ဒီတော့ ကျွန်မမှာ ဝန်ခံစရာ တစ်ခုရှိပါတယ်၊ မကြာသေးခင်ကမှ ကားမောင်းသင်ခဲ့တာပါ။ တော်တော့ကို ခက်ခဲတာပါ။ အခု ဒါဟာ ပိုအိုတဲ့ ဦးနှောက်ရဲ့ ကိစ္စတစ်ခု မဟုတ်ခဲ့ဘူး။ သင်ပထမဆုံးကာမောင်းသင်တုန်းက ဘယ်လိုမျိုးဆိုတာကို သင်မှတ်မိလား။ ဆုံးဖြတ်သမျှ သတိရှိရှိ၊ အေးအေးလူလူ ဖြစ်တာ ဘယ်တုန်းကလဲ။ စိတ်ပိုင်းအရ လုံးဝကို ဖျက်ပစ်လိုက်တဲ့ သင်ခန်းစာတွေကနေ အိမ်ပြန်ပြန်လာတယ်။ အခု သိမှတ်မှုဆိုင်ရာ သိပ္ပံပညာရှင်အဖြစ် စီမံခန့်ခွဲရေး အလုပ်ဆိုတာကို ကျွန်မ အများကြီးသုံးနေတာ ကျွန်မသိတယ်။ စီမံခန့်ခွဲရေး အလုပ်ဟာ ကားမောင်းသင်တာလို ရည်မှန်းချက်တွေအောင်မြင်ဖို့ ကျွန်မတို့အတွေးတွေ၊ ခံစားမှုတွေနဲ့ လုပ်ဆောင်မှုတွေကို သတိရှိရှိ ထိန်းဖို့ အံ့ဖွယ်အရည်အချင်းတစ်ခုပါ၊ စိတ်ကူးပေါက်မှုတွေနဲ့ ကြိုတင် စီစဉ်မှုတွေကို ဟန့်တားတဲ့ အကျင့်တွေကနေ ခွဲထွက်ဖို့လိုတဲ့အခါ သုံးတဲ့အရာပါ။ ဒါပေမဲ့ ကိစ္စတွေ မှားသွားတဲ့အခါ အရှင်းဆုံး မြင်နိုင်တယ်။ ဥပမာ၊ အဟာရအစာပေါ်မှာ မတော်တဆ လိမ္မော်ရည် လောင်းချဖူးလား။ (ရယ်သံများ) (သို့) Facebook မှာ လျှောက်ကြည့်ရင်း အစည်းအဝေး လွတ်သွားပြီလို့ ရုတ်တရက် သတိရမိတာရော (ရယ်သံများ) (သို့) ဒီတစ်ခုကပိုရင်းနှီးနိုင်တယ် အလုပ်ကနေ အိမ်အပြန်အလာမှာ စတိုးဆိုင်မှာ ရပ်ဖို့စီစဉ်ပြီးမှ အလိုလိုထိန်းတာအစား အိမ်ကိုတန်းမောင်းဖူးလား။ (ရယ်သံများ) ဒီအဖြစ်တွေက လူတိုင်းဖြစ်ပါတယ်။ ဒါကို မေ့လျော့တတ်မှုလို့ အမြဲလို ခေါ်တယ်၊ ဒါပေမဲ့ တကယ် ဖြစ်နေတာက ကျွန်မတို့ဟာ စီမံခန့်ခွဲမှုလုပ်ငန်းမှာ သတိလစ်ဟင်းမှု ကြုံနေတာပါ။ ဒီတော့ စီမံခန့်ခွဲရေး အလုပ်ကို ကျွန်မတို့ ဘဝရဲ့ ကဏ္ဍအားလုံးမှာနေ့စဉ်သုံးကြတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က သုတေသီတွေ တွေ့ရှိထားတာက ဒါက ကလေးဘဝနဲ့ ဟိုမှာဘက်က ကောင်းတာတွေအကုန်လုံးကို ကြိုဟောပေးတယ်တဲ့၊။ ဥပမာ လူမှုရေး ကျွမ်းကျင်မှု၊ ပညာရေး အောင်မြင်မှု၊စိတ်နဲ့ရုပ်ပိုင်း ကျန်းမာမှု၊ ငွေရှာခြင်း၊ ငွေစုခြင်းနဲ့ ထောင်ကနေ ကင်းရှင်းတာတောင်ပါ။ ကြားရတာ အတော်ကောင်းပုံပဲနော်။ ဒီတော့ ကျွန်မလို သုတေသီတွေဟာ ဒါကို သိနားလည်ဖို့နဲ့ ဒါကို ပိုကောင်း အောင်လုပ်ဖို့ နည်းလမ်းတွေ ကြံဆရာမှာ အလွန်စိတ်ဝင်စားတာ မဆန်းပါဘူး။ ဒါပေမဲ့ မကြာသေးခင်က စီမံခန့်ခွဲရေး အလုပ်ဟာ တိုးတက်ရေး ခေတ်ပေါ်စာလုံးဖြစ်လာခဲ့တယ်။ လူတွေထင်တာက ဦးနှောက်လေ့ကျင့်ရေး iPhone apps နဲ့ ကွန်ပြူတာ ဂိမ်းတွေ (သို့) သီးခြားနည်းလမ်းတစ်ခုကို လေ့ကျင့်ရာကကနေ ဒါကို တိုးတက်အောင်လုပ်နိုင်တယ်လို့ပါ။ သုတေသီတွေဟာ လက်တွေ့ခန်းမှာ ဒါကိုလေ့ကျင့်ပေးဖို့ ကြိုးစားနေတယ် ဒါနဲ့ ဆက်စပ်တဲ့ အခြားတစ်ခု တိုးတက်ဖို့ မျှော်လင့်ရင်းပေါ့ ဉာဏ်ရည်လိုမျိုးပေါ့ ကဲ၊ ဒီမှာ ကျွန်မ ပြောမှာက စီမံခန့်ခွဲရေး အလုပ်နဲ့ပတ်သက်ပြီး ဒီလိုတွေပုံက လုံးဝ မှားတယ်။ ဦးနှောက် လေ့ကျင်တာက ကျယ်ပြန့်တဲ့ သဘောမှာ စီမံခန့်ခွဲရေးအလုပ်ကို မတိုးတက်စေတာက ဒါကို တကယ် သုံးတဲ့ လက်တွေဘဝ အခြေအနေတွေရဲ့အပြင်က ကျဉ်းမြောင်းတဲ့နည်းတစ်ခုမှာ လေ့ကျင့်မှု ပါဝင်လို့ပါ၊ ဖုန်းပေါ်က စီမံခန့်ခွဲရေး အလုပ် အပ်ကို ကျွမ်းကျင်နိင်ပေမဲ့ တစ်ပတ်နှစ်ကြိမ် Cheeerios မှာ OJ လောင်းတာကိုရပ်ဖို့ ကူညီမှာတော့ မဟုတ်ဘူး။ (ရယ်သံများ) သင့်ရဲ့စီမံခန့်ခွဲ့ရေး အလုပ်ကို သင့်ဘဝအတွက် အရေးပါတဲ့ နည်းလမ်းတစ်ခုမှာ တကယ်တိုးတက်စေချင်ရင် ဒါကို အခြေအနေက သြဇာလွှမ်းမိုးပုံကို နားလည်ဖို့ လိုအပ်ပါတယ်။ ကျွန်မဆိုလိုတာကို ပြသပါရစေ။ ကလေးငယ်တွေရဲ့ စီမံခန့်ခွဲရေး အလုပ်ကို တိုင်းဖို့ လက်တွေ့ခန်းမှာ သုံးတဲ့ စမ်းသပ်မှုတစ်ခုရှိတယ်၊ "dimensional change card sort" လို့ခေါ်ပါတယ်။ ဒီလုပ်ဆောင်မှုမှာ ကလေးတွေဟာ ကဒ်တွေကို နည်းတစ်ခုနဲ့ ဥပမာ ပုံသဏ္ဌာန်အရ အကျင့်တစ်ခုဖြစ်လာတဲ့အထိ အထပ်ထပ်ရွေးရပါတယ်။ ဒီနောက်မှာ အလားတူကဒ်တွေကို အခြားနည်းနဲ့ ပြောင်းပြီး ရွေးခိုင်းတယ်။ ဥပမာ အရောင်အရပေါ့၊ အခု တကယ့်ကို ငယ်ရွယ်တဲ့ ကလေးတွေဟာ ဒါနဲ့ရုန်းကန်ရတယ်။ သုံ၊လေးနှစ်သားကလေးတွေဟာ သူတို့ ဘာရွေးသင့်တယ်ဆိုတာ ဘယ်နှစ်ကြိမ်သတိပေးပေးပေး နည်းဟောင်းနဲ့ပဲ ကဒ်တွေကို ဆက်ရွေးနေတယ်။ (ဗီဒီယို) အမျိုးသမီး။ အပြာဆို ဒီမှာထား။ အနီဆို၊ ဒီမှာထား။ ဒီမှာ အပြာတစ်ကဒ်။ အိုကေ၊ကဲအခု မတူတဲ့ကစားပွဲတစ်ခု ကစားတော့မယ်နော်။ အရောင်ကစားနည်းကို မကစားတော့ဘူး။ အခု ပုံသဏ္ဌာန်ကစားနည်း ကစားတော့မယ်၊ ဒီပုံသဏ္ဌာန်ကစားနည်းမှာ ကြယ်အားလုံးက ဒီကိုသွား၊ ကုန်ကားတွေက ဒီကိုသွား၊ ရတယ်နော်။ ကြယ်တွေ ဒီသွား၊ ကုန်ကားတွေ ဒီသွား၊ ကြယ်တွေ ဘယ်သွားလဲ။ ကုန်ကားတွေ ဘယ်သွားလဲ။ တော်တယ်ဟေ့။ အိုကေ၊ ကြယ်တွေ ဒီသွား၊ ကုန်ကားတွေ ဒီသွား၊ ဒီမှာ ကုန်ကားတစ်စီး။ (ရယ်သံများ) ကြယ်တွေ ဒီသွား၊ ကုန်ကားတွေ ဒီသွား။ ဒီမှာ ကြယ်တစ်ပွင့်။ (ရယ်သံများ) SB: တကယ်ကို ဆွဲဆောင်မှုရှိပြီး သူ့ရဲ့ စီမံခန့်ခွဲရေး အလုပ်ကိုသုံးဖို့ ပျက်ကွက်တဲ့အခါ အတော့ကို ရှင်းပါတယ်။ ဒါပေမဲ့ ဒီမှာရှိတာက ဒီမှာ သူ့ကို သင်ပေးနိုင်တယ်၊ အခြားသူတွေပါ ဒါကိုကြိုက်တယ်၊ နောက်ဆုံး သူတိုးတက်သွားမယ်၊ ဒါပေမဲ့ လက်တွေ့ခန်းအပြင်က သူ့စီမံခန့်ခွဲရေး အလုပ်တိုးတက်မယ်လို့ ဆိုလိုတာလား။ မဟုတ်ပါ၊ အကြောင်းက လက်တွေ့ဘဝမှာ ပုံသဏ္ဌာန်နဲ့ အရောင်ကြား ပြောင်းတာထက် အများကြီးပိုလုပ်ဖို့ စီမံခန့်ခွဲရေး အလုပ်ကို သုံးဖို့လိုမယ်။ အပေါင်းကနေ အမြောက်ကို (သို့) ကစားတာကနေ ရှင်းလင်းတာ (သို့) သူ့ခံစားချက်ကို တွေးတာကနေ သူ့သူငယ်ချင်းအကြာင်းတွေးတာကို ပြောင်းဖို့လိုလိမ့်မယ်။ လက်တွေ့ဘဝအခြေအနေတွေက အောင်မြင်မှုက အကြောင်းအရာတွေပေါ် မူတည်တယ်၊ သင့်ကို ဘယ်လိုတွန်းအားပေးတာ၊ သင့်ရွယ်တူတွေ ဘာတွေလုပ်ဆိုတာမျိုးပေါ့။ နောက် သီးခြားအခြေအနေတစ်ခုမှာ စီမံခန့်ခွဲရေး အလုပ်ကို သုံးနေချိန် သင် စီမံဆောင်ရွက်တဲ့ ဗျူဟာတွေပေါ်မှာလည်း မူတည်ပါတယ်။ ဒီတော့ ကျွန်မပြောနေတာက အခြေအနေဟာ တကယ့်ကို အရေးပါတယ်။ အခု ကျွန်မ သုတေသနကနေ နမူနာတစ်ခုကို ပေးပါရေစေ။ တစ်လောက လုပ်နေကျ မုန့်ချို စမ်းသပ်မှု လုပ်ဖို့ ကလေးတစ်သိုက်ကို ခေါ်လာခဲ့တယ်။ စီမံခန့်ခွဲရေး အလုပ်အတော် လိုအပ်နိုင်တဲ့ ကျေနပ်မှုပေးတဲ့ အချိန်ဆွဲမှုကို တိုင်းတာတာ တစ်ခုပါ။ ဒီတော့ စမ်းသပ်မှုကို ကြာဖူးလောက်ပေမဲ့ အခြေခံက ကလေးတွေကို ရွေးချယ်မှုတစ်ခုပေးတာပါ။ သူတို့ဟာ မုန့်ချိုတစ်ခုကို ချက်ချင်းရနိုင်တယ်။ (သို့)အခြားတစ်ခန်းကိုသွားပြီး မုန့်ချိုတွေပိုရဖို့ ကျွန်မကို စောင့်နိုင်တယ်၊ တစ်ခုအစား မုန့်နှစ်ခု ရနိုင်တယ်လေ။ ကဲ ကလေးအများစုဟာ ဒုတိယ မုန့်ချိုကို တကယ်လိုချင်ပေမဲ့ အဓိက မေးခွန်းက ဘယ်လောက်ကြာကြာ သူတို့ စောင်နိုင်လဲ။ (ရယ်သံများ) ကဲ အခြေအနေရဲ့ အကျိုးသက်ရောက်မှုကို ကြည့်ဖို့ အလိမ်တစ်ခုထည့်လိုက်တယ်။ သူတို့ဟာ အဖွဲ့တစ်စုမှာရှိခဲ့တာလို့ ကလေးတိုင်းကို ပြောခဲ့တယ်၊ ဥပမာ အစိမ်းရောင်အဖွဲ့ပေါ့။ သူတို့ကို အစိမ်းရောင် တီရှပ်တောင် ဝတ်ဖို့ပေးလိုက်တယ်။ ပြီးတော့ ကျွန်မက "မင်းတို့အဖွဲ့က မု့န်ချိုတွေ စောင့်နေပြီး ဒီအခြားအဖွဲ့၊ လိမ္မော်ရောင်အဖွဲ့က မစောင့်ဘူး"လို့။ (သို့) ဆန့်ကျင်ဘက် ပြောတာက "မင်းတို့အဖွဲ့က မုန့်ချိုတွေ မစောင့်ဘူး၊ သူများအဖွဲ့က စောင့်တယ်။" နောက် ကလေးကို အခန်းထဲမှာ တစ်ယောက်တည်းထားခဲ့ပြီး ဘယ်လောက်ကြာကြာ စောင့်လဲသိဖို့ ဝက်ဘ်ကမ်ကနေ စောင့်ကြည့်တယ်။ (ရယ်သံများ) ဒီတော့ တွေ့ရှိရတာက သူတို့အဖွဲ့ဟာ မုန့်ချိုနှစ်ခုကို စောင့်တယ်လို့ ယုံကြည်တဲ့ ကလေးတွေဟာ စောင့်ဖို့ဖြစ်နိုင်ခြေပိုရှိတယ်။ ဒီတော့ သူတို့ဟာ တစ်ခါမှ မဆုံဖူးတဲ့ အရွယ်တူအဖွဲ့ရဲ့ လွှမ်းမိုးတာခံရတယ်။ (ရယ်သံများ) တော်တော် မိုက်တယ်မို့လား။ ကဲ၊ ကျွန်မ မသိသေးတဲ့ ဒီရလဒ်နဲ့ဆို သူတို့အဖွဲ့ကို သူတို့လိုက်တုပတာ (သို့) ဒီထက် ပိုနက်ရှိုင်းတာ တစ်ခုခုလားပေါ့။ ဒါနဲ့ နောက်ထပ်ကလေးတွေခေါ်လာပြီး မုန့်ချိုစမ်းသပ်မှုအပြီးမှာ ကလေးစုံတွဲ တွေရဲ့ပုံတွေကို သူတို့ကို ပြခဲ့တယ်၊ ပြီးတော့ သူတို့ကို "ဒီကလေးတွေထဲက တစ်ယောက်ဟာ အရာတွေကို ချက်ချင်းလိုချင်တယ်၊ ဥပမာ ကွတ်ကီးတို့၊ စတစ်ကာတို့ပေါ့။ အခြားကလေးတွေက စောင့်ချင်တော့ သူတို့တွေက ဒါတွေကို ပိုရနိုင်တာပေါ့။" ဒီနောက် သူတို့ကို မေးတာက "ဒီနှစ်ယောက်ထဲက ဘယ်ကလေးကို ပိုသဘောကျလဲ၊ ဘယ်သူနဲ့ ပိုကစားချင်လဲ။" တွေ့ရှိရတာက သူတို့အဖွဲ့ စောင့်နေတာလို့ ယုံကြည်တဲ့ကလေးတွေဟာ အရာတွေအတွက် စောင့်ချင်တဲ့ အခြားကလေးတွေကို ပိုလိုလားတတ်တာပါ။ ဒီတော့ သူတို့အဖွဲ့လုပ်တာကို သင်ယူခြင်းက ပိုစောင့်တာကို