Estragon လို့ခေါ်တဲ့ စုတ်ချာချာလူတစ်ယောက်
နေဝင်ရီတရောမှာ သစ်ပင်တစ်ပင်အနားထိုင်ပြီး
သူ့ဘွတ်ဖိနပ်ကို အတင်းချွတ်နေတယ်။
ခဏအကြာ သူ့မိတ်ဆွေ Vladimir လာပေါင်းတယ်၊
Godot ဆိုတဲ့လူကို
သူတို့ဒီမှာစောင့်ရမယ်ဆိုတာ
သူ့ရဲ့ ပူပန်နေတဲ့အဖော်ကို သတိပေးတဲ့သူပါ။
ဒါနဲ့ပဲ Godot ဘယ်တော့လာမလဲ၊
ဘာကြောင့် သူတို့စောင့်နေတာလဲ၊
သူတို့စောင့်နေတဲ့ သစ်ပင်ရောဟုတ်ရဲ့လားလို့
နှစ်ဦးသား ငြင်းခုံကြတဲ့အခါ
ဦးနှောက်ခြောက်စရာ စက်ဝန်းတစ်ခု စတင်ပါတယ်။
ဒီကနေ Waiting for Godot ဟာ
ပိုထူးဆန်းလာရုံမက
ခေတ်ပေါ်ပြဇာတ်ရဲ့ရှုထောင့်ကို
ပြောင်းလဲခဲ့တဲ့
ပြဇာတ်တစ်ခုအဖြစ်လည်း ယူဆခံရပါတယ်။
Samuel Beckett က (၁၉၄၉‘၁၉၅၅) ကရေးခဲ့ပြီး
ရိုးရှင်းပေမဲ့ စိတ်ထိခိုက်ဖွယ်ရာ
မေးခွန်းတစ်ခုပေးတယ်
ဇာတ်ကောင်တွေ ဘာလုပ်သင့်ပါသလဲ။
Estragon: ဘာမှမလုပ်ပဲနေရအောင်၊
ဒါက ဘေးကင်းတယ်ကွ။
Vladimir: သူပြောတာကို စောင့်ကြည့်ရအောင်လေ။
Estragon: ဘယ်သူတုန်း။
Vladimir: Godot လေကွာ။
Estragon: ကောင်းသားပဲကွ။
ဒီလိုအသိခက်တဲ့ အပြောနဲ့
ကရွတ်ကွင်းလည်တဲ့တွေးခေါ်မှုက
Theatre of the Absurd ရဲ့
အဓိက အင်္ဂါရပ်တွေပါ။
ဒုတိယကမ္ဘာစစ်အပြီးမှာ ပေါ်ပေါက်လာတဲ့
လှုပ်ရှားမှုတစ်ခုဖြစ်ပြီး
ပျက်စီးမှုထဲက အဓိပ္ပါယ်ကိုရှာတွေ့ဖို့
အနုပညာရှင်တွေ အပြင်းအထန်
အားထုတ်ရတယ်လို့ ထင်ခဲ့တာပါ။
အဓိပ္ပာယ်ကင်းမဲ့မှုအယူရှိတွေက ဇာတ်ကွက်၊
ဇာတ်ကောင်နဲ့၊ ဘာသာစကားကို
သူ့တို့အဓိပ္ပာယ်ကိုမေးခွန်းထုတ်ဖို့
တိုက်ဆိုင်
စစ်ဆေးကာ သူတို့ရဲ့နက်ရှိုင်းတဲ့
မသေချာမှုကို ဇာတ်စင်မှာမျှဝေတယ်။
ဒါဟာ စိတ်ပျက်ဖွယ်ဆိုပေမဲ့
အဓိပ္ပာယ်မရှိမှုဟာ ၎င်းရဲ့
မျှော်လင့်ချက်မဲ့မှုကို ဟာသနဲ့ ရောတယ်။
ဒါဟာ Waiting for Godot အမျိုးအစားကို
Beckett ရဲ့
ထူခြားတဲ့ချဉ်းကပ်မှုမှာ ရောင်ပြန်ဟပ်တယ်။
ဒါကို သူက "နှစ်ခန်းပါတဲ့ အလွမ်းအသောစုံတဲ့
ပြဇာတ်တစ်ပုဒ်"လို့တံဆိပ်ကပ်ခဲ့တယ်။
