ဘစ်ဘန်း ဘယ်အချိန်က ဖြစ်ပေါ်ခဲ့သလဲဆိုတာကို ကျွန်တော်တ့ို အနီးစပ်ဆုံးခန့်မှန်းနိုင်တာက- အမှန်က စကြဝဠာဟာ အမှတ်ထူးတစ်ခုကနေ ပြန့်ကားလာတာပဲဖြစ်လို့ ပေါက်ကွဲမှုလို့ သွယ်ဝိုက်ညွှန်းဆိုတဲ့ ဘစ်ဘန်းဆိုတဲ့ အခေါ်အဝေါ်ကိုတောင် သိပ်သဘောမတွေ့ပါဘူး အမှတ်ထူး တစ်ခုကနေ စပြီးပြန်ကားလာတဲ့အချိန်ဟာ နှစ်ပေါင်း ၁၃.၇ ဘီလီယံလောက် ကြာပါပြီ ငွေပမာဏအများကြီးကို တွက်တဲ့အခါ သုံးတဲ့ ဘီလီယံဆိုတဲ့ ကိန်းကို အချိန်နဲ့တွဲသုံးတာ အံ့သြစရာ ပါပဲ ရိုးစင်းတယ်လို့ထင်ရပေမဲ့ အမှန်က မဟုတ်ပါဘူး နောက်သင်ခန်းစာတွေမှာ အချိန်နဲ့ ပတ်သတ်ပြီး အတိုင်းအတာတွေ ပြောတဲ့အခါ ဒီ ၁၃.၇ ဘီလီယံ ဆိုတာ ဘယ်လောက်ကြာတယ် ဘယ်လို အတိုင်းအတာမျိုး ဖြစ်တယ်ဆိုတာ စဉ်းစား ချင့်ချိန် နိုင် လာပါလိမ့်မယ် နောက်တစ်ခု ပြောချင်တာက ဒီအချိန် အတိုင်းအတာဟာ အနီးစပ်ဆုံးနဲ့ အကောင်းဆုံး ခန့်မှန်းချက်ပါ ကျွန်တော် ဒီဘစ်ဘန်းအကြောင်းကို စသိတဲ့ အချိန်ကတည်းက အခုအချိန်ထိ သိသမျှမှာ ၁၃.၇ ဘီလီယံ ဆိုတာ အနီးစပ်ဆုံးနဲ့ အကောင်းဆုံး ခန့်မှန်းချက်ပါပဲ နောင်တစ်ချိန် ပိုပြီး ကောင်းအောင် တိကျအောင် ခန့်မှန်းနိုင်ရင် ဒီကိန်းမှာ နည်းနည်း အတိုးအလျော့ ရှိလာနိုင်မယ် ထင်ပါတယ် အခုလက်ရှိမှာတော့ ဒါကအမှန်ကန်ဆုံးပါပဲ ဒီတန်ဖိုးနဲ့ပဲ ကျွန်တော်တို့ လေ့လာနိုင်တဲ့ စကြဝဠာအကြောင်းကို ပြောရမှာပါ ဒါကြောင့် ပြန်ကားမှုဟာ နှစ်ပေါင်း ၁၃.၇ ဘီလီယံ လောက်က စခဲ့တယ်ဆိုရင် ကျွန်တော်တို့ သုံးဘက်တိုင်း စကြဝဠာ ထဲကအရာအားလုံးဟာ အမှတ်ကလေးတစ်ခု ကနေစခဲ့တာဖြစ်နိုင်ပါတယ် အခု ကျွန်တော်တို့ ဆီကိုရောက်နေတဲ့ အလင်းဖိုတွန်လေးတစ်မှုံရဲ့ ရောက်နိုင်တဲ့ အဝေးဆုံးအကွာအေဝေးပေါ့ ဒါဆိုကျွန်တော်တို့ အမြင်မမှားပါဘူး ဒီမှာကျွန်တော့်မျက်လုံး ဒါကမျက်တောင်မွှေး လို့ပဲ ဆိုကြပါစို့ အခုကျွန်တော်တို့ မျက်လုံး ဒါမှမဟုတ် တယ်လီစကုတ်ရဲ့ မှန်ဘီလူးကို လာထိတဲ့ အလင်းဖိုတွန်လေးရဲ့ ဖြတ်သန်းလာရတဲ့ အဝေးဆုံးခရီး အကွာကဝေးဟာ နှစ်ပေါင်း ၁၃.