ပိုတန်ဖိုးထားစေတယ်။ ဒါတင်မကပဲ ဒီကလေးတွေဟာ ကိုယ်တိုင် စောင့်တာကို အကူရဖို့ ဗျူဟာတွေထုတ်ဖို့ စီမံခန့်ခွဲရေး အလုပ်ကို သုံးခဲ့တာဖြစ်နိုင်တယ်။ ဥပမာ သူတို့လက်တွေပေါ်မှာ ထိုင်တာ၊ မုန့်ချိုတွေကနေ မျက်နှာလွှဲတာ (သို့) အာရုံပြောင်းဖို့ သီချင်းဆိုတာတို့ပေါ့။ (ရယ်သံများ) ဒီတော့ ဒါအားလုံးက အခြေအနေဟာ ဘယ်လောက် အရေးပါတယ် ဆိုတာကိုပြတာပါ။ ဒီကလေးတွေမှာ စီမံခန့်ခွဲရေး အလုပ် ကောင်းတာ၊ ဆိုးတာ ရှိတာမဟုတ်ပဲ အခြေအနေက ဒါကို ပိုကောင်ကောင်း အသုံးပြုဖို့ ကူညီပေးတာပါ။ ဒီတော့ ဒါက သင်နဲ့သင့်ကလေးတွေ အတွက် ဘာကိုဆိုလိုတာလဲ။ ကဲ၊ သင်တို့ စပိန်စာ သင်ချင်တယ်ဆိုပါစို့။ သင့်အခြေအနေကို ပြောင်းပြီး သင်ယူချင်တဲ့အခြားသူတွေနဲ့ဝန်းရံဖို့ ကြိုးစားနိုင်ကာ ဒီလူတွေဟာ သင် တကယ် သဘောကျတဲ့ သူတွေဆို ပိုတောင်ကောင်းပါတယ်။ ဒါက စီမံခန့်ခွဲရေး အလုပ်ကို အသုံးပြုဖို့ သင့်ကို ပိုနှိုးဆော်စေပုံပါ။ (သို့) သင့်ကလေးရဲ့ သင်္ချာအိမ်စာမှာ ပိုတော်ဖို့ ကူညီချင်တယ်ဆိုပါစို့။ ဒီထူးခြားတဲ့အခြေအနေမှာ စီမံခန့်ခွဲရေးလုပ်ငန်းကို သုံးဖို့ သူ့ကို ဗျူဟာတွေ သင်ပေးနိုင်ပါတယ်၊ ဥပမာ သူစပြီး စာမကြည့်ခင် သူ့ဖုန်းကို သိမ်းထားတာ (သို့) တစ်နာရီ စာကြည့်ပြီးရင် သူ့ဘာသာ ဆုပေးဖို့ စီစဉ်တာတို့ပေါ့။ ကဲ၊ အခြေအနေက အရေးပါတယ်ဆိုတာမျိုး ထင်စေချင်တာမဟုတ်ဘူး။ စီမံခန့်ခွဲရေး အလုပ်ဟာ ရှုပ်ထွေးပြီး အကြောင်းရင်းများစွာနဲ့ ပုံသွင်းထားတာပါ။ ဒါပေမဲ့ ကျွန်မ အမှတ်ရစေချင်တာက ဘဝရဲ့ ကဏ္ဍတစ်ချို့မှာ သင့်ရဲ့ စီမံခန့်ခွဲရေး အလုပ် တိုးတက်ချင်ရင် တက်သုတ်ရိုက် ကုစားမှုတွေ မရှာပါနဲ့။ အခြေအနေအကြောင်းစဉ်းစားပြီး ပန်းတိုင်တွေဟာ သင့်အတွက် ပိုအရေးပါအောင်လုပ်နိုင်ပုံနဲ့ ဒီထုးခြားတဲ့အခြေအနေမှာ မိမိကိုယ်ကိုယ်ကူညီဖို့ ဗျူးဟာတွေသုံးနိုင်ပုံပါ။ ရှေးဂရိတွေပြောတဲ့ "ကိုယ့်ကိုယ်ကို သိ" လို့ ပြောချိန်ဟာ အကောင်းဆုံးလို့ ထင်တယ်။ ဒါရဲ့အဓိကအပိုင်းက အခြေအနေက သင့်အပြုအမူကို ပုံသွင်းပေးပြီး ပိုကောင်းတာအတွက် ဒီအသိသုတကို အသုံးပြုနိုင်ပုံပါ။ ကျေးဇူးတင်ပါတယ်။ လက်ခုပ်သံများ။