1 00:00:00,000 --> 00:00:02,000 ကဲ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလုံးလုံး 2 00:00:02,000 --> 00:00:04,000 ကျွန်တော့အဖွဲ့ Push Pop Press နဲ့ 3 00:00:04,000 --> 00:00:06,000 Charlie Melcher နဲ့ Melcher Media တို့ဟာ 4 00:00:06,000 --> 00:00:08,000 ပထမဆုံး အင်္ဂါရပ်စုံတဲ့ တုံ့ပြန် 5 00:00:08,000 --> 00:00:10,000 ဆက်သွယ်နိုင်တဲ့ စာအုပ်ကို ဖန်တီးနေခဲ့တယ်။ 6 00:00:10,000 --> 00:00:12,000 ဒါကို "Our Choice" လို့ခေါ်ပြီး 7 00:00:12,000 --> 00:00:14,000 စာရေးသူက Al Gore ပါ။ 8 00:00:14,000 --> 00:00:16,000 Al Gore ရဲ့ "An inconvenient Truth" ရဲ့ 9 00:00:16,000 --> 00:00:18,000 အဆက်ဖြစ်ပြီး ရာသီဥတု ကပ်ဆိုက်တာကို 10 00:00:18,000 --> 00:00:20,000 ဖြေရှင်းမယ့် နည်းလမ်းတွေကို ရှာဖွေတာပါ။ 11 00:00:20,000 --> 00:00:23,000 စာအုပ်က ဒီလိုစတယ်။ ဒါက အဖုံးပါ။ 12 00:00:24,000 --> 00:00:26,000 ကမ္ဘာလုံး လည်တဲ့အခါ 13 00:00:26,000 --> 00:00:28,000 ကျွန်တော်တို့ရဲ့ တည်နေရာကို တွေ့နိုင်ပြီး 14 00:00:28,000 --> 00:00:31,000 စာအုပ်ကို ဖွင့်လိုက်ကာ 15 00:00:31,000 --> 00:00:33,000 စာမြည်းကြည့်ဖို့ အခန်းတွေကိုကျော်ပြီး 16 00:00:33,000 --> 00:00:35,000 တွန်းကြည့်လို့ ရပါတယ်။ 17 00:00:36,000 --> 00:00:39,000 ဒါမှမဟုတ် အောက်ကို ရွှေ့ကြည့်နိုင်ပါတယ်။ 18 00:00:40,000 --> 00:00:42,000 စာမျက်နှာတစ်ခုကို အနီးကပ်ကြည့်ချင်ရင် 19 00:00:42,000 --> 00:00:44,000 ဖွင့်ပြလို့ရပါတယ်။ 20 00:00:44,000 --> 00:00:46,000 စာအုပ်ထဲက တွေ့သမျှကို 21 00:00:46,000 --> 00:00:48,000 လက်ချောင်းနှစ်ချောင်းနဲ့ ယူပြီး 22 00:00:48,000 --> 00:00:50,000 စာမျက်နှာကို မတင်ပြီး 23 00:00:50,000 --> 00:00:52,000 ဖွင့်ကြည့်နိုင်ပါတယ်။ 24 00:00:52,000 --> 00:00:54,000 နောက်ကိုပြန်ပြီး 25 00:00:54,000 --> 00:00:56,000 စာအုပ်ကို ထပ်ဖတ်ချင်ရင်တော့ 26 00:00:56,000 --> 00:00:59,000 ပြန်ခေါက်ပြီး စာမျက်နှာကို ပြန်ပို့လိုက်ရုံပါ။ 27 00:01:00,000 --> 00:01:03,000 ဒီတော့ ဒါကိုယူပြီး ဖွင့်လိုက်တာနဲ့ အတူတူပါပဲ။ 28 00:01:03,000 --> 00:01:05,000 (အသံ) Al Gore: ကိုယ်တိုင် စဉ်းစားမိတာက 29 00:01:05,000 --> 00:01:07,000 အများစုတွေထဲက 30 00:01:07,000 --> 00:01:09,000 ဘယ်သူတွေက လေရဟတ်တွေကို ကြည့်ပြီး ဒါတွေဟာ 31 00:01:09,000 --> 00:01:11,000 ရှုခင်းကို အလှဖြည့်တယ်လို့ ခံစားမိလဲပေါ့။ 32 00:01:11,000 --> 00:01:13,000 