၇ ဘီလီယံ ရှိပြီဆိုတာပါပဲ is 13.7 billion years. အရင်သင်ခန်းစာတွေမှာ လေ့လာနိုင်တဲ့ စကြဝဠာကို ကျွန်တော် စက်ဝိုင်းပုံ ဆွဲပြခဲ့တယ်ထင်တယ် of the observable universe, I drew - it was a circle. ဟုတ်တယ် ဒီလိုစက်ဝိုင်းမျိုးပါ ကျွန်တော်တို့ ဆီကို ဝေးအကွာတဲ့ အရာဝတ္ထုကနေ အလင်းရောက်လာတဲ့အခါ ကျွန်တော်တို့ မြင်နိုင်လာပါတယ် ပုံထဲမှာ ဝေးကွာတဲ့ အရာဝတ္ထုက ဒီမှာပါ အခုအဲဒီအရာဝတ္ထုရဲ့ အလင်းက ကျွန်တော်တို့ နေရာကို ရောက်လာဖို့ နှစ်ပေါင်း ၁၃.၇ ဘီလီယံ ကြာပါတယ် ဒီလို ပြောဖို့အတွက် နည်းနည်းတော့ စဉ်းစားဖို့ လိုပါတယ် ဘာလို့ဆို ကျွန်တော်တို့ဟာ ကျယ်ပြန့်လာတဲ့ ဟင်းလင်းပြင်ရဲ့ ကြီးကျယ်တဲ့ အချိန်တွေ ခရီးအကွာအဝေးတွေကို ပြောနေလို့ပါပဲ ဒီမှာတွေ့နေရတဲ့ အရာဝတ္ထုဟာ ဒါဟာ ကျိန်းသေမုချကို . ကွင်းထဲထည့်ထားလိုက်မယ် အလင်းနှစ် ၁၃.၇ ဘီလီယံ ဝေးတာမဟုတ်ဘူး ကျွန်တော်တို့ ပိုသေးငယ်တဲ့ အချိန်တွေ အကွာအဝေးတွေကို ပြောရင် ဒါကိုအနီးစပ်ဆုံး ခန့်မှန်းခြေအနေနဲ့ ပြောရမှာပါ စကြဝဠာရဲ့ ပြန်ကားမှုဟာ အဲလောက်ကြီးတော့ ခြားနားချက် မဖြစ်နိုင်ပါဘူး ပိုပြီး ရှင်းအောင် ပြောပြပါမယ် ဒီနေရာက အရာဝတ္ထုကိုပြောနေပေမယ့် ကျွန်တော်တို့ ဟင်းလင်းပြင်ထဲက ကိုအော်ဒိနိတ်တွေကို ထည့်ပြောနိုင်ပါတယ် အမှန်က ဟင်းလင်းပြင်အချိန်လို့ ပြောသင့်တာပါ ဘာလို့ဆို ကျွန်တော်တို့က ဒီအရာဝတ္ထုကို အချိန်တစ်ခုကနေ စောင့်ကြည့်နေတာ ဖြစ်လို့ပါပဲ ဒါပေမယ် ဒီကိုအော်ဒီနိတ်ဟာ ကျွန်တော်တို့ လက်ရှိနေရာကနေ အလင်းနှစ် ၁၃.၇ ဘီလီယံ အကွာမှာတော့ မဟုတ်ပါဘူး ဒီလိုပြောနိုင်တဲ့ အကြောင်းနှစ်ခု ရှိပါတယ် ပထမအချက်က အလင်းထုတ်လွတ်ခဲ့တာက နှစ်ပေါင်း ၁၃.၇ ဘီလီယံ ကပါ အလင်းထုတ်လွတ်တဲ့အချိန်တုန်းက ကျွန်တော်တို့ဟာ အဲဒီကိုအော်ဒိနိတ်နဲ့ ပိုဲပြီး နီးစပ်ပါတယ် စကြဝဠာထဲက ကျွန်တော်တို့ရဲ့ နေရာဟာ အဲဒီအမှတ်လေးနဲ့ ပိုပြီး နီးစပ်ပါတယ် နောက်တစ်ချက်က - ကျွန်တော် ပုံဆွဲပြမယ် အမှတ်ထူး စပြီးပြန့်ကားလာတဲ့ စကြဝဠာအစ အနှစ် သုံးသိန်းကို ပြန်သွားရအောင် ကျွန်တော်တို့ စကြဝဠာသမိုင်းရဲ့ သက္ကရာဇ် နှစ်သုံးသိန်းကို ရောက်သွားပြီလို့ဆိုပါစို့ စကြဝဠာရဲ့ သက်တမ်း သုံးသိန်း လောက်မှာ ဘာတွေဖြစ်နေနိုင်သလဲလို့ ခန့်မှန်းကြည်ရအောင် အဲဒီအချိန်က အရာဝတ္ထုတွေဟာလက်ရှိအချိန်လို ပြည်စုံတဲ့ ပြောင်းလဲမှုတွေမဖြစ်သေးဘူး . ဒါကို ကော့စမစ်မိုက်ခရိုဝေ့နောက်ခံ ရောင်စဉ်ဖြာထွက်မှု အကြောင်းမှာ သေချာပြောပါမယ် အဲဒီအချိန်က ဒီအမှတ်လေးဟာ ပူပြင်းတဲ့ ဟိုက်ဒရိုဂျင် ပလပ်စမာ လေးတစ်ခုပါပဲ . ဒီအရာလေးက ထုတ်လွှတ်နေတဲ့ မိုက်ခရိုဝေ့ ဖြာထွက်မှုကို နောက်သင်ခန်းစာ တွေမှ ပြောကြတာပေါ့ . စကြဝဠာ အစပိုင်းက အမှတ်လေးနှစ်ခုကို စဉ်းစားကြည့်ရအောင် စကြဝဠာရဲ့အစောပိုင်းကာလမှာ အရင်က ပြောတဲ့အမှတ်လေး အတွက် ကျွန်တော်တို့နေရာကနေ ကိုအော်ဒိနိတ်တစ်ခုရှိတယ် ဆိုပါစို့ ဗဟိုချက်တည့်တည့်မှာ မဟုတ်ပါဘူး ဒါလေးက ဗဟိုမှာမဟုတ်တာ မြင်သာပါတယ် စကြဝဠာရဲ့ အစဦး ကာလမှာ ဒီအကွာအဝေးကို တိုင်းတာကြည့်ရင် အလင်းနှစ် သန်းသုံးဆယ် ပဲ ကွာဝေးပါလိမ့်မယ် . ဒီအမှတ်က ပန်းခရမ်းရောင် အရာဝတ္ထုလေးကနေ ဖိုတွန် တစ်ခု ကို မိုက်ခရိုဝေ့ ကြိမ်နှုန်းနဲ့ ထုတ်လွှတ်တယ် ဆိုပါစို့ သူထုတ်လွှတ်တဲ့ မိုက်ခရိုဝေ့ ကြိမ်နှုန်းခွင်ကို တွေ့နိုင်မယ်ဆိုပါစို့ ပြီးတော့ ဖိုတွန်တစ်ခုကို ထုတ်လွှတ် လိုက်ပါတယ် အဲဒီဖိုတွန်က အလင်းအလျင်နဲ့ သွားပါမယ် ဒါဟာ အလင်းပါပဲ ဖိုတွန်လေးက ပြောတယ် ငါ အလင်းနှစ် သန်းသုံးဆယ်ပဲ သွားရမှာပဲ အဲဒီကို နှစ်သန်းသုံးဆယ်အတွင်း ရောက်မှာပဲ ကျွန်တော်ရှင်းပြပါမယ် ဒီမှာတွက်တဲ့ သချာၤထက်ပိုပြီးရှုပ်ထွေးပါတယ် ဒီမှာဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်တော်ပြောပြပါမယ် ဖိုတွန်လေးက ပြောတယ် အနှစ် ဆယ်သန်းလောက်ဆိုရင် အဲဒီ ကိုအော်ဒိနိတ် ကို ငါ ရောက်နေလောက် ပြီပေါ့ ဒါက ငါသွားရမယ့် ခရီးအကွာအဝေးရဲ့ သုံးပုံ တစ်ပုံပဲရှိတာ ဒါပေမယ်ံ အဲဒီနှစ်ဆယ်သန်းအတွင်းမှာ ဘာတွေဖြစ်သွားတာလဲ အဲဒီ နှစ်ဆယ်သန်းအတွင်းမှာ စကြဝဠာက နည်းနည်းပိုပြီး ပြန့်ကားလာပါတယ် ကောင်းပြီ ပြန့်ကားလာတဲ့ စကြဝဠာကို ကျွန်တော် ပုံဆွဲပြမယ် အနှစ်ဆယ်သန်း ကြာပြီးတဲ့နောက်မှာ စကြဝဠာဟာ ဒီလိုပုံစံ ဖြစ်သွားနိုင်ပါတယ် အမှန်က ဒါထက်တောင် ပိုကြီး နိုင်ပါတယ် ဒီလိုပဲ ဆွဲပြတာပေါ့ နှစ်ပေါင်း ဆယ်သန်းကြာတဲ့နောက်မှာ စကြဝဠာသည် နည်းနည်းပိုပြီး ပြန်ကားလာပါတယ် ဒါက နောင်လာမယ့် အနှစ်ဆယ်သန်းပါ အာကာသရဲ့ အချိန်စကေး အတွင်းက နုနယ်တဲ့ စကြဝဠာထဲက ဖြစ်ရပ်တစ်ခုပါပဲ ဘာလို့ဆိုတော့ ကျွန်တော်တို့က နှစ်ပေါင်း ၁၃.၇ ဘီလီယံ ကနေ ကြည့်ပြောနေတာ မို့လို့ပါ ကောင်းပြီ အနှစ်ဆယ်သန်း ကြာပြီးတဲ့နောက် ဖြစ်လာတာတွေကို ပြန်ပြောရအောင် စကြဝဠာဟာ ပိုပြန့်ကားလာပါတယ် အခု ဒီမှာရှိနေတဲ့ ကိုအော်ဒိနိတ် ဟာ ဒီကို ကျော်ပြီး ရောက်သွားပါမယ် ဖိုတွန်ထုတ်လွှတ် လိုက်တဲ့ မူလ နေရာရဲ့ ကိုအော်ဒိနိတ်က ဒီနေရာမှာပါ . ခုနက ဖိုတွန်က ပြောတာက အလင်းနှစ် ဆယ်သန်း ခရီးသွားပြီးရင် သူဒီကို ရောက်နေ လောက် ပြီလို့ပါ ဒါကျွန်တော် ခန်မှန်းပြီး ပြောနေရတာ ကျွန်တော် ပေးချင်တဲ့ အသိလေး မှားယွင်းသွားမှာစိုးလို့ပါ ဖိုတွန်ရဲ့ နှစ်ပေါင်း ဆယ်သန်း ခရီးသွားပြီး ရောက်နေတဲ့ ကိုအော်ဒိနိတ်ဟာ အကြမ်းဖျင်းအားဖြင့် ဒီမှာပါ စကြဝဠာ တစ်ခုလုံး ဟာကျယ်ပြန့်လာနေပါတယ် ဒါကြောင့် ကိုအော်ဒိနိတ်တွေ အားလုံးဟာလည်း ပိုပြီးဝေးကွာလာပါတယ် ပြန်ကားလာတဲ့ စကြဝဠာကြောင့် ဒီမှာ ဘာတွေ ဖြစ်လာသလဲ ကြည့်ရအောင် အလင်းနှစ် သန်းသုံးဆယ်ရှိခဲ့တဲ့ အကွာအဝေးဟာ ဘာတွေဖြစ်လာသလဲ ဆိုတာကိုသိနိုင်ဖို့အတွက် ကျွန်တော် အကြမ်းဖျင်း ခန်မှန်းထားတဲ့ ကိန်းတွေနဲ့ ရှင်းပြပါမယ် . ဒီအကွာအဝေးဟာ အလင်းနှစ်သန်းသုံးဆယ် မကတော့ပဲ သန်း ၁၀၀ လောက်ဖြစ်သွားနိုင်ပါတယ် အခုအကွာကဝေးဟာ သန်းတစ်ရာ လောက် ဖြစ်သွားပါတယ် စကြဝဠာကတော့ ဆက်ပြီးပြန့်ကားနေဆဲပါပဲ ဟင်းလင်းပြင်ကလဲ ဆက်ပြီးကျယ်ပြန့်နေပါတယ် ဒါကို ထရမ်ပိုလိုင်း ဒါမှမဟုတ် ပြန့်ကားပြီး ပါးလျ လာတဲ့ ပူဖောင်းတစ်လုံး လိုမျိုး မြင်ယောင်ကြညါ့ပါ ဒါဆို ဒီ ကိုအော်ဒိနိတ်က နှစ်ပေါင်းဆယ်သန်း ကြာပြီးတဲ့နောက် အလင်းရောက်နေမယ့် နေရာပါ အလင်းက ခရီးနှစ်ပေါင်း ဆယ်သန်း သွားပြီးပေမယ့် အကွာအဝေးက ဆယ်သန်းထက် ပိုပြီး တိုးလာပါတယ် အရင်ပြောတဲ့ အလင်းနှစ်သန်းသုံးဆယ် အကွာအဝေး မဟုတ်နိုင်တော့ပါဘူး ဒါကို အတိအကျ တွက်ဖို့ သချာၤက ကျွန်တော် မပြီးသေးလို့ပါ ဒါက အလင်းနှစ် သန်းသုံးဆယ်ကို ဖြတ်သန်းပြီးတဲ့ အမှတ်ပါ အခုနေရာကို အချိုးကျကျ ဖော်ပြနိုင်ဖို့တောင် မလွယ်ပါဘူး ဘာလို့ဆိုတော့ ပြန်ကားမှုဟာ ဖြောင့်တန်း နေတာ မဟုတ်လို့ပါ ကျွန်တော် ထင်သလောက်ကတော့ ဒီနေရာ မဟုတ်လောက် ဘူးထင်ပါတယ် ဒါပေမယ့် ကျွန်တော် အတတ်နိုင်ဆုံး ရှင်းပြပါမယ် ဒီနေရာအထိ ကန့်လန့်ဖြတ် အကွာအဝေးဟာ အလင်းနှစ် သန်းနှစ်ဆယ်လောက် ရှိနိုင်ပါတယ် ဘာလို့လဲဆိုတော့ စကြဝဠာဟာ အချိန်တိုင်း ပြန့်ကားနေလို့ ဒီကန့်လန့်ဖြတ် အကွာအဝေးဟာ ပိုပိုပြီး ရှည်လျားလာလို့ပါ ဒါကြောင့် ဖိုတွန်က နှစ်ပေါင်း ဆယ်သန်း ခရီးရောက်ခဲ့ပေမယ့် ဒီကန့်လန့််ဖြတ် အကွာအဝေးဟာ အလင်းနှစ် ဆယ်သန်း မကတော့လို့ပါပဲ ပြန့်ကားမှုကြောင့် အလင်းနှစ် သန်း ၂၀ လောက် ကွာဝေးသွားပါတယ် နောက်ပြီး ဟင်းလင်းပြင်ရဲ့ ကန့်လန့်ဖြတ် အကွာအဝေးသည်လည်း အလင်းနှစ်သန်း ၂၀ မကတော့ပါ အလင်းနှစ် သန်း ၈၀ လောက်ဖြစ်နေ နိုင်ပါတယ် ဒီဖိုတွန်လေး အတွက် စိတ်ပျက်သွားစရာပါပဲ အကောင်းမြင်တဲ့ဘက်က ကြည့်ရင်လည်း ဒီလိုပြောလို့ ရပါတယ် ငါဟာ အလင်းနှစ် သန်း ၂၀ အကွာအဝေးကို အနှစ် ဆယ်သန်းထဲ နဲ့ရောက်ခဲ့တာပဲ အိုး ငါဟာ အလင်းထက်တောင် မြန်နေပါပေါ့လား အမှန်က ဟင်းလင်းပြင်ရဲ့ ကိုအောဒိနိတ် တွေကိုယ်နှိုက် ကိုက ပြန့်ကား ထွက်နေလို့ပါ သူတို့ဟာ ပိုပြီးပါးလျလာပါတယ် ဖိုတွန်ကတော့ အလင်းအလျင်နဲ့ ခရီးသွားနေမှာပါပဲ ဒါပေမယ့် ဒီကန့်လန့်ဖြတ် အကွာအဝေးရဲ့ အလင်းနှစ်ဆယ်သန်း သည် အဲဒီ အကွာအဝေးထက်ပိုပြီး ကျယ်ပြန့် သွားပြီး အလင်းနှစ်သန်း ၂၀ ဖြစ်သွားလို့ပါပဲ ဒီနေရာမှာ ဟင်းလင်းပြင်ရဲ့ ကိုအောဒိနိတ်ကိန်းတွေကို အချိန်နဲ့ မြှောက်လိုက်ရုံနဲ့ ပြန့်ကားနှုန်းကို တွက်လို့မရနိုင်ပါဘူး အထူးသဖြင့် ကိုအောဒိနိတ်တွေ အချင်းချင်း ဆန်ကျင်ဖက်ကို