Pun Pun နဲ့ သူ့အမေ Nok တို့ဟာ အမြဲတမ်း
ရင်းရင်းနှီးနှီး၊ ရှိကြပါတယ်
နေ့စဉ်ဘဝမှာကြုံတွေ့နေသော ပုံပြင်
သင်ခန်းစာများကိုအမြဲဝေမျှကြပါတယ်
ဒါပေမယ့် တစ်နေ့မှာတော့ Pun Pun ဟာ
ကျောင်းကနေ ထူးခြားတဲ့တွေ့ရှိချက်အသစ်တစ်ခုနှင့်
အိမ်ပြန်ရောက်လာခဲ့ပါတယ်။
ဒါဟာ ရိုးရိုးအိမ်စာတစ်ခုမျှသာ
မဟုတ်ပါ။
ဒါဟာ သူတို့နှစ်ယောက်ရဲ့ ဘဝတွေကို
ပြောင်းလဲစေမယ့် အရာတစ်ခုပါပဲ။
သူ့အတန်းဖော်တွေလိုပဲ၊
ထိုင်းနိုင်ငံ၊ ကိုရတ်မြို့ရှိ သတ္တမနေ့ ဥပုသ်ကျောင်းသို့
ပထမဆုံးရောက်ရှိစဉ်အထိ
Pun Pun သည် သမ္မာကျမ်းစာပုံပြင်ကို
တစ်ခါမျှ မကြားဖူးခဲ့ပေ။
ကျွန်တော် ဘာမှ မသိခဲ့ပါ။
အရင်ရောက်တုန်းက ဆရာတွေက
သမ္မာကျမ်းစာထြမှသီချင်းများ သင်ပေးတယ်
အဲဒီချိန်ကစပြီးနှစ်သက်လာပါတယ်။
ကျွန်မကြိုက်နှစ်သက်ပါတယ်
ဒါတွေက ပုံပြင်နှင့်တူတယ်
သူမသည် သူ့မိခင်နှင့် ကျမ်းစာပုံပြင်များကို
စတင်ဝေမျှလာပါတယ်
သူ့မိခင်လည်းကျမ်းစာပုံပြင်များကို
စိတ်ဝင်းစားလာပါတယ်။
သူ့အမေကလည်းကောင်းကောင်း
နားထောင်နေပါတယ်
ကျွန်မဝေမျှာတာကို သူပိုပိုနားထောင်လာတယ်
သခါတလေ ဒါထက်မကပြောဖို့တောင်း
ဆိုလာပါတယ်
ကျွန်မလည်း လေ့လာသင်ယူနေတဲ့အခါမှာ
စကားပြောောကို ကြိုက်နှစ်သက်သောကြာင့်
သူ့ကို အများကြီးသင်ပေးခဲ့ပါတယ်
ကျွန်မကတော့ ခရစ်ယာန်မဟုတ်ပါ
ဒီကျောင်းကိုမရောက်ခင်
ကျမ်းစာအကြောင်းဘာမှမသိပါ။
ဒါပေမဲ့ ကျမ်းစာအကြောင်း သင်ယူခဲ့ပြီး
နားလည်လာတယ်။
ပိုလေ့လာဖို့ လိုသေးတယ်လို့ ထင်ပါတယ်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ဤကျောင်းသည်
အဆောက်အဦအသစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
၁၃ ပတ် ဥပုသ်အလျူငွေကြောင့် ကျေးဇူးအထူးတင်ရှိပါသည်။
ကျောင်းဆောင်သစ်တွင်
သစ်ပင်များပို၍ နေရာပိုကျယ်ကာ
ဘုရားကျောင်းတစ်ခုလည်း ရှိသည်။
ပိုကြီးတဲ့ အခန်းတွေ ပါပါမယ်၊
ဘာလို့လဲဆိုတော့ ကျောင်းဟောင်းမှာက
တကယ့်ကို သေးငယ်တယ်။
ပိုကျယ်ပြီး၊ ပိုကြီးတဲ့ စာသင်ခန်းတွေနဲ့ လှပတဲ့
ဘုရားကျောင်းအသစ်နှင့်
ကျောင်းသားများသည် ပညာရေးနှင့်
ဝိညာဉ်ရေးတွင် ကြီးထွားနေကြသည်။
ဤပရောဂျက်၏ အကျိုးသက်ရောက်မှုသည်
ဆက်လက်ကြီးထွားလာကာ
လူငယ်ဘဝနှင့် ၎င်းတို့၏ မိသားစုဘဝများကို
မှန်ကန်သောဘဝပုံဖော်ပေးသည်။
ဆရာတွေက ကျောင်းသားတွေကို ပြသခဲ့တဲ့
ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေကြောင့်
Nok က အရမ်း ကြည်နူးခဲ့ရပါတယ်။
ကျောင်းမှာ လိုအပ်ချက်တစ်ခုကို မြင်ပြီး
ပြန်ပေးဖို့ စိတ်အားထက်သန်စွာ ခံစားခဲ့ရတယ်။
ရလဒ်အနေနှင့်,
ကလေးများအတွက် ပျော်ရွှင်စေရန်အတွက်
အသစ်စက်စက် ကစားကွင်း ကိရိယာများကို
လှူဒါန်းခဲ့ပါသည်။
ဤကစားကွင်းအသစ်သည် ကျောင်းသားများ
ရယ်မော၊ ပြေးလွှားပြီး ခင်မင်ရင်းနှီးမှုတည်ဆောက်
နိုင်သည့် တက်ကြွသောနေရာတစ်ခုဖြစ်လာသည်။
ဒီမှာ ဆရာ၊ဆရာမတွေကို ကြိုက်တယ်။
ဘာလို့လဲဆိုတော့ သူတို့မှာ အကောင်းမြင်စိတ်ရှိလို့
ထင်တယ်။
ဆရာမတွေကို ယုံတယ်။
ဒီကျောင်းကိုလည်း ယုံတယ်။
၁၃ပတ် ဥပုသ် အလျူငွေနှင့် Nok's ကဲ့သို့သော
မိသားစုများ၏ မေတ္တာ နှင့် ပံ့ပိုးကူညီမှုများကြောင့်
ဤကျောင်းသည် ဆက်လက် ကြီးထွားပြီး
ဘဝများကို ပြောင်းလဲပေးပါသည်။
Pun Pun နဲ့ Nok တို့လို သူတို့ကို ချစ်တဲ့
ဘုရားသခင်အကြောင်း လေ့လာနေတဲ့
တခြားမိသားစုတွေ အတွက် ဆုတောင်းပေးပါ။
၁၃ပတ် ဥပုသ် အလျူငွေ အတွက် သော၎င်း
ထိုင်းနိုင်ငံမှာ နေထိုင်တဲ့
ဘဝတွေကို ပြောင်းလဲဖို့ ကူညီပေးသောကြောင့်
အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။