1 00:00:00,000 --> 00:00:05,642 ဘစ်ဘန်း ဘယ်အချိန်က ဖြစ်ပေါ်ခဲ့သလဲဆိုတာကို ကျွန်တော်တ့ို အနီးစပ်ဆုံးခန့်မှန်းနိုင်တာက- 2 00:00:05,642 --> 00:00:08,661 အမှန်က စကြဝဠာဟာ အမှတ်ထူးတစ်ခုကနေ ပြန့်ကားလာတာပဲဖြစ်လို့ 3 00:00:08,661 --> 00:00:12,562 ပေါက်ကွဲမှုလို့ သွယ်ဝိုက်ညွှန်းဆိုတဲ့ ဘစ်ဘန်းဆိုတဲ့ 4 00:00:12,562 --> 00:00:16,067 အခေါ်အဝေါ်ကိုတောင် သိပ်သဘောမတွေ့ပါဘူး 5 00:00:16,067 --> 00:00:18,924 အမှတ်ထူး တစ်ခုကနေ စပြီးပြန်ကားလာတဲ့အချိန်ဟာ 6 00:00:18,924 --> 00:00:25,267 နှစ်ပေါင်း ၁၃.၇ ဘီလီယံလောက် ကြာပါပြီ ငွေပမာဏအများကြီးကို 7 00:00:25,267 --> 00:00:28,584 တွက်တဲ့အခါ သုံးတဲ့ ဘီလီယံဆိုတဲ့ ကိန်းကို 8 00:00:28,584 --> 00:00:31,867 အချိန်နဲ့တွဲသုံးတာ အံ့သြစရာ ပါပဲ ရိုးစင်းတယ်လို့ထင်ရပေမဲ့ 9 00:00:31,867 --> 00:00:34,575 အမှန်က မဟုတ်ပါဘူး နောက်သင်ခန်းစာတွေမှာ 10 00:00:34,575 --> 00:00:37,841 အချိန်နဲ့ ပတ်သတ်ပြီး အတိုင်းအတာတွေ ပြောတဲ့အခါ 11 00:00:37,841 --> 00:00:39,933 ဒီ ၁၃.၇ ဘီလီယံ ဆိုတာ ဘယ်လောက်ကြာတယ် 12 00:00:39,933 --> 00:00:42,934 ဘယ်လို အတိုင်းအတာမျိုး ဖြစ်တယ်ဆိုတာ 13 00:00:42,934 --> 00:00:47,267 စဉ်းစား ချင့်ချိန် နိုင် လာပါလိမ့်မယ် 14 00:00:47,267 --> 00:00:50,600 နောက်တစ်ခု ပြောချင်တာက ဒီအချိန် အတိုင်းအတာဟာ 15 00:00:50,600 --> 00:00:53,522 အနီးစပ်ဆုံးနဲ့ အကောင်းဆုံး ခန့်မှန်းချက်ပါ ကျွန်တော် 16 00:00:53,522 --> 00:00:56,402 ဒီဘစ်ဘန်းအကြောင်းကို စသိတဲ့ အချိန်ကတည်းက 17 00:00:56,402 --> 00:00:58,600 အခုအချိန်ထိ သိသမျှမှာ ၁၃.၇ ဘီလီယံ ဆိုတာ 18 00:00:58,600 --> 00:01:00,442 အနီးစပ်ဆုံးနဲ့ အကောင်းဆုံး ခန့်မှန်းချက်ပါပဲ 19 00:01:00,442 --> 00:01:03,181 နောင်တစ်ချိန် ပိုပြီး ကောင်းအောင် တိကျအောင် ခန့်မှန်းနိုင်ရင် 20 00:01:03,181 --> 00:01:05,271 ဒီကိန်းမှာ နည်းနည်း အတိုးအလျော့ ရှိလာနိုင်မယ် ထင်ပါတယ် 21 00:01:05,271 --> 00:01:07,779 အခုလက်ရှိမှာတော့ ဒါကအမှန်ကန်ဆုံးပါပဲ 22 00:01:07,779 --> 00:01:10,267 ဒီတန်ဖိုးနဲ့ပဲ ကျွန်တော်တို့ လေ့လာနိုင်တဲ့ စကြဝဠာအကြောင်းကို 23 00:01:10,267 --> 00:01:13,373 ပြောရမှာပါ 24 00:01:15,635 --> 00:01:23,548 ဒါကြောင့် ပြန်ကားမှုဟာ နှစ်ပေါင်း ၁၃.၇ ဘီလီယံ လောက်က စခဲ့တယ်ဆိုရင် 25 00:01:23,548 --> 00:01:28,333 ကျွန်တော်တို့ သုံးဘက်တိုင်း စကြဝဠာ ထဲကအရာအားလုံးဟာ 26 00:01:28,333 --> 00:01:29,933 အမှတ်ကလေးတစ်ခု ကနေစခဲ့တာဖြစ်နိုင်ပါတယ် 27 00:01:29,933 --> 00:01:33,925 အခု ကျွန်တော်တို့ ဆီကိုရောက်နေတဲ့ အလင်းဖိုတွန်လေးတစ်မှုံရဲ့ 28 00:01:33,925 --> 00:01:35,271 ရောက်နိုင်တဲ့ အဝေးဆုံးအကွာအေဝေးပေါ့ 29 00:01:35,271 --> 00:01:37,593 ဒါဆိုကျွန်တော်တို့ အမြင်မမှားပါဘူး 30 00:01:37,593 --> 00:01:39,915 ဒီမှာကျွန်တော့်မျက်လုံး ဒါကမျက်တောင်မွှေး လို့ပဲ 31 00:01:39,915 --> 00:01:42,516 ဆိုကြပါစို့ 32 00:01:42,516 --> 00:01:44,281 အခုကျွန်တော်တို့ မျက်လုံး ဒါမှမဟုတ် 33 00:01:44,281 --> 00:01:47,950 တယ်လီစကုတ်ရဲ့ မှန်ဘီလူးကို လာထိတဲ့ အလင်းဖိုတွန်လေးရဲ့ 34 00:01:47,950 --> 00:01:50,400 ဖြတ်သန်းလာရတဲ့ အဝေးဆုံးခရီး အကွာကဝေးဟာ 35 00:01:50,400 --> 00:01:53,718 နှစ်ပေါင်း ၁၃.၇ ဘီလီယံ ရှိပြီဆိုတာပါပဲ 36 00:01:53,718 --> 00:01:55,902 is 13.7 billion years. 37 00:02:06,502 --> 00:02:09,497 အရင်သင်ခန်းစာတွေမှာ လေ့လာနိုင်တဲ့ စကြဝဠာကို 38 00:02:09,497 --> 00:02:11,267 ကျွန်တော် စက်ဝိုင်းပုံ ဆွဲပြခဲ့တယ်ထင်တယ် 39 00:02:11,267 --> 00:02:12,841 of the observable universe, 40 00:02:12,841 --> 00:02:15,117 I drew - it was a circle. 