1 00:00:06,951 --> 00:00:10,881 စိတ်ကစဉ့်ကလျား ရောဂါကို ပထမဆုံး ဖော်ထုတ်ခဲ့တာကတော့ ရာစုတစ်စုကျော်ကပါ။ 2 00:00:10,881 --> 00:00:13,850 ဒါပေမဲ့ ၎င်းရဲ့ တိကျတဲ့ အကြောင်းရင်းတွေ ကိုတော့ မသိကြသေးပါဘူး။ 3 00:00:13,850 --> 00:00:18,770 ယနေ့ အဓိပ္ပာယ်ကောက်အလွဲဆုံး၊ကဲ့ရဲ့အခံရဆုံး စိတ်မကျန်းတွေထဲက တစ်ခုအဖြစ် ကျန်နေပါတယ်။ 4 00:00:18,770 --> 00:00:23,939 ဒီတော့ လက္ခဏာတွေကနေ အကြောင်းရင်းတွေ၊ကုသ မှုမှုတွေအထိ သိတာကို ခ​ြ​ေရာကောက်ရအောင်။ 5 00:00:23,939 --> 00:00:26,819 စိတ်ကစဉ့်ကလျား ရောဂါကို ရောဂါလက္ခဏာစုတစ်စုလို့သတ်မှတ်တယ်။ 6 00:00:26,819 --> 00:00:30,260 ဆိုလိုတာက တူညီတဲ့ လက္ခဏာတွေ ရှိပေမဲ့ အကြောင်းရင်းမျိုးစုံရှိတဲ့ 7 00:00:30,260 --> 00:00:33,960 များစွာသော သက်ဆိုင်ရာ ရောဂါဖြစ်မှုတွေ ပါဝင်နိုင်လောက်တာပါ။ 8 00:00:33,960 --> 00:00:38,020 စိတ်ကစဉ့်ကလျား ရောဂါရှင်တိုင်းမှာ အနည်းငယ် ခြားနားတဲ့ လက္ခဏာတွေရှိပြီး 9 00:00:38,020 --> 00:00:44,101 ပထမ လက္ခဏာတွေက သိမ်မွေ့တဲ့ ပင်ကိုစရိုက် အပြောင်းအလဲတွေကို လွတ်သွားဖို့ လွယ်ပါတယ်၊ 10 00:00:44,101 --> 00:00:47,701 ကသိကအောက်ဖြစ်မှု(သို့) တစ်မူထူးတဲ့ အတွေးတွေရဲ့ မသိမသာ စွက်ဖက်မှုတစ်ခုပါ။ 11 00:00:47,701 --> 00:00:51,760 အမြဲလိုလို ပြင်းထန်တဲ့ စိတ်ဝေဒနာ ရပြီးနောက် ရောဂါတွေ့ရှိရတဲ့ ဝေဒနာရှင်တွေက 12 00:00:51,760 --> 00:00:55,902 ပုံမှန် ဖြစ်ပွားတာက ဆယ်ကျော်သက် နှောင်း ပိုင်းနဲ့ နှစ်ဆယ်စွန်း အမျိုးသားတွေနဲ့ 13 00:00:55,902 --> 00:00:59,041 နှစ်ဆယ်နှောင်းပိုင်းနဲ့ သုံးဆယ်စွန်း အမျိုးသမီးတွေပါ။ 14 00:00:59,041 --> 00:01:03,611 ပထမဆုံး စိတ်ဝေဒနာဖိစီးတဲ့ ဖြစ်ရပ်တစ်ခုမှာ ယုံမှားလွန်ခြင်း၊ အာရုံခြောက်ခြားခြင်းနဲ့ 15 00:01:03,611 --> 00:01:06,162 ကမောက်ကမ ပြောဆိုမှုနဲ့ အမူအရာ
