၁၉၄၃မှာ မဟာမိတ်လေယာဥ်တွေ
နာဇီဂျာမနီကို ဝင်စီးတဲ့အခါ၊
အမည်မသိ ဂျာမန်တွေရေးထားတဲ့
ဟစ်တလာကို ကျောခိုင်းဖို့၊
အနာဂတ်အတွက် ပြင်းထန်စွာတိုက်ပွဲဝင်ဖို့၊
ဘယ်တော့မှ မျှော်လင့်ချက်တွေ လက်မလွှတ်ဖို့
ဖတ်ရှုသူတွေကို ဆော်သြတဲ့လက်ကမ်းစာတွေ
ထောင်နဲ့ချီ ကြဲချခဲ့တယ်။
သူတို့တိုက်ပွဲခေါ်သံဟာ အိမ်နဲ့
အလုပ်ခွင်တွေကို ရိုက်ခတ်ခဲ့တယ်၊
သူတို့ရဲ့ သတင်းစကားတွေ ထောင်နဲ့
အကျဥ်းစခန်းတွေထိ ရောက်ရှိခဲ့တယ်။
စစ်ပြီးချိန်မှပဲ စာရေးသူတွေရဲ့ အထောက်အထား၊
ဇာတ်လမ်းတွေနဲ့ သူတို့ရဲ့ ဝမ်းနည်းဖွယ်
ကံကြမ္မာကို လူတွေသိလာရတယ်။
ရှေ့ ၁၀နှစ် ဟစ်တလာ အာဏာစယူစဥ်က
Hans နဲ့ Sophie Scholl တို့ဟာ
Forchtenbergမြို့က ဆယ်ကျော်သက်တွေ ဖြစ်တယ်။
အဲဒီအချိန်မှာ ကြောက်ရွံ့မှု၊ဝါဒဖြန့်မှုနဲ့
စောင့်ကြည့်မှုတွေက Scholl မိသားစုနဲ့
ဂျာမန်သန်းချီတို့ဘဝတွေကို
နာဇီထိန်းချုပ်မှုအောက် ချုပ်ထားခဲ့တယ်။
အစိုးရက လူငယ်တွေကို အဓိကထားပြီး၊
သူတို့ရဲ့ လှုပ်ရှားမှုကိုထိန်းချူပ်ဖို့၊
အတွေးကိုကြပ်မတ်ဖို့ အဖွဲ့တွေတည်ခဲ့ပါတယ်။
ဆယ်ကျော်သက်တွေအနေနဲ့ Hansက
ဟစ်တလာလူငယ်အဖွဲ့မှာ ဝင်ပြီးတော့၊
Sophie ကတော့ ဂျာမန်မိန်းကလေးအဖွဲ့ချုပ်မှာ
အသင်းဝင်ခဲ့ပါတယ်။
Hans က ရာထူးတွေတက်ခဲ့ပြီး
အခြားလူငယ်တွေကို ဝါဒသွင်း၊
သင်တန်းပေးဖို့ ကွပ်ကဲခဲ့ရပါတယ်။
သူဟာ ၁၉၃၆မှာ နိုင်ငံတော်စုဝေးပွဲတစ်ခုမှာ
အလံကိုင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ နာဇီရဲ့လေလုံးသဏ္ဌာန်ကို
မျက်မြင်တွေ့ ရချိန်မှာ
သူ အဲဒါတွေကို မေးခွန်းစထုတ်လာပါတယ်။
တစ်ချိန်တည်းမှာပဲ Sophie က သူသိနေရတဲ့
အချက်အလက်တွေကို စသံသယဖြစ်လာတယ်။
နာဇီဝါဒဆီ သူတို့ကလေးတွေကို
လက်လွှတ်ရမှာ စိုးတဲ့
သူတို့မိဘ Robert နဲ့ Magdalenaက
သူတို့ရဲ့ ဒွိဟတွေကို အားမြှောက်ပေးခဲ့တယ်။
Robert နဲ့ Magdalena ဟာ
အစိုးရက အစမှာ အားမပေး၊
နောက်မှာပိတ်ပင်ခဲ့တဲ့ ပြည်ပရေဒီယိုတွေကို
အိမ်မှာ နားထောင်ခဲ့တယ်။
နာဇီရက်စက်မှုတွေကို အစိုးရက
နိုင်ငံပိုင်ရုပ်သံကနေ ငြင်းနေချိန်မှာ