41 00:02:15,117 --> 00:02:17,764 ဟုတ်တယ် ဒီလိုစက်ဝိုင်းမျိုးပါ 42 00:02:17,764 --> 00:02:21,108 ကျွန်တော်တို့ ဆီကို ဝေးအကွာတဲ့ အရာဝတ္ထုကနေ 43 00:02:21,108 --> 00:02:23,771 အလင်းရောက်လာတဲ့အခါ ကျွန်တော်တို့ မြင်နိုင်လာပါတယ် 44 00:02:23,771 --> 00:02:26,200 ပုံထဲမှာ ဝေးကွာတဲ့ အရာဝတ္ထုက 45 00:02:26,200 --> 00:02:28,863 ဒီမှာပါ အခုအဲဒီအရာဝတ္ထုရဲ့ အလင်းက ကျွန်တော်တို့ 46 00:02:28,863 --> 00:02:32,532 နေရာကို ရောက်လာဖို့ နှစ်ပေါင်း ၁၃.၇ ဘီလီယံ 47 00:02:32,532 --> 00:02:38,656 ကြာပါတယ် 48 00:02:42,656 --> 00:02:45,489 ဒီလို ပြောဖို့အတွက် နည်းနည်းတော့ စဉ်းစားဖို့ လိုပါတယ် 49 00:02:45,489 --> 00:02:47,533 ဘာလို့ဆို ကျွန်တော်တို့ဟာ ကျယ်ပြန့်လာတဲ့ ဟင်းလင်းပြင်ရဲ့ 50 00:02:47,533 --> 00:02:51,533 ကြီးကျယ်တဲ့ အချိန်တွေ ခရီးအကွာအဝေးတွေကို 51 00:02:51,533 --> 00:02:55,380 ပြောနေလို့ပါပဲ ဒီမှာတွေ့နေရတဲ့ 52 00:02:55,380 --> 00:03:00,691 အရာဝတ္ထုဟာ 53 00:03:00,691 --> 00:03:02,744 ဒါဟာ ကျိန်းသေမုချကို 54 00:03:02,759 --> 00:03:03,906 . 55 00:03:03,967 --> 00:03:04,744 ကွင်းထဲထည့်ထားလိုက်မယ် 56 00:03:04,744 --> 00:03:13,538 အလင်းနှစ် ၁၃.၇ ဘီလီယံ ဝေးတာမဟုတ်ဘူး 57 00:03:13,538 --> 00:03:16,125 ကျွန်တော်တို့ ပိုသေးငယ်တဲ့ အချိန်တွေ 58 00:03:16,125 --> 00:03:18,043 အကွာအဝေးတွေကို ပြောရင် ဒါကိုအနီးစပ်ဆုံး 59 00:03:18,043 --> 00:03:19,892 ခန့်မှန်းခြေအနေနဲ့ ပြောရမှာပါ 60 00:03:19,892 --> 00:03:21,868 စကြဝဠာရဲ့ ပြန်ကားမှုဟာ အဲလောက်ကြီးတော့ 61 00:03:21,868 --> 00:03:24,285 ခြားနားချက် မဖြစ်နိုင်ပါဘူး 62 00:03:24,285 --> 00:03:26,854 ပိုပြီး ရှင်းအောင် ပြောပြပါမယ် 63 00:03:26,854 --> 00:03:28,709 ဒီနေရာက အရာဝတ္ထုကိုပြောနေပေမယ့် ကျွန်တော်တို့ 64 00:03:28,709 --> 00:03:31,867 ဟင်းလင်းပြင်ထဲက ကိုအော်ဒိနိတ်တွေကို ထည့်ပြောနိုင်ပါတယ် 65 00:03:31,867 --> 00:03:34,127 အမှန်က ဟင်းလင်းပြင်အချိန်လို့ ပြောသင့်တာပါ 66 00:03:34,127 --> 00:03:35,722 ဘာလို့ဆို ကျွန်တော်တို့က ဒီအရာဝတ္ထုကို အချိန်တစ်ခုကနေ 67 00:03:35,722 --> 00:03:37,533 စောင့်ကြည့်နေတာ ဖြစ်လို့ပါပဲ 68 00:03:37,533 --> 00:03:43,121 ဒါပေမယ် ဒီကိုအော်ဒီနိတ်ဟာ ကျွန်တော်တို့ လက်ရှိနေရာကနေ 69 00:03:43,121 --> 00:03:44,700 အလင်းနှစ် ၁၃.၇ ဘီလီယံ အကွာမှာတော့ မဟုတ်ပါဘူး 70 00:03:44,700 --> 00:03:46,464 ဒီလိုပြောနိုင်တဲ့ အကြောင်းနှစ်ခု ရှိပါတယ် 71 00:03:46,464 --> 00:03:47,533 ပထမအချက်က 72 00:03:47,533 --> 00:03:51,533 အလင်းထုတ်လွတ်ခဲ့တာက နှစ်ပေါင်း ၁၃.၇ ဘီလီယံ ကပါ 73 00:03:51,533 --> 00:03:55,845 အလင်းထုတ်လွတ်တဲ့အချိန်တုန်းက ကျွန်တော်တို့ဟာ 74 00:03:55,845 --> 00:03:57,842 အဲဒီကိုအော်ဒိနိတ်နဲ့ ပိုဲပြီး နီးစပ်ပါတယ် 75 00:03:57,842 --> 00:03:59,189 စကြဝဠာထဲက ကျွန်တော်တို့ရဲ့ နေရာဟာ 76 00:03:59,189 --> 00:04:01,371 အဲဒီအမှတ်လေးနဲ့ ပိုပြီး နီးစပ်ပါတယ် 77 00:04:01,371 --> 00:04:05,933 နောက်တစ်ချက်က - ကျွန်တော် ပုံဆွဲပြမယ် 78 00:04:05,933 --> 00:04:12,017 အမှတ်ထူး စပြီးပြန့်ကားလာတဲ့ စကြဝဠာအစ 79 00:04:12,017 --> 00:04:16,867 အနှစ် သုံးသိန်းကို ပြန်သွားရအောင် 80 00:04:16,867 --> 00:04:19,867 ကျွန်တော်တို့ စကြဝဠာသမိုင်းရဲ့ သက္ကရာဇ် နှစ်သုံးသိန်းကို 81 00:04:19,867 --> 00:04:22,177 ရောက်သွားပြီလို့ဆိုပါစို့ 82 00:04:22,177 --> 00:04:28,214 စကြဝဠာရဲ့ သက်တမ်း သုံးသိန်း လောက်မှာ 83 00:04:28,214 --> 00:04:32,267 ဘာတွေဖြစ်နေနိုင်သလဲလို့ ခန့်မှန်းကြည်ရအောင် 84 00:04:32,267 --> 00:04:34,315 အဲဒီအချိန်က အရာဝတ္ထုတွေဟာလက်ရှိအချိန်လို ပြည်စုံတဲ့ 85 00:04:34,315 --> 00:04:37,455 ပြောင်းလဲမှုတွေမဖြစ်သေးဘူး 86 00:04:37,455 --> 00:04:39,034 . 