MM: စာအုပ်တစ်အုပ်လုံး ဒီလိုမျိုးပါ။ 33 00:01:13,000 --> 00:01:16,000 Al Gore က ခင်ဗျားဆီ ဖြတ်လျှောက်ပြီး ဓာတ်ပုံတွေကို ရှင်းပြမှာပါ။ 34 00:01:16,000 --> 00:01:19,000 ဒီဓာတ်ပုံကို တုံ့ပြန်ဆက်သွယ်တဲ့ မြေပုံမှာတောင် မြင်နိုင်ပါတယ်။ 35 00:01:20,000 --> 00:01:23,000 ပုံကို အနီးကပ်ချဲ့ပြီး ရိုက်ထားတဲ့ နေရာပါ။ 36 00:01:25,000 --> 00:01:27,000 ပြီးတော့ တစ်အုပ်လုံး တောက်လျှောက် 37 00:01:27,000 --> 00:01:29,000 တစ်နာရီကျော်ကြာ မှတ်တမ်းရုပ်ရှင်နဲ့ 38 00:01:29,000 --> 00:01:31,000 တုံ့ပြန်နိုင်တဲ့ လှုပ်ရှားအရုပ်တွေ ပါတယ်။ 39 00:01:31,000 --> 00:01:34,000 ဒီတစ်အုပ်ကို ဖွင့်ကြည့်နိုင်ပါတယ်။ 40 00:01:34,000 --> 00:01:37,000 (Audio) AG: ခေတ်အမီဆုံး လေတာဗိုင်တွေဟာ ကြီးမားတဲ့.... 41 00:01:37,000 --> 00:01:39,000 MM: ဒါက ချက်ချင်း ဖွင့်လို့ရပါတယ်။ 42 00:01:39,000 --> 00:01:42,000 ဒါပြနေတုန်း စာမျက်နှာကို ညှပ်ပြီး တွန်းတင်နိုင်ပါတယ်။ 43 00:01:42,000 --> 00:01:44,000 ရုပ်ရှင်ကတော့ ဆက်ပြနေတုန်းပါ။ 44 00:01:44,000 --> 00:01:47,000 ဒါမှမဟုတ် မာတိကာ ဇယားဆီ ဆုတ်သွားလည်း 45 00:01:47,000 --> 00:01:50,000 ဗီဒီယိုကတော့ ဆက်ပြနေတုန်းပါ။ 46 00:01:52,000 --> 00:01:54,000 ဒါပေမဲ့ ဒီစာအုပ်မှာ အမိုက်ဆုံးတစ်ခုက 47 00:01:54,000 --> 00:01:56,000 တုံ့ပြန်ဆက်သွယ်တဲ့ သတင်းပုံတွေပါ။ 48 00:01:56,000 --> 00:01:58,000 ဒါက အမေရိက တစ်ဝိုက် ရရှိနိုင်တဲ့ 49 00:01:58,000 --> 00:02:00,000 လေစွမ်းအင်ကို ပြတာပါ။ 50 00:02:00,000 --> 00:02:03,000 ဒါပေမဲ့ အချက်အလက်ကိုချည်း ပြတာမဟုတ်ပဲ 51 00:02:03,000 --> 00:02:06,000 လက်ချောင်းနဲ့တို့ပြီး ပြည်နယ်တစ်ခုချင်း 52 00:02:06,000 --> 00:02:08,000 လေစွမ်းအင် ဘယ်လောက်ရှိတယ်ဆိုတာကို 53 00:02:08,000 --> 00:02:10,000 အတိအကျ လေ့လာ၊ ကြည့်ရှုနိုင်ပါတယ်။ 54 00:02:10,000 --> 00:02:13,000 ဒါကို ဘူမိအပူစွမ်းအင်နဲ့ နေရောင်ခြည်စွမ်းအင်တွေ 55 00:02:15,000 --> 00:02:17,000 အတွက်လည်း အလားတူ သုံးနိုင်ပါတယ်။ 56 00:02:23,000 --> 00:02:25,000 ဒါကတော့ ကျွန်တော့ အကြိုက်ဆုံးပါ။ 57 00:02:25,000 --> 00:02:28,000 ဒီတော့ ဒါက ပြတာက.. 58 00:02:30,000 --> 00:02:34,000 (ရယ်သံများ) 59 00:02:34,000 --> 00:02:36,000 (လက်ခုပ်သံများ) 60 00:02:36,000 --> 00:02:38,000 လေတိုက်ခတ်တဲ့အခါမှာ 61 00:02:38,000 --> 00:02:41,000 လေရဟတ်ကလာတဲ့ ပိုလျှံတဲ့ စွမ်းအင်ဟာ 62 00:02:41,000 --> 00:02:43,000 ဘက်ထရီထဲကို