ဦးတည်ပြီး ဝေးကွာသွားတဲ့ အခါမှာပေါ့ ဒါဘယ်ဖက်ကို ရွေ့သွားလဲဆိုတာ တွေ့နိုင်ပါတယ် အခု ဖိုတွန်လေးက ထပ်ပြောဦးမယ် အင်း နောက်ထပ် အနှစ် သန်း ၄၀ ဆိုရင်တော့ ငါ အဲဒီကို ရောက်လောက်ပါပြီ ပေါ့ တကယ့် အမှန်က နောက်ထပ် အနှစ်သန်း ၄၀ ကြာတဲ့အခါ အဲဒီအမှတ်က ဒီကိုရောက်နေ လောက်ပါပြီ ဒီအကွာအဝေးက အလင်းနှစ် သန်း ၈၀ ဖြစ်နေလို့ပါ နှစ်သန်း ၄၀ သွားပြီးတဲ့အခါ နောက်ထပ် နှစ်သန်း ၄၀ ပိုပြန့်ကားလာပါမယ် အချိန်နဲ့ အမျှ စကြဝဠာ ဟာပိုပိုပြီး ကျယ်ပြန့် လာနေလို့ပါပဲ စကြဝဠာ တစ်ခုလုံးကိုတော့ ကျွန်တော် ဆွဲမပြနိုင်ပါဘူး ဖိုတွန်လေးကို စပြီး ထုတ်လွှင့်ခဲ့တဲ့ နေရာက ဒီနားလောက်မှာပါ နှစ်ပေါင်း ၁၀ သန်းခရီးသွားခဲ့တဲ့ အလင်းရဲ့ လက်ရှိ နေရာက ဒီနားမှာပါ နှစ်သန်း ၄၀ လောက် ခရီးသွားခဲ့တဲ့ အလင်းရဲ့ နေရာကတော့ ဒီနားလောက်မှာပါ အရင်က အမှတ်နှစ်ခု ကြားထဲက အလင်းနှစ် ၁၀ သန်း အကွာအဝေးဟာ အခု သန်း ၂၀ ဖြစ်နေပါပြီ ဒါကတော့ ကျွန်တော်အထင် အလင်းနှစ် တစ်ဘီလီယံလောက်တာင် ဖြစ်နေနိုင်ပါတယ် ဒီနေရာက အကွာအဝေးကတော့ ပြောရရင် အတော်လေးကြီးတဲ့ကိန်း ဖြစ်နိုင်ပါတယ် အလင်းနှစ် သန်း ၁၀၀ လောက် ရှိမယ်ထင်တယ် ဒီအကွာအဝေးကလည်း ကျွန်တော့်အထင် အလင်းနှစ်သန်း ၅၀၀ လောက်ရှိနိုင်တယ် ဒါကြောင့် ဒီနှစ်မှတ်ကြားထဲက အကွာအဝေးတွေ အားလုံးပေါင်းရင် အလင်းနှစ် တစ်ဘီလီယံလောက် ရှိနိုင်တယ် ဖိုတွန်အတွက် ပိုပြီး ရှုပ်ထွေးသွားစရာပါပဲ သူခရီးအတော် ရောက်လို့ ပြန်လှည့် ကြည့်လိုက်တဲ့ အခါမှာ ငါဟာ အလင်းနှစ်သန်း ၆၀၀ ကို နှစ်သန်း ၅၀ ထဲနဲ့ ရောက်လာတာ အတော်လေး အဆင်ပြေတယ်လို့ ထင်စရာပါပဲ ဒါပေမယ် အဲလိုမရိုးရှင်းပါဘူး ဖိုတွန်လေးဟာ ပြန့်ကားနေတဲ့ အလင်းနှစ် သန်း ၃၀ ကို ဖြတ်သန်းလာ ရပါတယ် ဘာကြာင့်လဲဆိုတော့ ဟင်းလင်းပြင် ကိုယ်နှိုက်ကိုက ပြန့်ကားနေလို့ပါပဲ တကယ့်အမှန် ကိုပြောရရင် ကျွန်တော်တို့ ဆီကိုရောက်လာတဲ့ ဖိုတွန်လေးဟာ အလင်းနှစ် ၁၃.၇ ဘီလီယံကို ဖြတ်သန်းလာပြီးပါပြီ ဒါဆို အခုရောက်နေတဲ့ ဖိုတွန်လေးကို ဒီအမှတ်ကနေ လက်ရှိ နှစ်သန်း ၁၃.