87 00:04:39,034 --> 00:04:41,249 ဒါကို ကော့စမစ်မိုက်ခရိုဝေ့နောက်ခံ ရောင်စဉ်ဖြာထွက်မှု 88 00:04:41,249 --> 00:04:43,678 အကြောင်းမှာ သေချာပြောပါမယ် 89 00:04:43,678 --> 00:04:45,015 အဲဒီအချိန်က ဒီအမှတ်လေးဟာ 90 00:04:45,015 --> 00:04:48,067 ပူပြင်းတဲ့ ဟိုက်ဒရိုဂျင် ပလပ်စမာ လေးတစ်ခုပါပဲ 91 00:04:48,067 --> 00:04:51,109 . 92 00:04:51,109 --> 00:04:52,966 ဒီအရာလေးက ထုတ်လွှတ်နေတဲ့ မိုက်ခရိုဝေ့ ဖြာထွက်မှုကို 93 00:04:52,966 --> 00:04:54,777 နောက်သင်ခန်းစာ တွေမှ ပြောကြတာပေါ့ 94 00:04:54,777 --> 00:04:56,082 . 95 00:04:56,082 --> 00:05:00,397 စကြဝဠာ အစပိုင်းက အမှတ်လေးနှစ်ခုကို စဉ်းစားကြည့်ရအောင် 96 00:05:00,397 --> 00:05:03,467 စကြဝဠာရဲ့အစောပိုင်းကာလမှာ အရင်က ပြောတဲ့အမှတ်လေး အတွက် 97 00:05:03,467 --> 00:05:04,808 ကျွန်တော်တို့နေရာကနေ ကိုအော်ဒိနိတ်တစ်ခုရှိတယ် 98 00:05:04,808 --> 00:05:08,495 ဆိုပါစို့ 99 00:05:10,202 --> 00:05:12,767 ဗဟိုချက်တည့်တည့်မှာ မဟုတ်ပါဘူး 100 00:05:12,767 --> 00:05:14,746 ဒါလေးက ဗဟိုမှာမဟုတ်တာ 101 00:05:14,746 --> 00:05:15,938 မြင်သာပါတယ် 102 00:05:15,938 --> 00:05:18,462 စကြဝဠာရဲ့ အစဦး ကာလမှာ 103 00:05:18,462 --> 00:05:21,310 ဒီအကွာအဝေးကို တိုင်းတာကြည့်ရင် 104 00:05:21,310 --> 00:05:22,800 အလင်းနှစ် သန်းသုံးဆယ် ပဲ 105 00:05:22,800 --> 00:05:26,180 ကွာဝေးပါလိမ့်မယ် 106 00:05:26,703 --> 00:05:29,449 . 107 00:05:35,187 --> 00:05:37,800 ဒီအမှတ်က ပန်းခရမ်းရောင် အရာဝတ္ထုလေးကနေ 108 00:05:37,800 --> 00:05:40,799 ဖိုတွန် တစ်ခု ကို 109 00:05:40,799 --> 00:05:43,000 မိုက်ခရိုဝေ့ ကြိမ်နှုန်းနဲ့ ထုတ်လွှတ်တယ် ဆိုပါစို့ 110 00:05:43,000 --> 00:05:45,880 သူထုတ်လွှတ်တဲ့ မိုက်ခရိုဝေ့ ကြိမ်နှုန်းခွင်ကို 111 00:05:45,880 --> 00:05:48,462 တွေ့နိုင်မယ်ဆိုပါစို့ 112 00:05:48,462 --> 00:05:50,134 ပြီးတော့ ဖိုတွန်တစ်ခုကို ထုတ်လွှတ် လိုက်ပါတယ် 113 00:05:50,134 --> 00:05:51,996 အဲဒီဖိုတွန်က အလင်းအလျင်နဲ့ သွားပါမယ် 114 00:05:51,996 --> 00:05:53,062 ဒါဟာ အလင်းပါပဲ 115 00:05:53,062 --> 00:05:54,536 ဖိုတွန်လေးက ပြောတယ် 116 00:05:54,536 --> 00:05:56,902 ငါ အလင်းနှစ် သန်းသုံးဆယ်ပဲ သွားရမှာပဲ 117 00:05:56,902 --> 00:05:58,354 အဲဒီကို နှစ်သန်းသုံးဆယ်အတွင်း 118 00:05:58,354 --> 00:06:00,252 ရောက်မှာပဲ 119 00:06:00,252 --> 00:06:02,585 ကျွန်တော်ရှင်းပြပါမယ် 120 00:06:02,585 --> 00:06:04,656 ဒီမှာတွက်တဲ့ သချာၤထက်ပိုပြီးရှုပ်ထွေးပါတယ် 121 00:06:04,656 --> 00:06:06,435 ဒီမှာဘာတွေ ဖြစ်နေလဲဆိုတာ 122 00:06:06,435 --> 00:06:08,010 ကျွန်တော်ပြောပြပါမယ် 123 00:06:08,010 --> 00:06:10,056 ဖိုတွန်လေးက ပြောတယ် 124 00:06:10,056 --> 00:06:13,069 အနှစ် ဆယ်သန်းလောက်ဆိုရင် 125 00:06:14,623 --> 00:06:17,274 အဲဒီ ကိုအော်ဒိနိတ် ကို ငါ ရောက်နေလောက် ပြီပေါ့ 126 00:06:17,905 --> 00:06:20,645 ဒါက ငါသွားရမယ့် ခရီးအကွာအဝေးရဲ့ သုံးပုံ တစ်ပုံပဲရှိတာ 127 00:06:20,645 --> 00:06:25,800 