1 00:00:06,778 --> 00:00:10,777 ၁၉၄၃မှာ မဟာမိတ်လေယာဥ်တွေ နာဇီဂျာမနီကို ဝင်စီးတဲ့အခါ၊ 2 00:00:10,777 --> 00:00:15,074 အမည်မသိ ဂျာမန်တွေရေးထားတဲ့ ဟစ်တလာကို ကျောခိုင်းဖို့၊ 3 00:00:15,074 --> 00:00:19,294 အနာဂတ်အတွက် ပြင်းထန်စွာတိုက်ပွဲဝင်ဖို့၊ ဘယ်တော့မှ မျှော်လင့်ချက်တွေ လက်မလွှတ်ဖို့ 4 00:00:19,294 --> 00:00:22,532 ဖတ်ရှုသူတွေကို ဆော်သြတဲ့လက်ကမ်းစာတွေ ထောင်နဲ့ချီ ကြဲချခဲ့တယ်။ 5 00:00:22,532 --> 00:00:25,598 သူတို့တိုက်ပွဲခေါ်သံဟာ အိမ်နဲ့ အလုပ်ခွင်တွေကို ရိုက်ခတ်ခဲ့တယ်၊ 6 00:00:25,598 --> 00:00:29,718 သူတို့ရဲ့ သတင်းစကားတွေ ထောင်နဲ့ အကျဥ်းစခန်းတွေထိ ရောက်ရှိခဲ့တယ်။ 7 00:00:29,718 --> 00:00:33,994 စစ်ပြီးချိန်မှပဲ စာရေးသူတွေရဲ့ အထောက်အထား၊ ဇာတ်လမ်းတွေနဲ့ သူတို့ရဲ့ ဝမ်းနည်းဖွယ် 8 00:00:33,994 --> 00:00:38,082 ကံကြမ္မာကို လူတွေသိလာရတယ်။ 9 00:00:38,082 --> 00:00:40,162 ရှေ့ ၁၀နှစ် ဟစ်တလာ အာဏာစယူစဥ်က 10 00:00:40,762 --> 00:00:44,940 Hans နဲ့ Sophie Scholl တို့ဟာ Forchtenbergမြို့က ဆယ်ကျော်သက်တွေ ဖြစ်တယ်။ 11 00:00:44,940 --> 00:00:47,566 အဲဒီအချိန်မှာ ကြောက်ရွံ့မှု၊ဝါဒဖြန့်မှုနဲ့ 12 00:00:47,566 --> 00:00:51,571 စောင့်ကြည့်မှုတွေက Scholl မိသားစုနဲ့ ဂျာမန်သန်းချီတို့ဘဝတွေကို 13 00:00:51,571 --> 00:00:53,489 နာဇီထိန်းချုပ်မှုအောက် ချုပ်ထားခဲ့တယ်။ 14 00:00:53,489 --> 00:00:56,072 အစိုးရက လူငယ်တွေကို အဓိကထားပြီး၊ 15 00:00:56,072 --> 00:01:00,722 သူတို့ရဲ့ လှုပ်ရှားမှုကိုထိန်းချူပ်ဖို့၊ အတွေးကိုကြပ်မတ်ဖို့ အဖွဲ့တွေတည်ခဲ့ပါတယ်။ 16 00:01:00,722 --> 00:01:03,668 ဆယ်ကျော်သက်တွေအနေနဲ့ Hansက ဟစ်တလာလူငယ်အဖွဲ့မှာ ဝင်ပြီးတော့၊ 17 00:01:03,668 --> 00:01:07,009 Sophie ကတော့ ဂျာမန်မိန်းကလေးအဖွဲ့ချုပ်မှာ အသင်းဝင်ခဲ့ပါတယ်။ 18 00:01:07,009 --> 00:01:08,567 Hans က ရာထူးတွေတက်ခဲ့ပြီး 19 00:01:08,567 --> 00:01:12,389 အခြားလူငယ်တွေကို ဝါဒသွင်း၊ သင်တန်းပေးဖို့ ကွပ်ကဲခဲ့ရပါတယ်။ 20 00:01:12,389 --> 00:01:17,109 သူဟာ ၁၉၃၆မှာ နိုင်ငံတော်စုဝေးပွဲတစ်ခုမှာ အလံကိုင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ 21 00:01:17,109 --> 00:01:19,644 ဒါပေမဲ့ နာဇီရဲ့လေလုံးသဏ္ဌာန်ကို မျက်မြင်တွေ့ ရချိန်မှာ 22 