 ကိုအသားပေးနိုင်တယ်။ 16 00:01:06,162 --> 00:01:08,321 ဒါတွေကို အပြုသဘော လက္ခဏာတွေလို့ ခေါ်တယ်။ 17 00:01:08,321 --> 00:01:10,851 ဆိုလိုတာက ဒါတွေက စိတ်ကစဉ့်ကလျား 18 00:01:10,851 --> 00:01:13,551 ရောဂါသည်တွေမှာ ဖြစ်ပေါ်ပေမဲ့ သာမန်လူတွေမှာ မဖြစ်ပါဘူး။ 19 00:01:13,551 --> 00:01:17,071 ဒါတွေက ကစဉ်ကလျားရောဂါ သည်တွေဟာ ပင်ကိုစရိုက်စုံရှိတယ်ဆိုတဲ့ 20 00:01:17,071 --> 00:01:19,021 ဖြစ်နေကျ နားလည်လွဲမှုတစ်ခုဆိုပေမဲ့ 21 00:01:19,021 --> 00:01:23,181 ဒီလက္ခဏာတွေက အခြားပင်ကိုစရိုက်ရဲ့ သရုပ်သကန်ဆိုတာထက် 22 00:01:23,181 --> 00:01:26,861 အတွေးလုပ်ငန်းစဉ်တွေရဲ့ အလျဉ်ပြတ်မှုတစ်ခုကို ညွန်ပြတာပါ။ 23 00:01:26,861 --> 00:01:29,791 စိတ်ကစဉ့်ကလျား ရောဂါဟာလည်း အပျက်သဘော လက္ခဏာတစ်ခုပါ။ 24 00:01:29,791 --> 00:01:33,681 စိတ်ကစဉ့်ကလျား ရောဂါသည်တွေမှာ လျော့သွားတဲ့ အရည်အသွေးတွေက 25 00:01:33,681 --> 00:01:37,566 လှုံ့ဆော်မှု၊ ခံစားချက်(သို့) အပြောရဲ့ ထုတ်ဖော်မှုမျိုးတွေပါ။ 26 00:01:37,566 --> 00:01:41,646 ဒါတွေက အာရုံစိုက်ခြင်း သတင်းအချက်အလက် မှတ်မိခြင်းနဲ့ 27 00:01:41,646 --> 00:01:45,006 ဆုံးဖြတ်ချက်ချရာ ခက်ခဲမှုလိုမျိုး သိမှတ်မှု လက္ခဏာတွေ အပါအဝင်ပါ။ 28 00:01:45,006 --> 00:01:48,246 ဒီတော့ ပြင်းထန်တဲ့ စိတ်ဝေဒနာ သင့်စေတဲ့ အကြောင်းအရင်းတွေက ဘာလဲ။ 29 00:01:48,246 --> 00:01:51,276 ဖြစ်နိုင်တာက တစ်ခုတည်းမဟုတ်ဘဲ ဒါကို ပံပိုးပေးတဲ့ မျိုးရိုးဗီဇနဲ့ 30 00:01:51,276 --> 00:01:54,866 ဝန်းကျင်ဆိုင်ရာ ဘေးဖြစ်စေတဲ့ အကြောင်းအရင်းတွေရဲ့ ပေါင်းစပ်မှုပါ။ 31 00:01:54,866 --> 00:02:00,001 စိတ်ကစဉ့်ကလျား ရောဂါမှာ အခြားစိတ်ရောဂါရဲ့ အခိုင်မာဆုံး ဗီဇဆက်နွယ်မှုတချို့ရှိတယ်။ 32 00:02:00,001 --> 00:02:03,561 လူတွေရဲ့ ၁% ခန့််မှာ စိတ်ကစဉ့်ကလျားရောဂါရှိပေမဲ့ 33 00:02:03,561 --> 00:02:08,181 စိတ်ကစဉ့်ကလျား ရောဂါသည်တွေရဲ့ ကလေးတွေနဲ့ မောင်နှမတွေဟာ ဒီရောဂါဖြစ်ဖို့ 34 00:02:08,181 --> 00:02:09,991 ဆယ်ဆ ဖြစ်နိုင်ခြေပိုများပြီး 35 00:02:09,991 --> 00:02:13,042 စိတ်ကစဉ့်ကလျား ရောဂါသည်ရဲ့ အမြွှာပူးဟာ ထိခိုက်ခံရဖို့ 36 00:02:13,042 --> 00:02:16,232 အခွင့်အလမ်း ၄၀% ရှိတယ်။ 37 00:02:16,232 --> 00:02:19,402 မကြာခဏ စိတ်ကစဉ့်ကလျား ရောဂါသည်တွေရဲ့ ဆွေမျိုးရင်းတွေဟာ 38 00:02:19,402 --> 00:02:23,252 ဒီရောဂါနဲ့ ဆက်စပ်တဲ့ လက္ခဏာတွေရဲ့ ပိုသိမ်မွေ့တဲ့ ပုံစံတွေ ပြသကြပေမဲ့ 39 00:02:23,252 --> 00:02:26,502 ကုသမှု လိုအပ်တဲ့ အတိုင်းအတာ တစ်ခုတော့ မဟုတ်ဘူး။ 40 00:02:26,502 --> 00:02:29,222 ဗီဇမျိုးစုံဟာ ကဏ္ဍတစ်ခုအဖြစ် သေချာပေါက်နီးပါး ပါဝင်ပေမဲ့ 41 00:02:29,222 --> 00:02:32,742 ဘယ်လောက်လဲ၊ ဘယ်ဟာတွေလဲ ဆိုတာတွေ ကျွန်ုပ်တို့ မသိကြပါဘူး။ 42 00:02:32,742 --> 00:02:37,700 အစောပိုင်း ကလေးဘဝမှာ ဗိုင်းရပ်စ်တချို့နဲ့ ထိတွေ့တာလို ဝန်းကျင် အကြောင်းရင်းတွေက 43 00:02:37,700 --> 00:02:41,780 လူတစ်ယောက်မှာ စိတ်ကစဉ့်ကလျား ရောဂါဖြစ်မယ့် အခွင့် ပိုတိုးစေလောက်ပြီး 44 00:02:41,780 --> 00:02:45,213 ဆေးခြောက်အပါအဝင် ဆေးတွေသုံးစွဲမှုက ကူးစက်လွယ်နိုင်တဲ့ တစ်ဦးချင်းတွေမှာ 45 00:02:45,213 --> 00:02:47,342 ပြင်းထန်တဲ့ စိတ်ရောဂါ သင့်ဖို့ 46 00:02:47,342 --> 00:02:50,161 အစပျိုးပေးလောက်တယ်။ 47 00:02:50,161 --> 00:02:53,163 ဒီအကြောင်းရင်းတွေဟာ လူတိုင်းကို အလားတူ မထိခိုက်စေဘူး။ 48 00:02:53,163 --> 00:02:55,663 ဗီဇဆိုင်ရာ ဘေးဖြစ်မှု နိမ့်တဲ့ လူတွေအတွက် 49 00:02:55,663 --> 00:02:58,997 ပတ်ဝန်းကျင်ဆိုင်ရာ ဘေးသင့်မှုအတွက် မည်သည့် ပမာဏကမှ စိတ်ကစဉ့်ကလျား 50 00:02:58,997 --> 00:03:01,567 ရောဂါ ဖြစ်စေမှာ မဟုတ်ဘူး။ 51 00:03:01,567 --> 00:03:07,768 ဘေးသင့်မှု မြင့်သူတွေအတွက် အပိုဘေးသင့်မှု အတန်အသင့်က ဟန်ချက်ကို စောင်းနိုင်တယ်။ 52 00:03:07,768 --> 00:03:12,441 စိတ်ကစဉ့်ကလျား ရောဂါကို ကုသဖို့ သုံးတဲ့ စိတ်ဖီစီးမှု ရောဂါ ကာကွယ်ဆေးတွေက 53 00:03:12,441 --> 00:03:16,946 ဦးနှောက်ထဲက ရောဂါ လက္ခဏာတွေကို ခြေရာခံဖို့ နောက်ပြန်လုပ်ရာမှာ သုတေသီတွေကို ကူညီတယ် 54 