ပြဇာတ်ရဲ့ အမည်ကို ပြဇာတ်ရုံထဲမှာ ဘယ်တော့မှ အသံထွက်ပြီးမဆိုသင့်ပါလို့ အယူသီးမှုဟောင်းတစ်ခုက ဆိုရလောက်အောင်ကို ဩဇာတိက္ကမကြီးတဲ့ ပြဇာတ်တစ်ခု ရှိပါတယ်။ စုန်းကဝေအတတ်နဲ့ စပြီး သွေးစွန်း ခေါင်းပြတ် တစ်ခုနဲ့ အဆုံးသတ်တဲ့ ပြဇာတ်တစ်ခု။ ပဟေဠိတွေ၊ ဟောကိန်းတွေ၊ မနှစ်မြို့စရာ အမြင်တွေနဲ့ များစွာသော လူမဆန်တဲ့ လူသတ်မှုတွေနဲ့ ပြည့်နေတဲ့ ပြဇာတ်တစ်ခု တစ်ခါတစ်ရံ "Scottish Play" (သို့) "Macbeth ရဲ့အဆွေးဇာတ်"လို့ ရည်ညွှန်းတဲ့ William Shakespeare ရဲ့ ပြဇာတ်တစ်ခုပါ။ လန်ဒန်က Globe Theater မှာ ၁၆၀၈ ခုနှစ်က ပထမဦးဆုံး တင်ဆက်ခဲ့ပါတယ်။ "Macbeth" ဟာ ရှိတ်စပီးယားရဲ့ အတိုဆုံးအဆွေးဇာတ်ပါ။ သူ့ရဲ့ အမြူးကြွဆုံးတစ်ပုဒ်လည်းဖြစ်ပါတယ်။ အခန်း ငါးခန်းမှာ စကော့ ဆွေကြီးမျိုးကြီး တစ်ဦးရဲ့ဇာတ်လမ်းကို ပြောပြတယ်။ ထီးနန်းကိုခိုးယူသူ၊ ရက်စက်မှုသရဖူဆောင်းတဲ့ကာလကို ဦးဆောင်ပြီး သွေးထွက်သံယို နိဂုံးကို ကြုံရသူပါ။ တစ်လျှောက်လုံးမှာ ရည်မှန်းချက်၊ အာဏာနဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေမေးထားတယ်။ ရှိတ်စပီးယား ခေတ်ရဲ့ နိုင်ငံရေးကို တိုက်ရိုက် ပြောဆိုပြီး ကျွန်တော်တို့ ခေတ်အထိကို ဆက်လက်ပဲတင်နေတာတွေပါေ ၁၇ ရာစု အစောပိုင်း အင်္ဂလန်ဟာ နိုင်ငံရေးအရ မရေရာခဲ့ပါဘူး။ ပထမ အဲလဇဘက်ဘုရင်မ ဟာ နန်းမွေဆက်ခံ သူမရှိပဲ ၁၆၀၃ မှာ ကွယ်လွန်ခဲ့ပြီး မထင်မှတ်တဲ့ လှုပ်ရှားမှုမှာ သူမရဲ့ အကြံပေးတွေက သရဖူကို စကော့တလန် ဘုရင် James Stewart ကို လွှဲပေးလိုက်တယ်။ နှစ်နှစ်အကြာမှာ James ဟာ Gunpowder Plot. လို့ခေါ်တဲ့ လုပ်ကြံမှုတစ်ခုမှာ လုပ်ကြံခံလိုက်ရတယ်။ တရားဝင် ဘုရင်တစ်ပါးမြှောက်စေရေး မေးခွန်းတွေက လူတိုင်းရဲ့ပါးစပ်ဖျားမှာရှိခဲ့တယ်။ ဒီတော့ ရှိတ်စပီးယားဟာ Macbeth လို့ခေါ်တဲ့ စကော့စတန်ဘုရင်နဲ့ အခြားသော စကော့ဆွေကြီးမျိုးကြီးတွေရဲ့ ကြောက်မက်ဖွယ် ၁၁ ရာစုအကြောင်း သူ့ဇာတ်လမ်းတွေကို ပေါင်းစည်း၊ ပြင်ဆင်တဲ့အခါမှာ ထိရောက်တဲ့ကုန်ကြမ်းသူ့မှာ ရှိတာ သူသိခဲ့မှာပါ။ သူတို့ရဲ့နှစ်အလိုက်မှတ်တမ်းကို လူသိများတဲ့ ၁၆ ရာစုနှစ် ဗြိတိန်နဲ့ အိုင်ယာလန်သမိုင်းတစ်ခုဖြစ်တဲ့ Hollinshed ရဲ့ "Chronicles" မှာသူတွေ့တယ်။ ရှိတ်စပီးယားဟာ စုံလင်ပြီး ဗရုတ်ကျတဲ့ သူ့ပရိတ်သတ်ရဲ့အာရုံကို ချက်ချင်းဖမ်းစားစေမယ့် နည်းလမ်းတစ်ခုနဲ့ သူ့ဇာတ်လမ်းကို ပြောပြဖို့လိုတယ်ဆိုတာ သိခဲ့လိမ်မယ်။ The Globe ဟာ လူတန်းစားအလွှာ အားလုံးကိုကြိုဆိုခဲ့တယ်။ ပိုချမ်းသာတဲ့လူတွေက အမိုးပါတဲ့ လေသာဆောင်တွေကနေ ဇာတ်စင်ကိုကြည့်ပြီး ပိုဆင်းရဲသူတွေကတော့ pit လို့ခေါ်တဲ့ လေဟာပြင်အပိုင်းကနေ တစ်ပဲပေးပြီး ကြည့်ကြတယ်။ ဖျော်ဖြေမှုတွေအတွင်း စကားပြောတာ၊ လှောင်ပြောင်တာ၊ အားပေးတာတွေဟာဖြစ်နေကျပါ။ ပြဇာတ်တွေဆိိုးတဲအခါ အခါပရိဘောဂနဲ့ပေါက်တဲ့ ပရိတ်သတ်တွေရဲ့မှတ်တမ်းတွေတောင်ရှိပါတယ်။ ဒီတော့ "Macbeth" ဟာ တိုက်ရိုက် ဝုန်းကနဲ ဖွင့်လိုက်တယ်။ မိုးကြိုသံမြည်ပြီး စုန်းမ သုံးယောက်ပေါ်လာတယ်။ သူတို့ဟာ Macbeth လို့ခေါ်တဲ့ စစ်သူရဲကောင်းစကော့ အမျိုးကောင်းသားကို ရှာနေတာလို့ ကြေညာပြီး ရူးသွားတဲ့ ကမ္ဘာတစ်ခုကို ဟောကိန်းထုတ်တဲ့ ကျိန်စာတစ်ခု ရွတ်ဆိုရင်း ပျံထွက်သွားတယ်။ "တရားမျှတမှုဟာ ဆိုးယုတ်ပြီး ဆိုးယုတ်မှုက တရားမျှတ၊မြုခိုးနဲ့ လေဆိုးညစ်ကနေ ရစ်ဝဲနေ" နောက်ပိုင်း Macbeth နဲ့ အမျိုးကောင်းသား Banquo ကိုသူတို့ရှာတွေ့ခဲ့တယ်။ သူတို့ဟောတာက "အားလုံးက Macbeth ကို ကြိုကြ၊ ဒါနောက်တက်မယ့် ဘုရင်ဖြစ်လိမ့်မယ်။" "ဘုရင်တဲ့လား၊ လို့ Macbeth တွေးမိတယ်။ သရဖူရဖို့ သူဘာလုပ်ဖို့များ လိုအပ်တာပါလိမ့်။ Macbeth နဲ့ သူ့ဇနီး Lady Macbeth ဟာ မကြာခင်မှာပဲ လူသတ်တာ၊ လိမ်လည်တာနဲ့ သစ္စာဖောက်တာတွေ တောက်လျှောက်အစီအစဉ်ချတယ်။ သွေးချောင်းစီးလူသတ်ပွဲမှာ ရှိတ်စပီးယားက ကြည့်ရှုသူတွေကို အဂလိပ်စာပေက မမေ့နိုင်စာအဖြစ်ဆုံး စာပိုဒ်တွေနဲ့ ပံ့ပိုးပေးတယ်။ "ကျွတ်၊ မကောင်းတဲ့အစွန်း ကျွတ်စမ်း၊ ငါပြောနေတယ်"လို့ Lady Macbeth ဟာ သူမရဲ့သားကောင်ရဲ့သွေးကို သူမလက်တွေကနေ သုတ်ပစ်လို့မရဘူးယုံကြည်တဲ့အခါ အော်ဟစ်တယ်။ သူမရဲ့ အပြစ်စွဲလမ်းမှုဟာ ပြဇာတ်တစ်ခုလုံး ပါဝင်တဲ့ အကြောင်းအရာများစွာထဲက တစ်ခုပါ၊ အာဏာအလွဲသုံးစားလုပ်ဖို့ နေရာတိုင်းဖြစ်တတ်မှုနဲ့ အကြမ်းဖက်မှုနဲ့ သစ္စာဖောက်တို့ရဲ့ အဆုံးမဲ့သံသရာ၊ နိုင်ငံရေးပဋိပက္ခကို ဖီဆန်ခြင်းနဲ့အတူပါ။ ရှိတ်စပီးယားရဲ့ဘာသာစကား ထုံးစံအတိုင်း ပြဇာတ်မှာ စပါလာတာနဲ့ များစွာသောစကားစုတွေဟာ ရိုးအီသွားတဲ့အထိကို ကြိမ်ဖန်များစွာ ထပ်ကျော့ထားပါတယ်။ ပါဝင်တာတွေကတော့ "အကြင်နာတရား" "ပြီးတော့လည်း ပြီးတာပဲ" နဲ့ ထင်ရှားတဲ့ စုံးမတွေရဲ့ ကျိန်စာဖြစ်တဲ့ "ဆတိုးလို့ အပင်ပန်းခံလုပ် ပြီးတော့ ဒုက္ခ မီးမြှိုက်ေတာ့ ဒယ်အိုး ဗလုံစီ"ပါ။ ဒါပေမဲ့ ရှိုတ်စပီးယားဟာ Macbeth ကိုယ်တိုင် အတွက် ပျစ်ပျစ်နှစ်နှစ်အရှိဆုံးတွေဖယ်ထားတယ် ပြဇာတ်အဆုံးပိုင်းမှာ သေခြင်းရဲ့ ဖြစ်မြဲ သဘော နဲ့ ဘဝရဲ့ အဓိပ္ပာယ်မဲ့မှုအပေါ် Macbeth ဆင်ခြင်မိတယ်။ သူညည်းညူတာက "ထွက်၊ ထွက်သွား တိုတောင်းတဲ့ ဖယောင်းတိုင်၊ ဘဝဆိုတာ လမ်းလျှောက်နေတဲ့ အရိပ်သက်သက်ပဲ၊ သနားစရာ ဇာတ်ဆောင်တစ်ဦး ဟန်ပါပါလျှောက်ပြီး ဇာတ်စင်ပေါ်မှာသူ့အချိန် တရွေ့ရွေ့ကုန်တယ်၊ နောက်ဘာမှ မကြားရတော့ဘူး။ ဒါဟာ သူရူးတစ်ယောက် ပြောတဲ့ပုံပြင်တစ်ပုဒ် အသံဗလံနဲ့ ဒေါသတွေပြည့်နှက်လို့၊ ဘာမှမဟုတ်တာကို ရမယ်ဖွဲ့ရင်းပေါ့" ဘဝဆိုတာ သူရူးတစ်ယောက် ပြောတဲ့ပုံပြင်လို ဖြစ်လောက်ပေမဲ့"Macbeth" ကတော့ မဟုတ်ပါဘူး။ ရှိတ်စပီးယား ဘာသာစကားနဲ့ ဇာတ်ကောင်တွေဟာ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှု အသိဉာဏ်ထဲကို အတိုင်းအတာတစ်ခုအထိ ဝင်ရောက်နေပါတယ်။ ဒါရိုက်တာတွေက အာဏာအလွဲသုံးစားလုပ်တာ ပြဖို့ ဒီဇာတ်လမ်းကို မကြာခဏသုံးတယ်။ အမေရိကန် မာဖီးယားကနေ ကမ္ဘာတစ်လွှားက အာဏာရှင်တွေအထိပါပဲ။ ဒီပြဇာတ်ကိုရုပ်ရှင်အဖြစ် အကြိမ်ကြိမ် ပြောင်းခဲ့တယ် Akira Kurosawa ရဲ့ "Throne of Blood" အပါအဝင်ပါ။ ၎င်းက မြေရှင်ပဒေသရာဇ်စနစ် ဂျပန်မှာ ဖြစ်ပျက်ပြီး "Scotland, PA" လို့ခေါ်တဲ့ ခေတ်မီ အောင်လုပ်ထားတဲ့ တင်ဆက်မှုတစ်ခုပါ။ ၎င်းမှာ Macbeth နဲ့ သူ့ပြိုင်ဘက်တွေဟာ ပြိုင်ဆိုင်နေတဲ့ အမြန်ပြင် စားသောက်ဆိုင်တွေရဲ့ မန်နေဂျာတွေပါ။ မည်သို့တင်ပြစေကာမူ သမစိတ္တရှုထောင့်၊ နိုင်ငံရေးနဲ့ အာဏာရဲ့ 
ပြဿနာတွေကတော့ ယနေ့တိုင် သက်ဆိုင်နေဆဲပါ။ ဒီတော့ ဒါက ရှိတ်စပီးယားရဲ့ "Macbeth" ဖြစ်ပုံရပါတယ်။