ပို့ပေးပါတယ်။ 63 00:02:43,000 --> 00:02:45,000 ပြီးတော့ လေအားကျသွားတဲ့အခါမှာ 64 00:02:45,000 --> 00:02:47,000 ပိုလျှံတဲ့စွမ်းအင်ဟာ အိမ်ထဲကို လွှဲပေးတော့ 65 00:02:47,000 --> 00:02:50,000 မီးက ဘယ်တော့မှ မပြတ်တော့ဘူးလေ။ 66 00:02:53,000 --> 00:02:56,000 ဒီစာအုပ်တစ်အုပ်လုံးဟာ iPad ပေါ်မှာတင်မဟုတ်ပဲ 67 00:02:56,000 --> 00:02:59,000 iPhone ပေါ်မှာလည်း အလုပ်လုပ်ပါတယ်။ 68 00:02:59,000 --> 00:03:01,000 ဒီတော့ ကိုယ့်ဧည့်ခန်းက iPad မှာ စဖတ်ပြီး 69 00:03:01,000 --> 00:03:03,000 ကျန်တာကို iPhone မှာ ကောက်ဖတ်နိုင်ပါတယ်။ 70 00:03:03,000 --> 00:03:05,000 အလုပ်လုပ်ပုံက အတူတူပါပဲ။ 71 00:03:05,000 --> 00:03:07,000 စာမျက်နှာတိုင်းကို ဖိညှပ်နိုင်တယ်၊ 72 00:03:07,000 --> 00:03:09,000 ဖွင့်လိုက်ပါ။ 73 00:03:23,000 --> 00:03:25,000 ဒါက Push Pop Press ရဲ့ ပထမ ခေါင်းစဉ်ပါ။ 74 00:03:25,000 --> 00:03:27,000 Al Gore's "Our Choice." 75 00:03:27,000 --> 00:03:29,000 ကျေးဇူးတင်ပါတယ်။ 76 00:03:29,000 --> 00:03:37,000 (လက်ခုပ်သံများ) 77 00:03:37,000 --> 00:03:40,000 Chris Anderson: ဒါက အံ့မခန်းပဲဗျာ။ 78 00:03:40,000 --> 00:03:42,000 ခင်ဗျားက ထုတ်ဝေသူ၊ လိုင်စင်ထုတ်ပေးသူ 79 00:03:42,000 --> 00:03:44,000 ဖြစ်ချင်တာလား။ 80 00:03:44,000 --> 00:03:46,000 ဒီထဲ စီးပွာရေးက ဘာလဲဗျ။ 81 00:03:46,000 --> 00:03:48,000 အခြားသူတွေလုပ်နိုင်တဲ့ တစ်ခုခုလားဗျာ။ 82 00:03:48,000 --> 00:03:50,000 MM: ဟုတ်ကဲ့၊ ဒီပါဝင်မှုကို ထုတ်ဝေသူတွေ 83 00:03:50,000 --> 00:03:53,000 အလွယ်ဆောက်လို့ရအောင် ကိရိယာတစ်ခု လောလောဆယ် တည်ဆောက်နေပါတယ်။ 84 00:03:53,000 --> 00:03:55,000 East coast က Melcher Media အဖွဲ့နဲ့ 85 00:03:55,000 --> 00:03:58,000 West coast က ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကိရိယာကို 86 00:03:58,000 --> 00:04:00,000 ယူပြီး နေ့စဉ် ပုံတွေနဲ့ စာတွေကို 87 00:04:00,000 --> 00:04:03,000 ဆွဲယူတဲ့ ဆော့ဖ်ဝဲ တစ်ခုဆောက်နေပါတယ်.. 88 00:04:03,000 --> 00:04:06,000 CA: ဒီတော့ ဒီဆော့ဖ်ဝဲကို ထုတ်ဝေသူတွေကို ဒီလို လှပတဲ့စာအုပ်တွေ 89 00:04:06,000 --> 00:04:08,000 ဖန်တီးဖို့ လိုင်စင်ချပေးချင်လား။ (MM: ဟုတ်) 90 00:04:08,000 --> 00:04:10,000 ကောင်းပြီ၊ Mike ကျေးဇူးအများကြီးတင်ပါတယ်။ 91 00:04:10,000 --> 00:04:12,000 MM: ကျေးဇူးပါ။ (CA: ကံကောင်းပါစေကွာ။) 92 00:04:12,000 --> 00:04:14,000 (လက်ခုပ်သံများ)