00:03:16,946 --> 00:03:20,886 အစဉ်အလာ စိတ်ဖီစီးမှု ရောဂါကာကွယ်ဆေး တွေက ဒိုပါမင် တုံ့ပြန်မှုတွေကိုတားဆီးတယ်။ 55 00:03:20,886 --> 00:03:24,403 ဒါတွေက ဦးနှောက်ရဲ့ သီးခြား တွေမှာရှိတဲ့ လမ်းကြောင်း ဒိုပါမင် လွန်ကဲမှုနဲ့ 56 00:03:24,403 --> 00:03:28,783 ဆက်နွယ်နေတဲ့ အပြုသဘော လက္ခဏာတွေကို လျှော့ချရုမှာ အင်မတန် ထိရောက်နိုင်တယ်။ 57 00:03:28,783 --> 00:03:32,059 ဒါပေမဲ့ အလားတူဆေးတွေက အပျက်သဘော လက္ခဏာတွေ ပိုဆိုးအောင် လုပ်နိုင်ပြီး 58 00:03:32,059 --> 00:03:35,637 တွေ့ရှိရတာကတော့ စိတ်ကစဉ့်ကလျား ရောဂါရဲ့ အပျက်သဘော လက္ခဏာတွေဟာ 59 00:03:35,637 --> 00:03:39,387 အခြားသော ဦးနှောက် ဧရီယာတွေထဲက နည်းလွန်းတဲ့ ဒိုပါမင်နဲ့ ဆက်နွယ်နေတာပါ။ 60 00:03:39,387 --> 00:03:42,787 စိတ်ကစဉ်ကလျား ရောဂါသည်တချို့ဟာ အာရုံကြော တစ်ရှူးဆုံးရှုံးမှုကို ပြသပြီး 61 00:03:42,787 --> 00:03:47,277 ဒီအင်္ဂါသိမ်မှုက ရောဂါကိုယ်၌ရဲ့ ရလဒ်တစ်ခုလား(သို့) ဆေးကြောင့်ဖြစ်တဲ့ 62 00:03:47,277 --> 00:03:50,581 အချက်ပြမှုရဲ့ ထိန်းချုပ်မှုလားဆိုတာတော့ မရှင်းလင်းဘူး။ 63 00:03:50,581 --> 00:03:55,092 ကံကောင်းတာက စိတ်ဖီစီးမှုရောဂါ ကာကွယ်ဆေးတွေရဲ့ပိုသစ်တဲ့ မျိုးဆက်တွေဟာ 64 00:03:55,092 --> 00:03:59,089 ဒိုပါမင်အပြင် ဆီရိုတွန်နင်လို နာဗ်ကြော ဓာတုဒြပ်ပေါင်းစုံကို ပစ်မှတ်ထားရင်း 65 00:03:59,089 --> 00:04:02,113 ဒီပြဿနာတချို့ကို ဖြေရှင်းဖို့ရည်ရွယ်တာပါ။ 66 00:04:02,113 --> 00:04:07,112 လက္ခဏာအားလုံးအတွက် တာဝန်ရှိတာက နာဗ်ကြော ဓာတုဒြပ်တစ်ခု မဟုတ်တာ ရှင်းပါတယ်။ 67 00:04:07,112 --> 00:04:10,652 ဒီဆေးတွေက ဦးနှောက်နဲ့ ခန္ဓာကိုယ် တစ်လျှောက် အချက်ပြမှုကို သက်ရောက်လို့ပါ။ 68 00:04:10,652 --> 00:04:14,179 ၎င်းတို့မှာ ကိုယ်အလေးချိန် တက်တာလို အခြားဘေးထွက် ဆိုးကျိုးတွေရှိနိုင်တယ်။ 69 00:04:14,179 --> 00:04:18,655 ဒီထပ်တိုး ရောဂါသစ်တွေရှိပေမဲ့ စိတ်ရောဂါ ကာကွယ်ဆေးတွဟာ အင်မတန် ထိရောက်နိုင်ပါတယ်။ 