၇ ဘီလီယံကို ဖြတ်လာပြီးတဲ့ အခုချိန်ထိ အမြန်သွားခိုင်း ကြည့်ရအောင် ဒါက ကျွန်တော်တို့ လေ့လာနိုင်တဲ့ စကြဝဠာ တစ်ခုလုံးပါ ဒီအမှတ်လေးကို သူ့ကိုထုတ်လွှင့် ခဲ့တဲ့ မူလနေရာကို ပြန်သွားကြည့်ခိုင်း ရအောင် ကျွန်တော်တို့က ဒီမှာရှိနေပါတယ်. ပိုရှင်းအောင်ပြောရရင် လေ့လာနိုင်တဲ့စကြဝဠာကို ဆွဲတဲ့အခါ ကျွန်တော်တိုွှ့က လေ့လာသူတွေဖြစ်တာကြောင့် ဗဟိုချက်မှာရှိပါတယ် ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က ဦးတည်ဖက်အမျိုးမျိုးကို သတ်မှတ်အတိုင်းအတာ တစ်ခုကနေ လေ့လာနေလို့ပါပဲ ဒါကြောင့် လေ့လာနိုင်တဲ့ စကြဝဠာမှာ ကျွန်တော်တို့က ဗဟိုချက်မှာပဲ ရှိနေပါတယ် ဒါကလေ့လာနိုင်တဲ့ စကြဝဠာတစ်ခုလုံးဖြစ်ပြီး ဖိုတွန်လေးကို လွန်ခဲ့သော နှစ်ပေါင်း ၁၃.၇ ဘီလီယံ (ဘစ်ဘန်းဖြစ်ပေါ်ပြီးနောက် နှစ်ပေါင်း သုံးသိန်း) က ဒီနေရာကနေ ထုတ်လွှင့်ခဲ့ပါတယ် အခု ကျွန်တော်တို့ ဆီရောက်ပြီပေါ့ ဖိုတွန်လေးလည်း နှစ်ပေါင်း ၁၃.၇ ဘီလီယံလောက် ခရီးသွားခဲ့ပြီးပါပြီ ဒီနေရာမှာပြောစရာရှိတာက အရာဝတ္ထုတွေနဲ့ ကျွန်တော်တို့ဟာ အချင်းချင်း ဝေးရာကိုဆက်ပြီး ရွေ့နေတာကြောင့် အခုလက်ရှိအကွာအဝေးကို ခန့်မှန်းရရင် ၄၆ ဘီလီယံလောက် ရှိနိုင်ပါတယ် ပိုရှင်းအောင် ပြောရရင် အခုလက်ရှိ အချိန်မှာ အရာဝတ္ထုဟာ ကျွန်တော်တို့နဲ့ အလင်းနှစ် ၄၆ ဘီလီယံအကွာမှာရှိနေပါတယ် အဲဒီအရာဝတ္ထုကို အလင်းကိုသုံးပြီးလေ့လာမယ် အလင်းနှစ်ကိုအခြေခံပြီးပြောရင် အဲဒီအလင်းဟာ ကျွန်တော်တို့ဆီ ရောက်ဖို့ နှစ်ပေါင်း ၁၃.၇ ဘီလီယံ ကြာပါတယ် ဒီလိုကြီးမားတဲ့ အလျားတွေကိုပြောရင် အလင်းကိုပဲသုံးပါတယ် ကျွန်တော် တစ်ဆယ်အခြေနဲ့ပဲ ပြောပါမယ် အလင်းနှစ် ၁၃.၇ ဘီလီယံ လောက်ပါပဲ အမှန်တကယ် အလင်းနှစ် ကိုတိုင်းတာနိုင်တဲ့ ပေတံ တစ်ချောင်းနဲ့ တိုင်းရင် ဒီပြန့်ကားထွက်နေတဲ့ ဟင်းလင်းပြင်ကြီးဟာ အခုအချိန်မှာ အလင်းနှစ် ၄၆ ဘီလီယံလောက် ရှိနေပါမယ် ကော့စမစ်မိုက်ခရိုဝေ့နောက်ခံ ရောက်စဉ်ဖြာထွက်မှု အကြောင်းပြောတဲ့အခါ ပိုနားလည်နိုင်ဖို့ အရိပ်အမြွက် တစ်ခုလောက်ပေးခဲ့မယ် ဟင်းလင်းပြင်ထဲက ဒီအမှတ်ဟာ ဘာနဲ့တူသလဲ ကျွန်တော်တို့ ဆီကို အလင်းနှစ် ၁၃.