Scholl မိသားစုက ထိတ်လန့်ဖွယ်
အမှန်တရားတွေကို သိခဲ့ရတယ်။
သို့သော် သူတို့ဟာ ဟစ်တလာ့ဂျာမနီရဲ့
ထိန်းချုပ်မှုအောက်မှာပဲ ရှိခဲ့ပါတယ်။
စစ်စဖြစ်ပြီးချိန်မှာ
Sophie က တိုင်းပြည်အတွက်
ရင်လေးလေးနဲ့ အလုပ်လုပ်ခဲ့တယ်၊
Hans က မြူးနစ်မြို့က ဆေးကျောင်းတက်ရင်းနဲ့
စစ်တပ်တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။
အဲဒီမှာပဲ Christoph Probst၊ Willi Graf နဲ့
Alexander Schmorell တို့ကို Hans တွေ့တယ်။
တစ်ယောက်ချင်းစီဟာ နာဇီဝါဒကို
တစ်နေ့တခြား စိတ်ကုန်လာခဲ့ကြတယ်။
သူတို့ရဲ့ အမြင်တွေကို မျှဝေချင်ခဲ့ကြတယ်။
ဒါပေမဲ့ ဘယ်သူ့ကိုယုံကြည်ရမှန်းမသိချိန်မှာ
သူတို့အမြင်တွေကို ဘယ်လိုမျှဝေရမလဲ။
ဒါ့ကြောင့် သူငယ်ချင်းတစ်စုဟာ
အမည်မဲ့ တော်လှန်ကြဖို့ ဆုံးဖြတ်ခဲ့တယ်။
သူတို့ပိုက်ဆံတွေထုတ်ကြပြီး
ပုံနှိပ်ပစ္စည်းတွေ ဝယ်ခဲ့တယ်။
အသိတစ်ဦးက သူ့စတူဒီယို
မြေအောက်ခန်းကို သူတို့တွေကို သုံးစေခဲ့တယ်။
လျှို့ဝှက်စွာနဲ့ သူတို့သတင်းစကားတွေကို
မူကြမ်းရေးခဲ့ကြတယ်။
၁၉၄၂ ဂျွန်လ မြူးနစ်မြို့မှာ ပဟေဠိဆန်ဆန်
နာဇီဆန့်ကျင်ရေးလက်ကမ်းစာတွေ ပေါ်လာခဲ့တယ်။
စာတွေမှာ အမှတ်အသားက
နှင်းဆီဖြူ ပါတဲ့။
ပထမလက်ကမ်းစာက ဟစ်တလာကိုရှုတ်ချပြီး
ဂျာမန်တွေကို စစ်ပြင်မှုကို
နှောင့်ယှက်ဖို့ တိုက်တွန်းထားတယ်။
"လုံးဝနောက်မကျသွားခင်၊
နောက်ဆုံးမြို့ဟာ အုတ်ကျိုးပုံမဖြစ်ခင်၊
တိုင်းပြည်ရဲ့လူငယ်တွေ သွေးမြေကျမသေဆုံးရခင်
ဒီ ဘုရားမဲ့စစ်ယန္တရားရဲ့
လုပ်ငန်းဆောင်တာတွေကို
တားဆီးပိတ်ပင်ကြပါ။
လူတိုင်းဟာ ကိုယ်နဲ့တန်တဲ့ အစိုးရပဲ
ရနိုင်မယ်ဆိုတာ မမေ့ပါနဲ့။"
ထေ့လုံးငေါ့လုံး တွေဟာ
သစ္စာဖောက်မှုလို့ သတ်မှတ်ခံရချိန်မှာ
ဒီလိုစကားသုံးနှုန်းမှုက မကြုံစဖူးပါပဲ။
ဒီစာရဲ့အများစုကို Hans Scholl ရေးခဲ့ပါတယ်။
သူ့အစ်ကိုရဲ့ လှုပ်ရှားမှုတွေမသိဘဲ
၁၉၄၂မှာ မြူးနစ်ကို Sophie လာခဲ့တယ်။
မကြာခင်ပဲ သူ ကျောင်းမှာ
လက်ကမ်းစာတွေကို တွေ့တယ်။
ဒါပေမဲ့ Han ရဲ့ အခန်းထဲက
သက်သေတွေကို သူမတွေ့ရသေးခင်ထိ
