လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဆောက်လုပ်ရေးလုပ်ငန်းရဲ့
အနိဌာရုံအမှောင်ဘက်ခြမ်းကို ကျွန်တော် မျက်စိအစုံဖွင့် ကြည့်နေခဲ့တယ်
၂၀၀၆ ခုနှစ်တုန်းက ကာတာကျောင်းသားလူငယ်တွေက ကျွန်တော့်ကို
ရွှေ့ပြောင်းအလုပ်သမား စခန်းဆီ လိုက်ပြဖူးပါတယ်
အဲဒီကတည်းကစလို့ အလုပ်သမားအခွင့် အရေးများဆိုင်ရာ များလှတဲ့ ပြဿနာတွေကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်
လွန်ခဲ့တဲ့ ခြောက်လအတွင်း ယူအေအီး နိုင်ငံထဲက မိုးမျှော်တိုက် ၃၀၀ ကျော် စီမံကိန်းတွေကို
ရပ်ဆိုင်း ဒါမှမဟုတ် ဖျက်သိမ်းလိုက်ပါတယ်
ဒီအဆောက်အအုံတွေ ဆိုင်ရာ ခေါင်းစဉ်သတင်းရဲ့နောက်ကွယ်မှာကတော့
အလုပ်သင် ဆောက်လုပ်ရေးအလုပ်သမားတွေရဲ့ ကံကြမ္မာ ရှိနေခဲ့ပါတယ်
အလုပ်သမားပေါင်း ၁.၁ သန်းပါ
များသောအားဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာနဲ့ နီပေါနိုင်ငံသားတွေပါ
အမိနု်င်ငံမှာ ကျန်ခဲ့တဲ့မိသားစုအတွက် ငွေရှာနိုင်ဖို့
ဘာမဆို အရဲစွန့်ကြတယ်
ဒီကိုရောက်လာဖို့ ပွဲစားကို ဒေါ်လာထောင်ချီ ပေးခဲ့ရဲ့ပါတယ်
ဒီကိုလည်းရောက်ရော ရေမရှိတဲ့ တန်းလျားမှာနေရပါတယ်
လေအေးပေးစက်မရှိ သူတိုရဲ့ နိုင်ငံကူးလက်မှတ်တွေတောင် အသိမ်းခံလိုက်ရပါတယ်
အဲဒါ့အတွက် ဒေသခံအရာရှိတွေနဲ့ အာဏာပိုင်တွေကို လက်ညှိုးထိုးပြရတာလွယ်ပါတယ်
ဒီအလုပ်သမားတွေရဲ့ ၉၉ ရာခိုင်နှုန်းကို ပုဂ္ဂလိက လုပ်ငန်းတွေက ငှားထားတာပါ
ဒီတော့ ကျွန်တော်တို့မှာလည်း မပိုရင်တောင် ထပ်တူထပ်မျှ တာဝန်ရှိပါတယ်
"Buildsafe UAE" လိုအဖွဲ့မျိုးတွေတော့ ပေါ်လာပါပြီ
ဒါပေမဲ့ ကိန်းကဏန်းတွေက တုန်လှုပ်စရာပါ
၂၀၀၈ ဩဂုတ်လက
ယူအေအီး အစိုးရအရာရှိတွေ မှတ်တမ်းတင်ခဲ့ကြတာက
နိုင်ငံအတွင်းက ၁၀၉၈ ခုသော အလုပ်သမားစခန်းတွေရဲ့ ၄၀ ရာနှုန်းဟာ
အနည်းဆုံး ရှိသင့်တဲ့ ကျန်းမာရေးနဲ့ မီးဘေးဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ထားတယ်လို့ပါ
ပြီးခဲ့တဲ့ နွေမှာ အလုပ်သမား တစ်သောင်းကျော်က
လစာ ထုတ်မပေးမှု အစားအသောက် အရည်အသွေး ညံ့ဖျင်းမှု
နေစရာအိမ် မဆီလျော်မှုတွေကို ဆန္ဒပြခဲ့ကြပါတယ်
အဲဒီ့နောက် ဘဏ္ဍာရေး ပြိုလဲမှုကြီး ပေါ်ပေါက်လာပါတယ်
