ရုပ်ရှင်ထဲက ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်ဖြစ်သူ
Carrie White က သူမရဲ့ အထက်တန်းကျောင်းထဲက
စည်းဝေးခန်းမကြီးကို မီးဟုန်းဟုန်းတောက်စေလျက်
သူမရဲ့ မြို့တမြို့လုံးကို ခြောက်ခြားအောင်
လုပ်ခဲ့စဉ်တုန်းက
သူဟာ သူရဲ့ telekinesis စွမ်းပကားကို၊
ရုပ်ပိုင်း ပစ္စည်းများကို သူ့စိတ်စွမ်းအားဖြင့်
လိုသလို ရွေ့ရှားနိုင်စွမ်းကို အသုံးချခဲ့တာပါ။
ဒါပေမဲ့ အဲဒီ Carrie ဟာ စိတ်ကူးယဉ်၀တ္ထုကို
အခြေခံထားတဲ့ စိတ်ကူးယဉ် ရုပ်ရှင်သက်သက်ပါ၊
သို့သော် telekinesis ဆိုတာ စိတ်ကူးယဉ်
သက်သက်တော့ လုံးဝ မဟုတ်ပါ။
ရာစုနှစ်များစွာကတည်းက၊ လူသားတွေက
သူတို့ဆီမှာ သူတို့စိတ်စွမ်းပကားကို သုံးပြီး
အရာဝတ္ထုတွေကို ရွေ့ရှားနိုင်ကြတယ်လို့
ယူဆလာခဲ့ကြပါတယ်။
လေထဲ ဈာန်ကြွခြင်း၊ တံခါးကို စိတ်ဖြင့် ဖွင့်နိုင်ခြင်း၊
ပြီးတော့ ဇွန်းကို ကွေးနိုင်ခြင်း၊
သိပ်ကို စိတ်လှုပ်ရှားစရာ သာဓကတွေပါပဲ။
Matrix ရုပ်ရှင်ထဲမှာ Neo က ကျည်ဆံကို
လမ်းခုလပ်မှာ ရပ်စဲပစ်ခဲ့တာ၊
Yoda က T ကို လုပ်ပြလိုက်တာ စသဖြင့် ပေါ့လေ။
ဒါပေမဲ့၊ telekinesis ဆိုတာ တကယ်ရှိရဲ့လား၊
ဒါမှမဟုတ် Carrie၊ Yoda နဲ့ Neo စတဲ့သူတွေဟာ စိတ်ကူးယဉ်တွေဘဲလား။
အဲဒါကို စူးစမ်းနိုင်ရန်၊ ကျွန်တော်တို့ဟာ
telekinesis ဆိုကြတာတွေကို အကဲခတ်ဖို့၊
သိပ္ပံမှန်ဘီလူးဖြင့် သိပ္ပံနည်းကျ နည်းလမ်းဖြင့်
ဆန်းစစ်အကဲခတ်ဖို့ လိုပါတယ်။
Telekinesis ဆိုတာက
စိတ်နယ်လွန်ပညာရဲ့ တစ်စိတ်တစ်ဒေသပါ၊
သုတေသီတွေ လေ့လာကြတဲ့
စိတ်ပိုင်းဆိုင်ရာ ပညာပါပဲ။
အဲဒီစိတ်လွန်ပညာရှင်တွေက သူတို့ လုပ်ကိုင်တာကို
သိပ္ပံပညာအဖြစ် မြင်ကြပါတယ်၊
ဒါပေမဲ့ အဲဒါကို ဒီ့ပြင်သိပ္ပံပညာရှင်တွေက
သဘောမတူကြပါ။
ကျွန်တော်တို့ အခြေခံ လေ့လာမှု
အနည်းငယ်မှ စတင်ကြပါစို့။
လေ့လာချက် # ၁:
telekinesis နဲ့ ပတ်သက်ပြီး နောက်ပြောင်
ပြောဆိုကြတာတွေ တစ်ထမ်းကြီး ရှိနေပေမဲ့၊
