0:00:06.778,0:00:10.777 ၁၉၄၃မှာ မဟာမိတ်လေယာဥ်တွေ[br]နာဇီဂျာမနီကို ဝင်စီးတဲ့အခါ၊ 0:00:10.777,0:00:15.074 အမည်မသိ ဂျာမန်တွေရေးထားတဲ့[br]ဟစ်တလာကို ကျောခိုင်းဖို့၊ 0:00:15.074,0:00:19.294 အနာဂတ်အတွက် ပြင်းထန်စွာတိုက်ပွဲဝင်ဖို့၊[br]ဘယ်တော့မှ မျှော်လင့်ချက်တွေ လက်မလွှတ်ဖို့ 0:00:19.294,0:00:22.532 ဖတ်ရှုသူတွေကို ဆော်သြတဲ့လက်ကမ်းစာတွေ[br]ထောင်နဲ့ချီ ကြဲချခဲ့တယ်။ 0:00:22.532,0:00:25.598 သူတို့တိုက်ပွဲခေါ်သံဟာ အိမ်နဲ့[br]အလုပ်ခွင်တွေကို ရိုက်ခတ်ခဲ့တယ်၊ 0:00:25.598,0:00:29.718 သူတို့ရဲ့ သတင်းစကားတွေ ထောင်နဲ့[br]အကျဥ်းစခန်းတွေထိ ရောက်ရှိခဲ့တယ်။ 0:00:29.718,0:00:33.994 စစ်ပြီးချိန်မှပဲ စာရေးသူတွေရဲ့ အထောက်အထား၊[br]ဇာတ်လမ်းတွေနဲ့ သူတို့ရဲ့ ဝမ်းနည်းဖွယ် 0:00:33.994,0:00:38.082 ကံကြမ္မာကို လူတွေသိလာရတယ်။ 0:00:38.082,0:00:40.162 ရှေ့ ၁၀နှစ် ဟစ်တလာ အာဏာစယူစဥ်က 0:00:40.762,0:00:44.940 Hans နဲ့ Sophie Scholl တို့ဟာ[br]Forchtenbergမြို့က ဆယ်ကျော်သက်တွေ ဖြစ်တယ်။ 0:00:44.940,0:00:47.566 အဲဒီအချိန်မှာ ကြောက်ရွံ့မှု၊ဝါဒဖြန့်မှုနဲ့ 0:00:47.566,0:00:51.571 စောင့်ကြည့်မှုတွေက Scholl မိသားစုနဲ့[br]ဂျာမန်သန်းချီတို့ဘဝတွေကို 0:00:51.571,0:00:53.489 နာဇီထိန်းချုပ်မှုအောက် ချုပ်ထားခဲ့တယ်။ 0:00:53.489,0:00:56.072 အစိုးရက လူငယ်တွေကို အဓိကထားပြီး၊[br] 0:00:56.072,0:01:00.722 သူတို့ရဲ့ လှုပ်ရှားမှုကိုထိန်းချူပ်ဖို့၊[br]အတွေးကိုကြပ်မတ်ဖို့ အဖွဲ့တွေတည်ခဲ့ပါတယ်။ 0:01:00.722,0:01:03.668 ဆယ်ကျော်သက်တွေအနေနဲ့ Hansက[br]ဟစ်တလာလူငယ်အဖွဲ့မှာ ဝင်ပြီးတော့၊ 0:01:03.668,0:01:07.009 Sophie ကတော့ ဂျာမန်မိန်းကလေးအဖွဲ့ချုပ်မှာ[br]အသင်းဝင်ခဲ့ပါတယ်။ 0:01:07.009,0:01:08.567 Hans က ရာထူးတွေတက်ခဲ့ပြီး 0:01:08.567,0:01:12.389 အခြားလူငယ်တွေကို ဝါဒသွင်း၊[br]သင်တန်းပေးဖို့ ကွပ်ကဲခဲ့ရပါတယ်။ 0:01:12.389,0:01:17.109 သူဟာ ၁၉၃၆မှာ နိုင်ငံတော်စုဝေးပွဲတစ်ခုမှာ[br]အလံကိုင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ 0:01:17.109,0:01:19.644 ဒါပေမဲ့ နာဇီရဲ့လေလုံးသဏ္ဌာန်ကို[br]မျက်မြင်တွေ့ ရချိန်မှာ 0:01:19.644,0:01:22.685 သူ အဲဒါတွေကို မေးခွန်းစထုတ်လာပါတယ်။ 0:01:22.685,0:01:27.225 တစ်ချိန်တည်းမှာပဲ Sophie က သူသိနေရတဲ့[br]အချက်အလက်တွေကို စသံသယဖြစ်လာတယ်။ 0:01:27.225,0:01:29.852 နာဇီဝါဒဆီ သူတို့ကလေးတွေကို[br]လက်လွှတ်ရမှာ စိုးတဲ့ 0:01:29.852,0:01:32.442 သူတို့မိဘ Robert နဲ့ Magdalenaက 0:01:32.442,0:01:34.535 သူတို့ရဲ့ ဒွိဟတွေကို အားမြှောက်ပေးခဲ့တယ်။ 0:01:34.535,0:01:38.247 Robert နဲ့ Magdalena ဟာ[br]အစိုးရက အစမှာ အားမပေး၊ 0:01:38.247,0:01:42.140 နောက်မှာပိတ်ပင်ခဲ့တဲ့ ပြည်ပရေဒီယိုတွေကို[br]အိမ်မှာ နားထောင်ခဲ့တယ်။ 0:01:42.140,0:01:46.860 နာဇီရက်စက်မှုတွေကို အစိုးရက[br]နိုင်ငံပိုင်ရုပ်သံကနေ ငြင်းနေချိန်မှာ 0:01:46.860,0:01:49.576 Scholl မိသားစုက ထိတ်လန့်ဖွယ်[br]အမှန်တရားတွေကို သိခဲ့ရတယ်။ 0:01:49.576,0:01:53.706 သို့သော် သူတို့ဟာ ဟစ်တလာ့ဂျာမနီရဲ့[br]ထိန်းချုပ်မှုအောက်မှာပဲ ရှိခဲ့ပါတယ်။ 0:01:53.706,0:01:55.235 စစ်စဖြစ်ပြီးချိန်မှာ 0:01:55.235,0:01:58.024 Sophie က တိုင်းပြည်အတွက်[br]ရင်လေးလေးနဲ့ အလုပ်လုပ်ခဲ့တယ်၊ 0:01:58.024,0:02:02.794 Hans က မြူးနစ်မြို့က ဆေးကျောင်းတက်ရင်းနဲ့[br]စစ်တပ်တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ 0:02:02.794,0:02:08.946 အဲဒီမှာပဲ Christoph Probst၊ Willi Graf နဲ့[br]Alexander Schmorell တို့ကို Hans တွေ့တယ်။ 0:02:08.946,0:02:12.480 တစ်ယောက်ချင်းစီဟာ နာဇီဝါဒကို[br]တစ်နေ့တခြား စိတ်ကုန်လာခဲ့ကြတယ်။ 0:02:12.480,0:02:14.415 သူတို့ရဲ့ အမြင်တွေကို မျှဝေချင်ခဲ့ကြတယ်။ 0:02:14.415,0:02:18.690 ဒါပေမဲ့ ဘယ်သူ့ကိုယုံကြည်ရမှန်းမသိချိန်မှာ[br]သူတို့အမြင်တွေကို ဘယ်လိုမျှဝေရမလဲ။ 0:02:18.690,0:02:22.344 ဒါ့ကြောင့် သူငယ်ချင်းတစ်စုဟာ[br]အမည်မဲ့ တော်လှန်ကြဖို့ ဆုံးဖြတ်ခဲ့တယ်။ 0:02:22.344,0:02:25.004 သူတို့ပိုက်ဆံတွေထုတ်ကြပြီး[br]ပုံနှိပ်ပစ္စည်းတွေ ဝယ်ခဲ့တယ်။ 0:02:25.004,0:02:28.002 အသိတစ်ဦးက သူ့စတူဒီယို[br]မြေအောက်ခန်းကို သူတို့တွေကို သုံးစေခဲ့တယ်။ 0:02:28.002,0:02:31.295 လျှို့ဝှက်စွာနဲ့ သူတို့သတင်းစကားတွေကို[br]မူကြမ်းရေးခဲ့ကြတယ်။ 0:02:31.295,0:02:37.313 ၁၉၄၂ ဂျွန်လ မြူးနစ်မြို့မှာ ပဟေဠိဆန်ဆန်[br]နာဇီဆန့်ကျင်ရေးလက်ကမ်းစာတွေ ပေါ်လာခဲ့တယ်။ 0:02:37.313,0:02:40.213 စာတွေမှာ အမှတ်အသားက[br]နှင်းဆီဖြူ ပါတဲ့။ 0:02:40.213,0:02:42.217 ပထမလက်ကမ်းစာက ဟစ်တလာကိုရှုတ်ချပြီး 0:02:42.217,0:02:45.307 ဂျာမန်တွေကို စစ်ပြင်မှုကို[br]နှောင့်ယှက်ဖို့ တိုက်တွန်းထားတယ်။ 0:02:45.307,0:02:47.072 "လုံးဝနောက်မကျသွားခင်၊ 0:02:47.072,0:02:51.582 နောက်ဆုံးမြို့ဟာ အုတ်ကျိုးပုံမဖြစ်ခင်၊[br]တိုင်းပြည်ရဲ့လူငယ်တွေ သွေးမြေကျမသေဆုံးရခင် 0:02:51.582,0:02:54.113 ဒီ ဘုရားမဲ့စစ်ယန္တရားရဲ့[br]လုပ်ငန်းဆောင်တာတွေကို 0:02:54.113,0:02:57.566 တားဆီးပိတ်ပင်ကြပါ။ 0:02:57.566,0:03:02.046 လူတိုင်းဟာ ကိုယ်နဲ့တန်တဲ့ အစိုးရပဲ[br]ရနိုင်မယ်ဆိုတာ မမေ့ပါနဲ့။" 0:03:02.046,0:03:05.315 ထေ့လုံးငေါ့လုံး တွေဟာ[br]သစ္စာဖောက်မှုလို့ သတ်မှတ်ခံရချိန်မှာ 0:03:05.315,0:03:07.554 ဒီလိုစကားသုံးနှုန်းမှုက မကြုံစဖူးပါပဲ။ 0:03:07.554,0:03:10.584 ဒီစာရဲ့အများစုကို Hans Scholl ရေးခဲ့ပါတယ်။ 0:03:10.584,0:03:15.614 သူ့အစ်ကိုရဲ့ လှုပ်ရှားမှုတွေမသိဘဲ[br]၁၉၄၂မှာ မြူးနစ်ကို Sophie လာခဲ့တယ်။ 0:03:15.614,0:03:17.940 မကြာခင်ပဲ သူ ကျောင်းမှာ[br]လက်ကမ်းစာတွေကို တွေ့တယ်။ 0:03:17.940,0:03:21.184 ဒါပေမဲ့ Han ရဲ့ အခန်းထဲက[br]သက်သေတွေကို သူမတွေ့ရသေးခင်ထိ 0:03:21.184,0:03:23.354 စာတွေကို ဘယ်သူရေးလဲ သူမသိခဲ့ဘူး။ 0:03:23.354,0:03:28.094 သူ့ထိတ်လန့်မှုက သိပ်မကြာလိုက်ဘဲ[br]သူ့အစ်ကိုတို့နဲ့ သူလက်တွဲခဲ့တယ်။ 0:03:28.094,0:03:33.565 မောင်နှမ၂ယောက်အတွက် နှစ်ပေါင်းများစွာ[br]မျိုသိပ်ထားရတာတွေ စုအရှိန်မြင့်ချိန်ပါ။ 0:03:33.569,0:03:40.331 ၁၉၄၂ ဂျွန်ကနေ ၁၉၄၃ ဖေဖော်ဝါရီထိ[br]အဖွဲ့က ပျာပျာယာယာအလုပ်လုပ်ခဲ့ကြတယ်။ 0:03:40.331,0:03:42.374 ဂတ်စတာပိုက သဲလွန်စရှာချိန်မှာ[br] 0:03:42.374,0:03:45.019 နှင်းဆီဖြူက အမြဲသတိရှိခဲ့ပါတယ်။ 0:03:45.019,0:03:50.449 စစ်ရှိန်မြင့်၊ စည်းကမ်းတွေတင်းကျပ်လာပြီး[br]မြူးနစ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေခံရတယ်။ 