ဒါပေမယ်ံ အဲဒီနှစ်ဆယ်သန်းအတွင်းမှာ ဘာတွေဖြစ်သွားတာလဲ 128 00:06:25,800 --> 00:06:27,938 အဲဒီ နှစ်ဆယ်သန်းအတွင်းမှာ စကြဝဠာက 129 00:06:27,938 --> 00:06:30,118 နည်းနည်းပိုပြီး ပြန့်ကားလာပါတယ် 130 00:06:30,118 --> 00:06:32,538 ကောင်းပြီ ပြန့်ကားလာတဲ့ စကြဝဠာကို 131 00:06:32,538 --> 00:06:35,498 ကျွန်တော် ပုံဆွဲပြမယ် 132 00:06:35,498 --> 00:06:37,967 အနှစ်ဆယ်သန်း ကြာပြီးတဲ့နောက်မှာ စကြဝဠာဟာ 133 00:06:37,967 --> 00:06:40,654 ဒီလိုပုံစံ ဖြစ်သွားနိုင်ပါတယ် 134 00:06:41,054 --> 00:06:43,071 အမှန်က ဒါထက်တောင် ပိုကြီး နိုင်ပါတယ် 135 00:06:43,071 --> 00:06:45,000 ဒီလိုပဲ ဆွဲပြတာပေါ့ 136 00:06:45,015 --> 00:06:47,132 နှစ်ပေါင်း ဆယ်သန်းကြာတဲ့နောက်မှာ စကြဝဠာသည် 137 00:06:47,132 --> 00:06:49,470 နည်းနည်းပိုပြီး ပြန်ကားလာပါတယ် 138 00:06:49,470 --> 00:06:53,419 ဒါက နောင်လာမယ့် အနှစ်ဆယ်သန်းပါ 139 00:06:53,696 --> 00:06:56,839 အာကာသရဲ့ အချိန်စကေး အတွင်းက 140 00:06:56,839 --> 00:07:00,104 နုနယ်တဲ့ စကြဝဠာထဲက ဖြစ်ရပ်တစ်ခုပါပဲ ဘာလို့ဆိုတော့ ကျွန်တော်တို့က 141 00:07:00,104 --> 00:07:02,550 နှစ်ပေါင်း ၁၃.၇ ဘီလီယံ ကနေ ကြည့်ပြောနေတာ မို့လို့ပါ 142 00:07:02,550 --> 00:07:06,875 ကောင်းပြီ အနှစ်ဆယ်သန်း ကြာပြီးတဲ့နောက် ဖြစ်လာတာတွေကို ပြန်ပြောရအောင် 143 00:07:07,644 --> 00:07:09,363 စကြဝဠာဟာ ပိုပြန့်ကားလာပါတယ် 144 00:07:09,363 --> 00:07:12,062 အခု ဒီမှာရှိနေတဲ့ ကိုအော်ဒိနိတ် ဟာ 145 00:07:12,062 --> 00:07:15,460 ဒီကို ကျော်ပြီး ရောက်သွားပါမယ် 146 00:07:15,460 --> 00:07:18,774 ဖိုတွန်ထုတ်လွှတ် လိုက်တဲ့ မူလ နေရာရဲ့ 147 00:07:18,774 --> 00:07:21,425 ကိုအော်ဒိနိတ်က ဒီနေရာမှာပါ 148 00:07:21,425 --> 00:07:23,839 . 149 00:07:23,839 --> 00:07:25,604 ခုနက ဖိုတွန်က ပြောတာက 150 00:07:25,604 --> 00:07:27,479 အလင်းနှစ် ဆယ်သန်း ခရီးသွားပြီးရင် သူဒီကို 151 00:07:27,479 --> 00:07:28,887 ရောက်နေ လောက် ပြီလို့ပါ 152 00:07:28,887 --> 00:07:30,454 ဒါကျွန်တော် ခန်မှန်းပြီး ပြောနေရတာ ကျွန်တော် ပေးချင်တဲ့ 153 00:07:30,454 --> 00:07:32,604 အသိလေး မှားယွင်းသွားမှာစိုးလို့ပါ 154 00:07:32,604 --> 00:07:35,600 ဖိုတွန်ရဲ့ နှစ်ပေါင်း ဆယ်သန်း ခရီးသွားပြီး 155 00:07:35,600 --> 00:07:37,210 ရောက်နေတဲ့ ကိုအော်ဒိနိတ်ဟာ 156 00:07:37,210 --> 00:07:38,915 အကြမ်းဖျင်းအားဖြင့် ဒီမှာပါ 157 00:07:38,915 --> 00:07:39,877 စကြဝဠာ တစ်ခုလုံး ဟာကျယ်ပြန့်လာနေပါတယ် 158 00:07:39,877 --> 00:07:42,704 ဒါကြောင့် ကိုအော်ဒိနိတ်တွေ အားလုံးဟာလည်း ပိုပြီးဝေးကွာလာပါတယ် 159 00:07:42,704 --> 00:07:44,129 ပြန်ကားလာတဲ့ စကြဝဠာကြောင့် ဒီမှာ ဘာတွေ 160 00:07:44,129 --> 00:07:45,462 ဖြစ်လာသလဲ ကြည့်ရအောင် 161 00:07:45,462 --> 00:07:47,720 အလင်းနှစ် သန်းသုံးဆယ်ရှိခဲ့တဲ့ အကွာအဝေးဟာ 162 00:07:47,720 --> 00:07:51,853 ဘာတွေဖြစ်လာသလဲ ဆိုတာကိုသိနိုင်ဖို့အတွက် 163 00:07:51,853 --> 00:07:56,467 ကျွန်တော် အကြမ်းဖျင်း ခန်မှန်းထားတဲ့ ကိန်းတွေနဲ့ 164 00:07:56,467 --> 00:08:01,946 ရှင်းပြပါမယ် 165 00:08:01,946 --> 00:08:03,773 . 