတိုင်၊ 75 00:04:40,187 --> 00:04:42,401 ဘဝဆိုတာ လမ်းလျှောက်နေတဲ့ အရိပ်သက်သက်ပဲ၊ 76 00:04:42,401 --> 00:04:47,207 သနားစရာ ဇာတ်ဆောင်တစ်ဦး ဟန်ပါပါလျှောက်ပြီး ဇာတ်စင်ပေါ်မှာသူ့အချိန် တရွေ့ရွေ့ကုန်တယ်၊ 77 00:04:47,207 --> 00:04:49,739 နောက်ဘာမှ မကြားရတော့ဘူး။ 78 00:04:49,739 --> 00:04:54,437 ဒါဟာ သူရူးတစ်ယောက် ပြောတဲ့ပုံပြင်တစ်ပုဒ် အသံဗလံနဲ့ ဒေါသတွေပြည့်နှက်လို့၊ 79 00:04:54,437 --> 00:04:57,699 ဘာမှမဟုတ်တာကို ရမယ်ဖွဲ့ရင်းပေါ့" 80 00:04:57,699 --> 00:05:02,977 ဘဝဆိုတာ သူရူးတစ်ယောက် ပြောတဲ့ပုံပြင်လို ဖြစ်လောက်ပေမဲ့"Macbeth" ကတော့ မဟုတ်ပါဘူး။ 81 00:05:02,977 --> 00:05:06,709 ရှိတ်စပီးယား ဘာသာစကားနဲ့ ဇာတ်ကောင်တွေဟာ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှု အသိဉာဏ်ထဲကို 82 00:05:06,709 --> 00:05:08,818 အတိုင်းအတာတစ်ခုအထိ ဝင်ရောက်နေပါတယ်။ 83 00:05:08,818 --> 00:05:12,189 ဒါရိုက်တာတွေက အာဏာအလွဲသုံးစားလုပ်တာ ပြဖို့ ဒီဇာတ်လမ်းကို မကြာခဏသုံးတယ်။ 84 00:05:12,189 --> 00:05:14,120 အမေရိကန် မာဖီးယားကနေ 85 00:05:14,120 --> 00:05:17,229 ကမ္ဘာတစ်လွှားက အာဏာရှင်တွေအထိပါပဲ။ 86 00:05:17,229 --> 00:05:19,610 ဒီပြဇာတ်ကိုရုပ်ရှင်အဖြစ် အကြိမ်ကြိမ် ပြောင်းခဲ့တယ် 87 00:05:19,610 --> 00:05:22,870 Akira Kurosawa ရဲ့ "Throne of Blood" အပါအဝင်ပါ။ 88 00:05:22,870 --> 00:05:25,201 ၎င်းက မြေရှင်ပဒေသရာဇ်စနစ် ဂျပန်မှာ ဖြစ်ပျက်ပြီး 89 00:05:25,201 --> 00:05:28,569 "Scotland, PA" လို့ခေါ်တဲ့ ခေတ်မီ အောင်လုပ်ထားတဲ့ တင်ဆက်မှုတစ်ခုပါ။ 90 00:05:28,569 --> 00:05:30,531 ၎င်းမှာ Macbeth နဲ့ သူ့ပြိုင်ဘက်တွေဟာ 91 00:05:30,531 --> 00:05:34,450 ပြိုင်ဆိုင်နေတဲ့ အမြန်ပြင် စားသောက်ဆိုင်တွေရဲ့ မန်နေဂျာတွေပါ။ 92 00:05:34,450 --> 00:05:36,190 မည်သို့တင်ပြစေကာမူ 93 00:05:36,190 --> 00:05:37,890 သမစိတ္တရှုထောင့်၊ နိုင်ငံရေးနဲ့ 94 00:05:37,890 --> 00:05:39,141 အာဏာရဲ့ 
ပြဿနာတွေကတော့ 95 00:05:39,141 --> 00:05:42,612 ယနေ့တိုင် သက်ဆိုင်နေဆဲပါ။ 96 00:05:42,612 --> 00:05:46,290 ဒီတော့ ဒါက ရှိတ်စပီးယားရဲ့ "Macbeth" ဖြစ်ပုံရပါတယ်။