အဲဒါ တကယ်ရှိကြောင်း သိပ္ပံနည်းကျ
အထောက်အထား မရှိပါ၊
၎င်းဟာ တကယ်ရှိကြောင်းကို
သိပ္ပံနည်းကျ ပြုလုပ်ခဲ့ကာ
စမ်းသပ်ခန်း အခြေအနေမျိုးထဲမှာ
ထပ်ပြီး လုပ်ပြလို့ ရနိုင်တဲ့ စမ်းသပ်မှုမျိုး မရှိပါ။
၁၉၃၀ ပြည့်လွန်နှစ်များတုန်းက၊ စိတ်လွန်စိတ်ပညာရဲ့
ဖခင်လို့အခေါ်ခံရသူ Joseph Banks Rhine ဟာ
စမ်းသပ်ခန်းထဲမှာ လူတွေဟာ telekinesis ကို
သုံးနိုင်ခြင်းရှိမရှိကို စမ်းသပ်ခဲ့ပါတယ်၊
အန်စာတုံးကို သူတို့ လိုချင်တဲ့
ဂဏန်းပေါ်လာအောင် လုပ်ခိုင်းခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေဟာ
သူ့ရလဒ်တွေကို ရအောင် လုပ်မပြနိုင်ခဲ့ကြပါ၊
အတွေးအခေါ်ကို သက်သေထူပြဖို့အတွက်
ထပ်လုပ်ပြနိုင်ခြင်းက သော့ချက်ဖြစ်တယ် ဆိုတော့၊
အဲဒါဟာ ပြဿနာကြီး တစ်ခုဖြစ်ခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေတင် မကဘဲ
မိမိကိုမိမိ telekinetic တွေပါလို့ ကြွေးကြော်ကြတဲ့
သူတွေ အများအပြား ရှိခဲ့ကြပေမဲ့၊
သူတို့အားလုံးဟာ လိမ်လည်လိုခဲ့ကြသူများ
ဖြစ်ကြတာ တွေ့ရပါတယ်၊
သူတို့က အခြေအနေအားလုံးကို ထိန်းချုပ်မထားနိုင်တဲ့
အခါမှာ လုပ်မပြနိုင်ခဲ့ကြပါ၊
သူတို့ဟာ သူတို့လိုချင်တဲ့ ရလဒ်မျိုးရဖို့ အခြေအနေကို လိုသလိုလုပ်ကိုင်ခဲ့ကြောင်း ထင်ရှားနေပါတယ်။
ဒီနေ့ဆိုရင်၊ အဖွဲ့အစည်း အမျိုးမျိုးတို့က
ဆုငွေအများကြီးကို ကြေညာထားကြပါတယ်၊
telekinesis လို စိတ်ရဲ့ အစွမ်းအစများဟာ
လက်တွေ့ပဲ ဆိုတာကို သက်သေ ထူပြနိုင်သူအတွက် ဆုပါ။
ဒါပေမဲ့ အဲဒီလို ငွေကြေးဆုများကို
တောင်းဆိုရယူနိုင်သူ မရှိပါ။
လေ့လာချက် #၂:
ကျွန်တော်တို့က telekinesis ကို စူးစမ်းလေ့လာရာမှာ
ဘာကို တိုင်းထွာရန်လိုတာကို
အားလုံး သဘောတူထားတာမျိုး မရှိပါ။
Yoda ပုံစံ ဦးနှောက်လှိုင်းတွေ
အလုပ်လုပ်ရာမှာ အားကောင်းကြရဲ့လား။
ဘယ်သူကမှ အဲဒါကို သဘောတူမထားတော့
ပုံမှန် သုတေသနကို လက်တွေ့လုပ် မရနိုင်ပါ၊
ဘယ်သိပ္ပံဆိုင်ရာ
လေ့လာမှုများ လုပ်ကိုင်ရာမှာပဲဖြစ်ဖြစ်
