စိတ်ကစဉ့်ကလျား ရောဂါကို ပထမဆုံး ဖော်ထုတ်ခဲ့တာကတော့ ရာစုတစ်စုကျော်ကပါ။ ဒါပေမဲ့ ၎င်းရဲ့ တိကျတဲ့ အကြောင်းရင်းတွေ ကိုတော့ မသိကြသေးပါဘူး။ ယနေ့ အဓိပ္ပာယ်ကောက်အလွဲဆုံး၊ကဲ့ရဲ့အခံရဆုံး စိတ်မကျန်းတွေထဲက တစ်ခုအဖြစ် ကျန်နေပါတယ်။ ဒီတော့ လက္ခဏာတွေကနေ အကြောင်းရင်းတွေ၊ကုသ မှုမှုတွေအထိ သိတာကို ခ​ြ​ေရာကောက်ရအောင်။ စိတ်ကစဉ့်ကလျား ရောဂါကို ရောဂါလက္ခဏာစုတစ်စုလို့သတ်မှတ်တယ်။ ဆိုလိုတာက တူညီတဲ့ လက္ခဏာတွေ ရှိပေမဲ့ အကြောင်းရင်းမျိုးစုံရှိတဲ့ များစွာသော သက်ဆိုင်ရာ ရောဂါဖြစ်မှုတွေ ပါဝင်နိုင်လောက်တာပါ။ စိတ်ကစဉ့်ကလျား ရောဂါရှင်တိုင်းမှာ အနည်းငယ် ခြားနားတဲ့ လက္ခဏာတွေရှိပြီး ပထမ လက္ခဏာတွေက သိမ်မွေ့တဲ့ ပင်ကိုစရိုက် အပြောင်းအလဲတွေကို လွတ်သွားဖို့ လွယ်ပါတယ်၊ ကသိကအောက်ဖြစ်မှု(သို့) တစ်မူထူးတဲ့ အတွေးတွေရဲ့ မသိမသာ စွက်ဖက်မှုတစ်ခုပါ။ အမြဲလိုလို ပြင်းထန်တဲ့ စိတ်ဝေဒနာ ရပြီးနောက် ရောဂါတွေ့ရှိရတဲ့ ဝေဒနာရှင်တွေက ပုံမှန် ဖြစ်ပွားတာက ဆယ်ကျော်သက် နှောင်း ပိုင်းနဲ့ နှစ်ဆယ်စွန်း အမျိုးသားတွေနဲ့ နှစ်ဆယ်နှောင်းပိုင်းနဲ့ သုံးဆယ်စွန်း အမျိုးသမီးတွေပါ။ ပထမဆုံး စိတ်ဝေဒနာဖိစီးတဲ့ ဖြစ်ရပ်တစ်ခုမှာ ယုံမှားလွန်ခြင်း၊ အာရုံခြောက်ခြားခြင်းနဲ့ ကမောက်ကမ ပြောဆိုမှုနဲ့ အမူအရာ
 ကိုအသားပေးနိုင်တယ်။ ဒါတွေကို အပြုသဘော လက္ခဏာတွေလို့ ခေါ်တယ်။ ဆိုလိုတာက ဒါတွေက စိတ်ကစဉ့်ကလျား ရောဂါသည်တွေမှာ ဖြစ်ပေါ်ပေမဲ့ သာမန်လူတွေမှာ မဖြစ်ပါဘူး။ ဒါတွေက ကစဉ်ကလျားရောဂါ သည်တွေဟာ ပင်ကိုစရိုက်စုံရှိတယ်ဆိုတဲ့ ဖြစ်နေကျ နားလည်လွဲမှုတစ်ခုဆိုပေမဲ့ ဒီလက္ခဏာတွေက အခြားပင်ကိုစရိုက်ရဲ့ သရုပ်သကန်ဆိုတာထက် အတွေးလုပ်ငန်းစဉ်တွေရဲ့ အလျဉ်ပြတ်မှုတစ်ခုကို ညွန်ပြတာပါ။ စိတ်ကစဉ့်ကလျား ရောဂါဟာလည်း အပျက်သဘော လက္ခဏာတစ်ခုပါ။ စိတ်ကစဉ့်ကလျား ရောဂါသည်တွေမှာ လျော့သွားတဲ့ အရည်အသွေးတွေက လှုံ့ဆော်မှု၊ ခံစားချက်(သို့) အပြောရဲ့ ထုတ်ဖော်မှုမျိုးတွေပါ။ ဒါတွေက အာရုံစိုက်ခြင်း သတင်းအချက်အလက် မှတ်မိခြင်းနဲ့ ဆုံးဖြတ်ချက်ချရာ ခက်ခဲမှုလိုမျိုး သိမှတ်မှု လက္ခဏာတွေ အပါအဝင်ပါ။ ဒီတော့ ပြင်းထန်တဲ့ စိတ်ဝေဒနာ သင့်စေတဲ့ အကြောင်းအရင်းတွေက ဘာလဲ။ ဖြစ်နိုင်တာက တစ်ခုတည်းမဟုတ်ဘဲ ဒါကို ပံပိုးပေးတဲ့ မျိုးရိုးဗီဇနဲ့ ဝန်းကျင်ဆိုင်ရာ ဘေးဖြစ်စေတဲ့ အကြောင်းအရင်းတွေရဲ့ ပေါင်းစပ်မှုပါ။ စိတ်ကစဉ့်ကလျား ရောဂါမှာ အခြားစိတ်ရောဂါရဲ့ အခိုင်မာဆုံး ဗီဇဆက်နွယ်မှုတချို့ရှိတယ်။ လူတွေရဲ့ ၁% ခန့််မှာ စိတ်ကစဉ့်ကလျားရောဂါရှိပေမဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်တွေရဲ့ ကလေးတွေနဲ့ မောင်နှမတွေဟာ ဒီရောဂါဖြစ်ဖို့ ဆယ်ဆ ဖြစ်နိုင်ခြေပိုများပြီး စိတ်ကစဉ့်ကလျား ရောဂါသည်ရဲ့ အမြွှာပူးဟာ ထိခိုက်ခံရဖို့ အခွင့်အလမ်း ၄၀% ရှိတယ်။ မကြာခဏ စိတ်ကစဉ့်ကလျား ရောဂါသည်တွေရဲ့ ဆွေမျိုးရင်းတွေဟာ ဒီရောဂါနဲ့ ဆက်စပ်တဲ့ လက္ခဏာတွေရဲ့ ပိုသိမ်မွေ့တဲ့ ပုံစံတွေ ပြသကြပေမဲ့ ကုသမှု လိုအပ်တဲ့ အတိုင်းအတာ တစ်ခုတော့ မဟုတ်ဘူး။ ဗီဇမျိုးစုံဟာ ကဏ္ဍတစ်ခုအဖြစ် သေချာပေါက်နီးပါး ပါဝင်ပေမဲ့ ဘယ်လောက်လဲ၊ ဘယ်ဟာတွေလဲ ဆိုတာတွေ ကျွန်ုပ်တို့ မသိကြပါဘူး။ အစောပိုင်း ကလေးဘဝမှာ ဗိုင်းရပ်စ်တချို့နဲ့ ထိတွေ့တာလို ဝန်းကျင် အကြောင်းရင်းတွေက လူတစ်ယောက်မှာ စိတ်ကစဉ့်ကလျား ရောဂါဖြစ်မယ့် အခွင့် ပိုတိုးစေလောက်ပြီး ဆေးခြောက်အပါအဝင် ဆေးတွေသုံးစွဲမှုက ကူးစက်လွယ်နိုင်တဲ့ တစ်ဦးချင်းတွေမှာ ပြင်းထန်တဲ့ စိတ်ရောဂါ သင့်ဖို့ အစပျိုးပေးလောက်တယ်။ ဒီအကြောင်းရင်းတွေဟာ လူတိုင်းကို အလားတူ မထိခိုက်စေဘူး။ ဗီဇဆိုင်ရာ ဘေးဖြစ်မှု နိမ့်တဲ့ လူတွေအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ဘေးသင့်မှုအတွက် မည်သည့် ပမာဏကမှ စိတ်ကစဉ့်ကလျား ရောဂါ ဖြစ်စေမှာ မဟုတ်ဘူး။ ဘေးသင့်မှု မြင့်သူတွေအတွက် အပိုဘေးသင့်မှု အတန်အသင့်က ဟန်ချက်ကို စောင်းနိုင်တယ်။ စိတ်ကစဉ့်ကလျား ရောဂါကို ကုသဖို့ သုံးတဲ့ စိတ်ဖီစီးမှု ရောဂါ ကာကွယ်ဆေးတွေက ဦးနှောက်ထဲက ရောဂါ လက္ခဏာတွေကို ခြေရာခံဖို့ နောက်ပြန်လုပ်ရာမှာ သုတေသီတွေကို ကူညီတယ် အစဉ်အလာ စိတ်ဖီစီးမှု ရောဂါကာကွယ်ဆေး တွေက ဒိုပါမင် တုံ့ပြန်မှုတွေကိုတားဆီးတယ်။ ဒါတွေက ဦးနှောက်ရဲ့ သီးခြား တွေမှာရှိတဲ့ လမ်းကြောင်း ဒိုပါမင် လွန်ကဲမှုနဲ့ ဆက်နွယ်နေတဲ့ အပြုသဘော လက္ခဏာတွေကို လျှော့ချရုမှာ အင်မတန် ထိရောက်နိုင်တယ်။ ဒါပေမဲ့ အလားတူဆေးတွေက အပျက်သဘော လက္ခဏာတွေ ပိုဆိုးအောင် လုပ်နိုင်ပြီး တွေ့ရှိရတာကတော့ စိတ်ကစဉ့်ကလျား ရောဂါရဲ့ အပျက်သဘော လက္ခဏာတွေဟာ အခြားသော ဦးနှောက် ဧရီယာတွေထဲက နည်းလွန်းတဲ့ ဒိုပါမင်နဲ့ ဆက်နွယ်နေတာပါ။ စိတ်ကစဉ်ကလျား ရောဂါသည်တချို့ဟာ အာရုံကြော တစ်ရှူးဆုံးရှုံးမှုကို ပြသပြီး ဒီအင်္ဂါသိမ်မှုက ရောဂါကိုယ်၌ရဲ့ ရလဒ်တစ်ခုလား(သို့) ဆေးကြောင့်ဖြစ်တဲ့ အချက်ပြမှုရဲ့ ထိန်းချုပ်မှုလားဆိုတာတော့ မရှင်းလင်းဘူး။ ကံကောင်းတာက စိတ်ဖီစီးမှုရောဂါ ကာကွယ်ဆေးတွေရဲ့ပိုသစ်တဲ့ မျိုးဆက်တွေဟာ ဒိုပါမင်အပြင် ဆီရိုတွန်နင်လို နာဗ်ကြော ဓာတုဒြပ်ပေါင်းစုံကို ပစ်မှတ်ထားရင်း ဒီပြဿနာတချို့ကို ဖြေရှင်းဖို့ရည်ရွယ်တာပါ။ လက္ခဏာအားလုံးအတွက် တာဝန်ရှိတာက နာဗ်ကြော ဓာတုဒြပ်တစ်ခု မဟုတ်တာ ရှင်းပါတယ်။ ဒီဆေးတွေက ဦးနှောက်နဲ့ ခန္ဓာကိုယ် တစ်လျှောက် အချက်ပြမှုကို သက်ရောက်လို့ပါ။ ၎င်းတို့မှာ ကိုယ်အလေးချိန် တက်တာလို အခြားဘေးထွက် ဆိုးကျိုးတွေရှိနိုင်တယ်။ ဒီထပ်တိုး ရောဂါသစ်တွေရှိပေမဲ့ စိတ်ရောဂါ ကာကွယ်ဆေးတွဟာ အင်မတန် ထိရောက်နိုင်ပါတယ်။ အထူသဖြင့် သိမှတ်မှု အပြုအမူ ကုထုံးလို အခြား စွက်ဖက်မှုတွေနဲ့ ပေါင်းစပ်တဲ့အခါပါ။ လျှပ်စစ်ရှော့ရိုက် ကုထုံးဟာ ခဏတာ သက်သာမှုကို ပေးပေမဲ့ ပြန်လည် ပေါ်ထွန်းလာတဲ့ ထိရောက်တဲ့ ကုသမှုတစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အခြား ရွေးစရာတွေ မအောင်မြင်တဲ့အခါမှာပါ။ အစောပိုင်း စွက်ဖက်မှုဟာလည်း အလွန်အမင်း အရေးပါပါတယ််။ ကုသမှုမရှိတဲ့ ပြင်းထန်တဲ့ စိတ်ရောဂါရဲ့ လတွေ၊ နှစ်တွေ ကြာအပြီးမှာ တချို့စိတ်ရောဂါတွေဟာ လူတစ်ဦးရဲ့ ပင်ကိုစရိုက်မှာ စွဲခိုင်လာနိုင်ပါတယ်။ သို့ပေမည့် ဒီရောဂါရှာတွေ့နဲ့ တွဲဖက်ထားတဲ့ လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေတဲ့ အမည်းစက်က လူတွေကို အကူအညီတောင်းတာကနေ တားဆီးနိုင်တယ်။ စိတ်ကစဉ့်ကလျား ရေဂါသည်တွေဟာ အန္တရာယ်ရှိတယ်လို့ မကြာခဏ ထင်မှတ်ခံရပေမဲ့ တကယ်ကျတော့ အပြစ်ကျူးလွန်သူတွေဆိုတာထက် အကြမ်းဖက်မှုရဲ့ သားကောင်တွေဖြစ်ဖို့ ဖြစ်နိုင်ခြေ ပိုများတယ်။ သင့်တော်တဲ့ ကုသမှုက စိတ်ကစဉ့်ကလျား ရောဂါနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်မှု ဖြစ်နိုင်ခြေ လျော့ကျဖို့ ကူညီနိုင်လောက်တယ်။ ဒါကြောင့် ဝေဒနာရှင်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ ရပ်ရွာတွေအတွက် ပညာပေးမှုက ဒီအမည်းစက်ကို ပယ်ဖျက်ပြီး ကုသခွင့်ရမှုကို မြှင့်တင်ဖို့ ကူညီပေးတာပါ။