70 00:04:18,655 --> 00:04:21,675 အထူသဖြင့် သိမှတ်မှု အပြုအမူ ကုထုံးလို အခြား စွက်ဖက်မှုတွေနဲ့ 71 00:04:21,675 --> 00:04:24,259 ပေါင်းစပ်တဲ့အခါပါ။ 72 00:04:24,259 --> 00:04:28,529 လျှပ်စစ်ရှော့ရိုက် ကုထုံးဟာ ခဏတာ သက်သာမှုကို ပေးပေမဲ့ 73 00:04:28,529 --> 00:04:31,381 ပြန်လည် ပေါ်ထွန်းလာတဲ့ ထိရောက်တဲ့ ကုသမှုတစ်ခုလည်း ဖြစ်ပါတယ်။ 74 00:04:31,381 --> 00:04:34,129 အထူးသဖြင့် အခြား ရွေးစရာတွေ မအောင်မြင်တဲ့အခါမှာပါ။ 75 00:04:34,129 --> 00:04:37,629 အစောပိုင်း စွက်ဖက်မှုဟာလည်း အလွန်အမင်း အရေးပါပါတယ််။ 76 00:04:37,629 --> 00:04:40,689 ကုသမှုမရှိတဲ့ ပြင်းထန်တဲ့ စိတ်ရောဂါရဲ့ လတွေ၊ နှစ်တွေ ကြာအပြီးမှာ 77 00:04:40,689 --> 00:04:45,179 တချို့စိတ်ရောဂါတွေဟာ လူတစ်ဦးရဲ့ ပင်ကိုစရိုက်မှာ စွဲခိုင်လာနိုင်ပါတယ်။ 78 00:04:45,179 --> 00:04:49,130 သို့ပေမည့် ဒီရောဂါရှာတွေ့နဲ့ တွဲဖက်ထားတဲ့ လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေတဲ့ အမည်းစက်က 79 00:04:49,130 --> 00:04:51,869 လူတွေကို အကူအညီတောင်းတာကနေ တားဆီးနိုင်တယ်။ 80 00:04:51,869 --> 00:04:55,499 စိတ်ကစဉ့်ကလျား ရေဂါသည်တွေဟာ အန္တရာယ်ရှိတယ်လို့ မကြာခဏ ထင်မှတ်ခံရပေမဲ့ 81 00:04:55,499 --> 00:04:59,209 တကယ်ကျတော့ အပြစ်ကျူးလွန်သူတွေဆိုတာထက် အကြမ်းဖက်မှုရဲ့ သားကောင်တွေဖြစ်ဖို့ 82 00:04:59,209 --> 00:05:01,019 ဖြစ်နိုင်ခြေ ပိုများတယ်။ 83 00:05:01,019 --> 00:05:04,389 သင့်တော်တဲ့ ကုသမှုက စိတ်ကစဉ့်ကလျား ရောဂါနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်မှု 84 00:05:04,389 --> 00:05:06,719 ဖြစ်နိုင်ခြေ လျော့ကျဖို့ ကူညီနိုင်လောက်တယ်။ 85 00:05:06,719 --> 00:05:11,269 ဒါကြောင့် ဝေဒနာရှင်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ ရပ်ရွာတွေအတွက် ပညာပေးမှုက 86 00:05:11,269 --> 00:05:15,292 ဒီအမည်းစက်ကို ပယ်ဖျက်ပြီး ကုသခွင့်ရမှုကို မြှင့်တင်ဖို့ ကူညီပေးတာပါ။