ကျွန်တော်တို့ဟာ ဆေးဝါးနိုင်ငံတစ်ခုမှာ နေထိုင်ကြတာပါ။ ဒီနှစ် အမေရိကန်တစ်ခုတည်းမှာတင် ၄.၅ ဘီလီယံ ဆေးညွှန်းတွေကို ကျွန်တော့လို ဆရာဝန်တွေက ညွှန်းပေးပါလိမ့်မယ်။ ဒါက အမျိုးသား၊အမျိုးသမီးနဲ့ ကလေးတိုင်းအတွက် ၁၅ ခုပါ ကျွန်တော်တို့အများစုအတွက် ဆေးဝါးနဲ့ကျွန်တော်တို့ရဲ့အတွေ့အကြုံက မကြာခဏ စိတ်ရှုပ်စရာ ဆေးလုံးအရေအတွက်၊ ညွန်ကြားချက်တွေ၊ ဘေးထွက်ဆိုးကျိုးတွေ၊ တစ်မျိုးသောက် ၉၆ ပါးပျောက်တဲ့ဆေးတွေပါ။ ဖြစ်လွန်းတာက ညွှန်းတဲ့အတိုင်း မသောက်တာပါ။ ဒါက အင်မတန်စရိတ်ကုန်ကျပြီး ကျွန်တော်တို့အချိန် ငွေနဲ့ ကျန်းမာရေးကို ထိခိုက်စေတာပါ။ လက်ရှိ စမ်းသပ်ဆဲ၊ ချိတ်ဆက်ထားတဲ့ ဒေတာမောင်းနှင်တဲ့ခေတ်မှာ ပိုကောင်းအောင်လုပ်နိုင်မယ်၊ လုပ်ရမယ်လို့ထင်ပါတယ်။ ဒီတော့ ကျွန်တော်တို့မှာရှိတဲ့ စိန်ခေါ်မှုတစ်ချို့နဲ့ အလားအလာရှိတဲ့ ဖြေရှင်းချက်တစ်ချို့ကို စူးစမ်းကြည့်ရအောင်။ များစွာသော ဆေးဝါးတွေဟာ အညွှန်းခံရတဲ့သူတွေအတွက် အလုပ်မဖြစ်ဘူး ဆိုတဲ့အချက်နဲ့ စလိုက်ရအာင်။ ဒီနှစ်မှာ အမေရိကန်ပြည်ထောင်စုက 
 ထိပ်တန်း ဆိုးရွားနေတဲ့ ဆေး ၁၀ မျိုးဟာ ဆေးသောက်သူ ၂၃ မှာ တစ်ဦးရှိပြီး လေးဦးမှာ တစ်ဦးပဲအကျိုးရှိပါတယ်။ သင်ဟာ နံပါတ်တစ်ဆိုရင် ကောင်းပေမဲ့ အခြားလူတွေကျတော့ရော။ ပိုဆိုးတာက ဆေးဝါးတွေဟာ တစ်ခါတစ်လေ အလုပ်မဖြစ်တဲ့အခါ ဘေးထွက်ဆိုးကျိုး ဖြစ်သေးတယ်။ အက်စပရင်ကို ကြည့်ပါ၊ နှလုံး ရောဂါဘေးကို လျော့ပါးဖို့သောက်ကြတဲ့ လေးယောက်မှာ တစ်ယောက်ခန့်ဟာ အမှုမဲ့အမှတ်မဲ့ပဲ အက်စ်ပရင် ဆေးမတိုးဘူး။ နှစ်စဉ် ထောင်ချီသေစေတဲ့ အစာအိမ် သွေးယိုမှုရဲ့ အလားတူဘေးတွေလည်း ရှိနေပါသေးတယ်။ ဘေးဖြစ်စေတဲ့ ဆေးဓာတ်မတည့်တဲ့ လက္ခဏာတွေကတော့ ဒီလိုတွေပါ၊ တစ်ချို့ခန့်မှန်းချက်တွေအရ အမေရိကန်ပြည်ထောင်စုမှာ နံပါတ်လေး အဓိကသေဆုံးမှုပါ ကျွန်တော့ အဖိုးဟာ သူ့ကျောက်ကပ် ပျက်ယွင်းစေတဲ့ ပဋိဇီဝဆေးတစ်ခွက်စာအပြီးမှာ ဆုံးပါးသွားခဲ့တယ်။ အခုဆို ဘေးဖြစ်တဲ့ ဆေးဓာတ်မတည့်တာ တွေနဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ မကြာခဏတော့ ဆေးညွှန်းရာမှာ စိန်ခေါ်မှုတွေနဲ့ ဆက်နွယ်နေပါတယ်။ လူသေးသေးတွေ ကလေးဆေးပညာ လူကြီးတွေ သောက်သုံးဆေးပညာကို ကျွန်တော် သင်ယူခဲ့တယ် ဒီတော့ တစ်ညမှာ တာဝန်ကျနေခဲ့နိုင်တယ်၊ မီလီဂရမ် အပိုင်းအထိ ဂရုတစိုက် ဆေးညွှန်းရင်းပေါ့ NIUC က ကလေးအတွက်ဆေးပေါ့ နောက်ညမှာ အရေးပေါ်အခန်းမှာ တာဝန်ကျတယ်၊ ပေါင် ၄၀၀ လိုင်းပြင်သမား(သို့) ချည့်နေတဲ့ ဘိုးဘွားရိပ်သာက လူနာကိုကုရင်း မှတ်တမ်းအများစုအရတော့ ပုံမှန်ဆေးညွှန်းတွေကနေ ဆေးတစ်မျိုးတည်းကို သောက်ခဲ့မယ့်သူပေါ့။ ဆိုလိုချင်တာက အများစုမှာတော့ လိုင်းပြင်သမားကို ဆေးလျှော့ပေးပြီး ဘိုးဘွားရိပ်သာလူနာကို ဆေးပိုပေးပါလိမ့်မယ်။ အသက်၊ကိုယ်အလေးချိန်ကိုလွန်ကာ ဆေးပေးရာမှာ လိင်နဲ့လူမျိုးကွာတာကို လျစ်လျူရှုရှုတတ်ကြပါတယ်။ ဒါရဲ့အလွန် ကျွန်တော်တို့မှာ လိုက်နာမှုမရှိ (သို့)လိုက်နာမှုနိမ့်တာနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုရှိတာသိပါတယ်။ ကိုယ့်ဆေးကိုယ်သောက်ဖို့လိုတဲ့သူ အများစုဟာ ဒါတွေကို ပြောမနေဘူး(သို့ မှန်ကန်စွာ ပြောမနေပါဘူး။ သိတဲ့အတိုင်း အမေရိကမှာ အသက် ၆၅ ကျော် လူကြီး ၄၀ % ကို ငါးခု (သို့) ဒါထက်ပိုတဲ့ ဆေးညွှန်းတွေပေးတယ်။ တစ်ခါတစ်လေ ၁၅၊ ဒါထက်ပိုတယ်။ လိုက်နာရာတွင် နည်းနည်းလေး တိုးတက်မှုကိုက ငွေသက်သာလျက် အသက်တွေ အံ့ဖွယ်ကယ်တင်ပေးမှာ။ ဒီတော့ အနာဂတ်ထဲကို တွေးစဉ်မှာ ဒီနေ့ ကိုယ်ဘယ်မှာလဲဆိုတာ တွေးတယ်၊ ခေတ်ဆန်တဲ့ တစ်ဦးချင်းကို ပစ်မှတ်ထားတဲ့ ဆေးဝါးတွေအကြောင်းကို မကြာခဏ ကြားသလိုပေါ့။ Internet of Things ဗီဇကုထုံး၊ AI တိကျတဲ့ ဆေးဝါးခေတ်ထဲမှာ ကျွန်တော်တို့ ရောက်နှင့်ပါပြီ။ တကယ်မှာတော့ စမ်းသပ်ဆဲ၊ မှားလိုက်ပြင်လိုက် မတိကျတဲ့ ခေတ်တစ်ခုမှာ နေထိုင်ဆဲပါ။ ပိုကောင်းအောင် လုပ်နိုင်တယ် သင့်ကို ဆေသောက်တာလွယ်ကူဖို့ ကူညီဖို့ နည်းလမ်းတွေ ပြန်လည်တွေးဆနိုင်မယ်ဆိုရင်ရော။ သင်နဲ့လိုက်ဖက်ဖို့ သင့်တော်တဲ့ ဆေးပမာဏနဲ့ ပေါင်းစပ်ခြင်း ရဖို့ဆိုရင်ရော။ ဆေးလုံးဖြတ်စက်တွေ၊ ဖက်စ်တွေရဲ့ ဒီကနေ့ရဲ့ တကယ့် ခေတ်အမီဆုံးကိုလွန်ပြီး ပိုကောင်းတဲ့ရလဒ်၊ ပိုနည်းတဲ့စရိတ်၊ အသက်တွေ ကယ်ပြီး သင့်ဆေးဘီရို နေရာသက်သာတဲ့ ခေတ်တစ်ခုဆီ ပြောင်းနိုင်မယ်ဆိုရင်ရော။ ကောင်းပြီ၊ ကျန်းမာရေးစောင့်ရှောက်မှု သတင်းအချက်အလက်တွေကို တိုင်းတာ၊ဆက်သွယ်နိုင်တဲ့ ပေါ်လာတဲ့ နည်းလမ်းတွေဟာ အဖြေရဲ့တစ်ပိုင်း ထင်တယ်။ ယနေ့ တုံ့ပြန်တဲ့၊ နာဖျားမှုစောင့်ရှောက်တဲ့ ကမ္ဘာထဲမှာ နေလုလုပါ မစီးဆင်းတဲ့ သီးခြားခွဲထားတဲ့ သတင်းအချက်အလက်ပါ တကယ့်ကျန်းမာရေးစောင့်ရှောက်မှုရဲ့ ပိုငြိမ်၊အချိန်ကိုက်ဖန်တီးတဲ့ ကမ္ဘာထဲကို ရွေ့လျားဖို့ စွမ်းအားရှိပါတယ်။ ဒါရဲ့တစ်စိတ်တစ်ပိုင်းက တိုင်းတာထားတဲ့ အတ္တကိုယ်နဲ့ စတင်ပါတယ်၊ ယနေ့ ကျွန်တော်တို့ ဇီဝကမ္မနဲ့ အပြုအမူတွေကို များစွာတိုင်းတာနိုင်ပြီး မကြာခဏ ဖုန်း၊ပေါင်ချိန်စက် တွေမှာမြှုပ်ထားတယ် ဒါပေမဲ့ ဆရာဝန်တွေနဲ့ စောင့်ရှောက်သူတွေကို စတင်ဆက်သွယ်တယ်၊ ကာကွယ်တာ၊ ဆေးစစ်တာနဲ့ ကုထုံးတွေ တိုးမြှင့်နိုင်အောင်ပါ။ ဒါကိုလုပ်နိုင်တဲ့အခါ စိတ်ဝင်စားစရာတစ်ချို့လုပ်နိုင်ပါတယ်။ သွေးတိုးရောဂါကို နမူနာကြည့်ပါ။ ၎င်းဟာ ကမ္ဘာအနှံ သေမှုနဲ့ အနိဌာရုံအစွဲ အတွက် နံပါတ်တစ်ဘေးဖြစ်တဲ့ အကြောင်းရပ်ပါ။ ခန့်မှန်းခြေ အမေရိကန်လူကြီး ထက်ဝက်ဟာ သွေးတိုးရှိပါတယ်။ တစ်ဝက်လျော့လျော့ပဲ ကောင်းစွာထိန်းချုပ်ထားတယ် အကြောင်းက ၎င်းဟာ မကြာခဏ ဆေးအမျိုးအစား နှစ်ခု(သို့) သုံးခုလိုတာကြောင့်ပါ။ ၎င်းဟာ လိုက်နာဖို့နဲ့ သွေးပေါင်ဆေးတွေကို ညှိဖို့ ခဲယဉ်းပါတယ်။ အမေရိကမှာ နေ့စဉ် ထိန်းချုပ်မရတဲ့ သွေးတိုးခြင်းကနေ ကာကွယ်လို့ရတဲ့ သေဆုံးမှု ၅၀၀ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်သွယ်ထားတဲ့ သွေးပါင်အနားတွေရဲ့ခေတ်မှာ နာရီထဲဝင်နိုင်တဲ့ သွေးပေါင် အနားတစ်ခုကို FDA က အတည်ပြုခဲ့ပါတယ်။ အခုဆို သင့်သွေးပါင်ကို အဆက်မပြတ် စီးဆင်းစေနိုင်တဲ့ သွေးပါင်အခြေခံ အနားမဲ့ ရေဒါစက်တွေရဲ့ ရှေ့ပြေးတွေရှိပါတယ်။ ဒီတော့ အနာဂတ်မှာ သွေးပေါင်ကို ဆေးခန်းထဲမှာ အလစ်ဝင် စစ်ဆေးတာအစား ဆရာဝန်က