ဝမ်းနည်းစရာက ဇာတ်ကောင်တွေဟာ
ဖြစ်တည်မှု ပဟေဠိမှာပိတ်မိနေတယ်၊
သူတို့ကို ရည်ရွယ်သဘောတစ်ခုပေးဖို့
မသိသေးတဲ့သဏ္ဌာန်တစ်ခုကို အချည်းနှီး
စောင့်နေပေမဲ့
သူတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်သဘောက
စောင့်ဆိုင်းခြင်းက လာတာပါ။
စောင့်နေတုန်းမှာ ငြီးငွေ့မှုထဲကို
သူတို့နစ်ဝင်သွားတယ်၊
ဘာသာရေးဆိုင်ရာ ထိတ်လန့်မှုကိုဖေါ်ပြပြီး
မိမိကိုယ်ကိုသတ်သေဖို့ ဆင်ခြင်ကြတယ်။
ဒါပေမဲ့ ရယ်စရာကောင်းတာက သူတို့
အကျပ်အတည်းမှာ ငေါထွက်နေတဲ့ ဟာသရှိတာပါ၊
သူတို့ရဲ့ဘာသာစကားနဲ့ လှုပ်ရှားမှုတွေမှာ
တွေ့ရပါတယ်။
သူတို့ရဲ့တုံ့ပြန်ဆက်သွယ်မှုတွေဟာ
အဓိပ္ပာယ်မရှိတဲ့ စကားလုံးဖန်တာ၊
ထပ်တာ၊ အနက်နှစ်ခွထွက်တာတွေပြည့်နေတယ်၊
ရုပ်ပိုင်း ပြက်လုံးထုတ်တာ၊
သီချင်းဆိုတာ၊ ကတာ၊
ကသုတ်ကရက် ဦးထုပ်တွေလဲတာ
တွေလည်းပါတာပါ။
မကြာခဏ မရှင်းလင်းတာက ပရိတ်သတ်က
ရယ်မလား၊ ငိုမလား၊
Beckett ဟာ သူတို့နှစ်ဦးကြားက ခြားနားမှုကို
မြင်လေမလားဆိုတာပါ။
Beckett ဟာ ဒဗ္ဗလင်မှာမွေးပြီး
ပဲရစ်ကိုမပြောင်းခင် အင်္ဂလိပ်၊
ပြင်သစ်နဲ့အီတလီကို လေ့လာခဲ့တယ်၊
အဲဒီမှာ ပြဇာတ်၊ ကဗျာနဲ့ စကားပြေရေးရင်း
သူ့ဘဝအချိန်အများစု
ကုန်ဆုံးခဲ့တယ်။
Beckett ဟာ ဘာသာစကားကို တစ်သက်တာ
ချစ်မြတ်နိုးစိတ်ရှိပေမဲ့
သူ့လက်ရာထဲမှာ အဟတွေ၊ ရပ်တာတွေနဲ့ လစ်ဟာမှု
တဒင်္ဂတွေကို ပေါင်းစပ်ရင်း
တိတ်ဆိတ်မှုအတွက်
နေရာလွတ် ဖန်းတီးခဲ့သေးတယ်။
ဒါဟာ သူ့ မူပိုင်အမှတ်အသား၊ရဲ့
အဓိကအင်္ဂါရပ်တစ်ခု၊
မညီတဲ့ ဇာတ်အဟုန်၊ ကြေကွဲဖွယ် ဟာသပါ၊
ဒါက Theatre of the Absurd တစ်လျှောက်လုံး
လူကြိုက်များလာခဲ့တာပါ။
သူဟာ အသိခက်တဲ့
သရုပ်သကန်ကိုလည်း ပျိုးထောင်ခဲ့ပြီး
သူ့လက်ရာရဲ့ဆိုလိုချက်အကြောင်း
ထင်မြင်ချက်တွေကို အတည်ပြုဖို့
(သို့) ငြင်းဆန်ဖို့ ငြင်းဆန်ခဲ့တယ်။
ဒါက ပရိတ်သတ်ကို ဆက်မှန်းဆစေပြီး
သူ့ရဲ့သဘာဝလွန် လောကတွေနဲ့
ပဟေဠိဆန်တဲ့ ဇာတ်ကောင်တွေမှာ