ကန်ထရိုက်သမားတွေလည်း စီးပွားပျက်ရော
သူတို့ကလည်း အများနည်းတူ လုပ်ငန်းကို အဆမတန် ငွေချေးယူ လုပ်နေခဲ့ကြတာပါ
အဲဒီတော့ နောက်ဆုံး ကြုံရတာက အကုန်ပျောက်ဆုံးသွားပါပြီ
စာတမ်းစာရွက်တွေ ပတ်စ်ပို့စ်တွေ
ဒီအလုပ်သမားတွေ အိမ်ပြန်စရာ လက်မှတ်တွေရောပေါ့
လက်ရှိမှာတော့ အလုပ်သမား ထောင်ချီတို့ဟာ စွန့်ပစ်ခံထားရပါတယ်
အိမ်ပြန်စရာ နည်းလမ်း မရှိပါဘူး
ပြီးတော့ ဒီနိုင်ငံကို ဘယ်လိုရောက်ကြောင်း ဘာအထောက်အထားမှလည်း မရှိပါဘူး
ဒီလူတွေဟာ ဖြစ်မြန်ပျက်မြန် စီးပွားရေးရဲ့ ဒုက္ခသည်တွေပါ
ဆောက်လုပ်ရေး ပညာရှင်တစ်ဦး ဗိသုကာ ပညာရှင်တစ်ဦး
အင်ဂျင်နီယာတစ်ဦး ဖွံ့ဖြိုးရေးကို ဆောင်ရွက်သူ တစ်ဦးအနေနဲ့ မေးချင်တာက
အပတ်တိုင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကို သွားနေတယ်ပဲဆိုတော့
ဒီလိုဖြစ်ပျက်နေတာတွေကို ခင်ဗျားတို့သိရင်
သိရက်နဲ့ လျစ်လျူရှုထားမှာလား ဒါမှမဟုတ် ကြံရာပါ ဖြစ်ချင်သလား ဆိုတဲ့မေးခွန်းပါပဲ
အဲဒါက လူ့ရပိုင်ခွင့်များ ချိုးဖောက်ခံရမှုပဲ မဟုတ်ပါလား?
ခင်ဗျားရဲ့ပတ်ဝန်းကျင်ဆိုင်ရာ ခြေရာကို မေ့ပစ်လိုက်ကြရအောင်
လူ့ကျင့်ဝတ် ကိစ္စကိုပဲ စဉ်းစားကြည့်ရအောင်နော်
ကာဗွန်ထုတ်လုပ်မှုမဲ့ စွမ်းအင်ကို အထိရောက်ဆုံးသုံးနိုင်တဲ့ အဆောက်အအုံကြီးတွေဖြစ်တဲ့
ဒီလို ဗိသုကာ ရတနာလက်ရာကို ထုတ်လုပ်ပေးလိုက်တဲ့
လုပ်အားကျတော့ လူကျင့်ဝတ်နဲ့ မကိုက်ညီဘူးဆိုရင်
ဘာများ အကျိုးကျေးဇူးရှိမှာလဲခင်ဗျာ
မကြာခင်တုန်းကပဲ ကျွန်တော် ရွေးလိုက်တဲ့ လမ်းက သိပ်မြင့်နေတယ်လို့ ကျွန်တော့်ကို ပြောကြပါတယ်
ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီပြဿနာမှာ
ဒီ့အပြင် ရွေးစရာ လမ်းရယ်လို့ မရှိနိုင်ပါဘူး
ဒီတော့ ဘဏ္ဍာရေး ပြိုလဲမှုကြီးရဲ့ဒဏ် အတွက် တကယ် ပေးဆပ်လိုက်ရတာ ဘယ်သူတွေလဲဆိုတာ မေ့မထားလိုက်ကြပါနဲ့
ကျွန်တော်တို့တွေရုံးမှာ နောက်အလုပ် နောက်ရလာမယ့် ဒီဇိုင်းတစ်ခုအတွက်
ကိုယ့်အလုပ်သမားတွေကို ဆက်အလုပ်ပေးဖို့အတွက် စိတ်ပူကြသလိုမျိုး
အလုပ်ကို အသေအလဲလိုနေတဲ့ ဒီလူတွေကိုလည်း မေ့မထားကြပါနဲ့ခင်ဗျား
ကျေးဇူးတင်ပါတယ်
( လက်ခုပ်သံများ )