အိုး၊
များလိုက်တဲ့ ပရိသတ်။
ဒါပေမဲ့ ရိုးရိုးသားသားဆိုရင် ကျွန်တော့်
ဟောပြောချက်ကို သင်တို့ ဘာထင်ထင်
ကျွန်တော်က အရေးကို မစိုက်တာ။
အင်တာနက်က ထင်တာကိုတော့
အရေးစိုက်တယ်။
(ရယ်သံများ)
ဘာလို့ဆိုတော့ ဒါတွေက
လူမြင်ခံရ၊ မျှဝေခံရတာကြောင့်ပါ။
ဒါက လူအများစု လွဲမှားနေတဲ့
နေရာလို့ ကျွန်တော်ထင်တယ်။
သူတို့က ဒီမှာ သင့်ကို စကားပြောနေတယ်
သင့်ကို စကားပြောမယ့်အစား ကြုံရာ လူက
Facebook ကို အထက်အောက် ရွှေ့နေတယ်။
ခလုတ်အတွက် ကျေးဇူးတင်ပါ။
သိတဲ့အတိုင်း ၂၀၀၉ ခုနှစ်တုန်းက
အာရုံစိုက်နိုင်တဲ့ ကာလများလို့ ခေါ်တဲ့
အထူးအဆန်းလေးတွေ ရှိကြတယ်လေ။
(ရယ်သံများ)
ဟုတ်တယ်၊ ဒါတွေ မရှိတော့ဘူး။
ကျွန်တော်တို့ သတ်လိုက်တာ၊ သေကုန်ပြီလေ။
၁၈ မိနစ် TED talk တစ်ခု ကြည့်ခဲ့တဲ့ နောက်
ဆုံးအချိန်ကို မှတ်မိဖို့ ကြိုးစားနေတာ
ကြာပါပြီ၊ တကယ့်ကို နှစ်တွေချီနေပြီ။
ဒီတော့ TED ဟောပြောချက်ကို
ပြုလုပ်နေတာဆိုရင် မြန်ပါစေ။
ကျွန်တော်က ပြောမှာ
တစ်မိနစ်တောင် ရှိမှာမဟုတ်ဘူး။
အခု ၄၄ စက္ကန့်ရှိပြီ ဆိုတော့၊
နောက်ဆုံး ပြက်လုံးအတွက် အချိန်ပါ။
ပူဖောင်းတွေက ဘာလို့
ဒီလောက် စျေးကြီးတာလဲ။
(ပရိသတ်) "ဘာလို့လဲ"။
WR: ဖောင်းပွမှုကြောင့်လေ
(ရယ်သံများ)
(လက်ခုပ်သံများ)