သူတို့ရဲ့စွဲလမ်းမှု တိုးလာစေတယ်။
ရှင်းလင်းတဲ့အဓိပ္ပါယ်ကင်းမဲ့မှုဟာ
Godot ကို
အဆုံးမရှိတဲ့ အဓိပ္ပါယ်ကောက်မှုကို
ဖွင့်ပေးတယ်။
ဝေဖန်သူတွေက ပြဇာတ်အကြောင်း
မရေတွက်နိုင်တဲ့ သဘောထားတွေပေးခဲ့တယ်၊
ပြဇာတ်ကိုယ်၌ရဲ့ ဇာတ်ကွက်ကို
ထင်ဟပ်တဲ့ ထွေပြားမှုနဲ့ ထင်မြင်ချက်ရဲ့
သံသရာတစ်ခု အကျိုးဆက်ဖြစ်စေရင်းပေါ့။
၎င်းကို စစ်အေးရူပကအလင်္ကာတစ်ခု၊
ပြင်သစ် ပြန်လည်ဆန်းသစ်ရေးနဲ့
ဗြိတိန်ရဲ့ အိုင်ယာလန် ကိုလိုနီပြုမှုရဲ့
အဖြစ် ဖတ်ကြတယ်။
ဇာတ်လိုက်နှစ်ဦးရဲ့ အင်အားဟာ
ပြင်းထန်တဲ့ ငြင်းခုံမှုကိုလည်း
အစပျိုးပေးတယ်။
၎င်းတို့ကို ကမ္ဘာပျက်ကိန်းရဲ့
ရှင်ကျန်သူတွေအဖြစ် ဖတ်ကြတယ်၊
ဇရာအိုအတွဲတစ်ခု၊
မစွမ်းဆောင်နိုင်တဲ့ မိတ်ဆွေနှစ်ဦး၊
Freudအတ္တနဲ့ မသိစိတ်ကို လူပုဂ္ဂိုလ်အဖြစ်
ခိုင်းနှိုင်းမှုအဖြစ်နဲ့တောင်ပါ။
အထင်အရှား Beckett ဆိုခဲ့တာက
သူသေချာနိုင်တာဆိုလို့
Vladimir နဲ့ Estragon တို့ဟာ
အနားကော့ ဦးထုပ်လုံးဆောင်းထားတာပဲ"တဲ့။
ဝေဖန်ရေးထင်မြင်ချက်နဲ့
စိတ်တိုစရာကောင်းတဲ့ ဇာတ်ကွက်လိုပဲ
သူတို့ရဲ့ဘာသာစကားဟာ မကြာခဏတော့
ဘာမဟုတ်တာကို
ငြင်းခုံ၊ကျီစယ်တဲ့ နှစ်ယောက်လို
အတွေးစပြတ်သွားတယ်၊
နောက်တော့ ပြီးတဲ့နေရာက ပြန်ကောက်တယ်။
Vladimir: အစကနေပြန်စလို့ရလောက်တယ်ကွ။
Estragon: ဒါက လွယ်လိမ့်မယ်ကွ။
Vladimir: ခက်တာက အစပဲကွ။
Estragon: ဘာကနေဖြစ်ဖြစ် စလို့ရတာပဲလေ။
Vladimir: ဟုတ်တယ်၊ဒါပေမဲ့
မင်းဆုံးဖြတ်ရမှာလေ။
Beckett က ကျွန်ုပ်တို့ကို အမှတ်ရစေတာက
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေလိုပဲ
ဇာတ်ခုံပေါ်က လောကဟာ အမြဲတော့
ယုတ္တိမတန်ဘူးဆိုတာပါ။
၎င်းဟာ သဘာဝကျမှုနဲ့ စိတ်လှည့်စားမှု၊
အကျွမ်းဝင်မှုနဲ့ ဆန်းပြားမှု
နှစ်ခုစလုံးကို ဖွေရှာနိုင်ပါတယ်
ပြီးတော့ ဆွဲဆောင်နိုင်ဆဲ သေသပ်တဲ့
ဇာတ်လမ်းတစ်ပုဒ်ဆိုပေမဲ့
အကောင်းဆုံး ပြဇာတ်ကတော့ ကျွန်ုပ်တို့ကို
ဆက်ပြီး တွေးစေ၊ စောင့်နေစေတုန်းပါ။