ကျွန်တော့ အချိန်ကိုက် နံပါတ်တွေနဲ့ လားရာတွေကို စစ်ဆေးက လိုအပ်သလို ညှိပေးနိုင်ပါတယ်၊ သွေးပေါင် ဆေးပမာဏ အယ်လ်ဂိုရစ်သမ်အကူအညီနဲ့ (သို့) Internet of Things ကို အသုံးပြုရင်းပါ။ ကဲ ယနေ့ နည်းပညာဟာ ပိုတောင် တတ်နိုင်ပါသေးတယ်။ ကျွန်တော့ရဲ့ စမတ်ဝပ်ချ်ဟာ ဒီနေ့ EKG တစ်ခုတောင်ပါတယ် ၎င်းကို ဉာဏ်ရည်တုကနေ ဖတ်နိုင်ပါတယ်။ ဆေးပလတ်စတာအရွယ် အပိုးလေးတစ်ခုကို ကျွန်တော်ဝတ်ထားပါတယ်၊ ကျွန်တော့ အဓိလက္ခဏာတွေ အခု လွှင့်ပေးနေတယ်။ တစ်ချက်ကြည့်ရအောင်။ ၎င်းတို့ဟာ လောလောဆယ်တော့ စိတ်ပူစရာလေးတစ်ခုပေါ့။ (ရယ်သံများ) ဒါဟာ ကျွန်တော်ကိုယ်တိုင်(သို့) အဖွဲ့က မြင်နိုင်တဲ့ အချိန်ကိုက် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေမဟုတ်ဘူး ပြန်တွေးထားတဲ့ ဒေတာတွေဖြစ်နိုင်တယ်။ ထပ်ပြောရရင် ဆေးပမာဏနဲ့ ရှေ့ဆက်မယ့် ဆေးတွေကို မွမ်းမံဖို့သုံးပါလိမ့်မယ်။ ကျွန်တော့ကိုယ်အလေးချိန်တောင် အထူးတိုင်းတာနိုင်တယ်။ ကိုယ်အလေးချိန်၊ ကိုယ်အနေအထား၊ ကိုယ်ရဲ့ထု၊ အဆီ၊ ကြွက်သားထု ဘယ်လောက်ရှိနိုင်လဲဆိုတာနဲ့ ကာကွယ်မှုနဲ့ ကုထုံးကို ပိုကောင်းအောင် လုပ်ဖို့ အသုံးပြုပါတယ်။ ဒါက နည်းပညာ ကျွမ်းကျင်မှုပဲမဟုတ်ပါဘူး အခု MIT အင်ဂျင်နီယာတွေဟာ wi-fi ကို မွမ်းမံပြီးသွားတာကြောင့် အဓိက လက္ခဏာတွေကို ဆက်သွယ်ထားတဲ့ ကွင်းတွေ စမတ်မွေ့ရာတွေကနေ စပ်ကြောင်းမဲ့ ဆက်သွယ်၊ စုစည်းနိုင်ပါတယ်။ ဒစ်ဂျစ်တယ် အခိုးနဲ့ ဒစ်ဂျစ်တုမ်းတွေကို စတင်မျှဝေနိုင်ပြီး လူအများရယူနိုင်ဖို့တောင်အလားအလာရှိပါတယ်၊ ကျန်းမာရေးသတင်း မျှဝေတာဟာ Google Maps မျှဝေပြီး ကားမောင်းခြင်းမျိုးပါ၊ ကားမောင်းတာမဟုတ်ပဲ ကမ္ဘာအနှံ့ ကျန်းမာရေး အတွေ့အကြုံ တိုးတက်ဖို့ပါ။ ဒီတော့ ဒါက သိပ်ကောင်းပါတယ်။ အခု ဒီအချက်အလက်ကို ကောက်ယူယဖို့ရာဖြစ်နိုင်ပါတယ်။ သင်တို့ဓာတ်ခွဲခန်းတွေဟာ ဗဟိုဓာတ်ခွဲကနေ သင်တို့အိမ်၊ သငိတို့ဖုန်း၊ သင်တို့ခန္ဓာတွေထဲအထိတောင် ဆေးအဆင့်တွေနဲ့ အခြားမျိုးစုံကို တိုင်းတာဖို့ သွားနိုင်တယ်ဆိုရင်ရော။ တကယ်တမ်း