"ဆန့်ကျင်ဘက်များရဲ့ ကစားပွဲ" Patricia Maisch အတွက် ဒီနေ့ ငါနဲ့ ငါ့ကျောင်းသားတွေ Emily Dickinson ရဲ့ စာတစ်ကြောင်းကနေ ဆန့်ကျင်ဘက်များရဲ့ ကစားပွဲကိုနွှဲကြတယ်။ ငါ့ဘဝဟာ ရပ်တည်ခဲ့တယ် ကျည်ဖြည့်ထားတဲ့ သေနတ်တစ်လက် ကျည်ထွက်သွားတယ်၊ ဒါကို သင်ပုန်းမှာ ရေးတယ်၊ ဆန့်ကျင်ဘက်တွေ သူတို့ခေါ်လို့ရအောင် ခဏရပ်လိုက်ရင်း မင်းရဲ့ ငါရဲ့ ဘဝ မရဏ ရပ်ခဲ့လား၊ ထိုင်လိမ့်မယ် အများကြီး ပြည့်နေတာနဲ့ အခွံချည်းသက်သက် သေနတ်လား၊ သေနတ်ပါ။ တစ်ခဏတော့ လျှပ်စီးနဲ့ ၎င်းရဲ့အသံကြားက တစ်ခုနဲ့ အတော်ဆင်တယ်။ ကလေးတွေ ငါ့ကို ငေးကြည့်နေကြတယ်၊ ဒီနောက်တော့ ရောက်လာခဲ့ အဖြေများရဲ့ မိုးသီးမုန်တိုင်း တစ်ပြိုက် တစ်ယောက်က ပန်းတဲ့၊ နောက်တစ်ယောက်က မဟုတ်ဘူး၊ စာအုပ်တဲ့၊ ဒုံးဝေးလိုက်တာ၊ တတိယက အော်လိုက်တယ်၊ သေနတ်ရဲ့ ဆန့်ကျင် ဘက်ကခေါင်အုံးတစ်လုံးတဲ့၊ ဖြစ်လောက်တာက ပွေ့ဖက်မှုတစ်ခု၊ ဒါပေမဲ့ တစ်အုပ်တစ်အုပ် မဟုတ်ဘူး၊ စာအုပ် မဖြစ်နိုင်ဘူး၊ ဒါနဲ့အတူ အခြားသူတွေ သူတို့အတွေးတွေ စုစည်းကြတယ် ရုတ်တရက် သေနတ်ပစ်ပြိုင်ပွဲတစ်ခု၊ တစ်ယောက်မှ သဘောမတူနိုင်ကြတာက ကျောင်းသားတိုင်းအတွက် နောက်ဆုံး အဖြေတစ်ခုရှိလို့ပါ။။ ဒါဟာ သီချင်းတစ်ပုဒ်၊ ဆုတောင်းတစ်ခု၊ ဆိုလိုတာက ကတိတစ်ခု၊ လက်ထပ် လက်စွပ်တစ်ကွင်းလိုပေါ့၊ နောက်တော့ ကလေးတစ်ယောက်၊ ဒါမှ ကလေးတွေ မွေးပေးသူက ဘာတဲ့လဲ၊ ဝမ်းဆွဲလား၊ ဟုတ်တယ်၊ ဝမ်းဆွဲတစ်ယောက်လေ၊ မဟုတ်ဘူး၊ ဒါဟာ မှားတယ်၊ နောက်တစ်ခါ ဘယ်တော့မှ မမှန်အောင်ကို မှားတာ။ ဒါက တီးတိုးစကားတစ်ခွန်း၊ ကြယ်တစ်စင်းပါ၊ မင်းလက်ထဲကို ချစ်တယ်လို့ပြောရင်း နောက် တို့ထိနေတယ်၊ တစ်ယောက်ယောက်ရဲ့နားလေ၊ မင်းရူးနေလား၊ မင်းက ဒုံးဝေးတဲ့ တိုင်းပြည်ရဲ့ သမ္မတလား။ မင်း ဖြစ်သင့်တယ်၊ ရွေးကောက်ပွဲက ဘယ်တော့လဲ။ ဒါက ဝက်ဝံရုပ်တစ်ရုပ်၊ ဓားတစ်လက်၊ ကောင်းပေ့ဆိုတဲ့ မက်မွန်သီးတစ်လုံးပါ။ ပထမတစ်ခုဆီ ပြန်သွားပါ၊ ဒါဟာ ပန်းတစ်ပွင့်၊ နှင်းဆီဖြူတစ်ပွင့်
