ကဲ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလုံးလုံး
ကျွန်တော့အဖွဲ့ Push Pop Press နဲ့
Charlie Melcher နဲ့ Melcher Media တို့ဟာ
ပထမဆုံး အင်္ဂါရပ်စုံတဲ့ တုံ့ပြန်
ဆက်သွယ်နိုင်တဲ့ စာအုပ်ကို
ဖန်တီးနေခဲ့တယ်။
ဒါကို "Our Choice" လို့ခေါ်ပြီး
စာရေးသူက Al Gore ပါ။
Al Gore ရဲ့ "An inconvenient Truth" ရဲ့
အဆက်ဖြစ်ပြီး ရာသီဥတု ကပ်ဆိုက်တာကို
ဖြေရှင်းမယ့် နည်းလမ်းတွေကို ရှာဖွေတာပါ။
စာအုပ်က ဒီလိုစတယ်။ ဒါက အဖုံးပါ။
ကမ္ဘာလုံး လည်တဲ့အခါ
ကျွန်တော်တို့ရဲ့ တည်နေရာကို တွေ့နိုင်ပြီး
စာအုပ်ကို ဖွင့်လိုက်ကာ
စာမြည်းကြည့်ဖို့ အခန်းတွေကိုကျော်ပြီး
တွန်းကြည့်လို့ ရပါတယ်။
ဒါမှမဟုတ် အောက်ကို ရွှေ့ကြည့်နိုင်ပါတယ်။
စာမျက်နှာတစ်ခုကို အနီးကပ်ကြည့်ချင်ရင်
ဖွင့်ပြလို့ရပါတယ်။
စာအုပ်ထဲက တွေ့သမျှကို
လက်ချောင်းနှစ်ချောင်းနဲ့ ယူပြီး
စာမျက်နှာကို မတင်ပြီး
ဖွင့်ကြည့်နိုင်ပါတယ်။
နောက်ကိုပြန်ပြီး
စာအုပ်ကို ထပ်ဖတ်ချင်ရင်တော့
ပြန်ခေါက်ပြီး စာမျက်နှာကို
ပြန်ပို့လိုက်ရုံပါ။
ဒီတော့ ဒါကိုယူပြီး ဖွင့်လိုက်တာနဲ့
အတူတူပါပဲ။
(အသံ) Al Gore: ကိုယ်တိုင် စဉ်းစားမိတာက
အများစုတွေထဲက
ဘယ်သူတွေက လေရဟတ်တွေကို ကြည့်ပြီး ဒါတွေဟာ
ရှုခင်းကို အလှဖြည့်တယ်လို့ ခံစားမိလဲပေါ့။
MM: စာအုပ်တစ်အုပ်လုံး ဒီလိုမျိုးပါ။
Al Gore က ခင်ဗျားဆီ ဖြတ်လျှောက်ပြီး
ဓာတ်ပုံတွေကို ရှင်းပြမှာပါ။
ဒီဓာတ်ပုံကို တုံ့ပြန်ဆက်သွယ်တဲ့
မြေပုံမှာတောင် မြင်နိုင်ပါတယ်။
ပုံကို အနီးကပ်ချဲ့ပြီး ရိုက်ထားတဲ့ နေရာပါ။
ပြီးတော့ တစ်အုပ်လုံး တောက်လျှောက်
တစ်နာရီကျော်ကြာ မှတ်တမ်းရုပ်ရှင်နဲ့
တုံ့ပြန်နိုင်တဲ့ လှုပ်ရှားအရုပ်တွေ ပါတယ်။
ဒီတစ်အုပ်ကို ဖွင့်ကြည့်နိုင်ပါတယ်။
(Audio) AG: ခေတ်အမီဆုံး လေတာဗိုင်တွေဟာ
ကြီးမားတဲ့....