ကျွန်တော်တို့ဟာ ဂျီနိုးမစ် ခေတ်မှာပါ ကျွန်တော့ကို လေ့လာစိစစ်ထားတယ်၊ တစ်ရက် ဒေါ်လာ ၁၀၀၀ ထက်နည်းတယ်၊ ကျွန်တော့ရဲ့ pharmacogenomics စတင်နားလည်နိုင်ပါတယ် ဗီဇက သက်ရောက်ပုံ လိုအပ်တဲ့ ဆေးပမာဏမြင့်တာ၊နိမ့်တာ (သို့) မတူတဲ့ ဆေးနဲ့ ပေါင်းတာဖြစ်ဖြစ်ပါ သင့်ရဲ့သမားတော်(သို့) ဆေးစပ်သမားမှာ သူတို့ရဲ့ အလုပ်စဉ်ထဲကို ပေါင်းစည်းပေးတဲ့၊ ဉာဏ်ရည်တုနဲ့ ပွားတဲ့ ဒီသတင်းအချက်အလက် ရှိတယ်လို့ စိတ်ကူးကြည့်ရအောင်။ AI (သို့) ကျွန်တော့အကြိုက် IA ဉာဏ်ရည် တိုးပွားခြင်း၊ သတင်းအချက်အလက်ကို ကုတ်တင်ဖို့ ၁၈၀၀၀ နဲအထက်ရှိတဲ့ အသိအမှတ်ပြု ဆေးဝါးတွေကို နားလည်ဖို့ ဒါဟာ သင့်အတွက် မှန်ကန်တဲ့ ဆေးပမာဏနဲ့ ဆေးအတွဲဖြစ်ပါလိမ့်မယ်။ သိပ်ကောင်းတယ်၊ ဆေးနဲ့ဆေးပမာဏ ပိုကောင်းအောင်လုပ်နိုင်လောက်တယ်။ ဒါပေမဲ့ ဒီနေ့ ပြဿနာက ကျွန်တော်တို့ရဲ့ ဆေးတွေကို မျက်ခြည်မပြတ်ဖို့ ဒီနည်းပညာကို သုံးနေကြတုန်းဆိုတာပါ။ တကယ်တမ်းက ဒီနည်းပညာတွေက ဆင့်ကဲပြောင်းလဲတယ်၊ ဆက်ထားတဲ့ ထုတ်ပေးစက်တွေ၊ သတိပေးချက် အပ်တွေ၊ ဆေးပုလင်းအဖုံးလေးတွေဟာ သင်ဆေးမသောက်ရေသေးဘူးဆိုရင် သင်နဲ့သင့်အမေကို သတင်းပို့နိုင်တယ်။ PillPack ကို Amazon က ယူထားတော့ မကြာခင်မှာ မောင်းသူမဲ့လေယဉ်နဲ့ နေ့ချင်းပဲ ဆေးတွေကို ပို့ခိုင်းနိုင်လောက်တယ်။ ဒီတော့ ဒီအရာအားလုံးဟာ ဒီနေ့မှာ ဖြစ်နိုင်ပေမဲ့ ဆေးမျိုးစုံကို သောက်နေကြတုန်းပါ။ ပိုရိုးစင်းအောင်လုပ်နိုင်ရင်ရော အဖြေတစ်ခုက ရောဂါစုံပျောကိတဲ့ ဆေးကို ပိုကောင်းအောင်သုံးဖို့ပဲထင်တယ်။ ရောဂါစုံပျောက်ဆေးလုံးဟာ ဆေးမျိုးစုံကို ဆေးတစ်လုံးထဲမှာ ပေါင်းစပ်မှုပါပဲ။ ယနေ့မှာ အအေးမိတာ၊ဖျားနာပျောက်ဆေး တွေမှာ ဒီတူညီမှုတွေရှိတယ်။ ကာကွယ်ရေး ရောဂါစုံပျောက်ဆေး လေ့လာမှုတွေလုပ်ပြီးပြီ။ စတက်တင်၊ သွေးပေါင်၊အက်စပရင်း ပေါင်းစပ်မှုတွေကိုပေးရင်းပါ ကျပန်းလုပ်ထားတဲ့လေ့လာမှုတွေမှာ ပြတားတာက ဆေးတုနဲ့ယှဉ်ရင် ဘေးဖြစ်မှု သိသာစွာ လျော့ဖို့ပါ ဒါပေမဲ့ အစုံပျောက်ဆေးလုံးဟာ တစ်ဦးချင်း အတွက်၊ တစ်ဦးချင်း ပိုကောင်းဖို့မဖြစ်ခဲ့ဘူး