အတွေးအခေါ် တစ်ခုရဲ့ မှန်ကန်မှုကို စမ်းသပ်ဖို့
မရှိမဖြစ်တဲ့ စံနှုန်း မရှိလို့ မဖြစ်နိုင်ပါ။
လေ့လာချက် # ၃:
သိပ္ပံရဲ့ ဦးတည်ချက်က
မသိတာကို ဖေါ်ထုတ်ရန်ဖြစ်တယ်၊
ပြီးတော့ သိပ္ပံပညာဆိုင်ရာ စူးစမ်းလေ့လာမှု
သမိုင်းစဉ် တစ်လျှောက်မှာ၊
တကယ်လက်တွေ့ ဖြစ်ပျက်ခဲ့တာကို လိုက်ကြည့်ရင်
အသစ်တွေ့ရတဲ့ အချက်တွေဟာ
ရပ်တည်နေတဲ့ သိပ္ပံပညာကို ဆန့်ကျင်နေခဲ့ပါတယ်၊
သိပ္ပံပညာရဲ့ အခန်းတစ်ခန်းလုံးကို
ပြောင်းပြန်လှန်ပစ်ခဲ့တာတောင် ရှိခဲ့ဘူးပါတယ်။
အဲဒါကြောင့်မို့လို့ ဝေဖန်ပြစ်တင်ချက်တွေကို
ကြံ့ကြံ့ခိုင်နိုင်မယ့်
အထူးသတိထား သက်သေထူပြလို့ရနိုင်မယ့်
တွေ့ရှိချက် ဖြစ်ရပါမယ်။
ကျွန်တော်တို့ရဲ့ telekinesis ကိစ္စထဲမှာကျတော့၊
ဒီယူဆချက်ဟာ လက်ခံယုံကြည်ကြတဲ့
သိပ္ပံပညာနဲ့ ဆန့်ကျင်နေတယ်၊
တစ်ချိန်တည်းမှာ ၎င်းကို ထောက်ခံနိုင်တဲ့
အားကောင်းတဲ့ အထောက်အထား မရှိဖြစ်နေတယ်။
ကျွန်တော်တို့ရဲ့ စင်္ကြာဝဠာကို ရူပဗေဒ နိယာမများက
ထိန်းချုပ် ရှင်းပြနိုင်ကြပါတယ်၊
အဲဒီလို နိယာမတစ်ခုအရ ဦးနှောက်ရဲ့ လှိုင်းများဟာ
အရာဝတ္ထုတွေကို မထိန်းချုပ်နိုင်ပါဘူး၊
ကျွန်တော်တို့ရဲ့ ဦးခေါင်းခွံ အပြင်မှာ ရှိကြတဲ့
အရာများကို အကျိုးသက်ရောက်နိုင်လောက်အောင်
အားမကောင်းကြတဲ့ အပြင် အဲဒီနေရာထိကို
မရောက်နိုင်ကြလို့ပါ။
အရာဝတ္ထုတွေကို အဝေးမှနေပြီး
အကျိုးသက်ရောက်နိုင်ကြတာဆိုလို့
သံလိုက် နဲ့ ကမ္ဘာ့ဆွဲအားတို့သာ ဖြစ်ကြတာကို
ရူပဗဒက ထောက်ပြထားပါတယ်။
သိပ္ပံပညာက ရှင်းပြနိုင်တဲ့ telekinesis နဲ့
နီးစပ်ဆုံး အရာဆိုလို့
ရိုဘော့ စက်ရုပ် လက်မောင်းကို ထိန်းချုပ်ရန်
အတွေးများကို အသုံးပြုပုံ ဖြစ်နိုင်ပါတယ်။
မလှုပ်ရှားနိုင်ကြတဲ့ လေဖြတ်လူနာများရဲ့
ဦးနှောက်ထဲကို၊
သုတေသီတို့ဟာ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်တဲ့
နေရာထဲ သေးနုပ်တဲ့ ဝိုင်ယာကြိုးတွေကို ထည့်သွင်းကာ
ရိုဘော့စက်ရုပ် လက်မောင်းကို လှုပ်နိုင်ဖို့
