1 00:00:07,064 --> 00:00:09,094 Estragon လို့ခေါ်တဲ့ စုတ်ချာချာလူတစ်ယောက် 2 00:00:09,094 --> 00:00:12,924 နေဝင်ရီတရောမှာ သစ်ပင်တစ်ပင်အနားထိုင်ပြီး သူ့ဘွတ်ဖိနပ်ကို အတင်းချွတ်နေတယ်။ 3 00:00:12,924 --> 00:00:14,804 ခဏအကြာ သူ့မိတ်ဆွေ Vladimir လာပေါင်းတယ်၊ 4 00:00:14,804 --> 00:00:17,104 Godot ဆိုတဲ့လူကို သူတို့ဒီမှာစောင့်ရမယ်ဆိုတာ 5 00:00:17,104 --> 00:00:20,564 သူ့ရဲ့ ပူပန်နေတဲ့အဖော်ကို သတိပေးတဲ့သူပါ။ 6 00:00:20,564 --> 00:00:23,964 ဒါနဲ့ပဲ Godot ဘယ်တော့လာမလဲ၊ ဘာကြောင့် သူတို့စောင့်နေတာလဲ၊ 7 00:00:23,964 --> 00:00:26,484 သူတို့စောင့်နေတဲ့ သစ်ပင်ရောဟုတ်ရဲ့လားလို့ 8 00:00:26,484 --> 00:00:29,794 နှစ်ဦးသား ငြင်းခုံကြတဲ့အခါ ဦးနှောက်ခြောက်စရာ စက်ဝန်းတစ်ခု စတင်ပါတယ်။ 9 00:00:29,794 --> 00:00:32,994 ဒီကနေ Waiting for Godot ဟာ ပိုထူးဆန်းလာရုံမက 10 00:00:32,994 --> 00:00:35,504 ခေတ်ပေါ်ပြဇာတ်ရဲ့ရှုထောင့်ကို ပြောင်းလဲခဲ့တဲ့ 11 00:00:35,504 --> 00:00:37,634 ပြဇာတ်တစ်ခုအဖြစ်လည်း ယူဆခံရပါတယ်။ 12 00:00:37,634 --> 00:00:41,963 Samuel Beckett က (၁၉၄၉‘၁၉၅၅) ကရေးခဲ့ပြီး 13 00:00:41,963 --> 00:00:45,623 ရိုးရှင်းပေမဲ့ စိတ်ထိခိုက်ဖွယ်ရာ မေးခွန်းတစ်ခုပေးတယ် 14 00:00:45,623 --> 00:00:49,873 ဇာတ်ကောင်တွေ ဘာလုပ်သင့်ပါသလဲ။ 15 00:00:49,873 --> 00:00:52,963 Estragon: ဘာမှမလုပ်ပဲနေရအောင်၊ ဒါက ဘေးကင်းတယ်ကွ။ 16 00:00:52,963 --> 00:00:56,663 Vladimir: သူပြောတာကို စောင့်ကြည့်ရအောင်လေ။ 17 00:00:56,663 --> 00:00:57,993 Estragon: ဘယ်သူတုန်း။ 18 00:00:57,993 --> 00:00:59,663 Vladimir: Godot လေကွာ။ 19 00:00:59,663 --> 00:01:01,693 Estragon: ကောင်းသားပဲကွ။ 20 00:01:01,693 --> 00:01:04,223 ဒီလိုအသိခက်တဲ့ အပြောနဲ့ ကရွတ်ကွင်းလည်တဲ့တွေးခေါ်မှုက 21 00:01:04,223 --> 00:01:07,163 Theatre of the Absurd ရဲ့ အဓိက အင်္ဂါရပ်တွေပါ။ 22 00:01:07,163 --> 00:01:10,413 ဒုတိယကမ္ဘာစစ်အပြီးမှာ ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး 23 00:01:10,413 --> 00:01:12,263 ပျက်စီးမှုထဲက အဓိပ္ပါယ်ကိုရှာတွေ့ဖို့ 24 00:01:12,263 --> 00:01:15,183 အနုပညာရှင်တွေ အပြင်းအထန် အားထုတ်ရတယ်လို့ ထင်ခဲ့တာပါ။ 25 00:01:15,183 --> 00:01:19,343 အဓိပ္ပာယ်ကင်းမဲ့မှုအယူရှိတွေက