WEBVTT 00:00:00.000 --> 00:00:03.000 လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းရဲ့ 00:00:03.000 --> 00:00:06.000 အနိဌာရုံအမှောင်ဘက်ခြမ်းကို ကျွန်တော် မျက်စိအစုံဖွင့် ကြည့်နေခဲ့တယ် 00:00:06.000 --> 00:00:09.000 ၂၀၀၆ ခုနှစ်တုန်းက ကာတာကျောင်းသားလူငယ်တွေက ကျွန်တော့်ကို 00:00:09.000 --> 00:00:11.000 ရွှေ့ပြောင်းအလုပ်သမား စခန်းဆီ လိုက်ပြဖူးပါတယ် 00:00:11.000 --> 00:00:16.000 အဲဒီကတည်းကစလို့ အလုပ်သမားအခွင့် အရေးများဆိုင်ရာ များလှတဲ့ ပြဿနာတွေကို လေ့လာစောင့်ကြည့်ခဲ့ပါတယ် 00:00:16.000 --> 00:00:18.000 လွန်ခဲ့တဲ့ ခြောက်လအတွင်း ယူအေအီး နိုင်ငံထဲက မိုးမျှော်တိုက် ၃၀၀ ကျော် စီမံကိန်းတွေကို 00:00:18.000 --> 00:00:21.000 ရပ်ဆိုင်း ဒါမှမဟုတ် ဖျက်သိမ်းလိုက်ပါတယ် 00:00:21.000 --> 00:00:24.000 ဒီအဆောက်အအုံတွေ ဆိုင်ရာ ခေါင်းစဉ်သတင်းရဲ့နောက်ကွယ်မှာကတော့ 00:00:24.000 --> 00:00:28.000 အလုပ်သင် ဆောက်လုပ်ရေးအလုပ်သမားတွေရဲ့ ကံကြမ္မာ ရှိနေခဲ့ပါတယ် 00:00:28.000 --> 00:00:30.000 အလုပ်သမားပေါင်း ၁.၁ သန်းပါ 00:00:30.000 --> 00:00:33.000 များသောအားဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာနဲ့ နီပေါနိုင်ငံသားတွေပါ 00:00:33.000 --> 00:00:35.000 အမိန်ုင်ငံမှာ ကျန်ခဲ့တဲ့မိသားစုအတွက် ငွေရှာနိုင်ဖို့ 00:00:35.000 --> 00:00:38.000 ဘာမဆို အရဲစွန့်ကြတယ် 00:00:38.000 --> 00:00:40.000 ဒီကိုရောက်လာဖို့ ပွဲစားကို ဒေါ်လာထောင်ချီ ပေးခဲ့ရဲ့ပါတယ် 00:00:40.000 --> 00:00:44.000 ဒီကိုလည်းရောက်ရော ရေမရှိတဲ့ တန်းလျားမှာနေရပါတယ် 00:00:44.000 --> 00:00:48.000 လေအေးပေးစက်မရှိ သူတိုရဲ့ နိုင်ငံကူးလက်မှတ်တွေတောင် အသိမ်းခံလိုက်ရပါတယ် 00:00:48.000 --> 00:00:52.000 အဲဒါ့အတွက် ဒေသခံအရာရှိတွေနဲ့ အာဏာပိုင်တွေကို လက်ညှိုးထိုးပြရတာလွယ်ပါတယ် 00:00:52.000 --> 00:00:56.000 ဒီအလုပ်သမားတွေရဲ့ ၉၉ ရာခိုင်နှုန်းကို ပုဂ္ဂလိက လုပ်ငန်းတွေက ငှားထားတာပါ 00:00:56.000 --> 00:00:59.000 ဒီတော့ ကျွန်တော်တို့မှာလည်း မပိုရင်တောင် ထပ်တူထပ်မျှ တာဝန်ရှိပါတယ် 00:00:59.000 --> 00:01:02.000 "Buildsafe UAE" လိုအဖွဲ့မျိုးတွေတော့ ပေါ်လာပါပြီ 00:01:02.000 --> 00:01:04.000 ဒါပေမဲ့ ကိန်းကဏန်းတွေက တုန်လှုပ်စရာပါ 00:01:04.000 --> 00:01:06.000 ၂၀၀၈ ဩဂုတ်လက 00:01:06.000 --> 00:01:08.000 ယူအေအီး အစိုးရအရာရှိတွေ မှတ်တမ်းတင်ခဲ့ကြတာက 00:01:08.000 --> 00:01:12.000 နိုင်ငံအတွင်းက ၁၀၉၈ ခုသော အလုပ်သမားစခန်းတွေရဲ့ ၄၀ ရာနှုန်းဟာ 00:01:12.000 --> 00:01:15.000 အနည်းဆုံး ရှိသင့်တဲ့ ကျန်းမာရေးနဲ့ မီးဘေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ထားတယ်လို့ပါ 00:01:15.000 --> 00:01:18.000 ပြီးခဲ့တဲ့ နွေမှာ အလုပ်သမား တစ်သောင်းကျော်က 00:01:18.000 --> 00:01:21.000 လစာ ထုတ်မပေးမှု အစားအသောက် အရည်အသွေး ညံ့ဖျင်းမှု 00:01:21.000 --> 00:01:24.000 နေစရာအိမ် မဆီလျော်မှုတွေကို ဆန္ဒပြခဲ့ကြပါတယ် 00:01:24.000 --> 00:01:27.000 အဲဒီ့နောက် ဘဏ္ဍာရေး ပြိုလဲမှုကြီး ပေါ်ပေါက်လာပါတယ် 00:01:27.000 --> 00:01:29.000 ကန်ထရိုက်သမားတွေလည်း စီးပွားပျက်ရော 00:01:29.000 --> 00:01:31.000 သူတို့ကလည်း အများနည်းတူ လုပ်ငန်းကို အဆမတန် ငွေချေးယူ လုပ်နေခဲ့ကြတာပါ 00:01:31.000 --> 00:01:34.000 အဲဒီတော့ နောက်ဆုံး ကြုံရတာက အကုန်ပျောက်ဆုံးသွားပါပြီ 00:01:34.000 --> 00:01:36.000 စာတမ်းစာရွက်တွေ ပတ်စ်ပို့စ်တွေ 00:01:36.000 --> 00:01:38.000 ဒီအလုပ်သမားတွေ အိမ်ပြန်စရာ လက်မှတ်တွေရောပေါ့ 00:01:38.000 --> 00:01:42.000 လက်ရှိမှာတော့ အလုပ်သမား ထောင်ချီတို့ဟာ စွန့်ပစ်ခံထားရပါတယ် 00:01:42.000 --> 00:01:44.000 အိမ်ပြန်စရာ နည်းလမ်း မရှိပါဘူး 00:01:44.000 --> 00:01:47.000 ပြီးတော့ ဒီနိုင်ငံကို ဘယ်လိုရောက်ကြောင်း ဘာအထောက်အထားမှလည်း မရှိပါဘူး 00:01:47.000 --> 00:01:50.000 ဒီလူတွေဟာ ဖြစ်မြန်ပျက်မြန် စီးပွားရေးရဲ့ ဒုက္ခသည်တွေပါ 00:01:50.000 --> 00:01:53.000 ဆောက်လုပ်ရေး ပညာရှင်တစ်ဦး ဗိသုကာ ပညာရှင်တစ်ဦး 00:01:53.000 --> 00:01:55.000 အင်ဂျင်နီယာတစ်ဦး ဖွံ့ဖြိုးရေးကို ဆောင်ရွက်သူ တစ်ဦးအနေနဲ့ မေးချင်တာက 00:01:55.000 --> 00:01:57.000 အပတ်တိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို သွားနေတယ်ပဲဆိုတော့ 00:01:57.000 --> 00:02:00.000 ဒီလိုဖြစ်ပျက်နေတာတွေကို ခင်ဗျားတို့သိရင် 00:02:00.000 --> 00:02:02.000 သိရက်နဲ့ လျစ်လျူရှုထားမှာလား ဒါမှမဟုတ် ကြံရာပါ ဖြစ်ချင်သလား ဆိုတဲ့မေးခွန်းပါပဲ 00:02:02.000 --> 00:02:04.000 အဲဒါက လူ့ရပိုင်ခွင့်များ ချိုးဖောက်ခံရမှုပဲ မဟုတ်ပါလား? 00:02:04.000 --> 00:02:07.000 ခင်ဗျားရဲ့ပတ်ဝန်းကျင်ဆိုင်ရာ ခြေရာကို မေ့ပစ်လိုက်ကြရအောင် 00:02:07.000 --> 00:02:09.000 လူ့ကျင့်ဝတ် ကိစ္စကိုပဲ စဉ်းစားကြည့်ရအောင်နော် 00:02:09.000 --> 00:02:12.000 ကာဗွန်ထုတ်လုပ်မှုမဲ့ စွမ်းအင်ကို အထိရောက်ဆုံးသုံးနိုင်တဲ့ အဆောက်အအုံကြီးတွေဖြစ်တဲ့ 00:02:12.000 --> 00:02:15.000 ဒီလို ဗိသုကာ ရတနာလက်ရာကို ထုတ်လုပ်ပေးလိုက်တဲ့ 00:02:15.000 --> 00:02:18.000 လုပ်အားကျတော့ လူကျင့်ဝတ်နဲ့ မကိုက်ညီဘူးဆိုရင် 00:02:18.000 --> 00:02:21.000 ဘာများ အကျိုးကျေးဇူးရှိမှာလဲခင်ဗျာ 00:02:21.000 --> 00:02:23.000 မကြာခင်တုန်းကပဲ ကျွန်တော် ရွေးလိုက်တဲ့ လမ်းက သိပ်မြင့်နေတယ်လို့ ကျွန်တော့်ကို ပြောကြပါတယ် 00:02:23.000 --> 00:02:25.000 ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီပြဿနာမှာ 00:02:25.000 --> 00:02:27.000 ဒီ့အပြင် ရွေးစရာ လမ်းရယ်လို့ မရှိနိုင်ပါဘူး 00:02:27.000 --> 00:02:31.000 ဒီတော့ ဘဏ္ဍာရေး ပြိုလဲမှုကြီးရဲ့ဒဏ် အတွက် တကယ် ပေးဆပ်လိုက်ရတာ ဘယ်သူတွေလဲဆိုတာ မေ့မထားလိုက်ကြပါနဲ့ 00:02:31.000 --> 00:02:34.000 ကျွန်တော်တို့တွေရုံးမှာ နောက်အလုပ် နောက်ရလာမယ့် ဒီဇိုင်းတစ်ခုအတွက် 00:02:34.000 --> 00:02:38.000 ကိုယ့်အလုပ်သမားတွေကို ဆက်အလုပ်ပေးဖို့အတွက် စိတ်ပူကြသလိုမျိုး 00:02:38.000 --> 00:02:41.000 အလုပ်ကို အသေအလဲလိုနေတဲ့ ဒီလူတွေကိုလည်း မေ့မထားကြပါနဲ့ခင်ဗျား 00:02:41.000 --> 00:02:43.000 ကျေးဇူးတင်ပါတယ် 00:02:43.000 --> 00:02:45.000 ( လက်ခုပ်သံများ )