00:01:19,644 --> 00:01:22,685 သူ အဲဒါတွေကို မေးခွန်းစထုတ်လာပါတယ်။ 23 00:01:22,685 --> 00:01:27,225 တစ်ချိန်တည်းမှာပဲ Sophie က သူသိနေရတဲ့ အချက်အလက်တွေကို စသံသယဖြစ်လာတယ်။ 24 00:01:27,225 --> 00:01:29,852 နာဇီဝါဒဆီ သူတို့ကလေးတွေကို လက်လွှတ်ရမှာ စိုးတဲ့ 25 00:01:29,852 --> 00:01:32,442 သူတို့မိဘ Robert နဲ့ Magdalenaက 26 00:01:32,442 --> 00:01:34,535 သူတို့ရဲ့ ဒွိဟတွေကို အားမြှောက်ပေးခဲ့တယ်။ 27 00:01:34,535 --> 00:01:38,247 Robert နဲ့ Magdalena ဟာ အစိုးရက အစမှာ အားမပေး၊ 28 00:01:38,247 --> 00:01:42,140 နောက်မှာပိတ်ပင်ခဲ့တဲ့ ပြည်ပရေဒီယိုတွေကို အိမ်မှာ နားထောင်ခဲ့တယ်။ 29 00:01:42,140 --> 00:01:46,860 နာဇီရက်စက်မှုတွေကို အစိုးရက နိုင်ငံပိုင်ရုပ်သံကနေ ငြင်းနေချိန်မှာ 30 00:01:46,860 --> 00:01:49,576 Scholl မိသားစုက ထိတ်လန့်ဖွယ် အမှန်တရားတွေကို သိခဲ့ရတယ်။ 31 00:01:49,576 --> 00:01:53,706 သို့သော် သူတို့ဟာ ဟစ်တလာ့ဂျာမနီရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိခဲ့ပါတယ်။ 32 00:01:53,706 --> 00:01:55,235 စစ်စဖြစ်ပြီးချိန်မှာ 33 00:01:55,235 --> 00:01:58,024 Sophie က တိုင်းပြည်အတွက် ရင်လေးလေးနဲ့ အလုပ်လုပ်ခဲ့တယ်၊ 34 00:01:58,024 --> 00:02:02,794 Hans က မြူးနစ်မြို့က ဆေးကျောင်းတက်ရင်းနဲ့ စစ်တပ်တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ 35 00:02:02,794 --> 00:02:08,946 အဲဒီမှာပဲ Christoph Probst၊ Willi Graf နဲ့ Alexander Schmorell တို့ကို Hans တွေ့တယ်။ 36 00:02:08,946 --> 00:02:12,480 တစ်ယောက်ချင်းစီဟာ နာဇီဝါဒကို တစ်နေ့တခြား စိတ်ကုန်လာခဲ့ကြတယ်။ 37 00:02:12,480 --> 00:02:14,415 သူတို့ရဲ့ အမြင်တွေကို မျှဝေချင်ခဲ့ကြတယ်။ 38 00:02:14,415 --> 00:02:18,690 ဒါပေမဲ့ ဘယ်သူ့ကိုယုံကြည်ရမှန်းမသိချိန်မှာ သူတို့အမြင်တွေကို ဘယ်လိုမျှဝေရမလဲ။ 39 00:02:18,690 --> 00:02:22,344 ဒါ့ကြောင့် သူငယ်ချင်းတစ်စုဟာ အမည်မဲ့ တော်လှန်ကြဖို့ ဆုံးဖြတ်ခဲ့တယ်။ 40 00:02:22,344 --> 00:02:25,004 သူတို့ပိုက်ဆံတွေထုတ်ကြပြီး ပုံနှိပ်ပစ္စည်းတွေ ဝယ်ခဲ့တယ်။ 41 00:02:25,004 --> 00:02:28,002 အသိတစ်ဦးက သူ့စတူဒီယို မြေအောက်ခန်းကို သူတို့တွေကို သုံးစေခဲ့တယ်။ 42 00:02:28,002 --> 00:02:31,295 လျှို့ဝှက်စွာနဲ့ သူတို့သတင်းစကားတွေကို မူကြမ်းရေးခဲ့ကြတယ်။ 43 00:02:31,295 --> 00:02:37,313 ၁၉၄၂ ဂျွန်လ မြူးနစ်မြို့မှာ ပဟေဠိဆန်ဆန် နာဇီဆန့်ကျင်ရေးလက်ကမ်းစာတွေ ပေါ်လာခဲ့တယ်။ 44 00:02:37,313 --> 00:02:40,213 စာတွေမှာ အမှတ်အသားက နှင်းဆီဖြူ ပါတဲ့။ 45 00:02:40,213 --> 00:02:42,217 ပထမလက်ကမ်းစာက ဟစ်တလာကိုရှုတ်ချပြီး 46 00:02:42,217 --> 00:02:45,307 ဂျာမန်တွေကို စစ်ပြင်မှုကို နှောင့်ယှက်ဖို့ တိုက်တွန်းထားတယ်။ 47 00:02:45,307 --> 00:02:47,072 "လုံးဝနောက်မကျသွားခင်၊ 48 00:02:47,072 --> 00:02:51,582 နောက်ဆုံးမြို့ဟာ အုတ်ကျိုးပုံမဖြစ်ခင်၊ တိုင်းပြည်ရဲ့လူငယ်တွေ သွေးမြေကျမသေဆုံးရခင် 49 00:02:51,582 --> 00:02:54,113 ဒီ ဘုရားမဲ့စစ်ယန္တရားရဲ့ လုပ်ငန်းဆောင်တာတွေကို 50 00:02:54,113 --> 00:02:57,566 တားဆီးပိတ်ပင်ကြပါ။ 51 00:02:57,566 --> 00:03:02,046 လူတိုင်းဟာ ကိုယ်နဲ့တန်တဲ့ အစိုးရပဲ ရနိုင်မယ်ဆိုတာ မမေ့ပါနဲ့။" 52 00:03:02,046 --> 00:03:05,315 ထေ့လုံးငေါ့လုံး တွေဟာ သစ္စာဖောက်မှုလို့ သတ်မှတ်ခံရချိန်မှာ 53 00:03:05,315 --> 00:03:07,554 ဒီလိုစကားသုံးနှုန်းမှုက မကြုံစဖူးပါပဲ။ 54 00:03:07,554 --> 00:03:10,584 ဒီစာရဲ့အများစုကို Hans Scholl ရေးခဲ့ပါတယ်။ 55 00:03:10,584 --> 00:03:15,614 သူ့အစ်ကိုရဲ့ လှုပ်ရှားမှုတွေမသိဘဲ ၁၉၄၂မှာ မြူးနစ်ကို Sophie လာခဲ့တယ်။ 56 00:03:15,614 --> 00:03:17,940 မကြာခင်ပဲ သူ ကျောင်းမှာ လက်ကမ်းစာတွေကို တွေ့တယ်။ 57 00:03:17,940 --> 00:03:21,184 ဒါပေမဲ့ Han ရဲ့ အခန်းထဲက သက်သေတွေကို သူမတွေ့ရသေးခင်ထိ 58 00:03:21,184 --> 00:03:23,354 စာတွေကို ဘယ်သူရေးလဲ သူမသိခဲ့ဘူး။ 59 00:03:23,354 --> 00:03:28,094 သူ့ထိတ်လန့်မှုက သိပ်မကြာလိုက်ဘဲ သူ့အစ်ကိုတို့နဲ့ သူလက်တွဲခဲ့တယ်။ 60 00:03:28,094 --> 00:03:33,565 မောင်နှမ၂ယောက်အတွက် နှစ်ပေါင်းများစွာ မျိုသိပ်ထားရတာတွေ စုအရှိန်မြင့်ချိန်ပါ။ 61 00:03:33,569 --> 00:03:40,331 ၁၉၄၂ ဂျွန်ကနေ ၁၉၄၃ ဖေဖော်ဝါရီထိ အဖွဲ့က ပျာပျာယာယာအလုပ်လုပ်ခဲ့ကြတယ်။ 62 00:03:40,331 --> 00:03:42,374 ဂတ်စတာပိုက သဲလွန်စရှာချိန်မှာ 63 00:03:42,374 --> 00:03:45,019 နှင်းဆီဖြူက အမြဲသတိရှိခဲ့ပါတယ်။ 64 00:03:45,019 --> 00:03:50,449 စစ်ရှိန်မြင့်၊ စည်းကမ်းတွေတင်းကျပ်လာပြီး မြူးနစ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေခံရတယ်။ 65 00:03:50,449 --> 00:03:53,751 ဒါပေမဲ့ နှင်းဆီဖြူက လျှို့ဝှက် ပူးပေါင်းကြံစည်မှုတွေ ပိုလုပ်လာခဲ့တယ်။ 66 00:03:53,751 --> 00:03:58,201 အဆောက်အုံတွေမှာ ဂရပ်ဖတီတွေဆွဲ၊ ဂတ်စတာပိုအုံလိုက်ပါတဲ့ရထားတွေ စီးခဲ့ကြတယ်။ 67 00:03:58,201 --> 00:04:00,467 ၁၉၄၂ ဆောင်းရာသီမှာ 68 00:04:00,467 --> 00:04:04,045 Hans ဟာ စိတ်မချရတဲ့ခရီးစဥ်နဲ့ ချက်ကိုစလိုဗားကီးယားနယ်စပ်ကို 69 00:04:04,045 --> 00:04:06,345 နာဇီဆန့်ကျင်ရေးသမားတွေနဲ့ သွားတွေ့ ခဲ့တယ်။ 70 00:04:06,345 --> 00:04:09,151 ၁၉၄၃ ဖေဖော်ဝါရီ ၁၈ မှာ 71 00:04:09,151 --> 00:04:13,131 Sophie နဲ့ Hansက သူတို့တက္ကသိုလ်ကို လက်ကမ်းစာအပြည့် အိတ်တစ်လုံးယူသွားခဲ့တယ်။ 72 00:04:13,131 --> 00:04:17,550 အစောင့်တစ်ယောက်က သူတို့လုပ်နေတာတွေကို သတိထားမိပြီး ဂတ်စတာပိုကို သတင်းပေးခဲ့တယ်။ 73 00:04:17,550 --> 00:04:19,948 ၂ယောက်လုံး ပက်သက်မှုမရှိကြောင်း အေးဆေးငြင်းခဲ့တယ်၊ 74 00:04:19,948 --> 00:04:24,406 ရဲက စာတွေအကုန်ပြန်စုပြီး အိတ်လွတ်ထဲပြန်ထည့်ကြည့်ချိန် 75 00:04:24,406 --> 00:04:27,119 ကွက်တိဖြစ်နေတာ မတွေ့ရခင်ထိပေါ့။ 76 00:04:27,119 --> 00:04:29,146 Hans နဲ့ Sophie ဝန်ခံတဲ့အခါမှာ 77 00:04:29,146 --> 00:04:33,826 သူတို့ကိုတရားရုံးပို့ပြီး ခေါင်းဖြတ်စက်နဲ့ သတ်ဖို့ ချက်ချင်းအမိန့်ချခဲ့တယ်။ 78 00:04:33,826 --> 00:04:39,695 အလွန်ပင်ပန်းတဲ့စစ်ဆေးမှုတွေနဲ့ကြုံရပေမဲ့ ၂ယောက်လုံးက ပေါင်းကြံသူတွေကို မဖော်ခဲ့ဘူး။ 79 00:04:39,695 --> 00:04:44,565 မကွပ်မျက်ခင်မှာ Sophie ဟာ သူ့တိုင်းပြည်အခြေအနေကို ဒေါသူပုန်ထခဲ့တယ်။ 80 00:04:44,565 --> 00:04:48,030 ဒါပေမဲ့လည်း သူကမျှော်လင့်ချက်တွေပြည့်တဲ့ အနာဂတ်အကြောင်းလည်း ပြောခဲ့တယ်၊ 81 00:04:48,030 --> 00:04:52,311 "တရားမျှတမှုအတွက် ပေးဆပ်ဖို့ တစ်ယောက်မှ ရှိမနေရင် 82 00:04:52,311 --> 00:04:56,228 တရားမျှတမှု လွှမ်းမိုးဖို့ ငါတို့ ဘယ်လိုမျှော်လင့်နိုင်မလဲ။ 83 00:04:56,228 --> 00:05:00,110 ဒီလို နေသာပြီး နှစ်လိုဖွယ်နေ့မှာ ငါသွားရတော့မယ်။ 84 00:05:00,110 --> 00:05:03,150 ဒါပေမဲ့ ငါ့သေခြင်းကို အရေးပါစေတာက 85 00:05:03,150 --> 00:05:07,830 ဒီအရာကနေ လူထောင်ချီ နှိုးထလာပြီး တက်ကြွလှုပ်ရှားလာစေတာပဲ။"