ဇာတ်ကွက်၊ ဇာတ်ကောင်နဲ့၊ ဘာသာစကားကို 26 00:01:19,343 --> 00:01:21,853 သူ့တို့အဓိပ္ပာယ်ကိုမေးခွန်းထုတ်ဖို့ တိုက်ဆိုင် 27 00:01:21,853 --> 00:01:25,633 စစ်ဆေးကာ သူတို့ရဲ့နက်ရှိုင်းတဲ့ မသေချာမှုကို ဇာတ်စင်မှာမျှဝေတယ်။ 28 00:01:25,633 --> 00:01:27,613 ဒါဟာ စိတ်ပျက်ဖွယ်ဆိုပေမဲ့ 29 00:01:27,613 --> 00:01:30,793 အဓိပ္ပာယ်မရှိမှုဟာ ၎င်းရဲ့ မျှော်လင့်ချက်မဲ့မှုကို ဟာသနဲ့ ရောတယ်။ 30 00:01:30,793 --> 00:01:33,373 ဒါဟာ Waiting for Godot အမျိုးအစားကို Beckett ရဲ့ 31 00:01:33,373 --> 00:01:35,493 ထူခြားတဲ့ချဉ်းကပ်မှုမှာ ရောင်ပြန်ဟပ်တယ်။ 32 00:01:35,493 --> 00:01:39,633 ဒါကို သူက "နှစ်ခန်းပါတဲ့ အလွမ်းအသောစုံတဲ့ ပြဇာတ်တစ်ပုဒ်"လို့တံဆိပ်ကပ်ခဲ့တယ်။ 33 00:01:39,633 --> 00:01:42,083 ဝမ်းနည်းစရာက ဇာတ်ကောင်တွေဟာ 34 00:01:42,083 --> 00:01:45,203 ဖြစ်တည်မှု ပဟေဠိမှာပိတ်မိနေတယ်၊ သူတို့ကို ရည်ရွယ်သဘောတစ်ခုပေးဖို့ 35 00:01:45,203 --> 00:01:47,963 မသိသေးတဲ့သဏ္ဌာန်တစ်ခုကို အချည်းနှီး စောင့်နေပေမဲ့ 36 00:01:47,963 --> 00:01:49,863 သူတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်သဘောက 37 00:01:49,863 --> 00:01:52,583 စောင့်ဆိုင်းခြင်းက လာတာပါ။ 38 00:01:52,583 --> 00:01:55,263 စောင့်နေတုန်းမှာ ငြီးငွေ့မှုထဲကို သူတို့နစ်ဝင်သွားတယ်၊ 39 00:01:55,263 --> 00:02:00,253 ဘာသာရေးဆိုင်ရာ ထိတ်လန့်မှုကိုဖေါ်ပြပြီး မိမိကိုယ်ကိုသတ်သေဖို့ ဆင်ခြင်ကြတယ်။ 40 00:02:00,253 --> 00:02:03,683 ဒါပေမဲ့ ရယ်စရာကောင်းတာက သူတို့ အကျပ်အတည်းမှာ ငေါထွက်နေတဲ့ ဟာသရှိတာပါ၊ 41 00:02:03,683 --> 00:02:06,513 သူတို့ရဲ့ဘာသာစကားနဲ့ လှုပ်ရှားမှုတွေမှာ တွေ့ရပါတယ်။ 42 00:02:06,513 --> 00:02:09,733 သူတို့ရဲ့တုံ့ပြန်ဆက်သွယ်မှုတွေဟာ အဓိပ္ပာယ်မရှိတဲ့ စကားလုံးဖန်တာ၊ 43 00:02:09,733 --> 00:02:11,613 ထပ်တာ၊ အနက်နှစ်ခွထွက်တာတွေပြည့်နေတယ်၊ 44 00:02:11,613 --> 00:02:14,723 ရုပ်ပိုင်း ပြက်လုံးထုတ်တာ၊ သီချင်းဆိုတာ၊ ကတာ၊ 45 00:02:14,725 --> 00:02:17,325 ကသုတ်ကရက် ဦးထုပ်တွေလဲတာ တွေလည်းပါတာပါ။ 46 00:02:17,325 --> 00:02:19,955 မကြာခဏ မရှင်းလင်းတာက ပရိတ်သတ်က ရယ်မလား၊ ငိုမလား၊ 47 00:02:19,955 --> 00:02:22,835 Beckett ဟာ သူတို့နှစ်ဦးကြားက ခြားနားမှုကို 48 00:02:22,835 --> 