1 00:00:00,000 --> 00:00:03,000 လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းရဲ့ 2 00:00:03,000 --> 00:00:06,000 အနိဌာရုံအမှောင်ဘက်ခြမ်းကို ကျွန်တော် မျက်စိအစုံဖွင့် ကြည့်နေခဲ့တယ် 3 00:00:06,000 --> 00:00:09,000 ၂၀၀၆ ခုနှစ်တုန်းက ကာတာကျောင်းသားလူငယ်တွေက ကျွန်တော့်ကို 4 00:00:09,000 --> 00:00:11,000 ရွှေ့ပြောင်းအလုပ်သမား စခန်းဆီ လိုက်ပြဖူးပါတယ် 5 00:00:11,000 --> 00:00:16,000 အဲဒီကတည်းကစလို့ အလုပ်သမားအခွင့် အရေးများဆိုင်ရာ များလှတဲ့ ပြဿနာတွေကို လေ့လာစောင့်ကြည့်ခဲ့ပါတယ် 6 00:00:16,000 --> 00:00:18,000 လွန်ခဲ့တဲ့ ခြောက်လအတွင်း ယူအေအီး နိုင်ငံထဲက မိုးမျှော်တိုက် ၃၀၀ ကျော် စီမံကိန်းတွေကို 7 00:00:18,000 --> 00:00:21,000 ရပ်ဆိုင်း ဒါမှမဟုတ် ဖျက်သိမ်းလိုက်ပါတယ် 8 00:00:21,000 --> 00:00:24,000 ဒီအဆောက်အအုံတွေ ဆိုင်ရာ ခေါင်းစဉ်သတင်းရဲ့နောက်ကွယ်မှာကတော့ 9 00:00:24,000 --> 00:00:28,000 အလုပ်သင် ဆောက်လုပ်ရေးအလုပ်သမားတွေရဲ့ ကံကြမ္မာ ရှိနေခဲ့ပါတယ် 10 00:00:28,000 --> 00:00:30,000 အလုပ်သမားပေါင်း ၁.၁ သန်းပါ 11 00:00:30,000 --> 00:00:33,000 များသောအားဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာနဲ့ နီပေါနိုင်ငံသားတွေပါ 12 00:00:33,000 --> 00:00:35,000 အမိန်ုင်ငံမှာ ကျန်ခဲ့တဲ့မိသားစုအတွက် ငွေရှာနိုင်ဖို့ 13 00:00:35,000 --> 00:00:38,000 ဘာမဆို အရဲစွန့်ကြတယ် 14 00:00:38,000 --> 00:00:40,000 ဒီကိုရောက်လာဖို့ ပွဲစားကို ဒေါ်လာထောင်ချီ ပေးခဲ့ရဲ့ပါတယ် 15 00:00:40,000 --> 00:00:44,000 ဒီကိုလည်းရောက်ရော ရေမရှိတဲ့ တန်းလျားမှာနေရပါတယ် 16 00:00:44,000 --> 00:00:48,000 လေအေးပေးစက်မရှိ သူတိုရဲ့ နိုင်ငံကူးလက်မှတ်တွေတောင် အသိမ်းခံလိုက်ရပါတယ် 17 00:00:48,000 --> 00:00:52,000 အဲဒါ့အတွက် ဒေသခံအရာရှိတွေနဲ့ အာဏာပိုင်တွေကို လက်ညှိုးထိုးပြရတာလွယ်ပါတယ် 18 00:00:52,000 --> 00:00:56,000 ဒီအလုပ်သမားတွေရဲ့ ၉၉ ရာခိုင်နှုန်းကို ပုဂ္ဂလိက လုပ်ငန်းတွေက ငှားထားတာပါ 19 00:00:56,000 --> 00:00:59,000 ဒီတော့ ကျွန်တော်တို့မှာလည်း မပိုရင်တောင် ထပ်တူထပ်မျှ တာဝန်ရှိပါတယ် 20 00:00:59,000 --> 00:01:02,000 "Buildsafe UAE" လိုအဖွဲ့မျိုးတွေတော့ ပေါ်လာပါပြီ 21 00:01:02,000 --> 00:01:04,000 ဒါပေမဲ့ ကိန်းကဏန်းတွေက တုန်လှုပ်စရာပါ 22 00:01:04,000 --> 00:01:06,000 ၂၀၀၈ ဩဂုတ်လက 23 00:01:06,000 --> 00:01:08,000 ယူအေအီး အစိုးရအရာရှိတွေ မှတ်တမ်းတင်ခဲ့ကြတာက 24 00:01:08,000 --> 00:01:12,000 နိုင်ငံအတွင်းက ၁၀၉၈ ခုသော အလုပ်သမားစခန်းတွေရဲ့ ၄၀ ရာနှုန်းဟာ 25 00:01:12,000 --> 00:01:15,000 အနည်းဆုံး ရှိသင့်တဲ့ ကျန်းမာရေးနဲ့ မီးဘေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ထားတယ်လို့ပါ 26 00:01:15,000 --> 00:01:18,000 ပြီးခဲ့တဲ့ နွေမှာ အလုပ်သမား တစ်သောင်းကျော်က 27 00:01:18,000 --> 00:01:21,000 လစာ ထုတ်မပေးမှု အစားအသောက် အရည်အသွေး ညံ့ဖျင်းမှု 28 00:01:21,000 --> 00:01:24,000 နေစရာအိမ် မဆီလျော်မှုတွေကို ဆန္ဒပြခဲ့ကြပါတယ် 29 00:01:24,000 --> 00:01:27,000 အဲဒီ့နောက် ဘဏ္ဍာရေး ပြိုလဲမှုကြီး ပေါ်ပေါက်လာပါတယ် 30 00:01:27,000 --> 00:01:29,000 ကန်ထရိုက်သမားတွေလည်း စီးပွားပျက်ရော 31 00:01:29,000 --> 00:01:31,000 သူတို့ကလည်း အများနည်းတူ လုပ်ငန်းကို အဆမတန် ငွေချေးယူ လုပ်နေခဲ့ကြတာပါ 32 00:01:31,000 --> 00:01:34,000 အဲဒီတော့ နောက်ဆုံး ကြုံရတာက အကုန်ပျောက်ဆုံးသွားပါပြီ 33 00:01:34,000 --> 00:01:36,000 စာတမ်းစာရွက်တွေ ပတ်စ်ပို့စ်တွေ 34 00:01:36,000 --> 00:01:38,000 ဒီအလုပ်သမားတွေ အိမ်ပြန်စရာ လက်မှတ်တွေရောပေါ့ 35 00:01:38,000 --> 00:01:42,000 လက်ရှိမှာတော့ အလုပ်သမား ထောင်ချီတို့ဟာ စွန့်ပစ်ခံထားရပါတယ် 36 00:01:42,000 --> 00:01:44,000 အိမ်ပြန်စရာ နည်းလမ်း မရှိပါဘူး 37 00:01:44,000 --> 00:01:47,000 ပြီးတော့ ဒီနိုင်ငံကို ဘယ်လိုရောက်ကြောင်း ဘာအထောက်အထားမှလည်း မရှိပါဘူး 38 00:01:47,000 --> 00:01:50,000 ဒီလူတွေဟာ ဖြစ်မြန်ပျက်မြန် စီးပွားရေးရဲ့ ဒုက္ခသည်တွေပါ 39 00:01:50,000 --> 00:01:53,000 ဆောက်လုပ်ရေး ပညာရှင်တစ်ဦး ဗိသုကာ ပညာရှင်တစ်ဦး 40 00:01:53,000 --> 00:01:55,000 အင်ဂျင်နီယာတစ်ဦး ဖွံ့ဖြိုးရေးကို