0:03:50.449,0:03:53.751 ဒါပေမဲ့ နှင်းဆီဖြူက လျှို့ဝှက်[br]ပူးပေါင်းကြံစည်မှုတွေ ပိုလုပ်လာခဲ့တယ်။ 0:03:53.751,0:03:58.201 အဆောက်အုံတွေမှာ ဂရပ်ဖတီတွေဆွဲ၊[br]ဂတ်စတာပိုအုံလိုက်ပါတဲ့ရထားတွေ စီးခဲ့ကြတယ်။ 0:03:58.201,0:04:00.467 ၁၉၄၂ ဆောင်းရာသီမှာ 0:04:00.467,0:04:04.045 Hans ဟာ စိတ်မချရတဲ့ခရီးစဥ်နဲ့[br]ချက်ကိုစလိုဗားကီးယားနယ်စပ်ကို 0:04:04.045,0:04:06.345 နာဇီဆန့်ကျင်ရေးသမားတွေနဲ့ သွားတွေ့ ခဲ့တယ်။ 0:04:06.345,0:04:09.151 ၁၉၄၃ ဖေဖော်ဝါရီ ၁၈ မှာ 0:04:09.151,0:04:13.131 Sophie နဲ့ Hansက သူတို့တက္ကသိုလ်ကို[br]လက်ကမ်းစာအပြည့် အိတ်တစ်လုံးယူသွားခဲ့တယ်။ 0:04:13.131,0:04:17.550 အစောင့်တစ်ယောက်က သူတို့လုပ်နေတာတွေကို[br]သတိထားမိပြီး ဂတ်စတာပိုကို သတင်းပေးခဲ့တယ်။ 0:04:17.550,0:04:19.948 ၂ယောက်လုံး ပက်သက်မှုမရှိကြောင်း[br]အေးဆေးငြင်းခဲ့တယ်၊ 0:04:19.948,0:04:24.406 ရဲက စာတွေအကုန်ပြန်စုပြီး[br]အိတ်လွတ်ထဲပြန်ထည့်ကြည့်ချိန် 0:04:24.406,0:04:27.119 ကွက်တိဖြစ်နေတာ မတွေ့ရခင်ထိပေါ့။ 0:04:27.119,0:04:29.146 Hans နဲ့ Sophie ဝန်ခံတဲ့အခါမှာ 0:04:29.146,0:04:33.826 သူတို့ကိုတရားရုံးပို့ပြီး ခေါင်းဖြတ်စက်နဲ့[br]သတ်ဖို့ ချက်ချင်းအမိန့်ချခဲ့တယ်။ 0:04:33.826,0:04:39.695 အလွန်ပင်ပန်းတဲ့စစ်ဆေးမှုတွေနဲ့ကြုံရပေမဲ့[br]၂ယောက်လုံးက ပေါင်းကြံသူတွေကို မဖော်ခဲ့ဘူး။ 0:04:39.695,0:04:44.565 မကွပ်မျက်ခင်မှာ Sophie ဟာ[br]သူ့တိုင်းပြည်အခြေအနေကို ဒေါသူပုန်ထခဲ့တယ်။ 0:04:44.565,0:04:48.030 ဒါပေမဲ့လည်း သူကမျှော်လင့်ချက်တွေပြည့်တဲ့[br]အနာဂတ်အကြောင်းလည်း ပြောခဲ့တယ်၊ 0:04:48.030,0:04:52.311 "တရားမျှတမှုအတွက် ပေးဆပ်ဖို့[br]တစ်ယောက်မှ ရှိမနေရင် 0:04:52.311,0:04:56.228 တရားမျှတမှု လွှမ်းမိုးဖို့ ငါတို့ [br]ဘယ်လိုမျှော်လင့်နိုင်မလဲ။ 0:04:56.228,0:05:00.110 ဒီလို နေသာပြီး နှစ်လိုဖွယ်နေ့မှာ[br]ငါသွားရတော့မယ်။ 0:05:00.110,0:05:03.150 ဒါပေမဲ့ ငါ့သေခြင်းကို အရေးပါစေတာက 0:05:03.150,0:05:07.830 ဒီအရာကနေ လူထောင်ချီ နှိုးထလာပြီး[br]တက်ကြွလှုပ်ရှားလာစေတာပဲ။"