အာရုံပြုစဉ်းစားဖို့ ပြောကြပါတယ်၊
အဲဒီလိုနည်းဖြင့် သူတို့ရဲ့ စိတ်ကို
တိုးချဲ့ပေးလိုက်ကာ လှုပ်ရှားလာစေတေပါ။
အဲဒါဟာ အံ့အားသင့်စရာ ကောင်းပေမဲ့၊
telekinesis တော့ မဟုတ်ပါ။
ဒီနေရာမှာ လူနာရဲ့ စိတ်ထဲက အတွေးများဟာ
တိုင်းထွာမရနိုင်တဲ့ အရာများ မဟုတ်ကြပါ။
အဲဒါတွေဟာ တိုင်းထွာလို့ ရနိုင်တဲ့
ဦးနှောက်ရဲ့ လှိုင်းများပါ၊
ဝိုင်ယာများကို သုံးပြီး အဲဒါတွေကို
ရိုဘော့ထံသို့ ပို့ပေးလိုက်တာပါ။
သိပ္ပံပညာဟာ အဲဒါကို တိုင်းနိုင်တယ်၊
စမ်းသပ်နိုင်ကာ လှုပ်ရှားမှုကို ရှင်းပြနိုင်ပါတယ်၊
အဲဒီလိုနည်းဖြင့် စိတ်ဖြင့်ထိန်းချုပ်မှုဆိုတာ
လက်တွေ့ ရှိတာကို သက်သေထူပြနိုင်တယ်။
သိပ္ပံဆိုတာက ယူဆချက် တစ်ခုကို ထောက်ခံတဲ့
ဒါမှမဟုတ် ဆန့်ကျင်နေတဲ့ အချက်တွေကို
တစ်ခုပြီးတစ်ခု စုစည်းတဲ့ ဖြစ်စဉ်ပါ။
အထောက်အထားတွေ စုပုံလာတဲ့အခါမှာ၊
ဘယ်အပုံက အမြင့်ဆုံးလဲဆိုတာကို
ကျွန်တော်တို့ မြင်နိုင်တယ်၊
telekinesis ကိစ္စထဲမှာကျတော့
၎င်းရှိနေကြောင်းကို ပြသနေတဲ့ အပုံကြီး မရှိပါဘူး။
တစ်ချို့သူတို့က ဒီလို နားလည်ရန် ခဲယဉ်းတဲ့
အရာဟာ သိပ္ပံရဲ့ ဘောင်အတွင်းမှာ မရှိနိုင်ဘူး၊
အဲဒါဟာ အိုကေပဲလို့ ဆိုကြပါတယ်။
အဲဒီလိုဆိုရင် telekinesis ကို လူတစ်ယောက်ရဲ့
ယုံကြည်ခံစားမှု သက်သက် ဖြစ်လာပါမယ်။
တစ်ခုခုကို သိပ္ပံနည်းကျ စူးစမ်းအကဲခတ်လို့
မရနိုင်ဘူးဆိုရင်၊
အဲဒါကို သိပ္ပံနည်းကျတယ် အရာပါလို့
ပြောမရနိုင်ပါ။
ဒီတော့ကား၊ ကျွန်တော်တို့ရဲ့ စူးစမ်းလေ့လာမှု
ပြသနေတာက၊
ကျွန်တော်တို့က အဲဒီလို စွမ်းအား
ကျွန်တော်တို့ ကိုယ်၌ထဲမှာ ရှိနေတာကို၊
ကျွန်တော်တို့က ဘယ်လောက်ကြီးပဲ
ယုံကြည်လိုကြလိုကြ၊
telekinesis ရဲ့ ဖြစ်နိုင်ခြေဟာ
သိပ်ကို အားနည်းနေပါတယ်။
ဆော်ရီးပဲ Neo၊ Carrie နဲ့ Yoda။
ခင်ဗျားတို့ရဲ့ ကျွမ်းကျင်မှုတွေဟာ
တကယ့်ကို အံ့အားသင့်စရာ မှန်ခဲ့ပေမဲ့
လောလောဆယ်တွင် ရုပ်ရှင်ထဲမှာသာ ရှိနေတာပါ။