00:02:25,855 မြင်လေမလားဆိုတာပါ။ 49 00:02:25,855 --> 00:02:27,915 Beckett ဟာ ဒဗ္ဗလင်မှာမွေးပြီး 50 00:02:27,915 --> 00:02:30,895 ပဲရစ်ကိုမပြောင်းခင် အင်္ဂလိပ်၊ ပြင်သစ်နဲ့အီတလီကို လေ့လာခဲ့တယ်၊ 51 00:02:30,895 --> 00:02:33,605 အဲဒီမှာ ပြဇာတ်၊ ကဗျာနဲ့ စကားပြေရေးရင်း သူ့ဘဝအချိန်အများစု 52 00:02:33,605 --> 00:02:35,705 ကုန်ဆုံးခဲ့တယ်။ 53 00:02:35,705 --> 00:02:38,575 Beckett ဟာ ဘာသာစကားကို တစ်သက်တာ ချစ်မြတ်နိုးစိတ်ရှိပေမဲ့ 54 00:02:38,575 --> 00:02:42,575 သူ့လက်ရာထဲမှာ အဟတွေ၊ ရပ်တာတွေနဲ့ လစ်ဟာမှု တဒင်္ဂတွေကို ပေါင်းစပ်ရင်း 55 00:02:42,575 --> 00:02:46,575 တိတ်ဆိတ်မှုအတွက် နေရာလွတ် ဖန်းတီးခဲ့သေးတယ်။ 56 00:02:46,575 --> 00:02:50,265 ဒါဟာ သူ့ မူပိုင်အမှတ်အသား၊ရဲ့ အဓိကအင်္ဂါရပ်တစ်ခု၊ 57 00:02:50,265 --> 00:02:53,155 မညီတဲ့ ဇာတ်အဟုန်၊ ကြေကွဲဖွယ် ဟာသပါ၊ 58 00:02:53,155 --> 00:02:56,405 ဒါက Theatre of the Absurd တစ်လျှောက်လုံး လူကြိုက်များလာခဲ့တာပါ။ 59 00:02:56,405 --> 00:02:58,885 သူဟာ အသိခက်တဲ့ သရုပ်သကန်ကိုလည်း ပျိုးထောင်ခဲ့ပြီး 60 00:02:58,885 --> 00:03:02,235 သူ့လက်ရာရဲ့ဆိုလိုချက်အကြောင်း ထင်မြင်ချက်တွေကို အတည်ပြုဖို့ 61 00:03:02,235 --> 00:03:04,585 (သို့) ငြင်းဆန်ဖို့ ငြင်းဆန်ခဲ့တယ်။ 62 00:03:04,585 --> 00:03:06,175 ဒါက ပရိတ်သတ်ကို ဆက်မှန်းဆစေပြီး 63 00:03:06,175 --> 00:03:09,395 သူ့ရဲ့သဘာဝလွန် လောကတွေနဲ့ ပဟေဠိဆန်တဲ့ ဇာတ်ကောင်တွေမှာ 64 00:03:09,395 --> 00:03:12,427 သူတို့ရဲ့စွဲလမ်းမှု တိုးလာစေတယ်။ 65 00:03:12,427 --> 00:03:15,287 ရှင်းလင်းတဲ့အဓိပ္ပါယ်ကင်းမဲ့မှုဟာ Godot ကို 66 00:03:15,287 --> 00:03:17,547 အဆုံးမရှိတဲ့ အဓိပ္ပါယ်ကောက်မှုကို ဖွင့်ပေးတယ်။ 67 00:03:17,547 --> 00:03:20,767 ဝေဖန်သူတွေက ပြဇာတ်အကြောင်း မရေတွက်နိုင်တဲ့ သဘောထားတွေပေးခဲ့တယ်၊ 68 00:03:20,767 --> 00:03:24,387 ပြဇာတ်ကိုယ်၌ရဲ့ ဇာတ်ကွက်ကို ထင်ဟပ်တဲ့ ထွေပြားမှုနဲ့ ထင်မြင်ချက်ရဲ့ 69 00:03:24,387 --> 00:03:27,627 သံသရာတစ်ခု အကျိုးဆက်ဖြစ်စေရင်းပေါ့။ 70 00:03:27,627 --> 00:03:30,727 ၎င်းကို စစ်အေးရူပကအလင်္ကာတစ်ခု၊ 71 00:03:30,727 --> 00:03:33,217 ပြင်သစ် ပြန်လည်ဆန်းသစ်ရေးနဲ့ 72 00:03:33,217 --> 00:03:36,227 ဗြိတိန်ရဲ့ အိုင်ယာလန် ကိုလိုနီပြုမှုရဲ့ အဖြစ် ဖတ်ကြတယ်။ 73 00:03:36,227 --> 00:03:38,317 ဇာတ်လိုက်နှစ်ဦးရဲ့ အင်အားဟာ 74 00:03:38,317 --> 00:03:40,467 ပြင်းထန်တဲ့ ငြင်းခုံမှုကိုလည်း အစပျိုးပေးတယ်။ 75 00:03:40,467 --> 00:03:43,307 ၎င်းတို့ကို ကမ္ဘာပျက်ကိန်းရဲ့ ရှင်ကျန်သူတွေအဖြစ် ဖတ်ကြတယ်၊ 76 00:03:43,307 --> 00:03:45,817 ဇရာအိုအတွဲတစ်ခု၊ မစွမ်းဆောင်နိုင်တဲ့ မိတ်ဆွေနှစ်ဦး၊ 77 00:03:45,817 --> 00:03:51,537 Freudအတ္တနဲ့ မသိစိတ်ကို လူပုဂ္ဂိုလ်အဖြစ် ခိုင်းနှိုင်းမှုအဖြစ်နဲ့တောင်ပါ။ 78 00:03:51,537 --> 00:03:53,707 အထင်အရှား Beckett ဆိုခဲ့တာက 79 00:03:53,707 --> 00:03:56,707 သူသေချာနိုင်တာဆိုလို့ Vladimir နဲ့ Estragon တို့ဟာ 80 00:03:56,707 --> 00:03:59,667 အနားကော့ ဦးထုပ်လုံးဆောင်းထားတာပဲ"တဲ့။ 81 00:03:59,667 --> 00:04:02,567 ဝေဖန်ရေးထင်မြင်ချက်နဲ့ စိတ်တိုစရာကောင်းတဲ့ ဇာတ်ကွက်လိုပဲ 82 00:04:02,567 --> 00:04:05,227 သူတို့ရဲ့ဘာသာစကားဟာ မကြာခဏတော့ ဘာမဟုတ်တာကို 83 00:04:05,235 --> 00:04:08,405 ငြင်းခုံ၊ကျီစယ်တဲ့ နှစ်ယောက်လို အတွေးစပြတ်သွားတယ်၊ 84 00:04:08,405 --> 00:04:11,285 နောက်တော့ ပြီးတဲ့နေရာက ပြန်ကောက်တယ်။ 85 00:04:11,285 --> 00:04:14,335 Vladimir: အစကနေပြန်စလို့ရလောက်တယ်ကွ။ 86 00:04:14,335 --> 00:04:16,475 Estragon: ဒါက လွယ်လိမ့်မယ်ကွ။ 87 00:04:16,475 --> 00:04:19,395 Vladimir: ခက်တာက အစပဲကွ။ 88 00:04:19,395 --> 00:04:21,815 Estragon: ဘာကနေဖြစ်ဖြစ် စလို့ရတာပဲလေ။ 89 00:04:21,815 --> 00:04:24,285 Vladimir: ဟုတ်တယ်၊ဒါပေမဲ့ မင်းဆုံးဖြတ်ရမှာလေ။ 90 00:04:24,285 --> 00:04:28,175 Beckett က ကျွန်ုပ်တို့ကို အမှတ်ရစေတာက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေလိုပဲ 91 00:04:28,175 --> 00:04:31,245 ဇာတ်ခုံပေါ်က လောကဟာ အမြဲတော့ ယုတ္တိမတန်ဘူးဆိုတာပါ။ 92 00:04:31,245 --> 00:04:34,925 ၎င်းဟာ သဘာဝကျမှုနဲ့ စိတ်လှည့်စားမှု၊ အကျွမ်းဝင်မှုနဲ့ ဆန်းပြားမှု 93 00:04:34,925 --> 00:04:37,025 နှစ်ခုစလုံးကို ဖွေရှာနိုင်ပါတယ် 94 00:04:37,025 --> 00:04:40,555 ပြီးတော့ ဆွဲဆောင်နိုင်ဆဲ သေသပ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုပေမဲ့ 95 00:04:40,555 --> 00:04:45,575 အကောင်းဆုံး ပြဇာတ်ကတော့ ကျွန်ုပ်တို့ကို ဆက်ပြီး တွေးစေ၊ စောင့်နေစေတုန်းပါ။