ကုန်စုံဆိုင်တွေက ၉နာရီဆို ဖွင့်ပါတယ်။
ကားပါကင်မှာကားရပ်စရာ အတန်း၆တန်းရှိပါတယ်။
တစ်တန်းစီမှာ ကား၇စီး ရပ်နိုင်ပါတယ်။
ကားတစ်စီးမှာ ဘီး၄ဘီးပါပါတယ်။
ကားပါကင်မှာ ကားဘယ်နှစီးရပ်နိုင်ပါသလဲ။
ဗီဒီယိုကို ခဏရပ်ပြီး
ကိုယ်တိုင်စဉ်းစားကြည့်ပါဦး။
ဒါကို ပြန်ဖတ်ရအောင်။
ကုန်စုံဆိုင်တွေက ၉ နာရီဆို ဖွင့်ပါတယ်။
ကားပါကင်မှာ ကားဘယ်နှစီးဆန့်လဲ ဆိုတာပဲ
သိချင်တာကြောင့် ဒါက အဓိကမဟုတ်ပါဘူး။
စဉ်းစားစရာမလိုပါဘူး။
ကားပါကင်မှာ ဘီးဘယ်နှစ်ဘီး
ဆန့်လဲလို့ မေးတာမဟုတ်လို့
ဘီးနှစ်ဘီးပါတယ်ဆိုတာလဲ တွေးစရာမလိုပါဘူး။
လျစ်လျူရှုထားလို့ရပါတယ်။
ကားပါကင် အတန်းဘယ်နှစ်တန်းရှိတယ် ဆိုတာနဲ့
ကားဘယ်နှစ်စီးဆန့်လဲဆိုတာကိုပဲ
ဂရုစိုက်ရမှာပါ။
ကားပါကင် အတန်း၆တန်းရှိပြီး
တစ်တန်းမှာ ၇စီးဆန့်ပါတယ်။
၇စီးကို တစ်အုပ်စုအနေနဲ့ ၆စု ဖွဲ့ပါမယ်။
တခြားနည်းနဲ့ တွေးရရင်
၇စီးဆန့်တဲ့ ကားပါကင်တန်း ၆တန်းရှိပါတယ်။
ဘာနဲ့ တူသလဲဆိုတော့
၇ကို ၆ခါပေါင်းတာနဲ့ တူပါတယ်။
၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆
၇ ၆လုံးနဲ့ တူပါတယ်။
ဒါကိုတွေ ပေါင်းလိုက်မှာပါ။
၇+၇ က ၁၄
၂၁၊ ၂၈၊ ၃၅၊ ၄၂
၇ ၆ခါပေါင်းရင် ၄၂ ရပါတယ်။
အဲ့တော့ ကားပါကင်မှာ ကား၄၂စီးဆန့်ပါတယ်။
ဒီမှာ ပုံဆွဲပြထားပါတယ်။
လိုင်း ၆လိုင်း ရှိပါတယ်။
ပထမလိုင်း
ဒုတိယ
တတိယ
စတုတ္ထ
ပဉ္စမ
ဆဠမ
တစ်လိုင်းမှာ ကား၇စီးဆန့်ပါတယ်။
၁၊ အရောင်ထင်တာလေးနဲ့ ရေးပေးပါ့မယ်။
၁
၂
၃
၄၊ ၅၊ ၆၊ ၇
ကားဘယ်နှစ်စီးရှိပါသလဲ။
၇ စီး
၁၄ စီး
၂၁ စီး
၂၈ စီး
၃၅ စီး
စုစုပေါင်း ၄၂ စီး က
ကားပါကင် ၆ တန်းမှာ ရပ်နိုင်ပါတယ်။