166 00:08:03,773 --> 00:08:06,333 ဒီအကွာအဝေးဟာ အလင်းနှစ်သန်းသုံးဆယ် မကတော့ပဲ 167 00:08:06,333 --> 00:08:09,215 သန်း ၁၀၀ လောက်ဖြစ်သွားနိုင်ပါတယ် 168 00:08:10,399 --> 00:08:15,476 အခုအကွာကဝေးဟာ သန်းတစ်ရာ လောက် ဖြစ်သွားပါတယ် 169 00:08:15,476 --> 00:08:17,878 စကြဝဠာကတော့ ဆက်ပြီးပြန့်ကားနေဆဲပါပဲ 170 00:08:17,878 --> 00:08:21,080 ဟင်းလင်းပြင်ကလဲ ဆက်ပြီးကျယ်ပြန့်နေပါတယ် 171 00:08:21,080 --> 00:08:22,952 ဒါကို ထရမ်ပိုလိုင်း ဒါမှမဟုတ် ပြန့်ကားပြီး ပါးလျ လာတဲ့ 172 00:08:22,952 --> 00:08:25,197 ပူဖောင်းတစ်လုံး လိုမျိုး မြင်ယောင်ကြညါ့ပါ 173 00:08:25,197 --> 00:08:28,169 ဒါဆို ဒီ ကိုအော်ဒိနိတ်က နှစ်ပေါင်းဆယ်သန်း ကြာပြီးတဲ့နောက် 174 00:08:28,169 --> 00:08:29,237 အလင်းရောက်နေမယ့် နေရာပါ 175 00:08:29,237 --> 00:08:31,420 အလင်းက ခရီးနှစ်ပေါင်း ဆယ်သန်း 176 00:08:31,420 --> 00:08:33,866 သွားပြီးပေမယ့် အကွာအဝေးက ဆယ်သန်းထက် ပိုပြီး တိုးလာပါတယ် 177 00:08:33,866 --> 00:08:39,000 အရင်ပြောတဲ့ အလင်းနှစ်သန်းသုံးဆယ် အကွာအဝေး 178 00:08:39,000 --> 00:08:42,707 မဟုတ်နိုင်တော့ပါဘူး 179 00:08:42,707 --> 00:08:44,097 ဒါကို အတိအကျ တွက်ဖို့ သချာၤက 180 00:08:44,097 --> 00:08:46,652 ကျွန်တော် မပြီးသေးလို့ပါ 181 00:08:46,652 --> 00:08:49,903 ဒါက အလင်းနှစ် သန်းသုံးဆယ်ကို ဖြတ်သန်းပြီးတဲ့ အမှတ်ပါ 182 00:08:49,903 --> 00:08:52,503 အခုနေရာကို အချိုးကျကျ 183 00:08:52,503 --> 00:08:55,243 ဖော်ပြနိုင်ဖို့တောင် မလွယ်ပါဘူး 184 00:08:55,243 --> 00:08:56,636 ဘာလို့ဆိုတော့ ပြန်ကားမှုဟာ 185 00:08:56,636 --> 00:08:58,333 ဖြောင့်တန်း နေတာ မဟုတ်လို့ပါ 186 00:08:58,333 --> 00:09:01,652 ကျွန်တော် ထင်သလောက်ကတော့ 187 00:09:01,652 --> 00:09:02,999 ဒီနေရာ မဟုတ်လောက် ဘူးထင်ပါတယ် 188 00:09:02,999 --> 00:09:05,000 ဒါပေမယ့် ကျွန်တော် အတတ်နိုင်ဆုံး 189 00:09:05,000 --> 00:09:05,800 ရှင်းပြပါမယ် 190 00:09:05,800 --> 00:09:08,067 ဒီနေရာအထိ ကန့်လန့်ဖြတ် အကွာအဝေးဟာ 191 00:09:08,067 --> 00:09:13,308 အလင်းနှစ် သန်းနှစ်ဆယ်လောက် ရှိနိုင်ပါတယ် 192 00:09:13,308 --> 00:09:18,000 ဘာလို့လဲဆိုတော့ စကြဝဠာဟာ အချိန်တိုင်း ပြန့်ကားနေလို့ 193 00:09:18,000 --> 00:09:21,800 ဒီကန့်လန့်ဖြတ် အကွာအဝေးဟာ ပိုပိုပြီး ရှည်လျားလာလို့ပါ 194 00:09:21,800 --> 00:09:27,194 ဒါကြောင့် ဖိုတွန်က နှစ်ပေါင်း ဆယ်သန်း ခရီးရောက်ခဲ့ပေမယ့် 195 00:09:27,194 --> 00:09:30,000 ဒီကန့်လန့််ဖြတ် အကွာအဝေးဟာ 196 00:09:30,000 --> 00:09:31,652 အလင်းနှစ် ဆယ်သန်း မကတော့လို့ပါပဲ 197 00:09:31,652 --> 00:09:33,933 ပြန့်ကားမှုကြောင့် အလင်းနှစ် သန်း ၂၀ လောက် ကွာဝေးသွားပါတယ် 198 00:09:33,933 --> 00:09:36,067 နောက်ပြီး ဟင်းလင်းပြင်ရဲ့ ကန့်လန့်ဖြတ် 199 00:09:36,067 --> 00:09:38,339 အကွာအဝေးသည်လည်း အလင်းနှစ်သန်း ၂၀ မကတော့ပါ 200 00:09:38,339 --> 00:09:40,986 အလင်းနှစ် သန်း ၈၀ လောက်ဖြစ်နေ နိုင်ပါတယ် 201 00:09:43,940 --> 00:09:46,931 ဒီဖိုတွန်လေး အတွက် စိတ်ပျက်သွားစရာပါပဲ 202 00:09:46,931 --> 00:09:49,021 အကောင်းမြင်တဲ့ဘက်က ကြည့်ရင်လည်း ဒီလိုပြောလို့ ရပါတယ် 203 00:09:49,021 --> 00:09:52,179 ငါဟာ အလင်းနှစ် သန်း ၂၀ အကွာအဝေးကို 204 00:09:52,179 --> 00:09:53,898 အနှစ် ဆယ်သန်းထဲ နဲ့ရောက်ခဲ့တာပဲ 205 00:09:53,898 --> 00:09:56,003 အိုး ငါဟာ အလင်းထက်တောင် မြန်နေပါပေါ့လား 206 00:09:56,003 --> 00:09:58,867 အမှန်က ဟင်းလင်းပြင်ရဲ့ ကိုအောဒိနိတ် တွေကိုယ်နှိုက် ကိုက 207 00:09:58,867 --> 00:10:00,677 ပြန့်ကား ထွက်နေလို့ပါ 208 00:10:00,677 --> 00:10:03,231 သူတို့ဟာ ပိုပြီးပါးလျလာပါတယ် ဖိုတွန်ကတော့ အလင်းအလျင်နဲ့ 209 00:10:03,231 --> 00:10:05,925 ခရီးသွားနေမှာပါပဲ ဒါပေမယ့် ဒီကန့်လန့်ဖြတ် 210 00:10:05,925 --> 00:10:08,267 အကွာအဝေးရဲ့ အလင်းနှစ်ဆယ်သန်း သည် 211 00:10:08,267 --> 00:10:10,847 အဲဒီ အကွာအဝေးထက်ပိုပြီး ကျယ်ပြန့် သွားပြီး 212 00:10:10,847 --> 00:10:12,519 အလင်းနှစ်သန်း ၂၀ ဖြစ်သွားလို့ပါပဲ 213 00:10:12,519 --> 00:10:15,677 ဒီနေရာမှာ ဟင်းလင်းပြင်ရဲ့ ကိုအောဒိနိတ်ကိန်းတွေကို 214 00:10:15,677 --> 00:10:17,163 အချိန်နဲ့ မြှောက်လိုက်ရုံနဲ့ ပြန့်ကားနှုန်းကို တွက်လို့မရနိုင်ပါဘူး 215 00:10:17,163 --> 00:10:19,671 အထူးသဖြင့် ကိုအောဒိနိတ်တွေ အချင်းချင်း 216 00:10:19,671 --> 00:10:23,525 ဆန်ကျင်ဖက်ကို ဦးတည်ပြီး ဝေးကွာသွားတဲ့ အခါမှာပေါ့ 217 00:10:23,525 --> 00:10:28,333 ဒါဘယ်ဖက်ကို ရွေ့သွားလဲဆိုတာ တွေ့နိုင်ပါတယ် 218 00:10:28,333 --> 00:10:30,863 အခု ဖိုတွန်လေးက ထပ်ပြောဦးမယ် 219 00:10:30,863 --> 00:10:35,321 အင်း နောက်ထပ် အနှစ် သန်း ၄၀ ဆိုရင်တော့ 220 00:10:35,321 --> 00:10:40,012 ငါ အဲဒီကို ရောက်လောက်ပါပြီ ပေါ့ 221 00:10:40,012 --> 00:10:42,984 တကယ့် အမှန်က နောက်ထပ် အနှစ်သန်း ၄၀ ကြာတဲ့အခါ 222 00:10:42,984 --> 00:10:48,092 အဲဒီအမှတ်က ဒီကိုရောက်နေ လောက်ပါပြီ 223 00:10:48,092 --> 00:10:50,507 ဒီအကွာအဝေးက အလင်းနှစ် သန်း ၈၀ ဖြစ်နေလို့ပါ 224 00:10:50,507 --> 00:10:54,269 နှစ်သန်း ၄၀ သွားပြီးတဲ့အခါ နောက်ထပ် 225 00:10:54,269 --> 00:10:55,989 နှစ်သန်း ၄၀ ပိုပြန့်ကားလာပါမယ် 226 00:10:55,989 --> 00:10:58,049 အချိန်နဲ့ အမျှ စကြဝဠာ ဟာပိုပိုပြီး 227 00:10:58,049 --> 00:11:00,000 ကျယ်ပြန့် လာနေလို့ပါပဲ 228 00:11:00,000 --> 00:11:01,840 စကြဝဠာ တစ်ခုလုံးကိုတော့ ကျွန်တော် ဆွဲမပြနိုင်ပါဘူး 229 00:11:01,840 --> 00:11:04,285 ဖိုတွန်လေးကို စပြီး ထုတ်လွှင့်ခဲ့တဲ့ 230 00:11:04,285 --> 00:11:06,575 နေရာက ဒီနားလောက်မှာပါ 231 00:11:06,575 --> 00:11:12,292 နှစ်ပေါင်း ၁၀ သန်းခရီးသွားခဲ့တဲ့ အလင်းရဲ့ 232 00:11:12,292 --> 00:11:16,678 လက်ရှိ နေရာက 233 00:11:16,678 --> 00:11:18,456 ဒီနားမှာပါ 234 00:11:18,456 --> 00:11:23,431 နှစ်သန်း ၄၀ လောက် ခရီးသွားခဲ့တဲ့ အလင်းရဲ့ 235 00:11:23,431 --> 00:11:26,131 နေရာကတော့ ဒီနားလောက်မှာပါ 236 00:11:26,131 --> 00:11:31,456 အရင်က အမှတ်နှစ်ခု ကြားထဲက 237 00:11:31,456 --> 00:11:33,852 အလင်းနှစ် ၁၀ သန်း အကွာအဝေးဟာ 238 00:11:33,852 --> 00:11:36,003 အခု သန်း ၂၀ ဖြစ်နေပါပြီ 239 00:11:36,003 --> 00:11:38,944 ဒါကတော့ ကျွန်တော်အထင် 240 00:11:38,944 --> 00:11:41,777 အလင်းနှစ် တစ်ဘီလီယံလောက်တာင် ဖြစ်နေနိုင်ပါတယ် 241 00:11:41,777 --> 00:11:45,395 ဒီနေရာက အကွာအဝေးကတော့ 242 00:11:45,395 --> 00:11:47,348 ပြောရရင် 243 00:11:47,348 --> 00:11:49,716 အတော်လေးကြီးတဲ့ကိန်း ဖြစ်နိုင်ပါတယ် 244 00:11:49,716 --> 00:11:52,869 အလင်းနှစ် သန်း ၁၀၀ လောက် ရှိမယ်ထင်တယ် 245 00:11:54,269 --> 00:11:59,322 ဒီအကွာအဝေးကလည်း ကျွန်တော့်အထင် 246 00:12:00,122 --> 00:12:01,858 အလင်းနှစ်သန်း ၅၀၀ လောက်ရှိနိုင်တယ် 247 00:12:01,858 --> 00:12:05,925 ဒါကြောင့် ဒီနှစ်မှတ်ကြားထဲက အကွာအဝေးတွေ အားလုံးပေါင်းရင် အလင်းနှစ် တစ်ဘီလီယံလောက် ရှိနိုင်တယ် 248 00:12:05,925 --> 00:12:08,729 ဖိုတွန်အတွက် ပိုပြီး ရှုပ်ထွေးသွားစရာပါပဲ 249 00:12:08,729 --> 00:12:10,896 သူခရီးအတော် ရောက်လို့ ပြန်လှည့် ကြည့်လိုက်တဲ့ အခါမှာ 250 00:12:10,896 --> 00:12:15,933 ငါဟာ အလင်းနှစ်သန်း ၆၀၀ ကို နှစ်သန်း ၅၀ ထဲနဲ့ ရောက်လာတာ 251 00:12:15,933 --> 00:12:17,071 အတော်လေး အဆင်ပြေတယ်လို့ ထင်စရာပါပဲ 252 00:12:17,071 --> 00:12:18,604 ဒါပေမယ် အဲလိုမရိုးရှင်းပါဘူး ဖိုတွန်လေးဟာ 253 00:12:18,604 --> 00:12:22,922 ပြန့်ကားနေတဲ့ အလင်းနှစ် သန်း ၃၀ ကို 254 00:12:22,922 --> 00:12:24,890 ဖြတ်သန်းလာ ရပါတယ် ဘာကြာင့်လဲဆိုတော့ 255 00:12:24,890 --> 00:12:26,591 ဟင်းလင်းပြင် ကိုယ်နှိုက်ကိုက ပြန့်ကားနေလို့ပါပဲ 256 00:12:26,591 --> 00:12:30,167 တကယ့်အမှန် ကိုပြောရရင် 257 00:12:30,167 --> 00:12:36,251 ကျွန်တော်တို့ ဆီကိုရောက်လာတဲ့ ဖိုတွန်လေးဟာ 258 00:12:36,251 --> 00:12:41,916 အလင်းနှစ် ၁၃.၇ ဘီလီယံကို ဖြတ်သန်းလာပြီးပါပြီ 259 00:12:41,916 --> 00:12:46,839 ဒါဆို အခုရောက်နေတဲ့ ဖိုတွန်လေးကို ဒီအမှတ်ကနေ 260 00:12:46,839 --> 00:12:49,858 လက်ရှိ နှစ်သန်း ၁၃.၇ ဘီလီယံကို ဖြတ်လာပြီးတဲ့ အခုချိန်ထိ အမြန်သွားခိုင်း ကြည့်ရအောင် 261 00:12:49,858 --> 00:12:55,467 ဒါက ကျွန်တော်တို့ လေ့လာနိုင်တဲ့ စကြဝဠာ တစ်ခုလုံးပါ 262 00:12:55,467 --> 00:13:00,267 ဒီအမှတ်လေးကို သူ့ကိုထုတ်လွှင့် ခဲ့တဲ့ မူလနေရာကို ပြန်သွားကြည့်ခိုင်း ရအောင် 263 00:13:00,267 --> 00:13:05,618 ကျွန်တော်တို့က ဒီမှာရှိနေပါတယ်. ပိုရှင်းအောင်ပြောရရင် 264 00:13:05,618 --> 00:13:08,600 လေ့လာနိုင်တဲ့စကြဝဠာကို ဆွဲတဲ့အခါ ကျွန်တော်တိုွှ့က 265 00:13:08,600 --> 00:13:11,731 လေ့လာသူတွေဖြစ်တာကြောင့် ဗဟိုချက်မှာရှိပါတယ် ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က 266 00:13:11,731 --> 00:13:16,733 ဦးတည်ဖက်အမျိုးမျိုးကို သတ်မှတ်အတိုင်းအတာ တစ်ခုကနေ လေ့လာနေလို့ပါပဲ 267 00:13:16,733 --> 00:13:19,766 ဒါကြောင့် လေ့လာနိုင်တဲ့ စကြဝဠာမှာ ကျွန်တော်တို့က ဗဟိုချက်မှာပဲ ရှိနေပါတယ် 268 00:13:19,766 --> 00:13:23,748 ဒါကလေ့လာနိုင်တဲ့ စကြဝဠာတစ်ခုလုံးဖြစ်ပြီး ဖိုတွန်လေးကို လွန်ခဲ့သော နှစ်ပေါင်း 269 00:13:23,748 --> 00:13:29,703 ၁၃.၇ ဘီလီယံ (ဘစ်ဘန်းဖြစ်ပေါ်ပြီးနောက် နှစ်ပေါင်း သုံးသိန်း) က ဒီနေရာကနေ ထုတ်လွှင့်ခဲ့ပါတယ် 270 00:13:29,703 --> 00:13:31,579 အခု ကျွန်တော်တို့ ဆီရောက်ပြီပေါ့ 271 00:13:33,795 --> 00:13:45,067 ဖိုတွန်လေးလည်း နှစ်ပေါင်း ၁၃.၇ ဘီလီယံလောက် ခရီးသွားခဲ့ပြီးပါပြီ 272 00:13:46,267 --> 00:13:52,538 ဒီနေရာမှာပြောစရာရှိတာက အရာဝတ္ထုတွေနဲ့ ကျွန်တော်တို့ဟာ အချင်းချင်း 273 00:13:52,538 --> 00:13:55,647 ဝေးရာကိုဆက်ပြီး ရွေ့နေတာကြောင့် အခုလက်ရှိအကွာအဝေးကို 274 00:13:56,755 --> 00:14:03,031 ခန့်မှန်းရရင် ၄၆ ဘီလီယံလောက် ရှိနိုင်ပါတယ် 275 00:14:07,877 --> 00:14:10,093 ပိုရှင်းအောင် ပြောရရင် အခုလက်ရှိ အချိန်မှာ 276 00:14:10,093 --> 00:14:13,217 အရာဝတ္ထုဟာ ကျွန်တော်တို့နဲ့ အလင်းနှစ် ၄၆ ဘီလီယံအကွာမှာရှိနေပါတယ် 277 00:14:13,217 --> 00:14:16,133 အဲဒီအရာဝတ္ထုကို အလင်းကိုသုံးပြီးလေ့လာမယ် အလင်းနှစ်ကိုအခြေခံပြီးပြောရင် 278 00:14:16,133 --> 00:14:20,880 အဲဒီအလင်းဟာ ကျွန်တော်တို့ဆီ ရောက်ဖို့ နှစ်ပေါင်း ၁၃.၇ ဘီလီယံ ကြာပါတယ် 279 00:14:20,880 --> 00:14:26,595 ဒီလိုကြီးမားတဲ့ အလျားတွေကိုပြောရင် အလင်းကိုပဲသုံးပါတယ် 280 00:14:26,595 --> 00:14:29,286 ကျွန်တော် တစ်ဆယ်အခြေနဲ့ပဲ ပြောပါမယ် 281 00:14:29,286 --> 00:14:32,013 အလင်းနှစ် ၁၃.