MM: ဒါက ချက်ချင်း ဖွင့်လို့ရပါတယ်။
ဒါပြနေတုန်း စာမျက်နှာကို
ညှပ်ပြီး တွန်းတင်နိုင်ပါတယ်။
ရုပ်ရှင်ကတော့ ဆက်ပြနေတုန်းပါ။
ဒါမှမဟုတ် မာတိကာ ဇယားဆီ ဆုတ်သွားလည်း
ဗီဒီယိုကတော့ ဆက်ပြနေတုန်းပါ။
ဒါပေမဲ့ ဒီစာအုပ်မှာ အမိုက်ဆုံးတစ်ခုက
တုံ့ပြန်ဆက်သွယ်တဲ့ သတင်းပုံတွေပါ။
ဒါက အမေရိက တစ်ဝိုက် ရရှိနိုင်တဲ့
လေစွမ်းအင်ကို ပြတာပါ။
ဒါပေမဲ့ အချက်အလက်ကိုချည်း ပြတာမဟုတ်ပဲ
လက်ချောင်းနဲ့တို့ပြီး ပြည်နယ်တစ်ခုချင်း
လေစွမ်းအင် ဘယ်လောက်ရှိတယ်ဆိုတာကို
အတိအကျ လေ့လာ၊ ကြည့်ရှုနိုင်ပါတယ်။
ဒါကို ဘူမိအပူစွမ်းအင်နဲ့
နေရောင်ခြည်စွမ်းအင်တွေ
အတွက်လည်း အလားတူ သုံးနိုင်ပါတယ်။
ဒါကတော့ ကျွန်တော့ အကြိုက်ဆုံးပါ။
ဒီတော့ ဒါက ပြတာက..
(ရယ်သံများ)
(လက်ခုပ်သံများ)
လေတိုက်ခတ်တဲ့အခါမှာ
လေရဟတ်ကလာတဲ့ ပိုလျှံတဲ့ စွမ်းအင်ဟာ
ဘက်ထရီထဲကို ပို့ပေးပါတယ်။
ပြီးတော့ လေအားကျသွားတဲ့အခါမှာ
ပိုလျှံတဲ့စွမ်းအင်ဟာ အိမ်ထဲကို လွှဲပေးတော့
မီးက ဘယ်တော့မှ မပြတ်တော့ဘူးလေ။
ဒီစာအုပ်တစ်အုပ်လုံးဟာ
iPad ပေါ်မှာတင်မဟုတ်ပဲ
iPhone ပေါ်မှာလည်း အလုပ်လုပ်ပါတယ်။
ဒီတော့ ကိုယ့်ဧည့်ခန်းက iPad မှာ စဖတ်ပြီး
ကျန်တာကို iPhone မှာ ကောက်ဖတ်နိုင်ပါတယ်။
အလုပ်လုပ်ပုံက အတူတူပါပဲ။
စာမျက်နှာတိုင်းကို ဖိညှပ်နိုင်တယ်၊
ဖွင့်လိုက်ပါ။
ဒါက Push Pop Press ရဲ့ ပထမ ခေါင်းစဉ်ပါ။
Al Gore's "Our Choice."
ကျေးဇူးတင်ပါတယ်။
(လက်ခုပ်သံများ)
Chris Anderson: ဒါက အံ့မခန်းပဲဗျာ။
ခင်ဗျားက ထုတ်ဝေသူ၊ လိုင်စင်ထုတ်ပေးသူ
ဖြစ်ချင်တာလား။
ဒီထဲ စီးပွာရေးက ဘာလဲဗျ။
အခြားသူတွေလုပ်နိုင်တဲ့ တစ်ခုခုလားဗျာ။
MM: ဟုတ်ကဲ့၊ ဒီပါဝင်မှုကို ထုတ်ဝေသူတွေ
အလွယ်ဆောက်လို့ရအောင် ကိရိယာတစ်ခု
လောလောဆယ် တည်ဆောက်နေပါတယ်။
East coast က Melcher Media အဖွဲ့နဲ့
West coast က ကျွန်တော်တို့ဟာ
ကျွန်တော်တို့ ကိရိယာကို
ယူပြီး နေ့စဉ် ပုံတွေနဲ့ စာတွေကို
ဆွဲယူတဲ့ ဆော့ဖ်ဝဲ တစ်ခုဆောက်နေပါတယ်..
CA: ဒီတော့ ဒီဆော့ဖ်ဝဲကို ထုတ်ဝေသူတွေကို
ဒီလို လှပတဲ့စာအုပ်တွေ
ဖန်တီးဖို့ လိုင်စင်ချပေးချင်လား။
(MM: ဟုတ်)
ကောင်းပြီ၊ Mike ကျေးဇူးအများကြီးတင်ပါတယ်။
MM: ကျေးဇူးပါ။
(CA: ကံကောင်းပါစေကွာ။)
(လက်ခုပ်သံများ)