သင့်အစုံပျောက်ဆေးကို ပိုကောင်းအောင်လုပ်နိုင်ရင်ရော ဒီတော့ သင့်ကိုအခြေခံပြီး၊ လုပ်ပေးမယ်၊ ကိုက်ညီအောင်လုပ်နိုင်တယ်။ တစ်နေ့ချင်းအတွက်တောင်ပါ။ အခု 3D ပုံနှိပ်ခေတ်မှာ တစ်ကိုယ်ရေသုံး သွားစွပ်တွေ၊နာကြားကိရိယာတွေ၊ အရိုးရောဂါကိရိယာတွေ ထုတ်နိုင်တယ် စကင်ဖတ်ပြီးတောင် ကျွန်တော်နဲ့တော်တဲ့ ဂျင်းဘောင်းဘီ ချုပ်ခိုင်းလို့ရတယ်။ ဒါက ကျွန်တော့ကိုတွေးမိစေတာက တစ်ကိုယ်ရေသုံး ရောဂါစုံပျောက်ဆေးလုံးကို 3D နဲ့ ရိုက်နှိပ်နိုင်မယ်ဆိုရင်ရော ဒီတော့ ဥပမာ ဆေးခြောက်လုံး သောက်တာအစား တစ်လုံးတည်း ပေါင်းစပ်နိုင်တယ်။ ဒီတော့ ဆေးသောက်တာပိုလွယ် လိုက်နာမှုတိုးတက်မှုမယ်၊ အလားအလာက ဗိုက်တာမင် D (သို့) CoQ10 တို့လို ဖြည်စွက်ဆေးတွေမှာတောင် ပေါင်းစပ်နိုင်ပါတယ်။ ဒီတော့ အကူအညီတစ်ချို့နဲ့"IntelliMeds" လို့ ကျွန်တော်ခေါ်ပြီး IntelliMedicine အင်ဂျင်နီယာအအဖွဲ့အကူအညီနဲ့ ပတမဦးဆုံး IntelliMedicine ရှေ့ပြေး ပုံနှိပ်စက်တည်ဆောက်ခဲ့တယ်။ ဒီမှာ ၎င်း အလုပ်လုပ်ပုံက- ဆေးလုံအပြည့်အစား ဆေးလုံးအသေးစားလေးတွေရှိပါတယ်။ တစ်လုံး ၁ (သို့) ၂ မီလီဂရမ်ပါ၊ ဒါတွေကို တစ်ဦးချင်းအတွက် လိုအပ်တဲ့ ဆေးပမာဏနဲ့ ဆေးအတွဲကို အခြေခံကာ ကောက်နှုတ်ရွေးချယ်ပါတယ်။ တကယ်တမ်းက ဒီဆေးတွေဟာ FDA အသိအမှတ်ပြုထားတဲ့ တွဲသောက်နိုင်တဲ့ ဆေးပမာဏနဲ့ ဆေးအတွဲတွေဖြစ်လိမ့်မယ်၊ မိုက်ခရိုက်မက်တစ်ခုချင်းစီပေါ်မှာ မတူတဲ့ ဒြပ်စင်တွေကို ပညာသားပါပါထပ်ရင်း ဆေးဝါးဗေဒ တုံ့ပြန်မှုကို ပြောင်းနိုင်တယ်။ ရိုက်နှိပ်လိုက်တဲ့အခါ တစ်နေ့ချင်းအတွက် သင့်အတွက် လိုအပ်နိုင်တဲ့ ဆေးအတွဲကို သင်ရိုက်နှိပ်တာပါ။ အဖြစ်အများဆုံး ပြဿနာတွေအတွက် အများသုံးဆေးတွေနဲ့ စတင်ပါဦးမယ်၊ ယနေ့ ညွှန်းထားတဲ့ဆေး ၉၀ ခန့်ဟာ စရိတ်နည်း အများသုံးဆေးတွေပါ။ ဆေးလုံးကို ရိုက်နှိပ်ပြီးတာနဲ့ ပျော်စရာ အဆင်တန်ဆာလေးတွေလုပ်နိုင်ပါတယ်။ လူနာရဲ့အမည်၊ နေ့စွဲ၊ နေ့ရက်နဲ့ QR ကုဒ်ကို ရိုက်နှိပ်လို့ရတယိ။ စတီးရွိက် လျော့ပါးမှုတစ်ခုမှာ လူနာအတွကိ လျော့ပါးရေးဆေးမျိုးစုံ ရိုက်နှိပ်နိုင်တယ်၊ (သို့) နာကျင်တဲ့ဆေးတွေကနေ လျော့ပါးခြင်းပေါ့။ ဒီတော့ ရှေ့ပြေး IntelliMedicine ပုံနှိပ်စက်ရဲ့ တကယ့် အသွင်ပါ။ ကြည့်ပါ၊ ဒီမှာ ဖွင့်ပြလိုက်တယ်၊ တစ်ခုစီမှာ သီးခြား မိုက်ခရိုက်မက်တွေပါတဲ့ ထည့်စရာ ၁၆ မျိုးပါတယ်၊။ အခု ဆေးပမာဏတစ်ခုချင်းကို ဆော့ဖ်ဝဲမှာ အခု ညှိနိုင်ပါတယ်။ ဒါကို လုပ်တဲ့အခါမှာ စက်ရုပ်လိုလက်က ဒီစပန်ဆူးတွေရဲ့ အမြင့်ကို ညှိပေးပြီး မိုက်ခရိုမက်တွေ ထုတ်ပေးပါမယ်။ အခု ကျွန်တော်... စက်လုပ်တဲ့လုပ်ငန်းစဉ်ဟာ မိုင်ခရိုမက်တွေဖြည့်တာ သေချာဖို့ လည်ပတ်ဖြစ်သန်းသွားလိမ့်မယ်။ ရိုက်နှိပ်တဲ့ခလုတ်ကို နှိပ်တဲ့အခါ ဒါတွေအားလုံး စက်ကနေ ကျသွားမယ်။ ကျွန်တော့ ဆေးပမာဏနဲ့ ကျွန်တော့ကိုညွှန်းတဲ့ဆေးတွေနဲ့အတူ အခု ကျွန်တော့အတွက်ထုတ်ထားတဲ့ ဆေးစုံဆေးလုံးကို ဆွဲထုတ်လိုက်မယ်၊ ဆလိုက်တွေကိုပြန်ကြည့်ရင် တစ်ချက်ကြည့်နိုင်ပါတယ်၊ ဖြစ်စဉ်တစ်ခုလုံးကို မြင်နိုင်ပါတယ်၊ ဆေးသိုလေှာင်ရာတွေ ရွေးချယ်တာကို မြင်ရတယ်၊ ဆေးလုံးတွေ သိုလှောင်အမျိုမျိုးကိုဆင်းတယ် သီးခြားဆေးတောင့်ထဲမှာ စုနေပါတယ်။ ကဲ ဒါက အတော်ကာင်းပါတယ်၊ ဆေး ၆ လုံးသောက်တာအစား ကိုယ့်ကိုအြခပြုတဲ့ဆေး ရိုက်ထုတ်နိုင်တဲ့ အလားအလာပါ။ အခု ကျွန်တော့ရဲ့ ကိုယ်ပိုင်ဆေးသုံးမှုကို ကြည့်နေနိုင်ပါတယ်၊ ကျွန်တော့ စမတ်ဝပ်ချ်ဟာ သွေးပေါင်ကို ကြည့်နေတယ် ကျွန်တော့ သွေးပေါင် ဆေးတွေကို ညှိဖို့လိုပါတယ်။ ကူမာဒင်အဆင့်၊ ကျွန်တော့သွေးဟာ ကျဲလွန်းတော့ သွေးကျဲပစ္စည်း ကူမာဒင်ရဲ့ မိုက်ခရိုမက်အသုံးကို လျှော့ချတယ်။ ဒီတော့ သမားတော် (သို့) နှလုံးအထူးကုရဲ့ ညွှန်ကြားမှုနဲ့ နေ့စဉ် လိုက်ဖက်စွာ ပြုပြင်နိုင်တယ်။ ဒီလို ပိုကြီးတဲ့ မြန်တဲ့ ပုံနှိပ်စက်တွေကို စိတ်ကူးကြည့်နိုင်ပါတယ်၊ သင့်ရဲ့ လမ်းထောင့်ဆေးဆိုင်မှာ သင့် ဆရာဝန်ဆေးခန်းမှာ ကျေးလက်ဆေးခန်းတစ်ခုမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး အသေးလေးတွေအဖြစ် ပေါင်းချုံ့နိုင်တယ်၊ အိမ်မှာဖြစ်နိုင်တယ်။ မောင်းသူမဲ့လေယာဉ်နဲ့ ပို့ထားတဲ့ ဒီလိုပေါင်းစပ်ထားတဲ့ အတောင့်နဲ့ပါ၊ မနက်တိုင်း မီးဖိုချောင်(သို့) ရေချိုးခန်း ဘီရိုပေါ်မှာ သင့်ကိုယ်ပိုင် အစုံဆေးလုံး ရိုက်ထုတ်နိုင်င်ပါတယ်၊ ပြီးတော့ ဒါက ကမ္ဘာအနှံ့က ဆေးဝါးတွေမှာ လိုက်နာမှုတိုးတက်ဖို့ မယုံနိုင်တဲ့ နည်း တစ်ခုအဖြစ်ပြောင်းလဲနိုင်တယ်ထင်တယ်။ ဒီတော့ ဆေးဝါးရဲ့ အနာဂတ်ကို နည်းသစ်တွေနဲ့ ပြန်လည်တွေးဆနိုင်ဖို့ မျှော်လင့်ပါတယ်၊ အစုံပျောက်တဲ့ဆေး၊ တစ်လုံးသောက်အကုန်ပျောက် လိုက်နာမှုနိမ့်တဲ့၊ ရှုပ်ထွေးမှုတွေကနေ တစ်ဦးချင်းအတွက်၊ထုတ်ထားတဲ့၊ တိကျတဲ့၊ တောင်းဆိုတဲ့ ဆေးဝါးခေတ်ကိုပြောင်းခြင်းပါ။ ဒါက ကျွန်တော်တို့ ကိုယ်ပိုင်ကျန်းမာရေးနဲ့ ကမ္ဘာအနှံ့က ကျန်းမာရေးနဲ့ ဆေးဝါးကို သီးခြားလက္ခဏာဆောင်စေပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ (လက်ခုပ်သံများ) တင်ဆက်သူ။ Daniel ဒါက အံ့ဖွယ်ရာပဲ။ တကယ်မိုက်တာပဲ။ ဒါပေမဲ့ ရှင့်အတွက် မေးခွန်းက ဘယ်တော့လောက်ကြာမှ ရှင်ပြောခဲ့တဲ့ ဘိုးသွားရိပ်သာ လူနာက သူတို့ရိပ်သာမှာ ဆေးလုံးတွေ ပုံနှိပ်ထုတ်ပေးနိုင်မလဲ။ Daniel Kraft: အင်း၊ ထပ်ပြောရရင် ဒါက ရှေ့ပြေးပုံစံတစ်ခုပါ။ ထိန်းညှိရေးလမ်းကြောင်းက စက်ကိုသုံးတဲ့ အရောလို့ ထင်ပါတယိ၊ အထူးသဖြင့် ဘိုးဘွားရိပ်သားတွေမှာ လူနာတွေဟာ ဆေးပေါင်းစုံသောက်နေကြပြီး သူတို့ မကြာခဏ ရောထွေးတတ်ကြတယ် ဒီတော့ ဒီနည်းပညာတွေနဲ့ စဖို့ ခန့်မှန်းနေရာ တစ်ခုဖြစ်လိမ့်မယ် ဒါတွေဟာ ရေးချိုခန်းကောင်တာက ပုံနှိပ်စက်နဲ့ ဆင့်ကဲဖြစ်ပေါ်ကာ စတင်မှာမဟုတ်ဘူး။ ဒီအရာတွေတွေ လှိမ့်ထုတ်ပုံနဲ့ ပတ်သက်ပြီး ထက်မြက် ပါးနပ်ဖို့လိုပါတယ်။ ဒါပေမဲ့ ဆေးသုံးမှု၊လိုက်နာမှုနဲ့တိကျမှုနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုအများကြီးရှိတာ ပေါင်းစပ်နိုင်၊ မတင်ပေးနိုင်တဲ့ အံ့ဖွယ် နည်းပညာသစ်တွောရှိတာ သိရှိရင်းနဲ့ပါ။ ကျန်းမာရေးနဲ့ဆေးပညာရဲ့ အနာဂတ် ပြောင်းလဲမြှင့်တင်ဖို့ ဒီနည်းလမ်းမျိုးတွေ လိုတယ်ထင်ပါတယ်။ တင်ဆက်သူ၊ ကောင်းပါတယ်၊ ကျေးဇူးပါ။ DK: ကျေးဇူးပါ (လက်ခုပ်သံများ)