ဆောင်ရွက်သူ တစ်ဦးအနေနဲ့ မေးချင်တာက 41 00:01:55,000 --> 00:01:57,000 အပတ်တိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို သွားနေတယ်ပဲဆိုတော့ 42 00:01:57,000 --> 00:02:00,000 ဒီလိုဖြစ်ပျက်နေတာတွေကို ခင်ဗျားတို့သိရင် 43 00:02:00,000 --> 00:02:02,000 သိရက်နဲ့ လျစ်လျူရှုထားမှာလား ဒါမှမဟုတ် ကြံရာပါ ဖြစ်ချင်သလား ဆိုတဲ့မေးခွန်းပါပဲ 44 00:02:02,000 --> 00:02:04,000 အဲဒါက လူ့ရပိုင်ခွင့်များ ချိုးဖောက်ခံရမှုပဲ မဟုတ်ပါလား? 45 00:02:04,000 --> 00:02:07,000 ခင်ဗျားရဲ့ပတ်ဝန်းကျင်ဆိုင်ရာ ခြေရာကို မေ့ပစ်လိုက်ကြရအောင် 46 00:02:07,000 --> 00:02:09,000 လူ့ကျင့်ဝတ် ကိစ္စကိုပဲ စဉ်းစားကြည့်ရအောင်နော် 47 00:02:09,000 --> 00:02:12,000 ကာဗွန်ထုတ်လုပ်မှုမဲ့ စွမ်းအင်ကို အထိရောက်ဆုံးသုံးနိုင်တဲ့ အဆောက်အအုံကြီးတွေဖြစ်တဲ့ 48 00:02:12,000 --> 00:02:15,000 ဒီလို ဗိသုကာ ရတနာလက်ရာကို ထုတ်လုပ်ပေးလိုက်တဲ့ 49 00:02:15,000 --> 00:02:18,000 လုပ်အားကျတော့ လူကျင့်ဝတ်နဲ့ မကိုက်ညီဘူးဆိုရင် 50 00:02:18,000 --> 00:02:21,000 ဘာများ အကျိုးကျေးဇူးရှိမှာလဲခင်ဗျာ 51 00:02:21,000 --> 00:02:23,000 မကြာခင်တုန်းကပဲ ကျွန်တော် ရွေးလိုက်တဲ့ လမ်းက သိပ်မြင့်နေတယ်လို့ ကျွန်တော့်ကို ပြောကြပါတယ် 52 00:02:23,000 --> 00:02:25,000 ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီပြဿနာမှာ 53 00:02:25,000 --> 00:02:27,000 ဒီ့အပြင် ရွေးစရာ လမ်းရယ်လို့ မရှိနိုင်ပါဘူး 54 00:02:27,000 --> 00:02:31,000 ဒီတော့ ဘဏ္ဍာရေး ပြိုလဲမှုကြီးရဲ့ဒဏ် အတွက် တကယ် ပေးဆပ်လိုက်ရတာ ဘယ်သူတွေလဲဆိုတာ မေ့မထားလိုက်ကြပါနဲ့ 55 00:02:31,000 --> 00:02:34,000 ကျွန်တော်တို့တွေရုံးမှာ နောက်အလုပ် နောက်ရလာမယ့် ဒီဇိုင်းတစ်ခုအတွက် 56 00:02:34,000 --> 00:02:38,000 ကိုယ့်အလုပ်သမားတွေကို ဆက်အလုပ်ပေးဖို့အတွက် စိတ်ပူကြသလိုမျိုး 57 00:02:38,000 --> 00:02:41,000 အလုပ်ကို အသေအလဲလိုနေတဲ့ ဒီလူတွေကိုလည်း မေ့မထားကြပါနဲ့ခင်ဗျား 58 00:02:41,000 --> 00:02:43,000 ကျေးဇူးတင်ပါတယ် 59 00:02:43,000 --> 00:02:45,000 ( လက်ခုပ်သံများ )