၇ ဘီလီယံလောက်နဲ့ ရောက်တဲ့ ကျွန်တော်တို့ နဲ့ အလင်းနှစ် ၄၆ ဘီလီယံ အကွာက အမှတ်လေးဟာ ဘာနဲ့ ဆင်တူသလဲ ဆင်တူတယ် ဆိုတဲ့စကားကို ပြောတဲ့အခါ ကျွန်တော်တို့ဆီရောက်နေတဲ့ ဖိုတွန်လေးကို အခြေခံပြီးပဲ ပြောတာပေါ့ ဒီ ဖိုတွန် ဟာ နှစ်ပေါင်း ၁၃.၇ ဘီလီယံက ကျန်ခဲ့တဲ့ ဖိုတွန်ပါ ဒီဖိုတွန်တွေကို စကြဝဠာအစဦး ကာလက ဒီပူပြင်းတဲ့ ဟိုက်ဒရိုဂျင် ပလပ်စမာတိမ်တိုက် ထဲကနေ ထုတ်လွှတ်ခဲ့တာပါ ဒီအဖြူရောင် အခိုးအငွေ့တိမ်တိုက်ကို ကျွန်တော်တို့တွေ ပူပြင်းတဲ့ အဖြူရောင် ပလပ်စမာတိမ်တိုက် တစ်ခုအနေနဲ့ မြင်တွေ့ရမှာပါ တည်ငြိမ်တဲ့ အက်တမ်တွေအဖြစ် မကွြဲပားသေးတဲ့အချိန်မှာ ကြယ်တွေ ဂလက်ဆီတွေဟာ အလွန့်ကို နည်းနည်းလေးပဲ ရှိဦးမှာပါ ဒီ အဖြူရောင် ပလပ်စမာတိမ်တိုက် ကို ကြည့်ရအောင် အခုလက်ရှိ အချိန်မှာ အဲဒီအမှတ်ဟာ ကျွန်တော်တို့ နဲ့ အလင်းနှစ် ၄၆ ဘီလီယံ အကွာမှာရှိနေပြီးတော့ တည်ငြိမ်တဲ့ အက်တမ်တွေအဖြစ် ပြောင်းလဲလာလို့ ကြယ်တွေ ဂြိုလ်တွေ ဂလက်ဆီတွေအဖြစ် တည်ရှိနေပါပြီ အဲဒီနေရာမှာ လူသားတွေဖြစ်တည်ပြီးတော့ ကျွန်တော်တို့ ကိုအော်ဒိနိတ်က လွှင့်ထုတ်လိုက်တဲ့ ဖိုတွန်လေးတွေ ကိုသာ လေ့လာမယ်ဆိုရင် သူမြင်ရမှာက လွန်ခဲ့တဲ့နှစ် ၁၃.၇ ဘီလီယံက အလင်းကိုပါ သူတို့တွေ့ရမှာက ကျွန်တော်တို့ ရဲ့ စကြဝဠာ အစဦးကာလက ပူပြင်းတဲ့ အဖြူရောင် ပလပ်စမာတိမ်တိုက် တစ်ခုကိုပါ နောက်သင်ခန်းစာမှာ ပြောရင် ပိုပြီးနားလည်အောင် ကြိုစဉ်းစား ထားနိုင်ပါတယ် အဲဒီ အချိန်ကာလက ဘယ်ဦးတည်ဖက်ကမဆို လာခဲ့တဲ့ ဖိုတွန်တွေဟာ သူတို့ရဲ့ စကြဝဠာအစဦးကာလ နှစ်ပေါင်း ၁၃.၇ ဘီလီယံက အခြေအနေကနေ လာခဲ့တာဖြစ်ပါတယ် နောက်တစ်နည်းပြောရရင် တိကျတဲ့ အက်တမ်တွေအဖြစ် မကွဲပြားသေးတဲ့ စကြဝဠာအစဦးကာလ ပူပြင်းတဲ့ အဖြူရောင် ပလပ်စမာတိမ်တိုက် တွေကနေ လွှင့်ထုတ်လိုက်တဲ့ အလင်းတွေပါ ဒါဟာ ဟင်းလင်းပြင်ရဲ့နောက်က ကော့စမစ်ရောင်ခြည်ဖြာထွက်မှု တွေဟာ ဘယ်ကလာခဲ့သလဲ ဆိုတဲ့ အဖြေပါပဲ