၊ ခေါင်းလောင်းမြည်တော့ ခဲဖျက်ကို ငါလှမ်းယူလိုက်ပေမဲ့ ကောင်းမလေးတစ်ယောက်က ငါ့လက်ထဲက လုသွားတယ်။ ဘာမှ မဆုံးဖြတ်ရသေးဘူးလို့ သူပြောတယ်။ ငါတို့ ဒီမှာ ပြီးမသွားဘူး၊ အဖြေအားလုံးကို သင်ပုန်းပေါ်မှာ ငါထားခဲ့တယ်၊ နောက်နေ့ကျတော့ တစ်ချို့ အချင်းချင်း စကားမပြောကြတော့ဘူး၊ သူ့ဘက်၊ကိုယ်ဘက်ကွဲကုန်ပြီ။ ပန်း အသင်းတစ်သင်းနဲ့ ကြောင်ကလေး အသင်းတစ်သင်းရှိတယ်၊ ကောင်လေးနှစ်ယောက် နှင်းဘောလုံးတွေလို့ သူတို့ဘာသာ ခေါ်နေတယ်။ ကျန်တာက မူလ ကစားပွဲမှာ ပိတ်မိနေတယ်၊ ကဗျာလိုတစ်ခုခု ရေးဖို့ ကြိုးစားဖို့ဆဲဆဲမှာ။ ဒါဟာ စိန်တစ်ပွင့်၊ အကတစ်ကွက်၊ သေနတ်တစ်လက်ရဲ့ ဆန့်ကျင်ဘက်ဟာ ပြင်သစ်က ပြတိုက်တစ်ခု။ ဒါက လမင်း၊ ဒါက မှန်တစ်ချပ်၊ ခေါင်းလောင်းသံနဲ့ ကြားရသူ၊ ငြင်းခုံတာ ပြန်စတယ်၊ ပိုပြီး အော်ဟစ်ရင်း၊ နောက်ဆုံးတော့ အသင်းသစ်တစ်ခု၊ ပထမဆုံးအဖြစ်နဲ့ သူတို့ကို တွန်းရဲသွားတယ်။ မင်းတို့အာလုံး မှန်တာဖြစ်နိုင်တယ်လို့ ငါပြောတယ်။ ကောင်းပြီ၊ ဖြစ်နိုင်တာပေါ့၊ ဒါဟာ အရာတိုင်း ဖြစ်လောက်တယ်လို့ ငါတို့ပြောခဲ့တယ်၊ ငါတို့မပြောတဲ့အရာတိုင်းဖြစ်လောက်တယ်။ စကားလုံးတွေနဲ့ စကားလုံးတွေအတွက်နေရာလပ်တွေ၊ အခု သူတို့ဟာ တစ်ဦးကိုတစ်ဦး ကြည့်နေတယ်။ ဒါက ဒီအခန်းနဲ့ ဒီအခန်းအပြင်ဘက်၊ လမ်းတစ်လျှာက်နဲ့ ကောင်းကင်ထဲက အရာတိုင်းပါ။ ဒါက ကျောင်းပရဝုဏ်နဲ့စျေးဆိုင်တန်းက လူတိုင်းပါ၊ ပြီးတော့ လူအားလုံးဟာ ဆေးရုံမှာ စောင့်နေတယ်။ ပြီးတော့ စာတိုက်မှာ၊ ပြီးတော့ ဟုတ်ပ၊ ဒါက ပန်းတစ်ပွင့််လည်းဟုတ်တယ်၊ ပန်းအားလုံးပဲ၊ ဥယျာဉ်တစ်ခုလုံးလေ။ သေနတ်တစ်လက်ရဲ့ ဆန့်ကျင်ဘက်က ဒါကို မင်း ညွှန်ပြတဲ့ နေရာတိုင်းမှာ၊ ဒါကို သင်ပုန်းမှာ မရေးနဲ့လို့ ပြောကြတယ်။ ကဗျာလို့သာ ပြောလိုက်။ မင်းရဲမရဏဟာ များပြားတဲ့ အနှစ်မဲ့ကဗျာတွေ ကျော်လွန်ပြီး ထိုင်နေမယ်။