စာတွေကို ဘယ်သူရေးလဲ သူမသိခဲ့ဘူး။
သူ့ထိတ်လန့်မှုက သိပ်မကြာလိုက်ဘဲ
သူ့အစ်ကိုတို့နဲ့ သူလက်တွဲခဲ့တယ်။
မောင်နှမ၂ယောက်အတွက် နှစ်ပေါင်းများစွာ
မျိုသိပ်ထားရတာတွေ စုအရှိန်မြင့်ချိန်ပါ။
၁၉၄၂ ဂျွန်ကနေ ၁၉၄၃ ဖေဖော်ဝါရီထိ
အဖွဲ့က ပျာပျာယာယာအလုပ်လုပ်ခဲ့ကြတယ်။
ဂတ်စတာပိုက သဲလွန်စရှာချိန်မှာ
နှင်းဆီဖြူက အမြဲသတိရှိခဲ့ပါတယ်။
စစ်ရှိန်မြင့်၊ စည်းကမ်းတွေတင်းကျပ်လာပြီး
မြူးနစ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေခံရတယ်။
ဒါပေမဲ့ နှင်းဆီဖြူက လျှို့ဝှက်
ပူးပေါင်းကြံစည်မှုတွေ ပိုလုပ်လာခဲ့တယ်။
အဆောက်အုံတွေမှာ ဂရပ်ဖတီတွေဆွဲ၊
ဂတ်စတာပိုအုံလိုက်ပါတဲ့ရထားတွေ စီးခဲ့ကြတယ်။
၁၉၄၂ ဆောင်းရာသီမှာ
Hans ဟာ စိတ်မချရတဲ့ခရီးစဥ်နဲ့
ချက်ကိုစလိုဗားကီးယားနယ်စပ်ကို
နာဇီဆန့်ကျင်ရေးသမားတွေနဲ့ သွားတွေ့ ခဲ့တယ်။
၁၉၄၃ ဖေဖော်ဝါရီ ၁၈ မှာ
Sophie နဲ့ Hansက သူတို့တက္ကသိုလ်ကို
လက်ကမ်းစာအပြည့် အိတ်တစ်လုံးယူသွားခဲ့တယ်။
အစောင့်တစ်ယောက်က သူတို့လုပ်နေတာတွေကို
သတိထားမိပြီး ဂတ်စတာပိုကို သတင်းပေးခဲ့တယ်။
၂ယောက်လုံး ပက်သက်မှုမရှိကြောင်း
အေးဆေးငြင်းခဲ့တယ်၊
ရဲက စာတွေအကုန်ပြန်စုပြီး
အိတ်လွတ်ထဲပြန်ထည့်ကြည့်ချိန်
ကွက်တိဖြစ်နေတာ မတွေ့ရခင်ထိပေါ့။
Hans နဲ့ Sophie ဝန်ခံတဲ့အခါမှာ
သူတို့ကိုတရားရုံးပို့ပြီး ခေါင်းဖြတ်စက်နဲ့
သတ်ဖို့ ချက်ချင်းအမိန့်ချခဲ့တယ်။
အလွန်ပင်ပန်းတဲ့စစ်ဆေးမှုတွေနဲ့ကြုံရပေမဲ့
၂ယောက်လုံးက ပေါင်းကြံသူတွေကို မဖော်ခဲ့ဘူး။
မကွပ်မျက်ခင်မှာ Sophie ဟာ
သူ့တိုင်းပြည်အခြေအနေကို ဒေါသူပုန်ထခဲ့တယ်။
ဒါပေမဲ့လည်း သူကမျှော်လင့်ချက်တွေပြည့်တဲ့
အနာဂတ်အကြောင်းလည်း ပြောခဲ့တယ်၊
"တရားမျှတမှုအတွက် ပေးဆပ်ဖို့
တစ်ယောက်မှ ရှိမနေရင်
တရားမျှတမှု လွှမ်းမိုးဖို့ ငါတို့
ဘယ်လိုမျှော်လင့်နိုင်မလဲ။
ဒီလို နေသာပြီး နှစ်လိုဖွယ်နေ့မှာ
ငါသွားရတော့မယ်။
ဒါပေမဲ့ ငါ့သေခြင်းကို အရေးပါစေတာက
ဒီအရာကနေ လူထောင်ချီ နှိုးထလာပြီး
တက်ကြွလှုပ်ရှားလာစေတာပဲ။"