၇ ဘီလီယံ လောက်ပါပဲ 282 00:14:32,013 --> 00:14:34,231 အမှန်တကယ် အလင်းနှစ် ကိုတိုင်းတာနိုင်တဲ့ 283 00:14:34,231 --> 00:14:35,934 ပေတံ တစ်ချောင်းနဲ့ တိုင်းရင် 284 00:14:35,934 --> 00:14:39,025 ဒီပြန့်ကားထွက်နေတဲ့ ဟင်းလင်းပြင်ကြီးဟာ 285 00:14:39,025 --> 00:14:41,446 အခုအချိန်မှာ အလင်းနှစ် ၄၆ ဘီလီယံလောက် ရှိနေပါမယ် 286 00:14:41,446 --> 00:14:43,824 ကော့စမစ်မိုက်ခရိုဝေ့နောက်ခံ ရောက်စဉ်ဖြာထွက်မှု အကြောင်းပြောတဲ့အခါ 287 00:14:43,824 --> 00:14:45,600 ပိုနားလည်နိုင်ဖို့ အရိပ်အမြွက် တစ်ခုလောက်ပေးခဲ့မယ် 288 00:14:45,600 --> 00:14:48,477 ဟင်းလင်းပြင်ထဲက ဒီအမှတ်ဟာ ဘာနဲ့တူသလဲ 289 00:14:48,477 --> 00:14:50,990 ကျွန်တော်တို့ ဆီကို အလင်းနှစ် ၁၃.၇ ဘီလီယံလောက်နဲ့ ရောက်တဲ့ 290 00:14:50,990 --> 00:14:54,225 ကျွန်တော်တို့ နဲ့ အလင်းနှစ် ၄၆ ဘီလီယံ အကွာက အမှတ်လေးဟာ 291 00:14:54,225 --> 00:14:55,710 ဘာနဲ့ ဆင်တူသလဲ 292 00:14:55,710 --> 00:14:59,867 ဆင်တူတယ် ဆိုတဲ့စကားကို ပြောတဲ့အခါ ကျွန်တော်တို့ဆီရောက်နေတဲ့ 293 00:14:59,867 --> 00:15:02,304 ဖိုတွန်လေးကို အခြေခံပြီးပဲ ပြောတာပေါ့ 294 00:15:02,304 --> 00:15:05,067 ဒီ ဖိုတွန် ဟာ နှစ်ပေါင်း ၁၃.၇ ဘီလီယံက ကျန်ခဲ့တဲ့ ဖိုတွန်ပါ 295 00:15:05,067 --> 00:15:08,016 ဒီဖိုတွန်တွေကို စကြဝဠာအစဦး ကာလက 296 00:15:08,016 --> 00:15:11,128 ဒီပူပြင်းတဲ့ ဟိုက်ဒရိုဂျင် ပလပ်စမာတိမ်တိုက် ထဲကနေ 297 00:15:11,128 --> 00:15:14,913 ထုတ်လွှတ်ခဲ့တာပါ 298 00:15:15,452 --> 00:15:18,651 ဒီအဖြူရောင် အခိုးအငွေ့တိမ်တိုက်ကို ကျွန်တော်တို့တွေ 299 00:15:18,651 --> 00:15:23,836 ပူပြင်းတဲ့ အဖြူရောင် ပလပ်စမာတိမ်တိုက် တစ်ခုအနေနဲ့ 300 00:15:24,036 --> 00:15:26,125 မြင်တွေ့ရမှာပါ 301 00:15:27,402 --> 00:15:32,384 တည်ငြိမ်တဲ့ အက်တမ်တွေအဖြစ် မကွြဲပားသေးတဲ့အချိန်မှာ ကြယ်တွေ ဂလက်ဆီတွေဟာ အလွန့်ကို နည်းနည်းလေးပဲ ရှိဦးမှာပါ 302 00:15:32,384 --> 00:15:36,269 ဒီ အဖြူရောင် ပလပ်စမာတိမ်တိုက် ကို ကြည့်ရအောင် 303 00:15:36,269 --> 00:15:40,133 အခုလက်ရှိ အချိန်မှာ အဲဒီအမှတ်ဟာ ကျွန်တော်တို့ နဲ့ အလင်းနှစ် ၄၆ ဘီလီယံ အကွာမှာရှိနေပြီးတော့ 304 00:15:40,133 --> 00:15:46,800 တည်ငြိမ်တဲ့ အက်တမ်တွေအဖြစ် ပြောင်းလဲလာလို့ ကြယ်တွေ ဂြိုလ်တွေ ဂလက်ဆီတွေအဖြစ် တည်ရှိနေပါပြီ 305 00:15:46,800 --> 00:15:52,134 အဲဒီနေရာမှာ လူသားတွေဖြစ်တည်ပြီးတော့ 306 00:15:52,134 --> 00:15:53,933 ကျွန်တော်တို့ ကိုအော်ဒိနိတ်က 307 00:15:53,933 --> 00:15:56,400 လွှင့်ထုတ်လိုက်တဲ့ ဖိုတွန်လေးတွေ ကိုသာ လေ့လာမယ်ဆိုရင် 308 00:15:56,400 --> 00:15:58,729 သူမြင်ရမှာက လွန်ခဲ့တဲ့နှစ် ၁၃.၇ ဘီလီယံက 309 00:15:58,729 --> 00:16:02,305 အလင်းကိုပါ သူတို့တွေ့ရမှာက ကျွန်တော်တို့ ရဲ့ 310 00:16:02,305 --> 00:16:06,809 စကြဝဠာ အစဦးကာလက ပူပြင်းတဲ့ 311 00:16:06,809 --> 00:16:09,642 အဖြူရောင် ပလပ်စမာတိမ်တိုက် တစ်ခုကိုပါ 312 00:16:09,642 --> 00:16:12,475 နောက်သင်ခန်းစာမှာ ပြောရင် ပိုပြီးနားလည်အောင် ကြိုစဉ်းစား ထားနိုင်ပါတယ် 313 00:16:12,475 --> 00:16:15,447 အဲဒီ အချိန်ကာလက ဘယ်ဦးတည်ဖက်ကမဆို လာခဲ့တဲ့ ဖိုတွန်တွေဟာ 314 00:16:15,447 --> 00:16:17,769 သူတို့ရဲ့ စကြဝဠာအစဦးကာလ 315 00:16:17,769 --> 00:16:20,973 နှစ်ပေါင်း ၁၃.၇ ဘီလီယံက အခြေအနေကနေ 316 00:16:20,973 --> 00:16:23,800 လာခဲ့တာဖြစ်ပါတယ် နောက်တစ်နည်းပြောရရင် 317 00:16:23,800 --> 00:16:27,986 တိကျတဲ့ အက်တမ်တွေအဖြစ် မကွဲပြားသေးတဲ့ 318 00:16:27,986 --> 00:16:30,401 စကြဝဠာအစဦးကာလ ပူပြင်းတဲ့ အဖြူရောင် ပလပ်စမာတိမ်တိုက် တွေကနေ 319 00:16:30,401 --> 00:16:32,800 လွှင့်ထုတ်လိုက်တဲ့ အလင်းတွေပါ 320 00:16:32,800 --> 00:16:34,488 ဒါဟာ ဟင်းလင်းပြင်ရဲ့နောက်က ကော့စမစ်ရောင်ခြည်ဖြာထွက်မှု တွေဟာ 321 00:16:34,488 --> 00:16:38,919 ဘယ်ကလာခဲ့သလဲ ဆိုတဲ့ အဖြေပါပဲ